“သွေး အ မျိုး အ စား ၊ သိ ထား သင့် ဘွယ် ရာ”

aye.kkAugust 18, 20121min31630

သွေး အ မျိုး အ စား နေ ဖြင့် ။ အေ ၊ ဘီ ၊ အေ ဘီ နှင့် အို သွေး ဟူ ၍ သွေး အုပ် စု အ မျိုး အ စား လေး မျိုး ရှိ ပါ တယ် ။
“သွေး အ မျိုး အ စား သိ ထား သင့် ဘွယ် ရာ များ” အ ဖြစ် ပြော ပြ ချင် ပါ တယ် ။
ဒါ လီ က “အေ” သွေး အ မျိုး အ စား ပိုင် ရှင် ဖြစ် တယ် ဆို တာ ။ သွေး စစ် ချက် မှတ် တမ်း အ ရ သိ ထား ပါ တယ် ။
ဒါ လီ ရဲ ့သွေး က အေ သွေး ဖြစ် သ လို ၊ ဒါ လီ အ ဖေ သွေး က လည်း အေ သွေး ပါ ။
သွေး အ မျိုး အ စား နဲ ့ပတ် သက် ပြီး ။ ဒါ လီ ရဲ ့ အ မြင် ကို ဖြည့် စွက် ပြော ပြ ချင် မိ ပါ တယ် ။
အ ဖေ နဲ ့မ တည့် တဲ့ ဆေး (စား ဆေး ၊ ထိုး ဆေး ) မှန် သ မျှ က ။ ဒါ လီ နဲ ့လည်း အ တော် များ များ မ တည့် ပါ ဘူး ။ အ ဝတ် အ စား တွေ ဝတ် ဆင် ရွေး ချယ် တဲ့ ခါ ၊ အ ဖေ က နှစ် သက် လို ့ဝတ် ဆင် စေ ချင် တဲ့ အ ဆင် အ သွေး မျိုး မှန် သ မျှ ကို ။ ဒါ လီ အင် မ တန် နှစ် သက် ပါ တယ် ။( အ ကြိုက် ခြင်း တူ ပါ တယ်)

အ စား အ သောက် ဆို လည်း ဒီ အ တိုင်း ပါ ဘဲ…..။
အ ဖေ က ခါး တဲ့ အ ရ သာ ။ ချို တဲ့ အ ရ သာ ။ ဆိမ့် တဲ့ အ ရ သာ ။ အီ တဲ့ အ ရ သာ ။ တွေ လို မျိုး ကို အ လွန် နှစ် သက် ပါ တယ် ။ ဒါ လီ လည်း လိုက် ပြီး ကြိုက် နှစ် သက် တာ မျိုး ပါ ။ ဥ ပ မာ ပေါ့ နော်…..။
အ ဖေ က ကြက် ဟင်း ခါး သီး ကြိုက် တတ် ရင် ၊ ဒါ လီ က လည်း ကြက် ဟင်း ခါး သီး ကြိုက် တတ် ခြင်း ပါ ဘဲ ။ နှစ် သက် တာ တွေ ထပ် တူ ၊ ထပ် မျှ ကျ နေ တာ ကို ။ စဉ်း စား မိ ရင် စိတ် ထဲ မှာ နဲ နဲ ထူး ဆန်း နေ သ လား လို ့ ပါ ။ သ္မီး နဲ ့အ ဖေ သွေး အ မျိုး အ စား တူ တာ နဲ ့ပတ် သက် ပြီး ။ က ဏ္ဍ အ တော် များ များ တိုက် ဆိုင် နေ တာ ကို ။ ပြော ပြ ချင် မိ ယုံ သက် သက် ပါ ဘဲ ။
အေ သွေး ပိုင် ရှင် တွေ က ။ စိတ် လှုပ် ရှား လွယ် ၊ စိတ် ထိ ခိုက် လွယ် ၍ ဝေ ဖန် ခံ နိုင် စွမ်း ရည် နည်း ပါး ၏ တဲ့ ။ ဒါ လီ က လည်း အေ သွေး ဆို တော့ ။ အ တော် တိုက် ဆိုင် မှန် ကန် တယ် ဆို တာ ပြော ပြ ချင် မိ ပါ တယ် ။ ဒါ လီ အ နေ နဲ ့က ဝမ်း နည်း စ ရာ ကြုံ ရင် လည်း ။ သူ မ တူ အောင် ဝမ်း နည်း တတ် လို ့ပါ ။

ဝမ်း သာ စ ရာ ။ အံ့ ဩ ဘွယ် ရာ ။ တိုက် ဆိုင် မှု မျိုး ကို တွေ ့မြင် ရ တဲ့ ခါ မှာ ။ စိတ် လှုပ် ရှား လွယ် တတ် ပါ တယ် ။ ကိုယ့် ကို ဝေ ဖန် ပစ် တင် တာ ကို ခံ နိုင် တဲ့ အင် အား နည်း ပါး တယ် ။ ဝေ ဖန် ခံ နိုင် မှု စွမ်း ရည် လည်း နည်း တဲ့ သူ ပါ ဘဲ ။ သံ ယော ဇဉ် ထား ဘူး ပါ တယ် ။ တ ယောက် ဆို တ ယောက် ။ ပိ တောက် လို ့လည်း ပြော နိုင် ပါ တယ် ။ ( စွဲ စွဲ လမ်း လမ်း ချစ် တတ် တဲ့ ဒါ လီ ရဲ ့စိတ် က) ။ ဒါ လီ ငယ် ငယ် ထဲ က နေ ကြီး ပျင်း တဲ့ အ ရွယ် ထိ ။ သူ ငယ် ချင်း တစ် ဦး တည်း ကို ဘဲ ။ ရွေး ချယ် ပေါင်း သင်း ပြီး ချစ် တတ် ခဲ့ လို ့ပါ ။
အဲ ဒါ ကို ဒါ လီ မိ ဘ များ က သ ဘော မ ကျ ကြ တော့ ။ ဒါ လီ နဲ ့သူ ငယ် ချင်း ကို မ ပေါင်း ဘို ့အ တွက် ခွဲ ပစ် ခဲ့ ကြ ပါ တယ် ။ ဒါ လီ က တော့ “အေ သွေး” ဟာ သူ များ တွေ ထက် ပို ခံ စား ရ တာ ။ မှန် တယ် ဆို တာ ကို ပြော ပြ ချင် မိ လို ့ပါ ။ မိ ဘ တွေ က ဒါ လီ ကို အ ဝေး ပို ့လည်း ။ ဒါ လီ ရဲ ့အ စွဲ အ လမ်း ကြီး တဲ့ စိတ် က ၊ သူ ငယ် ချင်း အ ပေါ် မှာ တော် တော် နဲ ့မေ့ ပျောက် ပစ် လို ့မ ရ နိုင် ခဲ့ ပါ ဘူး ။ သံ ယော ဇဉ် ကို အ စား ထိုး ဖြတ် တောက် ပြီး ။ မေ့ ပစ် ဘို ့ကြိုး စား ကြည့် မိ ပါ သေး တယ် ။ မ ရ ပါ ဘူး ။ ဒါ က လည်း……..။
ဒါ လီ က “အေ”သွေး ပိုင် ရှင် ဖြစ် နေ လို ့သာ ။ ဖြစ် တာ နေ မှာ လို ့ ပြော ရ မ လို ပါ ဘဲ ။

ဒါ လီ သူ ငယ် ချင်း က တော့ “အို”သွေး ပါ ။
ဒါ လီ နဲ ့ တော့ တ ခြား စီ ပါ ဘဲ ။
ဒါ လီ ကို ချစ် ခဲ့ တာ မှန် လည်း ။ အ သစ် မြင် တော့ ဒါ လီ ကို မေ့ ပျောက် ပြီး ။ ဖြေ ဖျောက် ပစ် နိုင် ခဲ့ ပါ တယ် ။ ဒါ လီ သာ ဆွေး မ ဆုံး ။ ဖြေ မ ဆုံး ။ ယူ ကြုံး မ ရ နဲ ့သာ တ မှိုင် မှိုင် တ ထွေ ထွေ ဖြစ် ခဲ့ တာ ပါ ။ သူ ငယ် ချင်း က တော့ ။
ဒါ လီ ကို ခေါ် ချင် လည်း မ ခေါ် ဘဲ နဲ ့နေ ပြ နိုင် ပါ တယ် ။ ဒါ လီ ကို မ ခေါ် ဘူး လို ့ဆုံး ဖြတ် ထား တဲ့ သူ ့ စိတ် ထဲ က အ တိုင်း သာ ။ ပြတ် ပြတ် သား သား နေ ပြ နိုင် ခဲ့ တဲ့ သူ ပါ ဘဲ ။ ဒါ လီ နဲ ့က လမ်း ခွဲ ခဲ့ ကြ လည်း ။ သူ ့ဘ ဝ ရှေ ့ ရေး အ တွက် ၊ ရည် မှန်း ချက် ကြီး ကြီး မား မား ထား ပြီး ၊ မ ဖြစ် မ နေ ကြိုး စား လုပ် ကိုင် ဆောင် ရွက် တတ် ခဲ့ ပါ တယ် ။
ဒါ ကို ကြည့် ပြီး ခြုံ ငုံ ပြော ရ ရင် …။
ဒါ လီ သူ ငယ် ချင်း က ၊ “အို” သွေး ပိုင် ရှင် ဖြစ် နေ လို ့သာ ။ ဖြစ် တာ နေ မှာ လို ့ပြော ရ မ လို ပါ ဘဲ ။
ကိုယ် တွေ ့ဖြစ် ရပ် များ နဲ ့က ။ တိုက် ဆိုင် မှန် ကန် မှု ရှိ နေ တဲ့ ။ “သွေး အ မျိုး အ စား သိ ထား သင့် ဘွယ် ရာ” များ အ ဖြစ် ။ ဂေ ဇက် ရွာ စာ ချစ် သူ များ ကို ။ ဗ ဟု သု တ အ နေ နဲ ့ဒါ လီ မှတ် သား ထား ဘူး တဲ့ ။ (ဂျ ပန် နိုင် ငံ ၊ တို ကျို မြို ့ ။ သွေး အုပ် စု အ မျိုး အ စား သု တေ သ န သိ ပ္ပံ ၏ ဌာ န မှူး “တို ရှီ တာ ကာ နို မီ” ဆို သူ ၏ သု တေ သ န ပြု ချက် ) အ ယူ အ ဆ များ ကို ။ ဂေ ဇက် ရွာ စာ ချစ် သူ တွေ အ တွက် ပြန် လည် ဖော် ပြ လိုက် ပါ တယ် ။

