မင်္ဂလာပါ ခင်ဗျား…
ပြီးခဲ့တဲ့ အပတ်ကပေါ့နော်
မန်းတလေးဂေဇက်မှာ တစ်နှစ်ပြည့်လောက်ပြီ ဖြစ်တဲ့ ဘောလုံးပွဲခန့် မှန်း ရေးသားနေခြင်းကို ရပ်နားတော့မယ်လို့ ဆုံးဖြတ်ခဲ့မိသော်လည်း ၊ ဒီမှာလာတင်တဲ့ ခန့် မှန်းချက်ပို့ စ်များကို ဖတ်ကြည့်ရာမှာ အားမရဖြစ်မိတဲ့ အတွက် ၊ ကျွန်တော် ပြန်ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ် ။
ကျွန်တော် ခန့် မှန်းချက်ရေးသားရမှာ ဖိုက်တာများ ( လောင်းတဲ့သူများ ) အတွက် အကောင်းဆုံးဖြစ်အောင် အချက်အလက်ရှာဖွေစုဆောင်း ၊ ပွဲချိန်အနီးထွက်တဲ့ ဈေးနဲ့ ပါ ပြန်တိုက်ပြီးမှ ၊ ရေးတင်ခဲ့တာပါ ။ ဆိုလိုချင်တာကတော့ ၊ ဒိုင်တွေဘက်ကနေပြီး ဖိုက်တာများကို သံပုံးတီးနေခြင်း မဟုတ်ပါ ။ ထို့ အပြင် ကျွန်တော့်ခန့် မှန်းချက်တွေ တတ်နိုင်သမျှ အမှန်ဆုံးဖြစ်အောင်လည်း ကံမြှင့်တဲ့အနေနဲ့  နေ့ စဉ် ဘုရားနှစ်ကြိမ်ဝတ်ပြုခြင်း ၊ ဘုရားပန်းကပ်ခြင်း ၊ ဆီမီးထွန်းညှိပူဇော်ခြင်း ၊ သရဏဂုံသုံးပါးဆောက်တည်ခြင်း ၊ ဂုဏ်တော်ကိုးပါး ကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်း ၊ ရှင်သီဝလိ မထေရ်မြတ်ကြီးကို ပန်း ဂါထာများဖြင့် ပူဇော်ခြင်း ၊၊ နေ့ စဉ် ကောင်းမှုကုသိုလ်အလှူဒါန ကို အနဲ အများမဆိုပြုခြင်း တို့ ကို ပြုလုပ်ပြီးမှ လာရေးတင်ခန့် မှန်းခြင်း ဖြစ်ပါတယ် ။ ကျွန်တော်ကိုယ်တိုင်လဲ ကျွန်တော်ခန့် မှန်းချက်ရေးတင်တဲ့အတိုင်း ကစားပါတယ် ။ ရှင်းရှင်းပြောရရင်တော့ဗျာ .. ကျွန်တော် ခန့် မှန်းတာ မှားခဲ့တယ်ဆိုရင်တောင် ၊ ဖိုက်တာ တစ်ယောက်အနေနဲ့ မှားတာပါ ၊ ကျွန်တော် ဘောလုံးပွဲဒိုင်လုံးဝမဟုတ်ပါ ။ ဆိုတော့ဗျာ… ဘောလုံးကို ဝါသနာပါတယ်ဆိုရင် ကျွန်တော့်ခန့် မှန်းချက်များကို ယုံကြည်နိုင်ပါတယ် ဆိုတဲ့အကြောင်းလေး ၊ အဲဒါ အင်ထရို ဝင်လိုက်ပါတယ် ။ အိုကေ စရအောင်ဗျာ…
ဒီနေ့ စနေနေ့ ည ပွဲစဉ်များနဲ့ အချိန်များကတော့
** ပရီးမီးယားလိဂ် **
၆.၁၅ အာဆင်နယ်(၅) – ချဲဆီး(၁)
၈.၃၀ အဲဗာတန်(၃) – ဆောက်သင်ပတန်(၁၆)
