ထားတာကတော့ နံပတ်(၁) ကျောင်းပါပဲ၊ သားက သူငယ်တန်းဆိုတော့ ကျောင်းမှာ ဘာသင်လဲတော့ မသိဘူး၊ အိမ်စာပေးလိုက်တာ ဘယ်လိုလဲ သိကြပါသလား။ စာတစ်မျက်နှာမှာ ကော်လံ ၁ဝခုခွဲရတယ်၊ စာကြောင်းရေက (၂၀) လောက်ဆိုတော့ ဥပမာ ကကြီးကို စာတစ်မျက်နှာမှာ အလုံး ၂၀ဝ ရေးခိုင်းတာ။ အဲဒါက (၂) မျက်နှာဆိုတော့ စာလုံး ၄၀ဝ ပေါ့။ ဒါမျိုး သချင်္ာဘာသာကော ရေးခိုင်းတော့ စာလုံးရေ ၈၀၀-၁၀၀ဝ မဟုတ်ပါလား။ အဲဒါ သားငယ်ခမျာ မပြီးပြီးအောင် နေ့စဉ်နဲ့အမျှ ရေးခဲ့ရတယ်။ လက်ကလေးတွေကို သိမ်လို့..။ ခင်ဗျားတို့ပဲ စာတစ်လုံးကို မပျင်းမရိ အကြိမ် ၅၀ဝ လောက်ရေးကြည့်ကြစမ်းပါ။ ဘယ်လိုနေမလဲဆိုတာ….။
စာတွေကို နှုတ်တိုက် အလွတ်ကျက်ခိုင်းတယ်။ အိမ်မွေးတရိစ်ဆန်ဆိုရင် ခွေး၊ ကြောင်၊ ငါးပဲ။ ကျန်တာ စဉ်းစားပစေပေါ့၊ ဒီလိုမဟုတ်ဘူး။
သူငယ်ချင်းတစ်ယောက်ကတော့ ထားနိုင်လို့ PIEC ဆိုလား ဆိုလားထားတယ်တဲ့။ Grade 4-5 ရှိမလားပဲ။ သူတို့သင်တာက group ခွဲပြီး ကဘာကြီးဘယ်လိုလည်နေပြီး နေထိုးလို့ အရိပ်ကျပုံ.. နေ့ညဖြစ်စဉ်တွေကို ကဘာလုံးကို သုံးပြီး မီးဆလိုက်နဲ့ demonstrate လုပ်စေတယ်။ မီးတောင်ပေါက်ကွဲပုံတွေကို ဖန်အိုးထဲ coloured water ထည့်ပြီး ရေဆူဆေးပြားတွေထည့်လို့ lava တွေပျော်ကျပုံ သရုပ်ပြကြရတယ်။ 7 seater & 4 seater Saloon ကားနှစ်စီးရဲ့ pros & cons တွေ၊ environmental impact; fuel economy စတာတွေကို internet မှာတက်ရှာစေပြီး presentation လုပ်ခိုင်းတယ်။ ကလေးက ထက်မြက်နေပြီး creativity ပိုအားကောင်းလာအောင် ပြုစုပျိုးထောင်ပေးတယ်။ သူ့ရဲ့သားအကြီးကောင် ၆ဘာသာဂုဏ်ထူးရှင် အလွတ်အရမ်းရတဲ့ ဆေးကျောင်းသား သားကြီးဟာ ပေကလပ်ပေကလပ်နဲ့ ၄ တန်းကလေးနဲ့ယှဉ်ပြီး ကြည့်ရင် အတော် ဉာဏ်ရည်နိမ့်နေတာ၊ တွေးခေါ်စွမ်းရည် နည်းပါတာ တွေ့ရတဲ့အတွက် အားမလိုအားမရ ဖြစ်မိပါတယ်တဲ့။
ကျုပ်တို့တိုင်းပြည်မှာ အလွတ်အာဂုံဆောင်တဲ့ ပညာရေးစနစ်က မင်းမူဖျက်ဆီးနေခဲ့တာ ဆယ်စုနှစ်ချီခဲ့ပါပကော။
စဉ်းစားတွေးခေါ်တဲ့စိတ်အခြေမခံတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ ဖြစ်လာခဲ့ကြရင် တိုင်းပြည်ကို ဘယ်လို ဦးဆောင်ကြမလဲဆိုတာ ရင်လေးစရာပါပဲ။
ယခုလက်ရှိ် မြန်မာပြည်ကတက်ကလိုလ်တွေမှာ Professor, Rector တွေမှာ တရုတ် Ph.D ကလွဲလို့ Internationally recognized အဖြစ် နိုင်ငံတကာမှာ ရင်ဘောင်တန်းနိုင်တဲ့ ဆရာတွေ ရှိနေသေးရဲ့လားဆိုတာ သံသယဖြစ်မိပါတယ်။ မည်ကာမတ်တ Ph.D ဘွဲ့တွေနဲ့ဦးဆောင်နေကြမယ်ဆိုရင်ဖြင့်…..

About paukpauk

pauk pauk has written 9 post in this Website..

Straightforward