၁ ။ အေ သွေး ပိုင် ရှင် တို ့ သည် ။
အ ချစ် ကြီး တတ် သူ များ ဖြစ် ၏ ။ တ ယောက် ကို တ ယောက် စွဲ စွဲ လမ်း လမ်း လည်း ဖြစ် တတ် ကြ ၏ ။ ချစ် သူ နှင့် ခွဲ ခွာ ရ ပြီ ဆို လျှင် အ ခြား သူ များ ထက် ပို ၍ ခံ စား ရ လေ့ ရှိ ၏ ။ စိတ် လှုပ် ရှား လွယ် ၊ စိတ် ထိ ခိုက် လွယ် ၍ ဝေ ဖန် ခံ နိုင် စွမ်း ရည် နည်း ၏ ။ ငွေ အ သုံး လွယ် တတ် သည် ၊ အို သွေး ပိုင် ရှင် ကဲ့ သို ့ငွေ များ ပြင်း ပြင်း ထန် ထန် ရှာ ဖွေ စု ဆောင်း ခြင်း ပြု လေ့ မ ရှိ ကြ ။ ထို ့ ကြောင့် ငွေ ကို ကြို တင် စု ဆောင်း ထား သော အ ကျင့် မွေး မြူ သင့် သည် ။ အေ သွေး ပိုင် ရှင် ခင် ပွန်း သည် ၊ ပြင် ပ လော က ပတ် ဝန်း ကျင် တွင် ကြုံ တွေ ့ ခံ စား ခဲ့ ရ သော စိတ် လှုပ် ရှား မှု နှင့် ပူ ပင် သော က တို ့ကို အိမ် တွင် ဖွင့် ဟ ဖြေ ဖျောက် လေ့ ရှိ သည် ။ အိမ် ထောင် ရေး က ဏ္ဍ တွင် မ လစ် ဟင်း စေ ရန် စ နစ် တ ကျ ထိန်း သိမ်း ပါ ။

၂ ။ ဘီ သွေး ပိုင် ရှင် တို ့သည် ။
မိ မိ တို ့စိတ် ချမ်း သာ သ လို နေ တတ် ပြု မူ တတ် ကြ ၏ ။ ချုပ် ချယ် မှု ကို မ ခံ ယူ လို ပဲ ၊ လွတ် လွတ် လပ် လပ် နေ လို ၊ စိတ် ပြင်း ပြ သူ များ ဖြစ် ၏ ။ ဖန် တီး နိုင် စွမ်း တည် ထွင် နိုင် စွမ်း ရှိ ကြ ၏ ။ တစ် ခါ တစ် ရံ အ ချစ် ကို ပေါ့ ပေါ့ ဆ ဆ သ ဘော ထား တတ် ကြ ၏ ။ မိ မိ ကိုယ် ကို မိ မိ သာ ပို မို ခင် တွယ် တတ် ။ ဦး စား ပေး တတ် သ ဖြင့် ချစ် သူ တို ့၏ ငြီး ငွေ ့ခြင်း ကို ခံ ရ တတ် သည် ၊ ထို အ ချစ် မျိုး ကို ဘီ သွေး ပိုင် ရှင် တို ့ဆင် ခြင် သင့် ပါ သည် ။
ဘီ သွေး ပိုင် ရှင် တို ့သည် ။ ငွေ သုံး စွဲ ပုံ နှစ် မျိုး ရှိ တတ် ကြ ၏ ။ မိ မိ နှစ် သက် ရာ ကိ စ္စ အ တွက် ပ စ္စည်း အ တွက် ဆို လျှင် ၊ ငွေ မည် မျှ ကုန် ပါ စေ နှ မြော တွန် ့ တို ခြင်း မ ရှိ တတ် ။ မိ မိ အ တွက် နှစ် သက် မှု မ ပေး သည့် အ ရာ အ တွက် မူ ၊ ငွေ ကုန် ခံ ရန် လွန် စွာ တွန် ့တို တတ် ကြ သည် ။ ထို ကြောင့် မျှ မျှ တ တ စဉ်း စား ချင့် ချိန် ၍ ငွေ သုံး စွဲ တတ် ရန် လို ပါ သည် ။
ဘီ သွေး ပိုင် ရှင် ခင် ပွန်း တို ့ကို ၊ သူ တို ့ဘာ သာ သူ တို ့၊ စိတ် ချမ်း သာ သ လို နေ ပါ စေ ။ တော် ယုံ တန် ယုံ ကိ စ္စ များ လောက် နှင့် မည် သို ့လုပ် ရ မည် ။ လုပ် သင့် သည် ဟု ပြော မ နေ ပါ နှင့် ။ သူ တို ့သည် စိတ် ချမ်း သာ မှု ကို လို လား သူ များ ဖြစ် ကြ သည် ။

၃ ။ အို သွေး ပိုင် ရှင် တို ့သည် ။
လွန် စွာ ပြင်း ထန် တိ ကျ ၊ ပြတ် ပြတ် သား သား ဆောင် ရွက် တတ် သူ များ ဖြစ် ၍ ၊ ရည် မှန်း ချက် ကြီး ကြီး မား မား ထား တတ် ကာ ၊ မ ဖြစ် မ နေ လုပ် ဆောင် တတ် သည် ။ အား သွန် ခွန် စိုက် ဆောင် ရွက် တတ် သူ များ ဖြစ် ၏ ။ ရည် မှန်း ချက် တ ခု အောင် မြင် လျှင် ၊ နောက် ရည် မှန်း ချက် ကြီး ကြီး သို ့ခြေ လှမ်း ပြင် တတ် ကြ သည် ။ ရည် မှန်း ချက် အ တိုင်း မ ဖြစ် မ နေ ငွေ ရှာ ကြ ရာ ၌ လောင်း က စား ခြင်း (သို ့မ ဟုတ်) ။ ထို ကဲ့ သို ့ဆန် ဆန် ပြု မူ စွန် ့စား ရ သည် များ ကို လုပ် ဆောင် တတ် ကြ ၏ ။ ထို ့ကြောင့် တ ဖက် စွန်း မ ရောက် စေ ရန် ၊ မ လွန် ကဲ စေ ရန် သ တိ ပြု ရ မည် ။
အို သွေး ပိုင် ရှင် တို ့သည် ။ မိ မိ ကိုယ် မိ မိ အ ချစ် ကြီး သည် ၊ အ စွဲ အ လမ်း ကြီး လွန်း သည် ဟု ထင် တတ် ကြ သော် လည်း အ မှန် မှာ ထို လောက် မ ဟုတ် ပါ ။ အ မှန် မှာ ချစ် သူ နှင့် ခွဲ ခွာ ရ လျှင် ၊ မ ကြာ ခင် ဖြေ ဖျောက် နိုင် ပါ လိမ့် မည် ။ အိမ် ထောင် ရေး က ဏ္ဍ တွင် အို သွေး ပိုင် ရှင် ခင် ပွန်း တို ့သည် ၊ များ သော အား ဖြင့် အိမ် ထောင် တွင် အ ဓိ က အိမ် ထောင် ဦး စီး နေ ရာ မှာ သာ နေ လို ကြ ၏ ၊ ထို ့ကြောင့် သူ တို ့၏ ဆ န္ဒ အ တိုင်း တတ် နိုင် သ မျှ ဦး ဆောင် စေ ပြီး ၊ လေး စား မှု ကို လည်း ပေး ပါ ။

၄ ။ အေ ဘီ သွေး ပိုင် ရှင် တို ့သည် ။
အေ နှင့် အို သွေး ပိုင် ရှင် တို ့ကြား ဖြစ် ၏ ။ အ ရာ ရာ ကို မျှ မျှ တ တ ဝေ ဖန် ပိုင်း ခြား ဆင် ခြင် တတ် ကြ ၏ ။ မိ မိ သ ဘော ဆ န္ဒ သက် သက် ကို မ ကြည့် ဘဲ အ များ ၏ သ ဘော ဆ န္ဒ အ ရ ဆောင် ရွက် လေ့ ရှိ ကြ သည် ။ ဝေ ငှ သုံး ရာ တွင် များ သော အား ဖြင့် အေး အေး ဆေး ဆေး ချင့် ချင့် ချိန် ချိန် သုံး တတ် လေ့ ရှိ ကြ ၏ ။ အ ချစ် ရေး နှင့် ပတ် သက် လျှင် စိတ် ကူး ယဉ် အိပ် မက် မက် လွန်း သူ များ ဖြစ် ကြ ၏ ။ အ ခြေ အ နေ မှန် နှင့် ကင်း ကွာ နေ တတ် ကြ ၏ ။ ထို အ ချက် ကို ဆင် ခြင် သ တိ ပြု သင့် သည် ။
အေ ဘီ သွေး ပိုင် ရှင် ခင် ပွန်း တို ့ကို သင် နေ ချင် ၊ ပြု လုပ် ချင် သည် များ ကို သူ တို ့ အား ပြော ပြီး ညှိ နှိုင်း ဆောင် ရွက် သင့် သည် ။ သူ က လည်း မျှ မျှ တ တ ဆောင် ရွက် ပေး ပါ လိမ့် မည် ။ ထို သို ့မ ပြော ပါ က စိတ် ဆိုး လေ့ ရှိ ကြ သည် ။။

30 comments

  • etone

    August 18, 2012 at 8:32 am

    အန်တီအေးရေ .. သွေးအမျိုးစားနဲ့ ပတ်သတ်လို့ ယေဘုယျ စိတ်အခြေနေကို ခန့်မှန်းပြသွားတာ မှန်သင့်သလောက်တော့မှန်ပါတယ် … ။ အမေက ဘီသွေး … အဖေက အိုသွေး … သူတို့မွေးတဲ့ ကျွန်မက … အိုသွေးလိုက်ဖြစ်တယ် …. ၊ အစ်ကိုကလည်း အိုသွေးပဲ …. ။

    မိ မိ ကိုယ် မိ မိ အ ချစ် ကြီး သည် ၊ အ စွဲ အ လမ်း ကြီး လွန်း သည် ဟု ထင် တတ် ကြ သော် လည်း အ မှန် မှာ ထို လောက် မ ဟုတ် ပါ ။ အ မှန် မှာ ချစ် သူ နှင့် ခွဲ ခွာ ရ လျှင် ၊ မ ကြာ ခင် ဖြေ ဖျောက် နိုင် ပါ လိမ့် မည် ။

    ဆိုတာကလွဲလျှင် ..ကျန်တာ အကုန်လုံး နီးပါး မှန်ပါတယ် … ။ အိုသွေး တခြား လူတွေတော့မသိဘူး … ကျွန်မကတော့ .. အစွဲလမ်းကြီးလွန်းတာ .. ရုပ်ဝတ္တုတွေပေါ်မှာရော ၊ သတ္တဝါတွေပေါ်မှာရောပါပဲ … ။ အိမ်မှာမွေးထားပြီး အတူဖက်အိပ်တဲ့ ကြောင်လေး ညဘက်အိမ်လည်ထွက်လျှင် … သူမပြန်လာမချင်း စောင့်နေရတာမျိုး ၊ ညဉ့်နက်သန်းခေါင် အိမ်အပြင်ထွက်ရှာရတာမျိုး လုပ်ဖြစ်တယ် …. ။ အမှတ်တရလက်ဆောင်ရထားတဲ့ ပစ္စည်းမျိုး .. ကျိုးပဲ့တာ ၊ ပျောက်ရှတာမျိုးဆို …. ရင်ထဲ တနုံ ့နုံ ့နဲ့ ပေါ့…. ။ 🙄