၈.၃၀ ဖူဟမ်(၆) – မန်စီးတီး(၇)
၈.၃၀ နော့ဝစ်(၁၇) – လီဗာပူး(၁၈)
၈.၃၀ ရီဒင်း(၂၀) – နယူးကာဆယ်(၁၀)
၈.၃၀ စတုတ်(၁၃) – ဆွမ်ဆီး(၁၁)
၈.၃၀ ဆန်းဒါးလန်း(၁၂) – ဝီဂန်(၁၅)
၁၁.၀၀ မန်ယူ(၂) – စပါး(၈)
** ဘွန်ဒက်လီဂါ **
၈.၀၀ ဟမ်းဘတ်(၁၄) – ဟန်နိုဗာ(၄)
၈.၀၀ ဟော့ဖန်ဟိမ်း(၁၁) – အော့ဘတ်(၁၈)
၈.၀၀ လေဗာကူဆင်(၈) – ဂရုသာဖတ်(၁၆)
၈.၀၀ နုရင်ဘတ်(၉) – စတုဂတ်(၁၇)
၈.၀၀ ဝါဒါဘရီမင်(၇) – ဘိုင်ယန်မြူးနစ်(၁)
၁၁.၀၀ ဒေါ့မန်(၆) – ဂလာဘတ်(၁၀)
** စီးရီးအေ **
၁၀.၃၀ ပါးမား(၁၃) – အေစီမီလန်(၁၀)
၁.၁၅ ဂျူဗင်တပ်(၁) – ရိုးမား(၈)
** လာလီဂါ **
၈.၃၀ ဗလင်စီယာ(၁၅) – ဇာရာဂိုဇာ(၁၂)
၁၀.၃၀ မာလာဂါ(၄) – ဘက်တစ်(၆)
၁၂.၃၀ ဆိုစီဒက်(၁၄) – ဘီဘာအို(၁၆)
၂.၃၀ ဆီဗီလာ(၅) – ဘာစီလိုနာ(၁)
…………………
ရှုံးပွဲမရှိသေးတဲ့ ထိပ်သီးနှစ်သင်းတွေ့ ဆုံမှုမှာ အိမ်ကွင်းအားသာချက်ရှိသူ စားစမြဲ ။
အာဆင်နယ်(၅) – ချဲဆီး(၁)
အာဆင်နယ် ပရီးမီးယားလိဂ် ပွဲစဉ်၅ အပြီး ၂ နိုင် ၊ ၃ သရေ ၊ ၀ ရှုံး ၊ ရဂိုး ၉ ပေးဂိုး ၂ ၊ ၉မှတ်
ချဲဆီး ပရီးမီးယားလိဂ် ပွဲစဉ်၅အပြီး ၄ နိုင် ၊ ၁ သရေ ၊ ၀ ရှုံး ၊ ရဂိုး ၉ ပေးဂိုး ၂ ၊ ၁၃မှတ်
အာဆင်နယ် သည်ပွဲမတိုင်ခင် ကစားခဲ့တဲ့ ငါးပွဲမှာ
နိုင် ၊ သရေ ၊ နိုင် ၊ နိုင် ၊ နိုင်
အာဆင်နယ် ၆-၁ ကိုဗင်ထရီ
မန်စီးတီး ၁-၁ အာဆင်နယ်
မောင့်ပယ်လီယာ ၁-၂ အာဆင်နယ်
အာဆင်နယ် ၆-၁ ဆောက်သင်ပတန်
လီဗာပူး ၀-၂ အာဆင်နယ်
ချဲဆီး သည်ပွဲမတိုင်ခင် ကစားခဲ့တဲ့ ငါးပွဲမှာ
နိုင် ၊ နိုင် ၊ သရေ ၊ သရေ ၊ ရှုံး
ချဲဆီး ၆-၀ ဝုဗ်
ချဲဆီး ၁-၀ စတုတ်
ချဲဆီး ၂-၂ ဂျူဗင်တပ်
ကျူပီအာ ၀-၀ ချဲဆီး
ချဲဆီး ၁-၄ အသလက်တီကို
အာဆင်နယ် ရဲ့ ဖြစ်နိုင်ဖွယ် ကစားသမားများမှာ

အာတီတာ

အာတီတာ


credit to www.goal.com
ဂိုး Mannone
နောက် Jenkinson, Vermaelen, Koscielny, Gibbs
လယ် Diaby, Arteta, Cazorla
ရှေ့  Walcott, Giroud, Podolski
ချဲဆီး ရဲ့ ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Cech
