တကယ်ဆိုရင်တော့မပြောချင်ပါဘူး

ဘာကြောင့်လည်းဆိုတော့ စာရေးသူကိုအားနာလိုပါ

မပြောပြန်ရင်လည်းနောက်လူတွေအမှတ်မှားမယ်

စတော်ဘယ်ရီပင်အောက်မှာ ဂီတာတီးတာထက်ပိုဆိုးမယ်

27.09.2012ထုတ် ကြေးမုံသတင်းစာ

စာမျက်နှာ ၇ မှာဖေါ်ပြထားတဲ့  “ဆေးဖက်ဝင် ပင်မှည့်သီး”

ဆိုတဲ့ ပင်မှည့်သီး ဆေးဖက်ဝင်ပုံကိုရေးထားပါတယ်

အခါတိုင်းဆိုရင် ဆောင်းပါတွေဖတ်ခဲပါတယ်

ဒီနေတော့တိုက်တိုက်ဆိုင်ဆိုင်ပဲဖတ်မိတယ်

အမှားကိုတွေတော့လည်းပြောချင်ပါတယ်

ဆောင်းပါထဲမှာ ပင်မှည့်ပင်ကိုဒီလိုဖေါ်ပြထားပါတယ်

“အပင်က၁၅ပေခန့် အမြင့်ရှိပြီး “ လို့ဖေါ်ပြထားပါတယ်

ဒီအချက်ဟာမှားနေပါတယ်

မနိုလည်း ပင်မှည့်ပင်ကို စိုက်ဘူးပါတယ် (ပင်မှည့်သီးဖျော်ရည်ကို ကြိုက်လို့ပါ)

ကိုယ်တိုင်စိုက်ပြီး ကိုယ်တိုင်ဖျော်ပြီးသောက်ပါတယ်

လက်ရှိလည်းစိုက်ထားပါတယ် ပင်မှည့်ပင်က နွယ်ပင် အမျိုးအစားဖြစ်ပါတယ်

စာရေးသူးတစ်ယောက်အနေနဲ့ မသိရင် မသေချာရင် ဒီအချက်ကိုထဲ့မရေးသင့်ပါဘူး

အပင်ကို မမြင်ဘူးတဲ့သူတွေအနေနဲ့ အမှတ်မှားနိုင်ပါတယ်

နောက်နေ့ကြုံရင် အပင်ကို ဓာတ်ပုံနဲ့တကွဖေါ်ပြပေးပါအုံးမယ်

 

 

Novy

About Novy

yi yi has written 66 post in this Website..

မှန်တယ်ထင်ရင် နောက်မဆုတ်ပါ CJ # 1272011