    • aye.kk

      August 19, 2012 at 4:52 am

      အိတုံ,..ရေ။
      ပထမဦးဆုံးကွန်မန်းလေးအတွက်၊ကျေးဇူးတင်ဝမ်းသာမိရပါတယ်။
      “တိုရှီတာကာနိုမီ”ကသူရဲ ့အယူအဆသုံးသပ်ချက်ပေါ့နော်။
      အယူအဆဆိုတာ။ယေဘုယျသဘောပါဘဲ။
      အားလုံးအတွက်က,။ကွက်တိ၊အံဝင်ဂွင်ကျတော့ဖြစ်ချင်မှဖြစ်နိုင်မှာပါကွယ်။

  • မဟာရာဇာ အံစာတုံး

    August 18, 2012 at 9:29 am

    အမအေး ခင်ဗျာ ..
    ကျန်တဲ့သွေးအမျိုးအစား ပိုင်ရှင်တွေတော့ သိဘူး ..
    အနော်ကတော့ဖြင့် ဘီသွေးပိုင်ရှင်ပါ ..
    ပြောထားတဲ့ထဲက အတော်များများ မှန်ကန်နေပါတယ် ..
    ချစ်တတ်တာ တစ်ခုကတော့ဖြင့် ခြွင်းချက်ပေါ့လို့ .. အဟိ .. 😀

    • lynn lynn

      August 18, 2012 at 10:05 am

      လင်းလင်းလည်း ကိုအံစာတုံး ပြောသလိုပါပဲ။

  • ko khin kha

    August 18, 2012 at 9:51 am

    မအေးရေ ၃ – ၄ ခေါက်လောက် အထပ်ထပ်ဖတ်ပြီး မှတ်ထားလိုက်ပါတယ်။
    ဗဟုသုတ ရဖွယ်ဖြစ်လို့ ရေးသားဖော်ပြပေးတာ ကျေးဇူးပါ။

  • လေပြေ ရှိုင်း

    August 18, 2012 at 9:57 am

    စိတ်ဝင်စားစရာကောင်းပါတယ်…
    တော်တော်ကိုမှန်ပါတယ်(နဖူးကိုမဟုတ်)…
    တိုက်ဆိုင်တာကတော့ ကျွန်တော့အဖေလဲ
    ဘီယာကြိုက်တယ်
    ကျွန်တော်လည်း ထိုနည်းလည်းကောင်း….
    အချစ်နဲ့ပတ်သက်လို့ကတော့…မအေးကေကေ (အော်) မဒါလီ
    ဖတ်ဖူးလားမသိဘူး….(စပ်စုလိုက်အုံးမယ်)
    လမ်းခွဲတာဝမ်းနည်းစရာလား ဆိုတဲ့ အရှင်ဆန္ဒာတိက ရွှေပါရမီရဲ့ တရားစာအုပ်ကလေး
    (အခြားဘာသာဖြစ်ရင်လဲ ခွင့်လွှတ်ပါ၊ အတွေးအခေါ်ကိုသာ ဆိုလိုချင်တာပါ)
    အဲဒီထဲမှာ အသဲစွဲနေတဲ့ စာသားလေးကို ခံစားသူတိုင်းကို မျှဝေဖူးနေကျမို့ (မောင်စပ်စု)
    အဟမ်း…
    စွဲလန်းရင် အသဲကျွမ်းရမယ်၊
    သိပ်ချစ်ရင် စိတ်ညစ်ရမယ်၊
    အသဲမကျွမ်းချင်ရင် မစွဲလန်းနဲ့၊
    စိတ်မညစ်ချင်ရင် သိပ်မချစ်နဲ့၊
    မချစ်ရမနေနိုင်ရင်လဲ နဲနဲတော့ လျှော့ချစ်၊
    လျှော့ချစ်ပြီး ပေါ့ပစ်လိုက်ရင် ကော့ကစ်နေအောင်မခံစားရတော့ဘူး….
    (ဘယ်လို ဘယ်သူ ဘာသံယောဇဉ်ဖြစ်ဖြစ် ဆေးအဖြစ်ဒါလေးကိုရွတ်…ဟီး..)
    နောက်တစ်မျိုးက တော့ မြေကြီးလိုကျင့်
    မြေကြီးသည်… ပန်းနံ့သာတွေကျလာလျှင်လဲ
    သိမ်းပိုက်ထားခြင်းမရှိဘူး…
    ငြင်းဆန်ခြင်းလဲမရှိဘူး…
    မြေကြီးသည်… အညစ်အကြေးများကျလာလျှင်လဲ
    သိမ်းပိုက်ထားခြင်းမရှိဘူး…
    ငြင်းဆန်ခြင်းလဲမရှိဘူး…
    ချစ်သူတွေဘဲလာလာ…
    မုန်းသူတွေဘဲလာလာ…
    Accept လက်ခံခြင်းလဲမလုပ်ပါဘူး…
    Reject ငြင်းပယ်ခြင်းလဲမလုပ်ပါဘူး…
    ရောက်လာတဲ့သူကိုလဲ မသာယာပါဘူး၊… ထွက်သွားလို့လဲဘဲ ဘယ်သူဘဲသွားသွား စိတ်ထဲမထိခိုက်ပါဘူး… ဘယ်သူလာရင်ကောင်းမှာဘဲလို့ မျှော်လင့်ချက်လေးမထားပါဘူး… ချစ်သူ မုန်းသူ၊ အကောင်းအဆိုး နှစ်မျိုးလုံးတို့ကို အညီအမျှကြည့်တယ်…
    နောက်တစ်ခု… အမလေး comment ကနေ post ဖြစ်တော့မယ်
    (အနားမှာရှိရင် နားညီးလို့ ထရိုက်လောက်ပြီ)
    သွေးအမျိုးအစားကို နောက်ဆုံးအနေနဲ့ အနစ်ချုပ်လိုက်ရရင်တော့
    အားလုံးဟာ အိုသွေးများကိုသာ ပိုင်ဆိုင်ထားပါကြောင်း….

  • ကြောင်လေး

    August 18, 2012 at 9:59 am

    ဒါလေးက ပိုပြည့်စုံပါတယ်၊ဖေ့စ်ဘုတ်ကတွေ့လို့ ကူးတင်ပေးလိုက်ပါတယ်ခင်ဗျာ။
    AB – သွေး ၊ A – သွေး ၊ B-သွေး ၊ O-သွေး ပိုင်ရှင်တို့ရဲ့ အကြောင်း

    သွေးအုပ်စု – O

    ၁။ မုဆိုးနှင့်တူသော စရိုက်လက္ခဏာ ရှိသည်။
    ၂။ အစာ၊ ရေမျိုပြွန် တစ်လျှောက်မကောင်း။

    ၃။ လွန်ကဲသော ရောဂါခုခံ ကာကွယ်မှုစနစ်ကို ပိုင်ဆိုင်ထားသည်။

    ၄။ အစားအသောက် ပတ်ဝန်းကျင်တို့နှင့် လိုက်လျော ညီထွေမှု မရှိပါ။

    ၅။ ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားခြင်းဖြင့်ကိုယ်လက်လှုပ်ရှားမှုကို အကောင်းဆုံး တုံ့ပြန်နိုင်သည်။

    ၆။ကျစ်ကျစ်လျစ်လျစ်နှင့် အင်အားပြည့်နေစေရန် သွက်လက်ထိရောက်သာ ဇီဝဖြစ်ပျက်မှု ဖြစ်စဉ် လိုအပ်သည်။

    ၇။ခွန်အား၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ ကြိုတင်သိမြင်မှု၊လုပ်ရဲကိုင်ရဲမှု၊ ခံနိုင်ရည်ရှိမှုနှင့် မွေးရာပါ အကောင်းမြင်စိတ် ရှိသူတို့ဖြစ်သည်။

    ၈။ ကိုယ့်ကိုယ်ကို တန်ဖိုးထားလွန်း အားကြီးသည်။

    ၉။ ပင်ပန်းခံနိုင်၍ ခွန်အားကြီးကြသည်။

    ၁၀။ အသားဓာတ် ကြွယ်ဝသော အစာ အာဟာရများကို နှစ်သက်စွာ မှီဝဲကြသည်။

    ၁၁။ ကိုယ်ကာယ လေ့ကျင့်ခန်းနှင့် ပြင်းပြင်းထန်ထန်လှုပ်ရှားမှုကို ခံနိုင်ရည်ရှိသည်။

    ၁၂။လေ့ကျင့်ခန်းများနှင့် ကင်းကွာပါက စိတ်ဓါတ်ကျခြင်း ၊ အဝလွန်ခြင်းစသည့် ပြဿနာများ ဝင်လာတတ်သည်။

    ၁၃။ အင်အားကြီးမားသော တိကျ သေချာသော စွမ်းရည်မြင့်မားသော ခေါင်းဆောင်မှု အရည်အသွေးများ ရှိသည်။

    ၁၄။ ကျန်းမာသန်စွမ်း၍ အကောင်းမြင် တတ်သည်။

    ထို့ထက်ပို၍ ဆိုရလျှင် အိုသွေး ပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာ ရှာတတ်ကြပေမယ့် သူငယ်ချင်းတွေနဲ့ ဆိုရင်တော့ သူငယ်ချင်းတွေကို ကြည့်ရှု စောင့်ရှောက်တတ်ပြီး လူတကာနဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေတတ်သူများ ဖြစ်ကြပါတယ်။ အရာအားလုံးကိုတက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက် တတ်သူများ ဖြစ်ကြပါတယ်။

    အလုပ် အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်။ လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း သူတပါးကို စာနာထောက်ထား တတ်ကြပါသတဲ့။

    အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပြီဆိုရင် တစိုက်မတ်မတ်နဲ့ လုပ်ကိုင်တတ်ပေမယ် ့မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပြီဆိုရင်တော့ အစွဲအလမ်းတစ်ခုမှ မထားဘဲလက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါတယ်တဲ့။ အလုပ်တစ်ခုကို လုပ်ကိုင်နိုင်စွမ်း မြင့်မားသလိုအခြေအနေ အလိုက်စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့။ ရလဒ်ကိုဘဲ ဦးစားပေးသူများ လို့လည်း ဆိုနိုင်ပါသတဲ့။ အလုပ်တစ်ခုကို လုပ်တော့မယ် ဆိုရင် plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့။

    ကိုယ့် စတိုင်လ်နဲ့ကိုယ် နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို ပိုင်ဆိုင်သူများလည်း ဖြစ်ပါတယ်။ ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့ အနုပညာ လောကကို ခြေချမယ် ဆိုရင်လည်း အောင်မြင်နိုင်တဲ့သူများ ဖြစ်ပါတယ်တဲ့။