နောက် Ivanovic, Terry, Cahill, Cole
လယ် Mikel, Lampard, Ramires
ရှေ့  Hazard, Torres, Mata
( ဂျွန်တယ်ရီ ဟာ အက်ဖ်အေ ချမှတ်တဲ့ ၄ပွဲပယ်ပြစ်ဒဏ်ကို ဒီပွဲကစခံရမယ်ဆိုရင် ဒီပွဲမှာ မပါနိုင်ပါဘူး )
အာဆင်နယ် အိမ်ကွင်း ချဲဆီး နဲ့ တွေ့ ဆုံခဲ့မှုများမှာ
၂၁.၄.၂၀၁၂ အာဆင်နယ် ၀-၀ ချဲဆီး
၂၇.၁၂.၂၀၁၀ အာဆင်နယ် ၃-၁ ချဲဆီး
လက်ရှိ နှစ်ဘက်အသင်းအနေအထားအရ သွင်းဂိုးကော ရဂိုးပါ တူနေတယ်ဆိုပေမယ့် ၊ အာဆင်နယ် ရဲ့ ခံစစ်က ချဲဆီးထက် ပိုသာပါတယ် ။ တစ်ကယ်လို့ တယ်ရီသာ ဒီပွဲကစလွဲမယ်ဆိုရင် ချဲဆီးနောက်တန်းအနေနဲ့  တော်တော်လေးအလုပ်များမှာပါ
ဈေးအနေအထားအရ အာဆင်နယ် သရေဆိုရင် ၅၀ အရှုံး ဖွင့်လာပါတယ်
ခြေရည်တူလို့ ပြောလို့ ရတဲ့ ဒီနှစ်သင်းတွေ့ ဆုံမှုမှာ အာဆင်နယ် ဒီဈေးဖွင့်လာတာဟာ ချဲဆီး ကို ခေါ်ထားတဲ့သဘောပါပဲ ။
လာမယ့် အင်္ဂါ ဗုဒ္ဓဟူးညတွေမှာ အာဆင်နယ်က အိမ်ကွင်းမှာပဲ ချန်ပီယံလိဂ်ကစားရမှာ ဖြစ်ပေမယ့် ၊ ချဲဆီးကတော့ အဝေးကွင်းမှာ သွားကန်ရမယ့် အချက်ကိုထောက်ရင်
သည်ပွဲမှာ
““ အာဆင်နယ် ”” ကို ပဲ အားပေးပါမယ် ။
…………………
ဘွန်ဒက်လီဂါ အမှတ်ပေးပွဲမှာ နိုင်ပွဲမရသေးတဲ့ စတုဂတ်
နုရင်ဘတ် – စတုဂတ်
နုရင်ဘတ် ဘွန်ဒက်လီဂါပွဲစဉ်၅အပြီး ၂ နိုင် ၊ ၁ သရေ ၊ ၂ ရှုံး ၊ ရဂိုး၇ ပေးဂိုး၉ ၊ ၇မှတ်
စတုဂတ် ဘွန်ဒက်လီဂါပွဲစဉ်၅အပြီး ၀ နိုင် ၊ ၂ သရေ ၊ ၃ ရှုံး ၊ ရဂိုး၃ ပေးဂိုး၁၂ ၊ ၂မှတ်
နုရင်ဘတ် အခုပွဲမကန်ခင် ကစားခဲ့တဲ့ ငါးပွဲမှာ
ရှုံး ၊ ရှုံး ၊ နိုင် ၊ သရေ ၊ နိုင်
ဟန်နိုဗာ ၄-၁ နုရင်ဘတ်
နုရင်ဘတ် ၁-၂ ဖရန့် ဖတ်
မိုချင်ဂလာဘတ် ၂-၃ နုရင်ဘတ်
နုရင်ဘတ် ၁-၁ ဒေါ့မန်
ဟမ်းဘတ် ၀-၁ နုရင်ဘတ်
စတုဂတ် အခုပွဲမကန်ခင် ကစားခဲ့တဲ့ ငါးပွဲမှာ
ရှုံး ၊ သရေ ၊ သရေ ၊ သရေ ၊ ရှုံး
စတုဂတ် ၀-၃ ဟော့ဖန်ဟိမ်း
ဝါဒါဘရီမင် ၂-၂ စတုဂတ်
စတုဂတ် ၂-၂ စတူအာဘူခါရက်
စတုဂတ် ၀-၀ ဒူဆယ်ဒေါ့
ဘိုင်ယန်မြူးနစ် ၆-၁ စတုဂတ်
နုရင်ဘတ် အိမ်ကွင်း စတုဂတ် နဲ့ တွေ့ ဆုံခဲ့မှုများမှာ
