နာဂစ် မပြီးသေးပါ…။

kaiFebruary 4, 20101min560

ခေါင်းစဉ်က…. နာဂစ်ကြောင့်ဒုက္ခရောက်ကြရှာတဲ့ နောက်ဆက်တွဲပြသနာတွေနဲ့ ဒုက္ခတွေဖြစ်နေကြတာ မပြီးပြတ်သေးပါလို့ ဆိုလိုတာပါ။
အဲဒီလိုဆိုတော့ ဟေတီငလျှင်မှာ ဟေရှန်တွေ သေကြတာ၊ ဒုက္ခရောက်တာတွေကို ဥပက္ခာဖက်က ရေးတဲ့သဘော သက်ရောက်သွားမှာလည်း စိုးရိမ်ရပါတယ်။
အဲဒီလိုလည်း မဟုတ်ရပါခင်ဗျား…။

ဒါပေမဲ့ အခုလို ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံကြီး တနိုင်ငံ( အမေရိက) ကဝင်ပြီး အာင်အားပြည်ကူပေးနေတဲ့ ဟေတီနိုင်ငံနဲ့စာရင် မေ့မေ့ပျောက်ပောက်ဖြစ်လုလု နာဂစ်ဒုက္ခသည်များအတွက် သတိတရ ရှိပြီး ရန်ပုံငွေပွဲလုပ်မှာက ဘားမီးကလပ်စစ် ဝက်ဘ်ဆိုက်ကဖြစ်ပါတယ်။
ပိုပြီး ထိထိမိမိရှိအောင် သူတို့ပို ့လာတဲ့စာနဲ့ ဖလိုင်ရာကို ဖတ်ကြည့်ကြပါဦး…လို့။

———————————-

Burmeseclassic.com ရဲ့ လေးနှစ်ပတ် လည်အထိမ်း အမှတ်အဖြစ် လွန်ခဲ့တဲ့ နှစ် နှစ်နီးပါးက အမိမြေကို တိုက်ခတ် သွားခဲ့တဲ့ နာဂစ်ရဲ့ ရက်စက်ဆိုးရွားတဲ့ ဒဏ်ကြောင့် ခိုကိုးရာမဲ့ တွယ်တာရာ ကင်းလို့ အထီးကျန် ဖြစ်ကာ အမိပျောက် အဖပျောက်ရုံမက ဘဝလမ်းပါ ပျောက်ခဲ့ကြရတဲ့ ကလေးငယ် တွေကို ကူညီဖေးမဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရန်ပုံငွေပွဲတစ်ခုကို လာမည့် ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ပူးတွဲပါ အစီအစဉ်အတိုင်း မိတ် ဆွေများ စုပေါင်းလို့ ပြုလုပ်ကြပါမယ်။

မစာနာတတ်တဲ့ နှလုံးသားရှိသူတွေက လွယ်လွယ်မေ့ပျောက်ကာ ဥပေက္ခာပြုနိုင်ပေမယ့် ညှာတာ တတ်တဲ့ နှလုံးသားရှိသူတွေအဖို့တော့ နာဂစ်ရဲ့ဒဏ်က နှလုံးသားရဲ့ အနက်ရှုံးဆုံးနေရာမှာ စွဲကျန်လို့ ထင်နေဆဲသာ ဖြစ်မှာပါ။

တကယ့်ဒဏ် သင့်ခံရရှာတဲ့ ကလေးငယ်တွေအဖို့ဆိုလျင်ဖြင့် ကြီးမားတဲ့ဒဏ်က နာကျင်စွာ ထာဝစဉ် ထင်ကျန် နေရစ်မယ့် အပြင်းထန်ဆုံး လှိုင်းဒဏ်တစ်ခုပဲ ဖြစ်မှာပါ။ ဒီဒဏ်ရာကို ကုုစားဖို့က တစ်ကြိမ်တစ်ခါ တစ်ရာသီမျှ ဖေးမထောက်ပံ့ကူညီရုံနဲ့ ပြေပျောက်နိုင်မယ် မဟုတ် ပါဘူး။ အားလုံးရဲ့စာနာမှုနဲ့ ဖေးမကူညီပါမှသာ သူတို့လေးတွေအဖို့ အတန်အသင့် သက်သာရာ ရစေနိုင်မှာပါ။ ဒီရန်ပုံငွေပွဲက ကျနော်တို့ရဲ့ ညှာတာစာနာမှုကို လက်တွေ့ပြသတဲ့ မွန်မြတ်သန့်စင်တဲ့ အလှရတနာ တစ်ခုသာပါ။ ကြွရောက်ကာ ကျနော်တို့နဲ့ ပူးပေါင်းကူညီဖို့ လေးစားစွာ ထပ်မံဖိတ်ကြားပါတယ်။
www.burmeseclassic.com