    ဒါပေမယ့် ကိုယ်ရဲ့ အတွေးအမြင် ကသာ အမှန်ဖြစ်တယ် ဆိုတဲ့ ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို ဖြစ်နေတတ်ပါတယ်။ အပန်းဖြေတာတို့ ဝါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက် လှပါဘူး။ အိုသွေး ပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း ဖြစ်ပါတယ်။ တခါတလေမှာတော့ Romantic ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက် ကြပါတယ်တဲ့။

    အိုသွေး ပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေအတွက် အများကြီးသည်းခံ တတ်ပေမယ့် ရေရှည်တော့ သည်းမခံ နိုင်ပါဘူးတဲ့။ လူတွေနဲ့ဆက်ဆံတဲ့ အခါမှာ ယုံကြည်မှု ရှိရှိနဲ့ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေး သဘောထားကြီးကြီးနဲ့ ဆက်ဆံ တတ်ကြပါသတဲ့။ ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့ တခါတလေမှာ မလိုအပ်ဘဲ စိတ်ဆင်းရဲရတာမျိုး လည်း ရှိပါတယ်။

    အိုသွေးပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီး အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို ကြိုက်နှစ်သက်ကြပါ သတဲ့… တစ်ယောက်ယောက်နဲ့ စိတ်ကသိ ကအောင့် ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့။ ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီး နေနိုင်သူများပါ။

    ခြုံပြီးကြည့်ရင်တော့ …

    အိုသွေးတို့ရဲ ့ အတွင်းစိတ်ကတော့ အမှန်ကို ဖုံးကွယ်တတ်သူတွေကို သည်းမခံတတ်ပါဘူး။ အခြေခံ အပြုအမူတွေ အနေနဲ့ ပြောရမယ်ဆိုရင်တော့ ရည်မှန်းချက်ကို ဖြစ်အောင် လုပ်တတ်သူတွေ ဖြစ်ပြီး မိမိကိုယ်ကို ယုံကြည်ချက် ကောင်းကောင်း ရှိတတ်တယ်။ ရိုးသား ၊ အကောင်းမြင်ပြီး ထက်မြက်တယ်။ ရည်ရွယ်ချက် ပန်းတိုင်ပေါ် မူတည်ပြီး အပင်ပန်းခံ နိုင်အားထုတ်နိုင် အကြမ်းခံနိုင်သူတွေ ဖြစ်ပေမဲ့ ဆိုးတာက သူတို့ အဓိပ္ပါယ်မရှိဘူးလို့ ထင်တာနဲ့ အလွယ်တကူ လက်လျော့ တတ်ကြတာပါ။

    ပြီးခဲ့တာတွေ အတွက် နောင်တ မရတတ်တာလဲ သူတို့ အရည်အချင်း တစ်ခုလို့ ပြောရမလားဘဲ။

    သူတို့ အနာဂတ် အတွက်တော့ ငွေကြေး လုံလောက်စွာနဲ့ တည်ငြိမ်စွာနေထိုင် နိုင်ဖို့ ပြင်ဆင် တတ်ကြပါတယ်။ သူတို့ကို ကြည့်ရင်အမြဲ တည်ငြိမ် အေးဆေးနေပုံပါပဲ။ ရိုးသားဖြူစင်မှုနဲ့ ပတ်သက်ရင်တော့ သည်းသည်းလှုပ်လှုပ် ခံစားတတ်တာ အားနည်းချက်ပါ။ ပွင့်ပွင့်လင်းလင်းနဲ့ တည့်တည့်ပြောတတ်လို့ လူမုန်း များတတ်ကြတာလဲ သူတို့ပါဘဲ။ ရည်ရွယ်ချက် အပေါ်မူတည်လို့ သူတို့ အာရုံစိုက်နိုင်မှု စွမ်းအားတွေက အပြောင်းအလဲ ရှိတတ်ပါတယ်။ ဘာပဲလုပ်လုပ် ဦးဆောင်ချင်ကြပြီး အသေးအဖွဲလေးတွေကို ဂရုမပြုမိ တတ်တာလဲ သူတို့ရဲ ့ ပျော့ကွက် တစ်ခုပါ။

    * * * * * ** * * * * ** * * * * ** * * * * ** * * * * ** * * * * ** * * * * *

    သွေးအုပ်စု – A

    ၁။ စိုက်ပျိုးရေးသမား ၏ စရိုက် လက္ခဏာ ရှိသည်။

    ၂။ ရှေးဦး သတ်သတ်လွတ် စားသူများ ဖြစ်သည်။

    ၃။ စိုက်ပျိုးသမျှ ရိတ်သိမ်းမည်ဟု ခံယူထားသည်။

    ၄။ တုံ့ပြန်လွယ်သော အစာရေမျိုရှိသည်။

    ၅။ ခံနိုင်ရည်မြင့်သော ရောဂါ ကာကွယ်ရေး စနစ် ရှိသည်။

    ၆။ အခြေချနေထိုင်သော ဒေသရှိ အစားအသောက်နှင့် ပတ်ဝန်းကျင်ကို လိုက်လျောညီထွေ ကောင်းစွာ နေထိုင်နိုင်သည်။

    ၇။ အေးဆေးတည်ငြိမ်ပြီး ဖိစီးမှုကို ကောင်းစွာတုံ့ပြန်တတ်သည်။

    ၈။ သွက်သွက်လက်လက် ခန္ဓာကိုယ်သေးသေးသွယ်သွယ် ဖြစ်ရန် သီးနှံအာဟာရပုံစံစားသောက်ရန်လိုအပ်သည်။

    ထို့ထက်ပို၍ဆိုရလျှင် …

    အေသွေး ပိုင်ရှင်တို့သည် ငယ်စဉ် ဘဝမှာတော့ သူတပါးကို စဉ်းစားပေးတယ် ဆိုတာသိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့။ သူတပါးကို နောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့။ ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က စရိုက်သဘာဝများက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့် လောက်အောင် အေးဆေး တည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့။

    အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့် အရာအားလုံးကို တာဝန်သိစွာ လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့။

    တခါတလေ ပတ်ဝန်းကျင် အခြေအနေ မကောင်းတဲ့ အခါမှာ စိတ်လေလွင့် တတ်ပါတယ်တဲ့။ အသစ်အဆန်းတွေကို စမ်းသပ် လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း ကျင်လည်ရတာကို နှစ်သက်သူများ ဖြစ်ကြပါတယ်။ အလုပ်တစ်ခုကို လုပ်ပြီ ဆိုရင်လည်း အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက် အဆင့်လိုက် တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ။

    သပ်သပ်ရပ်ရပ် စေ့စေ့စပ်စပ်နဲ့ အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ။ နေ့စဉ်နေ့တိုင်း လုပ်နေကြ အလုပ်တွေကိုပဲ လုပ်နေတတ်လို့ အသစ်အဆန်းကို မရှိဘူးလို့ အပြောခံရတာ ကိုလည်း ခံရတတ်ပါတယ်။ ဒါ့အပြင် ဘယ်လိုအခြေအနေမျိုး မဆိုကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ ပြတ်သားလွန်းတာကြောင့် မာဆတ်ဆတ်နိုင်တယ်။ ဘုကြတယ် ဆိုပြီး အပြောခံရတာမျိုးလည်းရှိနိုင်ပါတယ်။

    အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူ ထူးခြားချက်ကတော့တနေ့တာအတွင်း ပေါ်ပေါက် ရင်ဆိုင်ရတဲ့ အလုပ်မှန်သမျှကို စနစ်တကျ ဆောင်ရွက်တတ်ပေမယ့် စိတ်ရှုတ်လွယ်တဲ့ လူမျိုးတွေပါတဲ့… ကိုယ်နဲ့ ဆက်ဆံနေတဲ့ လူတွေကို နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါးကိုပျော်ရွှင်မှု ပေးချင်ကြသူများ ဖြစ်ပါတယ်။

    တခါတလေမှာတော့ သူများကိုမယုံမကြည် ဖြစ်တတ်လို့ ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောဘဲလည်း နေတတ်ပါသတဲ့။ ဒီလို မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ တစ်ချပ်ချထားပြီး ဆက်ဆံ တတ်ကြပါတယ်တဲ့။

    ဒီသဘာဝလေး ကတော့ သူတို့ရဲ့ မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့။

    ဘဝရဲ့ အနှစ်သာရကို တစ်နေရာမှာဘဲ မရှာဘဲ အားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့။ အားလပ်တဲ့ အခါမှာ လျှောက်လည်ရတာ ကိုလည်း နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့ စရိတ်ကိုလည်း မနှမျောပါဘူးတဲ့။

    တစ်ယောက်တည်း သီးသန့်ကမာ္ဘလေးကို တည်ဆောက်ချင်သူများ ဖြစ်ပါတယ်။ အထက်လူကြီးရဲ့ အဆူ ခံရတာမျိုးကို ခံပြီးပြီ ဆိုရင်မေ့လို့ မရဘဲ စိတ်ထဲမှာ သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုများ ရှိနေတတ်ပါတယ်။ ဒေါသထွက်တဲ့ အခါမှာလည်း ဒေါသကို ဖော်ပြလေ့ မရှိတာကြောင့် စိတ်ဖိစီးမှု ပိုများတာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေ များနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့နေရက်တွေလည်း ရှိတတ်ပါတယ်တဲ့။

    ဒါကြောင့်မို့စိတ်ထဲက မကျေနပ်ချက် လေးတွေကို တခါတလေ ဖော်ပြဘို့ လိုပါတယ်။

    ခြုံပြီးကြည့်ရင်တော့ …

    အေသွေးတို့ ရဲ ့ အတွင်းစိတ်က တော့ အဆိုးမြင်ပြီး အထိမခံတတ်တာပါ။ထို့ကြောင့် ဆုံးဖြတ်ချက်ချရာတွင် ဂရုတစိုက်လုပ်တတ်သလို ပြဿနာကိုဖြေရှင်းရာမှာလဲ အဖြူအမည်း ကွဲပြားရှင်းလင်းအောင် လုပ်တတ်ပါတယ်။ လူမှုစည်းကမ်း သတ်မှတ်ချက်တွေကို အလေးထားသူလဲ ဖြစ်ပါတယ်။ ထပ်ကာထပ်ကာ လုပ်ရခြင်းနဲ့ ကိုယ်ကာယသုံး လုပ်ရခြင်းတွေကို ကောင်းကောင်း သည်းခံနိုင်တယ်။ ဒါပေမဲ့ အပြောင်းအလဲကို အလွယ်တကူ လက်ခံနိုင်ဖို့ သူတို့ အတွက် ခက်ခဲပါတယ်တဲ့။

    ဝါသနာ တစ်ခုကို အလွယ်တကူ စိတ်ဝင်စားမှု လျော့တတ်ပြီးတော့ အတိတ်ကို လွယ်လွယ် မမေ့တတ်တဲ့ အပြင် အနာဂတ်ကို အဆိုးမြင်တတ်တာလေး ကတော့ ပြုပြင် သင့်တာလေးပါ။