၂၂.၁၀.၂၀၁၁ နုရင်ဘတ် ၂-၂ စတုဂတ်
၂၂.၉.၂၀၁၀ နုရင်ဘတ် ၂-၁ စတုဂတ်
၆.၂.၂၀၁၀ နုရင်ဘတ် ၁-၂ စတုဂတ်
ဈေးအနေအထားအရ နုရင်ဘတ် သရေ ၅၀ အရှုံးကို ၇၀ အရှုံးထိ ဖွင့်လာပါတယ် ။
ဒီဈေးအရဆိုရင် စတုဂတ်ကို ခေါ်ထားတဲ့သဘောဖြစ်ပေမယ့် ၊ အဲဒီလို ထင်ပြီး နုရင်ဘတ် ဘက် ကို ပြောင်းအောင် ဈေးလှည့်ထားတာလို့ လဲ တွေးလို့ ရပါတယ် ။
ဘွန်ဒက်လီဂါ မှာ နိုင်ပွဲလုံးဝ မရသေးတဲ့ စတုဂတ် အနဲဆုံးသရေ နဲ့ အနိုင်ပါပဲ ။
…………………
ဂျူဗင်တပ်(၁) – ရိုးမား(၈)
ဂျူဗင်တပ် စီးရီးအေပွဲစဉ်၅အပြီး ၄ နိုင် ၊ ၁ သရေ ၊ ၀ ရှုံး ၊ ရဂိုး၁၁ ပေးဂိုး၂ ၊ ၁၃မှတ်
ရိုးမား စီးရီးအေပွဲစဉ်၅အအပြီး ၂ နိုင် ၊ ၂ သရေ ၊ ၁ ရှုံး ၊ ရဂိုး ၈ ပေးဂိုး ၁၀ ၊ ၈မှတ်
ဂျူဗင် အခုပွဲမကန်ခင် ကစားခဲ့တဲ့ ငါးပွဲမှာ
သရေ ၊ နိုင် ၊ သရေ ၊ နိုင် ၊ နိုင်
ဖီအိုရင်တီးနား ၀-၀ ဂျူဗင်တပ်
ဂျူဗင်တပ် ၂-၀ ချီယေဗို
ချဲဆီး ၂-၂ ဂျူဗင်တပ်
ဂျီနိုအာ ၁-၃ ဂျူဗင်တပ်
အူဒီနီး ၁-၄ ဂျူဗင်တပ်
ရိုးမား အခုပွဲမကန်ခင် ကစားခဲ့တဲ့ ငါးပွဲမှာ
သရေ ၊ နိုင် ၊ ရှုံး ၊ နိုင် ၊ သရေ
ရိုးမား ၁-၁ ဆမ်ဒိုးရီးယား
ကယ်ဂလီယာရီ ၀-၃ ရိုးမား
ရိုးမား ၂-၃ ဘိုလော့နာ
အင်တာမီလန် ၁-၃ ရိုးမား
ရိုးမား ၂-၂ ကာတားနီးယား
ဂျူဗင်တပ် ရဲ့ ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ပီယာလို

ပီယာလို


credit to www.goal.com
ဂိုး ဘူဖွန်
နောက် ချီလီရယ်နီ ၊ လူစီရို ၊ ဘာဇာဂလီ
လယ် မာချီစီရို ၊ ပီယာလို
လယ် လက်ချင်စတိန်နာ ၊ ဗီဒယ် ၊ အစ်စလာ
ရှေ့  ဂျီရိုဗင်ကို ၊ ဗူးချီးနစ်
ရိုးမား ရဲ့ ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး စတီကီလန်ဘတ်
နောက် ဘယ်ဇာရက်တီ ၊ လီရန်ဒရို ၊ ဘာဒစ်ဆို ၊ ပိုင်ရစ်
လယ် ဖလော်ရန်ဇီ ၊ ဒီရော့စီ ၊ ဘရက်ဒလေ
လယ် တော့တီ
ရှေ့  အော့စဗယ်ဒို ၊ လာမီလာ
ဂျူဗင်တပ် အိမ်ကွင်း ရိုးမားနဲ့ တွေ့ ဆုံခဲ့မှုများမှာ
၂၂.၄.၂၀၁၂ ဂျူဗင်တပ် ၄-၀ ရိုးမား
၂၄.၁.၂၀၁၂ ဂျူဗင်တပ် ၃-၀ ရိုးမား (ကိုပါအီတာလီယာ)
