ကင်းထောက်

ကိလေသာ အောက် ..
အသိ မပါပဲ လျှောက်ခဲ့လို့ လား
အမှား အမျိုးမျိုးကို ….
အသွား တစ်မျိုး … အပြန် တစ်မျိုး
ဆင်ကန်း တောတိုးသလို
ကံတရား ကိုအညွန့် ချိုးခဲ့ပေါင်း များပြီ ….၊

သုခရဲ့ ခံစားမှု  ….. ဝေဒနာ အစု
ဒုက္ခရဲ့ ခံစားမှု ….. ဝေဒနာ အစု
အရုဏ် ရဲ့ …..ဆွဲခေါ်မှု နောက်
မော့သောက်လိုက်ရ တဲ့ ….
တန်ပြန်သက်ရောက်မှု တဲ့လား …၊

ပုထုဇဉ် သားဆိုတော့  ….
ကိလေသာ နဲ့  …. ဖွားဘက် ဖြစ်ခဲ့ရတယ်
အထားမတတ် တော့ ….
ကိလေသာ အထက် … ဥာဏ် ကတတ်မလာ
အ၀ိဇ္ဇာ ဆိုတာ ……………………………..
သံသရာ ခရီးကို …. မီးလောင်ရာ လေပင့်သလို
လူ ဆိုတဲ့ ရခဲတဲ့ …. အခွင့် ကို
ခွာချ ပစ်လိုက်လို့  ရတယ်တဲ့ ….၊

တရား ရဲ့ အမှန်မှာ ….
သွားချင်ရာ ကို…. အဓိပတိ တင်
မဂ္ဂင် ယဉ်ကို စီး …. ကိစ္စ ပြီးလိုက် လို့ ရတယ် …
ဘ၀ ကို ငြီးငွေ့  မယ် ဆိုရင်ပေါ့  …..၊

မရှာ လို့  …. မတွေ့
သေမယ့် နေ့ ကို …. ထိုင်လို့  စောင့်
ဒါဆို …… ငါ
စိတ်မှောက် နေသေးတယ် …
ဘယ်ကို ရောက်ရောက်ဆိုပြီး ..
လျှောက်ရအောင် လည်း … လမ်း ဆိုတာကို
စိတ်ချ လက်ချ  … မယုံရ
ဒါ   အနိစ္စ လားတော့ မသိ ….
ကိစ္စ များလွန်းတဲ့ …. ငါ … ကို
စောင့်ကြည့်ဖို့  …..
သတိ  ဆိုတဲ့ … ကင်းထောက် တစ်ယောက် အကူနဲ့ 
မြတ်ဗုဒ္ဓ ရဲ့ အရိပ်အောက်မှာ ….
ခန္ဓာ ကို စောင့်ကြည့် မှ ဖြစ်တော့မယ် …။။။။။

About maung khinmin

maung khinmin has written 85 post in this Website..

   Send article as PDF