    ချီးကျူးဖို့ ကောင်းတာကတော့ စိတ်ဆိုးနေရင်တောင် အေးအေးဆေးဆေး နေပြနိုင်တယ်။ စိတ်တိုလွယ်ပြီး ခံစားလွယ်တတ်တာကတော့ အားနည်းချက်လို့ဆိုရမလားဘဲ။ အသည်းကွဲရင် တော့ ပြန်ကောင်းဖို့ အချိန်ယူရပါလိမ့်မယ်။ သူတစ်ပါးရဲ့ ထင်မြင်ယူဆချက်ကို အလေးထားတဲ့ လူမျိုးတွေလဲ ဖြစ်ပါတယ်တဲ့။ အလုပ်လုပ်ရာမှာတော့ အလွန်ကို ပြီးပြည့်စုံအောင် လုပ်တတ်သူတွေပါ။ အဲလိုလုပ်နိုင်ဖို့ တစ်ချိန်မှာ ကိစ္စတစ်ခုကိုသာ ကိုင်တွယ် ဖြေရှင်းလေ့ရှိတာ သူတို့ အလေ့အကျင့်လေးပါ။

    ကိုယ်ရေးကိုယ်တာနဲ့အလုပ်ကိစ္စကို ခွဲခြားနိုင်တဲ့ အတွက် ချီးကျူးရပါလိမ့်မယ်။ သူတို့ဟာစိုက်ပျိုးသမျှ ရိတ်သိမ်းသူတွေ ဖြစ်တာနဲ့ အညီ လုပ်သမျှ အကျိုးဆက်ကိုတာဝန်ယူနိုင်သူတွေဖြစ်ပါတယ်။ အကောင်းဆုံး အလေ့အကျင့်လေး ကတော့ စိတ်ဖိစီးမှုကို ဖြေဖျောက်နိုင်တဲ့ ဝါသနာကို မိမိဘာသာ ရွေးချယ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။

    * * * * * ** * * * * ** * * * * ** * * * * ** * * * * ** * * * * ** * * * * *

    သွေးအုပ်စု – B
    ၁။ သွေးအုပ်စုဘီ ကို ၂ မျိုးခွဲခြားနိုင်သည်ဆိုသော်လည်း ကန ္တာ ရ မုဆိုး နိုမက်တို့နှင့်တူသော
    စရိုက်လက္ခဏာကို ပိုမိုတွေ့ရသည်။
    ၂။ တရားမျှတမှုကို လိုလားသည်။
    ၃။ အားကောင်းသော ရောဂါခုခံကာကွယ်မှု ရှိသည်။
    ၄။ အစားအသောက် ဇီဇာမကြောင်တတ်။
    ၅။ နို့နှင့် နို့ထွက်ပစ္စည်းတို့ကို နှစ်သက်သည်။
    ၆။ ဆန်းသစ်တီထွင်မှုရှိပြီး ဖိစီးမှုကို အကောင်းဆုံး တန်ပြန်နိုင်သည်။
    ၇။ ထက်မြက်၊ သွက်လက်နေစေရန် ရုပ်နှင့် စိတ် တို့၏ လှုပ်ရှားမှုများဘက်ညီနေဖို့လိုပါသည်။

    ထိုထက်ပို၍ဆိုရလျှင် …
    ဘီသွေးပိုင်ရှင်များကတော့ အရမ်းငယ်စဉ်မှာတော့ သွက်လက် ဖျက်လတ်ပြီး တက်တက်ကြွကြွနဲ့ လှုပ်ရှုားတတ်ပေမယ့် ကျောင်း စတတ်တဲ့ အရွယ်လောက်ကစပြီး ပတ်ဝန်းကျင်က လူတွေနဲ့လိုက်လျောညီထွေအောင် မနေတတ်ဘဲ လေလွင့် နေတတ်ပြန်ပါသတဲ့။

    ဒါပေမယ့် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီဆိုရင်တော့ အားလုံးထက် ပိုပြီး ကြိုးကြိုးစားစား နေတတ်ကြတဲ့ သူများဖြစ်လို့ရှုံးနိမ့်မှုကို မကြောက်ဘဲ မပြတ်သော ဇွဲလုံ့လနဲ့သာ ဆက်လက်ပြီး ကြိုးစားပါ။ ကိုယ်သဘောကျတဲ့ အလုပ်တစ်ခုတည်းမှာဘဲ အာရုံအားလုံးကို နှစ်မြုပ်ထားတတ်တဲ့ စတိုင်လ် ဖြစ်ပါတယ်။ ဒါပေမယ့်ပတ်ဝန်းကျင် အခြေအနေက မပေးခဲ့ဘူးဆိုရင်တော့ သိပ်မကြိုးစားတတ်ကြပါဘူးတဲ့။

    ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ဘီသွေးပိုင်ရှင်များဟာ သတ်မှတ်ထားတဲ့ပုံစံအတိုင်း ဆက်ဆံရတာမျိုးကို မနှစ်သက်ကြပါဘူး။ ကိုယ်နဲ့ သိပ် မခင်လှတဲ့ မိတ်ဆွေတွေနဲ့ အတူရှိတဲ့အချိန်မှာတော့ ဟန်မပျက် အလိုက်တသင့် နေတတ်ကြသူများလည်းဖြစ်ပါတယ်။ မျက်နှာခွဲခြားတတ်ပြီးတော့ တခြားသူတွေရဲ့ ရှေ့မှာ လူတတ်လုပ်ရတာမျိုးကိုလည်း မနှစ်သက်တတ်ကြပါဘူး။

    ပုံစံခွက်ထဲမှာ ချုပ်နှောင်ခံရတာမျိုးကို မုန်းပြီးလွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားရတာကို နှစ်သက်ကြပါတယ်တဲ့။ ဒါပေမယ့် သတိပြုစရာတစ်ခုကတော့ လွတ်လပ်မှုကိုဘဲ အစဉ်တောင့်တနေခြင်းကြောင့် ပတ်ဝန်းကျင်ကလူတွေကို ဒုက္ခပေးတတ်တယ်ဆိုတာကိုပါဘဲ။
    ဘီသွေးပိုင်ရှင်များရဲ့ သူများနဲ့မတူ တမူထူးခြားနေတာကတော့ လွတ်လပ်စွာ တွေးခေါ်တတ်တဲ့အပြင်သူတပါးကို မှီခိုအားကိုနေရတာမျိုးကို မနှစ်သက်ကြပါဘူး။ ကိုယ်အားကိုကိုးပြီး အလုပ်အားလုံးကိုဆောင်ရွက်ချင်ကြပါတယ်။ အလုပ်တစ်ခုကို လုပ်နေစဉ်မှာတောင် တခြားအလုပ်တစ်ခုကို တပြိုင်တည်း ဆောင်ရွက်တတ်သူများလည်း ဖြစ်ပါတယ်။
    စည်းမျဉ်းစည်းကမ်းတွေကို သိပ်ဂရုမစိုက်တတ်လို့ ကိုယ့်ထက် အငယ်တွေရဲ့ ချစ်ခင်မှုကို ခံရတတ်ပေမယ့် လူကြီးတွေဆီကတော့ ဆူပူကြိမ်းမောင်းတာကို ခံရတတ်ပါတယ်။ တခါဒေါသထွက်ပြီဆိုရင်လည်း အဖြူအမည်း မခွဲခြားနိုင်လောက်အောင်ပါဘဲတဲ့။
    ဒေါသပြေတဲ့ အခါမှ အခြေအနေတွေကို ပြန်ရှင်းပြပြီး နားလည်မှုကို ယူတတ်ကြတဲ့ စတိုင်လ်မျိုးပါတဲ့။ အမှားတစ်ခုကို လုပ်မိတယ် ဆိုရင်လည်း ကိုယ်လုပ်တဲ့ အမှားအတွက် တောင်းပန်ဘို့ ဝန်မလေးသူများလည်းဖြစ်ပါတယ်။ တနည်းအားဖြင့် အတွင်းစိတ်ထား ပွင့်လင်းသူများ ဖြစ်ကြလို့ အထင်အလွဲခံရတာတို့ ရန်ငြိုးတို့ မရှိတဲ့ သွေးပိုင်ရှင်များ ဖြစ်ပါတယ်။

    ခြုံပြီးကြည့်ရင်တော့ …
    ဘီသွေးတို့ရဲ့ အတွင်းစိတ်က ဘယ်သူပြောပြော အလွယ်နဲ့ လက်ခံလေ့မရှိဘူး။ ဆုံးဖြတ်ချက်ကို မြန်မြန်ပဲချလေ့ရှိတယ်။ အများနဲ့ လိုက်လျောညီထွေ နေနိုင်သော်ငြားလည်း စည်းမျဉ်းစည်းကမ်းတွေကို စိတ်မဝင်စားတာကြောင့် အထက်လူကြီးတွေနဲ့ ပြဿနာ ရှိတတ်တယ်။ သိပ္ပံပညာ နဲ့ လက်တွေ့ရှာဖွေတွေ့ရှိလာတာတွေ ကို စိတ်ကူးတွေထက် ပိုပြီး သဘောကျတယ်။ဘယ်အရာကိုပဲလုပ်လုပ် ဇွဲထက်သန်စွာ စိတ်ရှည် သည်းခံပြီး လုပ်လေ့ရှိတယ်။
    စိတ်မရှည်ဘူးလို့ ထင်ရတဲ့ ပုံသဏ္ဍာန်ရှိတယ်။ နောက်ပြီး ရိုးအီနေတဲ့ ထပ်ကာထပ်ကာ လုပ်ရတဲ့ အလုပ်တွေနဲ့
    သူတို့နဲ့ အံဝင်ဂွင်ကျ ဖြစ်လေ့မရှိဘူး။ လောလောလတ်လတ် ကိစ္စတွေကို လွယ်လွယ်နဲ့ မမေ့တတ်ပေမဲ့
    အတိတ်နဲ့အမှတ်တရတွေကို တော့ မေ့သွားတတ်ကြတယ်။
    မိမိခံစားချက်ကို ပေါ်လွင်အောင် ဖော်ပြတတ်သူတွေဖြစ်ပါတယ်။
    လိုအပ်ရင် အေးအေးဆေးဆေးနဲ့ အချက်ကျကျ ရှင်းပြပြီးဖြေရှင်းတတ်တယ်။
    အပြောင်အပျက်လေးတွေ နည်းနည်းပါးပါးပြောတတတ်ပေမဲ့ အရမ်းရှက်တတ်တဲ့ လူတွေဖြစ်ပါတယ်။
    ရာသီဥတု ကိုခန့်မှန်းရ သလိုပဲ သူတို့စိတ်က ခန့်မှန်းရခက်တယ်။ တကယ်လို့ သူတို့မကြိုက်တာ တစ်ခုခုတွေ့ခဲ့မယ်ဆိုရင်တော့ နားနဲ့မဆံ့အောင် အပြစ်ပြောခံရဖို့သာပြင်ထားပေတော့။ ဒါပေမယ့် ဖန်တီးနိုင်စွမ်းရှိပြီး စိတ်ကူးတွေ သစ်လွင်တောက်ပနေတဲ့ လူတွေဖြစ်တယ်။ မကောင်းတာလေး တစ်ခုက တော့ ကိုယ့်ဝါသနာကဘာလဲ ဆိုတာနဲ့အလုပ် နဲ့ ဝါသနာက တူလား မတူလား မသိတာ။ ဝါသနာက တခြား အလုပ်ကတခြားဖြစ်နေပေမဲ့ လုပ်နေရတာကို ဝါသနာလို့ထင်တတ်တဲ့ အတွက် စိတ်ဖိစီးမှုတွေဖြစ်ပေါ်နိုင်တယ်။
    သူတစ်ပါး က အမိန့်ပေးတာ ကို လက်သင့်ခံတတ်တဲ့ လူတွေတော့မဟုတ်ဘူး။ အကောင်းဆုံး အချက်လေးက တော့ အသစ်အဆန်း အပြောင်အလဲ တွေကိုမငြင်းဆန်ပဲ ကြည်ကြည်သာသာ လက်ခံနိုင်တာနဲ့ အများကဘယ်လို ဝေဖန်မလဲဆိုတာကို စိတ်မဝင်စားတတ်တာ ပဲဖြစ်ပါတယ်။