၂၇.၁.၂၀၁၁ ဂျူဗင်တပ် ၀-၂ ရိုးမား (ကိုပါအီတာလီယာ)
၁၃.၁၁.၂၀၁၀ ဂျူဗင်တပ် ၁-၁ ရိုးမား
ဈေးအနေအထားအရ ဂျူဗင်တပ် တစ်ဂိုးသွင်းရင်သရေ ပါ
လာမယ့် အင်္ဂါညမှာ ချန်ပီယံလိဂ်ပွဲကစားရဖို့ ရှိတဲ့ ဂျူဗင်တပ် ဒီပွဲကို အားကုန်စိုက်ကစားပါ့မလား ဆိုတာ စဉ်းစားစရာပါ
ရိုးမား ရဲ့ ဒီရာသီ ကစားနေတဲ့ ပုံစံကလဲ တစ်ပွဲနိုင်ပြီးရင် သရေကျလိုက် ရှုံးလိုက်နဲ့ ဆိုတော့ ၊ ဒီပွဲဟာ ရိုးမား ပြန်စားရမယ့် အချိန်ပါ
တစ်ဂိုးနဲ့ ရှုံးရင်တောင် အပြုံးပျက်စရာမရှိတဲ့ ၊ သရေ ဆိုရင် အပြည့်ပျော်ရမယ့်
“““ ရိုးမား ””” ကို အားပေးပါမယ် ။
…………………
အသင်းကြီးတစ်သင်းဟာ သုံးပွဲဆက်တိုက် မရှုံးနိုင်ပါဘူး
ဗလင်စီယာ(၁၅) – ဇာရာဂိုဇာ(၁၂)
ဗလင်စီယာ လာလီဂါပွဲစဉ်
ဗလင်စီယာ အခုပွဲမကန်ခင်ကစားခဲ့တဲ့ ငါးပွဲမှာ
ရှုံး ၊ ရှုံး ၊ နိုင် ၊ ရှုံး ၊ သရေ
မာယော့ကာ ၂-၀ ဗလင်စီယာ
ဘိုင်ယန်မြူးနစ် ၂-၁ ဗလင်စီယာ
ဗလင်စီယာ ၂-၁ ဆဲတာ
ဘာစီလိုနာ ၁-၀ ဗလင်စီယာ
ဗလင်စီယာ ၃-၃ ဒီပို့ တီဗို
ဇာရာဂိုဇာ အခုပွဲမကန်ခင်ကစားခဲ့တဲ့ ငါးပွဲမှာ
နိုင် ၊ ရှုံး ၊ ရှုံး ၊ နိုင် ၊ ရှုံး
ဇာရာဂိုဇာ ၃-၁ အိုစာစူနာ
ဆိုစီဒက် ၂-၀ ဇာရာဂိုဇာ
ဇာရာဂိုဇာ ၀-၁ မာလာဂါ
အက်စ်ပန်ညို ၁-၂ ဇာရာဂိုဇာ
ဇာရာဂိုဇာ ၀-၁ ဗယ်လာဒိုလစ်
ဗလင်စီယာ အိမ်ကွင်း ဇာရာဂိုဇာနဲ့ တွေ့ ဆုံခဲ့မှုများမှာ
၂၁.၃.၂၀၁၂ ဗလင်စီယာ ၁-၂ ဇာရာဂိုဇာ
၃၀.၁၀.၂၀၁၀ ဗလင်စီယာ ၁-၁ ဇာရာဂိုဇာ
ဈေးအနေအထားအရ ဗလင်စီယာ တစ်ဂိုးသွင်းရင် ၅၀ အရှုံးကို တစ်ဂိုး ၆၀ အရှုံးဖွင့်လာပါတယ်
ဒါဟာ ဇာရာဂိုဇာ ကို ခေါ်ထားတဲ့အနေအထားပါ ။
ဒီပွဲမှာ ဗလင်စီယာ ရဲ့ တိုက်စစ်မှူးတွေ ၂ဂိုး ၃ ဂိုးလောက် သွင်းပြီး အောင်ပွဲယူသွားရင် အံ့သြစရာ သိပ်မရှိပါဘူး ။
““ ဗလင်စီယာ ””
…………………
နော့ဝစ်(၁၇) – လီဗာပူး(၁၈)
နော့ဝစ် ပရီးမီးယားလိဂ်ပွဲစဉ်၅အပြီး ၀ နိုင် ၊ ၃ သရေ ၊ ၂ ရှုံး ၊ ရဂိုး၂ ပေးဂိုး၈ ၊ ၃ မှတ်
လီဗာပူး ပရီးမီးယားလိဂ်ပွဲစဉ်၅အပြီး ၀ နိုင် ၊ ၂ သရေ ၊ ၃ ရှုံး ၊ ရဂိုး၎ ပေးဂိုး၁၀ ၊ ၂ မှတ်