    * * * * * ** * * * * ** * * * * ** * * * * ** * * * * ** * * * * ** * * * * *

    ခေတ်သစ် လူသား များ ဖြစ်တဲ့ – AB
    ၁။ နုနယ်သေးသော အေဘီ သွေးအုပ်စု ရဲ ့ အကြောင်း က ယခုထိ ပဟေဠိ ဆန်နေဆဲပဲဖြစ်ပါတယ်။
    ၂။ အေ အုပ်စု နဲ့ ဘီ အုပ်စု ပူးပေါင်းရာမှ ပေါ်ပေါက်လာတယ်လို့ ယူဆထားတယ်။
    ၃။ ပတ်ဝန်းကျင်နဲ့ အစားအသောက် အပြောင်းအလဲကို လိုက်လျောညီထွေ နေနိုင်မှုဟာ အံ့ဩစရာပဲ။
    ၄။ ဒါပေမဲ့ ထိရှလွယ်တဲ့ အစာရေမျိုပြွန်ကို ပိုင်ဆိုင်ထားတယ်။
    ၅။ လွန်လွန်ကဲကဲ ခံနိုင်အားရှိသော ရောဂါခုခံကာကွယ်မှုစနစ်က နေရာယူထားတယ်။
    ၆။ ကိုယ်ကာယအား၊ တီထွင်ဆန်းသစ်သော စွမ်းအင်တို့ဖြင့် အကောင်းဆုံးတုံ ့ပြန်နိုင်တယ်။
    ၇။ ဆင့်ကဲဖြစ်စဉ် ရဲ့ အံ့ဩဖွယ် အစိတ်အပိုင်းတစ်ခုလို့လဲ ပြောနိုင်တယ်။

    ထိုထက်ပို၍ဆိုရလျှင် …

    အေဘီသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီးမထူးခြားလှတဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်ထားပါတယ်တဲ့။ မိဘကို ဆိုးတာမျိုးလည်း မရှိတဲ့ အေဘီသွေးပိုင်ရှင်များက အရာအားလုံးကို ကွက်ကျော်မြင်တတ်လို့ အဆူခံရတာမျိုးလည်း လုံးဝ မရှိသလောက်ပါပဲတဲ့။ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကိုလျင်လျင်မြန်မြန် အကဲခတ်နိုင်စွမ်း ရှိသူများလည်း ဖြစ်ပါတယ်။
    ဒါကြောင့်မို့ ပတ်ဝန်းကျင်က လူတွေကအေဘီသွေးပိုင်ရှင်များကို စကားနည်းပြီး ဘုကျကျနိုင်လိုက်တာလို့ အပြောခံရတာမျိုးလည်း ကြုံရတတ်ပါတယ်။ ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင်နေတတ်လာပြီး လူမှုဆက်ဆံရေးလည်းကောင်းမွန်ပြေပြစ်လာပါတယ်တဲ့။ အစပိုင်းမှာတော့အလုပ်တစ်ခုကို ကြာရှည်လုပ်နိုင်တဲ့ ဇွဲ နည်းပါးတာကြောင့် အလုပ်တစ်ခုကို လုပ်တဲ့ အခါမှာ မြန်မြန်ပင်ပန်းအားလျော့ လွယ်ပါတယ်တဲ့။ ဒါပေမယ့်လည်း ဝီရိယစိုက်ပြီး ကြိုးစားနေတဲ့ ကိုယ်ကိုတိုင်ရဲ့ ပုံစံကိုနှစ်သက်သူများ ဖြစ်လို့ ဘယ်အရာကိုမဆို လုပ်လိုစိတ် ပြင်းထန်ပြီးကြိုးကြိုးစားစား တက်တက်ကြွကြွနဲ့ လုပ်ဆောင်တတ်ပါတယ်တဲ့။
    လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာလည်း အပြောအဆိုကို အတတ်နိုင်ဆုံးသတိထားတတ်ပြီး လုပ်ငန်းခွင်မှဆိုရင်လည်း အမှားမလုပ်မိအောင် သတိထား လုပ်ကိုင်တတ်သူများ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တော်တော်လေး ရင်းနှီးလာတာတောင်မှ အဲဒီလူနဲ့
    ကိုယ့်ရဲ့ ကြားမှာအတားအဆီး တစ်ခုကိုထားပြီးဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်။ ဒါကတော့သူတပါးအပေါ်မှာအမှားလုပ်မိမှာကို စိုးရိမ်တတ်တဲ့ အေဘီသွေးပိုင်ရှင်များရဲ့
    အသေးစိတ်လှတဲ့ အတွေးများကြောင့်ဘဲဖြစ်ပါတယ်။

    ဒါ့ပြင် အေဘီသွေးပိုင်ရှင်များဟာ တစ်ယောက်တည်းကိုဘဲခင်တတ်တဲ့အကျင့်လည်းမရှိပါဘူးတဲ့။ အလုပ်အများကြီးကို တစ်ပြိုင်နက်တည်းလုပ်ကိုင်နိုင်စွမ်းရှိသူများ ဖြစ်သလိုအရာအားလုံးကို လက်တွေ့ကျကျ တွေးခေါ်ဆင်ခြင်တတ်တဲ့ သူများလည်း ဖြစ်ပါတယ်။

    အလုပ်တစ်ခုကိုလုပ်တဲ့အခါမှာလည်း ထောင့်ပေါင်းစုံကနေ တွေးခေါ်ဆင်ချင်တတ်သူများ ဖြစ်ပါတယ်တဲ့။ မိဘဆွေမျိုး သူငယ်ချင်းရယ်ဆိုပြီး သီးသန့် မခွဲခြားတတ်ဘဲလူသားအားလုံးကို တန်းတူညီတူ ဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်။ ဒါပေမယ့်တဘက်မှာလည်း အမြဲတမ်း ငွေရေးကြေးရေးကို စိတ်ပူနေတာကြောင့်ပိုက်ဆံရှာနိုင်မယ့် အခြေအနေများကို အပူတပြင်း ရှာဖွေနေတတ်ပါတယ်တဲ့။ အေဘီသွေးပိုင်ရှင်များကကိုယ့်ရဲ့ ခံစားချက်ကို မျက်နှာမှာ မဖော်ပြတတ်သူများ ဖြစ်သလို တော်ရုံနဲ့ ဒေါသလည်းမထွက်တတ်ပါဘူးတဲ့။
    ကိုယ့်ကို သစ္စာဖောက်သွားတဲ့သူကိုတော့ သေချာ မှတ်ထားပြီး ကလဲ့စားချေတတ်တဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်သူများ ဖြစ်ပါတယ်။ တခါတလေတော့ နူးညံ့တဲ့ စိတ်နေစိတ်ထားကိုအေဘီသွေးပိုင်ရှင်များရဲ့ မျက်နှာမှာ မြင်နိုင်သလိုတခါတလေမှာတော့ ခက်ထန်မှုတွေကိုသာမြင်ရတတ်ပါတယ်။

    ခြုံပြီးကြည့်ရင်တော့ …
    သူတို့ဟာ အလွန်ကိုပဲ ချစ်တတ် ခံစားတတ်တဲ့ လူတွေဖြစ်ကြတယ်။ အရမ်းကိုလက်တွေ့ကျတတ်တယ်။ ခွဲခြမ်းစိတ်ဖြာသုံးသပ်တတ်တဲ့ အရည်အသွေးကိုပိုင်ဆိုင်တယ်။ မျှတစွာဝေဖန်တတ်တယ်။ ဒါပေမဲ့ အရေးကြီးလေလေ ဆုံးဖြတ်ချက်မချတတ်တော့ လေလေဖြစ်တာက အားနည်းချက်တစ်ခုပါပဲ။ ကြိုးစားပန်းစားအားထုတ်လုပ်ကိုင်တယ်။ ဒါပေမဲ့ စိတ်မရှည်ဘူး။ အတိတ်ဟာအရေးကြီးတယ်လို့ယူဆပြီး အဲဒီ အတွက် အရမ်းခံစားနေတတ်တယ်။ ဒါပေမဲ့အာရုံကိုတော့ လက်ရှိကိစ္စမှာ စူးစိုက်ထားတတ်တယ်။
    ခံစားချက်ပြင်းထန်အားကြီးတယ်။ ဆိုးတာက ပေါ်ယံအနေနဲ့ ပုံမှန်အေးဆေး တည်ငြိမ်နေတတ်ပေမဲ့ အရေးပေါ် (သို့) မရှင်းနိုင်လောက်အောင်ကြီးမားတဲ့ ပြဿနာတွေ ကြုံပြီဆိုရင်တော့ စိတ်ညစ်တတ်တယ်၊စိတ်ဓါတ်ကျတတ်တယ်။ စိတ်အပြောင်းအလဲ အရမ်းမြန်တတ်တယ်။ အလုပ်နဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်နိုင်တယ်။ တန်ဖိုးထားတဲ့ အချက်ကတော့ အလုပ်ကြိုးစားခြင်းပါ။ မြန်မြန်ဆန်ဆန်ပဲ အရာရာတိုင်းကို နားလည်သဘောပေါက်တတ်တယ်။ ဒါပေမဲ့ အလုပ်တာဝန် စီမံချက်တစ်ခုကို စီမံကိုင်တွယ်ရာမှာ အစအဆုံး ပြီးစီးသည် အထိ တာဝန်မယူနိုင်တာလေးကတော့ အားနည်းချက်လေးပါ။ တစ်ပါးသူကို ချဉ်းကပ်ရာမှာ သိမ်မွေ့နူးညံ့တဲ့ အနုပညာ ဆန်ဆန်ချဉ်းကပ်တဲ့ အပြုအမူမျိုးပြုလုပ်တတ်ပါတယ်တဲ့။

    by : Wai Lin Shein

    • မဟာရာဇာ အံစာတုံး

      August 18, 2012 at 10:04 am

      အဲ .. ခုမှဘဲ ..
      ကိုယ့်မှတ်ပုံတင်ထဲ ပြန်ကြည့်မိတယ် ..
      ကျုပ်သွေးက ABCD သွေးတဲ့ဗျ ..
      ဒါဖြင့် ဘယ်လိုရမလဲဟင်င်င်င် .. 🙄 😀

      • laypai

        August 18, 2012 at 11:43 am

        ကို အံစာချွန်၊ အသာလုပ်ပါဗျာ။ ကိုအံစာ မန့် တာ ကို ကိုအံစာ့ အမေ ဖတ်မိရင် အရိုက်ခံ ထိနေအုံးမယ်။
        မျိုးဆက် ၄ ခု နဲ့ ဆင်းသက်လာပုံ ရတယ်။
        ဟီဟိ စတာနော်။ ချိတ်ချိုးရဘူးနော်။

    • aye.kk

      August 19, 2012 at 4:56 am

      အံစာတုံး,ကိုခင်ခ,Lynn Lynn..ရေ။
      ဂျပန်ပညာရှင်“တိုရှီတာကာနိုမီ”ရဲ ့
      သွေးနဲ ့ပတ်သက်တဲ့၊အယူအဆသုံးသပ်ချက်ကိုမှန်တယ်ဆိုလို ့ဝမ်းသာမိရပါတယ်ကွယ်။
      ————————————————————————————————————
      လေပြေရှိုင်း,..ရေ။
      ထင်မြင်ချက်အတွက်နားမငြီးပါဘူးကွယ်။
      ကျေးဇူးတင်မိရပါတယ်။
      ————————————————————————————————————
      ကြောင်လေး။
      ကျေးဇူးပါ။
      ပိုပြီးပြည့်စုံပါတယ်။
      အန်တီနဲ ့တော့အားလုံးတိုက်ဆိုင်မှန်ကန်နေလို ့။
      အကောင်းဆုံးBest Commentရွေးလိုက်ရပါတယ်။
      —————————————————————————————————————
      အံစာတုံးရေ..။
      တခြားဂြိုလ်ကလူသားသွေးမျိုးနွယ်ရဲ ့သွေးအုပ်စုများလားကွယ်။(ဟဲဟဲ-နောက်တာ)

    • candle .

      August 24, 2012 at 4:25 pm

      candle က အိုသွေး..
      တစ်ယောက်သောသူက အေဘီသွေး..
      နှစ်ယောက်စလုံးအတွက် 90 % တိုက်ဆိုင်နေပါတယ်..
      ဗဟုသုတရလို ့လည်း ကျေးဇူးအထူးတင်မိပါတယ်..

  • we R one

    August 18, 2012 at 10:18 am

    “အလုပ်အများကြီးကို တစ်ပြိုင်နက်တည်းလုပ်ကိုင်နိုင်စွမ်းရှိသူများ ” ဆိုတာ သိပ်မှန်တယ်..။
    ထမင်းစားရင်း TV ကြည့်တယ်..။ အဲဒါ အပြင် စာအုပ် ကို ပါ ရှေ့မှာ ချ ပြီး ဖတ်လိုက်သေတယ်…။ 😀
    ကျွန်မ က AB သွေးပါ..။ သွေးဆိုလို့ . ဒီနေ့ MICT Park မှာ ရင်ခုန်သံသွေးလှူ အသင်း က သွေးလျှူပွဲ ရှိတယ်..။ ကျွန်မ က ဟိုမိုဂလိုဘင် မပြည့်လို့ လျှူလို့မရခဲ့ပါ..။:-(

  • laypai

    August 18, 2012 at 11:36 am

    ပြင် ပ လော က ပတ် ဝန်း ကျင် တွင် ကြုံ တွေ ့ ခံ စား ခဲ့ ရ သော စိတ် လှုပ် ရှား မှု နှင့် ပူ ပင် သော က တို ့ကို အိမ် တွင် ဖွင့် ဟ ဖြေ ဖျောက် လေ့ ရှိ သည်။

    ကျနော့် သွေး အုပ်စု က A ဖြစ်ပေမဲ့ ဖော်ပြပါ အချက် တခု နဲ့တော့ ဖြောင့်ဖြောင့် ကြီး ဆန်ကျင်နေတယ်။

    ပညာ ရှင် တွေ က စစ်တမ်း နဲ့ သေသေချာချာ ပြုစု ထားတာ မို့ အများအားဖြင့် တော့ မှန်ပါတယ်။

  • Novy

    August 18, 2012 at 11:36 am

    နိုဗွီက အိုသွေးဆိုတော့
    မမအေး နဲ့ ကြောင်ကလေး တို့ရေးတဲ့
    သွေးအမျိုးအစားနဲ့ စိတ်အနေအထားတွေက 80% လောက်ကို မှန်နေပါတယ်
    “ရည် မှန်း ချက် တ ခု အောင် မြင် လျှင် ၊
    နောက် ရည် မှန်း ချက် ကြီး ကြီး သို ့ခြေ လှမ်း ပြင် တတ် ကြ သည် ”
    ဒီစာသားလေးကပိုမှန်နေတယ်

  • ကြောင်ကြီး

    August 18, 2012 at 11:42 am

    သွေးကပြောတဲ့ ချစ်သောစကားတွေရယ်…တိုးတိုးလေးပြောလို့ တကယ်အားမရနိုင်တယ်…သေချာရေရာအောင် ချစ်ခွင့်ပေးပါကွယ်…ဒါဆိုနောက်တခေါက် ထပ်ပြောဖို့ လိုမလားကွယ်…။

  • မောင်ပေ

    August 18, 2012 at 12:25 pm

    အန်တီအေးရဲ ့ပို ့စ်ဟာ တော်တော်တိုက်ဆိုင်မှန်ကန်မှုတွေ တွေ ့ရသလို
    ကိုကြောင်လေး ကွန်မင့်ထဲက အကြောင်းအရာ တော်တော်များများဟာလဲ တိုက်ဆိုင်မှန်ကန်နေတယ်ဗျာ
    ပုံ
    အိုပေ

  • သွေးမှာတော့ Rh(+)(-) အရေးကြီးတယ်ဗျာ။ကျနော်က အိုသွေးဆိုတော့….

    ၃ ။ အို သွေး ပိုင် ရှင် တို ့သည် ။
    လွန် စွာ ပြင်း ထန် တိ ကျ ၊ ပြတ် ပြတ် သား သား ဆောင် ရွက် တတ် သူ များ ဖြစ် ၍ ၊ ရည် မှန်း ချက် ကြီး ကြီး မား မား ထား တတ် ကာ ၊ မ ဖြစ် မ နေ လုပ် ဆောင် တတ် သည် ။ အား သွန် ခွန် စိုက် ဆောင် ရွက် တတ် သူ များ ဖြစ် ၏ ။ ရည် မှန်း ချက် တ ခု အောင် မြင် လျှင် ၊ နောက် ရည် မှန်း ချက် ကြီး ကြီး သို ့ခြေ လှမ်း ပြင် တတ် ကြ သည် ။ ရည် မှန်း ချက် အ တိုင်း မ ဖြစ် မ နေ ငွေ ရှာ ကြ ရာ ၌ လောင်း က စား ခြင်း (သို ့မ ဟုတ်) ။ ထို ကဲ့ သို ့ဆန် ဆန် ပြု မူ စွန် ့စား ရ သည် များ ကို လုပ် ဆောင် တတ် ကြ ၏ ။ ထို ့ကြောင့် တ ဖက် စွန်း မ ရောက် စေ ရန် ၊ မ လွန် ကဲ စေ ရန် သ တိ ပြု ရ မည် ။
    အို သွေး ပိုင် ရှင် တို ့သည် ။ မိ မိ ကိုယ် မိ မိ အ ချစ် ကြီး သည် ၊ အ စွဲ အ လမ်း ကြီး လွန်း သည် ဟု ထင် တတ် ကြ သော် လည်း အ မှန် မှာ ထို လောက် မ ဟုတ် ပါ ။ အ မှန် မှာ ချစ် သူ နှင့် ခွဲ ခွာ ရ လျှင် ၊ မ ကြာ ခင် ဖြေ ဖျောက် နိုင် ပါ လိမ့် မည် ။ အိမ် ထောင် ရေး က ဏ္ဍ တွင် အို သွေး ပိုင် ရှင် ခင် ပွန်း တို ့သည် ၊ များ သော အား ဖြင့် အိမ် ထောင် တွင် အ ဓိ က အိမ် ထောင် ဦး စီး နေ ရာ မှာ သာ နေ လို ကြ ၏ ၊ ထို ့ကြောင့် သူ တို ့၏ ဆ န္ဒ အ တိုင်း တတ် နိုင် သ မျှ ဦး ဆောင် စေ ပြီး ၊ လေး စား မှု ကို လည်း ပေး ပါ ။

  • lin thant

    August 18, 2012 at 2:58 pm

    မိဘနှစ်ဥိးလုံးက ဘီသွေးဖြစ်ရင် သား/သမီးက ဘီသွေးမဟုတ်တဲ့ အခြား အေ/အို သွေးဖြစ်နိူင်ပါသလား။

    • mayjuly

      August 18, 2012 at 3:51 pm

      အိုသွေးကတော့ ဖြစ်နိုင်ချေများတယ်လို့ သိရပါတယ်..

      အေသွေးကတော့ သိပ်မသိပါ ဘူး …

  • pooch

    August 18, 2012 at 3:22 pm

    ရာခိုင်နှုန်း အတော်များများ မှန်တယ်။ ကိုကြောင်လေး ရေးတာရော အန်တီအေးရေးတာလေးရော။ ကျမက အိုသွေးပါ။

  • ပင်လယ် ပျော်

    August 18, 2012 at 4:03 pm

    ွှအစ်ကို Aye.k.k ဖော်ပြပေးတာ တော်တော်လေးမှန်ကန်ပါတယ်လို ့ထောက်ခံရင်း…အားပေးသွားပါတယ်..