နော့ဝစ် အခုပွဲမကန်ခင်ကစားခဲ့တဲ့ ငါးပွဲမှာ
နိုင် ၊ ရှုံး ၊ သရေ ၊ သရေ ၊ နိုင်
နော့ဝစ် ၁-၀ ဒွန်ကက်စတာ (ကပ်ပီတယ်ဝမ်း ဖလား)
နယူးကာဆယ် ၁-၀ နော့ဝစ်
နော့ဝစ် ၀-၀ ဝက်ဟမ်း
စပါး ၁-၁ နော့ဝစ်
နော့ဝစ် ၂-၁ စကန်သော့ (ကပ်ပီတယ်ဝမ်း ဖလား)
လီဗာပူး အခုပွဲမကန်ခင် ကစားခဲ့တဲ့ ငါးပွဲမှာ
နိုင် ၊ ရှုံး ၊ နိုင် ၊ သရေ ၊ ရှုံး
ဝက်ဘရွန်း ၁-၂ လီဗာပူး (ကပ်ပီတယ်ဝမ်း ဖလား)
လီဗာပူး ၁-၂ မန်ယူ
ယန်းဘွိုင်း ၃-၅ လီဗာပူး (ယူရိုပါလိဂ်)
ဆန်းဒါးလန်း ၁-၁ လီဗာပူး
လီဗာပူး ၀-၂ အာဆင်နယ်
နော့ဝစ် ရဲ့ ဖြစ်နိုင်ဖွယ်ကစားသမားများမှာ
ဂိုး Ruddy
နောက် Martin, L.Barnett, Turner, Garrido
လယ် Snodgrass, Howson, Johnson, Surman
လယ် Hoolahan
ရှေ့  Holt
လီဗာပူး ရဲ့ ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဆွာရက်

ဆွာရက်


credit to www.goal.com
ဂိုး Reina
နောက် Johnson, Skrtel, Coates, Enrique
လယ် Allen, Gerrard, Downing,
လယ် Sahin, Suarez, Sterling
နော့ဝစ် နဲ့ လီဗာပူး တွေ့ ဆုံခဲ့မှုများမှာ
၂၈.၄.၂၀၁၂ နော့ဝစ် ၀-၃ လီဗာပူး
၂၂.၁၀.၂၀၁၁ လီဗာပူး ၁-၁ နော့ဝစ်
ဈေးအနေအထားအရ လီဗာပူး တစ်ဂိုးသွင်းရင် ၅၀ အနိုင် ကို ၄၀ အနိုင်ပဲ ဖွင့်လာပါတယ်
ပြီးခဲ့တဲ့ အပတ် မန်ချက် နဲ့ ကစားသွားတဲ့ ပွဲမှာ လီဗာပူး ရဲ့ နိုင်လိုစိတ်ပြင်းထန်မှု ကို တွေ့ ခဲ့ရပါတယ် ။ တစ်ယောက်ထုတ်ခံရပေမယ့် လဲ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့တာကို ကြည့်ရင် လီဗာပူးစိတ်ဓါတ်တက်နေပြီ ဆိုတာကို သိနိုင်ပါတယ်။
ပရီးမီးယားလိဂ် မှာ နိုင်ပွဲတစ်ပွဲမှ မရှိသေးတဲ့
“““ လီဗာပူး ””” ရဲ့ ပထမဆုံး နိုင်ပွဲကို စောင့်ကြည့်ရပါမယ် ။
…………………
ညပိုင်းဈေးပြောင်းလဲမှုများကို ကြည့်ပြီး ကွန်မင့်ဖြင့် ထပ်မံ ရေးပါဦးမယ်။
******* အားလုံး အောင်မြင် ပျော်ရွှင်ပါစေ *******

About မောင် ပေ

မောင် ပေ has written 396 post in this Website..