    • မဟာရာဇာ အံစာတုံး

      August 18, 2012 at 5:04 pm

      သူများဒွေက …
      အမဒို့၊ အန်တီဒို့ ရေးထားတာကို
      အစ်ကို …. ဒဲ့ …
      အဟိ … 😀

  • MaMa

    August 18, 2012 at 8:00 pm

    သွေးအုပ်စုနဲ့ ပတ်သက်ပြီး ပြောသွားတာလေးတွေက စိတ်ဝင်စားစရာပါပဲ။
    ဒါပေမယ့် ဘယ်အရာမှ တရားသေ သတ်မှတ်လို့ မရလို့ မှန်တာလည်းပါသလို…
    မကိုက်ညီတာတွေလည်းပါ ပါတယ်။
    ကြုံတုန်းပြောရရင် ကလေးတွေနဲ့ သွေးအုပ်စုတူလို့ ကလေးတွေ ပြောမကောင်းတိုင်း နင်တို့ သွေးအုပ်စုက လူဆိုးတွေ ဆိုပြီး အပြောခံနေရတယ်။ [:-((]

  • aye.kk

    August 19, 2012 at 5:31 am

    ူlaypai,We R one,Novy,ကြောင်ကြီး,ကိုပေ,အတိသဉ္ဖာ နာဂရ,
    Lin thant,mayjuly,pooch,။ကွန်မန်းပေးသူအားလုံးကျေးဇူးပါဘဲနော်။
    ————————————————————————————————————-
    ပင်လယ်ပျော်,…ရေ။
    ကျေးဇူးတင်ပါတယ်။အန်တီပါကွယ်။
    ————————————————————————————————————-
    Ma Ma,…ရေ။
    စိတ်ဝင်စားစရာလို ့သိရတဲ့အတွက်။
    ကျေးဇူးပါနော်မမ။
    ပညာရှင်တွေဆိုတာက၊ပညာရှိသတိဖြစ်ခဲလည်းရှိမှာပါ။
    သွေးနဲ ့ပတ်သက်တဲ့”တိုရှီတာကာနိုမီ”ဆိုသူရဲ ့
    အယူအဆသုံးသပ်ချက်သာဖြစ်တဲ့အတွက်။ဗဟုသုတအဖြစ်သိသင့်စေချင်မိတာပါ။။

  • flamingo

    August 19, 2012 at 6:14 am

    အေသွေးအုပ်စု
    ..ရိုးရိုးအေးအေးနေတတ်…လူတောမတိုး…ရှက်စိတ်ကြီး…ဆုံးဖြတ်ချက်မခိုင်မာတတ်….(ယောကျင်္ား+မိန်းမ)

    ဘီသွေးအုပ်စု
    …(ယောကျင်္ား)…အများအားဖြင့်သွေးဆိုးတတ်….သွေးဆူလွယ်….( အရက်ဆိုင်မှာကြည့်ရင်တွေ့လိမ့်မယ်)..
    …(မိန်းမ) ……..ခြင်္သေ့ကဲ့သို့သတ္တိရှိ…ယောကျင်္ားတွေနဲ့ယှဉ်ပြီးနပမ်းလုံးရဲ…..ဟောဟောဒိုင်းဒိုင်းပြောတတ်
    ဆိုတတ်…ဆုံးဖြတ်ချက်ခိုင်မာ….

    အေဘီသွေးအုပ်စု
    (ယောကျင်္ား+မိန်းမ)….အများအားဖြင့်ပျော်ပျော်နေသေခဲဆိုသောဆောင်ပုဒ်ကိုလက်ကိုင်ထား…စိတ်ညစ်ညူး
    စရာများကြူံကြိူက်လာပါကကိုယ့်ကိုကိုယ်သေကြောင်းကြံသည်အထိလုပ်ကိုင်တတ်…
    ဖြတ်ထိုးဉာဏ်အလွန်ကောင်း….ဘာသာစကားသင်ကြားတတ်လွယ်…အိမ်ထောင်ရေး
    အဆင်ပြေ…( အများအားဖြင့်ဤသွေးမျိုးကိုအရူးသွေးဟုခေါ်သည်…)

    အိုသွေးအုပ်စု
    …..(ယောကျင်္ား)….ပျော်ပျော်နေတတ်….ရည်မှန်းချက်ကြီးတတ်…အပေါင်းအသင်းဆံ့…..
    …..(မိန်းမ)………..အများအားဖြင့်သွေးဆိုးတတ်…နာကြည်းချက်များကိုကိုယ့်ရှေ့မှာကြုံတွေ့ခဲ့ရပါကတသက်
    ……………………..လုံးစိတ်မှာစွဲသွား……အိမ်ထောင်ရေးအဆင်မပြေတတ်….

    တချို့စက်ရုံတွေမှာသွေးအမျိုးအစားက်ိုကြည့်ြ်ပီးအလုပ်တာဝန်တွေကိုခွဲပေးတတ်ကြပါတယ်…အစွဲတွေပေါ့..

  • Liquid_Sn@ke

    August 20, 2012 at 8:32 am

    အန်တီအေး ရေ…

    အနှီ ဂငယ်တွေရဲ့ သွေးအမျိုး အစား နဲ့ ပါတ်သတ်ပြီး
    ဘယ်သွေးပိုင်ရှင်က ဘယ်လို မျိုး ဆိုတဲ့.. သုံးသပ်ချက်က…
    ကျနော်တို့ ရဲ့ .. ဘာနေ့ဖွား ဟာ ဘယ်လို စိတ်မျိုး ဆိုတာနဲ့ နီးနီးစပ်စပ်
    ကိုတူပါတယ်ဗျာ …။

    ယူဆပုံချင်း တူတာကို ပြောပါတယ်…။
    သောကြာသားတိုင်း စကားမများတတ်သလို ..
    ဘာသွေးပိုင်လို့ ဘာ ကာရိုက်တာ ရှိတယ်ဆိုတာဟာ
    အလွန် ယေဘုရ ကျတဲ့ အယူအဆ ဖြစ်ကြောင်းပါ…။

    ထိပ်ဆုံးက အဖေ ကြိုက်သမျှ သမီး လိုက်ကြိုက်တာ ..
    အကျင့်တွေ ဆန္ဒတွေတူညီတတ်တာဟာ ..
    Inheritance ခေါ်တဲ့ .. မျိုးရိုး ဆက်ခံမှု ကြောင့် ဖြစ်ပါတယ်ဗျ..
    သက်ဆိုင်ရာ gene တွေဟာ သက်ဆိုင်ရာ character တွေကို
    သယ်ဆောင် ကြတာဖြစ်လို့.. blood type ဟာ
    သာမန် gene တခု သက်သက်မျှသာဖြစ်လို့ …
    သွေးအမျိုးအစားကြောင့် တော့ မဟုတ်ဘူး ဆိုချင်တာပါ…

    ဂျပန်မှာ သည်အယူအဆတွေ အမှန်တကယ်ပဲ ..
    ကျယ်ကျယ်ပြန့်ပြန့် လက်ခံ ခဲ့ တာ အမှန်ပေမယ့်
    ခုနောက်ပိုင်း .. DNA transcript ခေါ်တဲ့ …
    လူမှာပါတဲ့ Chromosome အားလုံးကို transcript လုပ်ပြီးသွားတဲ့အချိန်
    (chromosome တခုကို gene ရာဂဏန်းကနေ ထောင်ဂဏန်းအထိ သယ်ပါတယ်..)
    သွေးအမျိုးအစား ဟာ နံပါတ်-၉ chromosome ရဲ့ လက်တံအရှည်မှာ ပါတဲ့ …
    gene တခုတည်းကပဲ control လုပ်တာ ဖြစ်တာကြောင့် ……

    ဒါတွေ သိနားလည်လာပြီးနောက်ပိုင်းမှာ … အထက်က အယူအဆတွေကို
    ဆက်လက် စွဲမကိုင်ထားတော့ပါဘူး ..။

    တချိန်က သည်မှာ အလုပ်အကိုင် အတွက် .. သွေးအမျိုးအစား ထိ
    ကြည့်တဲ့ ခေတ်တွေ ရှိဖူးပါတယ်..။ အရည်အချင်း ချင်း တူရင်..
    ပိုနှစ်သက်တဲ့ သွေးအုပ်စု ပိုင်သူကိုသာ ခန့်ထားတာမျိုး …
    တခါတလေ သည့်ထက် ဆိုးတာမျိုး တွေ ကြုံဖူးပါတယ်…။
    အိမ်ထောင်ဖက်ရွေးတဲ့ နေရာမှာလည်း အလားတူ ပါ..။

    နောက်ပိုင်း Bura-hara ဆိုတဲ့ Blood Type Harrassment or Discrimination
    အနေနဲ့ တားယူရတဲ့ အဆင့်ထိ ဆိုးခဲ့ဖူးပါတယ်…။ ကိုရီးယန်းတွေမှာလည်း
    အလားတူ ကြားဖူးပါရဲ့ …။

    အဲ့ဒါလေးပါခင်ဗျား…

    ခင်တဲ့..
    ဂီ

  • casper

    August 20, 2012 at 1:58 pm

    ဆရာမနဲ့ကိုကြောင်လေးပြောတာတွေအားလုံးနီးပါးဟာ ကျွန်တော့အတွက်တော့မှန်ပါတယ်။ အခုလိုရှင်းပြ
    ပေးတဲ့အတွက်လည်း ကျေးဇူးပါခင်ဗျာ။

  • Ma Ei

    August 20, 2012 at 2:55 pm

    မအေးပြောတဲ့
    အေ ဘီ သွေး ပိုင် ရှင် အကြောင်း…
    ကြောင်လေးပြောတဲ့
    အေ ဘီ သွေး ပိုင် ရှင် အကြောင်း…
    ဖတ်ပြီးတဲ့အခါ… …
    မှန်လွန်းလို့
    ဘယ်လိုသိကြပါလိမ့်လို့သာမေးလိုက်ချင်ပါတော့တယ်…

  • ကိုရင်စည်သူ

    August 20, 2012 at 5:36 pm

    အန်တီအေး.. ခင်ည..
    တားတားက ဘီသွေးပိုင်ရှင်လေးဖြစ်လို့… ဟောချက်က ကွက်တိမှန်ပါတယ်…
    သွေးမှာ အမျိုး လူမှာ အမျိုးတောင် ပြောင်းရင်ကောင်မလား…
    ပြောမယ့်သာ ပြောဒယ်.. တား တားရဲ့ ဘီသွေးလေးကို
    သန့်စင်အောင် မနည်းထားထားရဒယ်… အဟိ… 😳 😳
    ဘီသွေးပိုင်ရှင်ရွာသူလေးများရှိရင်
    အသွင်တူချင်မိရဲ့… အဟီး… 😳 😉 😉

  • aye.kk

    August 26, 2012 at 11:41 am

    ူူLiquid–Sn@ke,..ရေ။
    ရှင်းပြပေးတာကျေးဇူးပါ။
    မသိသေးတဲ့ဗဟုသုတတွေထပ်မံဖြည့်စွက်ပြောပြပေးလို ့ဝမ်းသာရပါတယ်။
    အန်တီပြန်တာလေးနောက်ကျသွားတာ၊ခွင့်လွတ်ပါနော်။
    —————————————————————————————————————
    casper,..ရေ။
    ကျေးဇူးစကားအတွက်
    ဝမ်းသာမိရပါတယ်ကွယ်။
    ————————————————————————————————————–
    Ma Ei,..ရေ။
    ပညာရှင်ရဲ ့ယူဆသုံးသပ်ချက်တွေဟာ…အံ့ဩလေးစားဘွယ်ရာကောင်းလွန်းလှပါတယ်ကွယ်။။
    ————————————————————————————————————
    ကိုရင်စည်သူ…ရေ။
    ဟောချက်ကကွက်တိဆိုလို ့ဝမ်းသာမိပါတယ်။
    အသွင်တူအိမ်ပါလေးကိုသာရွေးလို ့ယူပါနော်။။

Leave a Reply