မင်္ဂလာပါဗျာ….

ပြီးခဲ့တဲ့ အပါတ် တနင်္လာနေ့က တော့ ရုံးလည်းပိတ်ပေးတာနဲ့ သံလျှင်မြို့နယ်၊ ကျောက်တန်းမှာတည်ရှိတဲ့

ကျိုက်မှော်ဝန်းရေလယ်ဘုရားကို မိသားစုနဲ့ ဘုရားဖူးထွက်ဖြစ်ခဲ့ပါတယ်…

ရန်ကုန်နေသူတွေအဖို့ နေ့ချင်းပြန်သွားလို့လွယ်ကူတဲ့ခရီးအကွာမှာရှိနေပေမဲ့…

တော်တော်နဲ့ မရောက်ဖြစ်ခဲ့ပါ…ပြောရရင်…သားနဲ့သမီးတောင်အတော်ကြီးပီ

တစ်ခါမှလိုက်မပို့ဖူးသေးပဲ..နီးရက်နဲ့ဝေးနေခဲ့တဲ့ ဘုရားပါပဲ…

မိသားစု အေးအေးဆေးဆေး မနက်စာစားပြီးမှ…နေ့ခင်းတစ်နာရီလောက်မှ

ထွက်ခဲ့ကြတာပါ…ထုံးစံအတိုင်း ဘုရားလည်းဖူးရင်း၊ မိသားစုကို

အမှတ်တရ ဓါတ်ပုံလေးတွေလည်းရိုက်ပေးရင်းနဲ့..

ရွာသူားတွေ လည်းဖူးရအောင်တင်ပေးလိုက်ပါတယ်…

အားပေးကြပါအုံးနော…

ကျောက်တန်းဘက်ကမ်းကနေ ရေလယ်ဘုရားကို
ဒီလို စက်တတ်ငှက်သန္မန် နဲ့ ကူးကြရပါတယ်
ရှု့ခင်းလေးကသာသာယာယာ

ဘုရားကိုရောက်ပါပြီ…
အပြင်ဖက်ကမြင်ရတဲ့ ကျိုက်မှော်ဝန်းစေတီ..

ကျိုက်မှော်ဝန်းရေလယ်စေတီမှ ရုပ်ပွားတော်မြတ်
ကျောက်ဆင်းတုရုပ်ပွားတော်…
ကြောက်စရာ ဘီလူးစိမ်းစိမ်း…
မုခ်ဦးအောက်က မြင်ရတဲ့ ကျောက်တန်းဘက်ကမ်းအလှ…
ကိုပေါက်(မန်း) အတွက် တိမ်နဲ့ ကျောက်တန်းဘက်က ဘုရားပုံလက်ဆောင်လေးပါ…
အားလုံလည်းကြည့်ဖို့ပေါ့..
ပြန်ပါအုံးမယ် ပြန်အုံးမယ်ပေါ့…
နှုတ်ဆက်ခဲ့ပါတယ်..“.သမင်လည်ပြန်အကြည့်”
မောလိုက်တာ..အအေးသောက်နေရင်း မော်တော်တစီးဖြတ်သွားလို့
အမှတ်တရ ဆွဲလိုက်တာ..

လူကြောက်နေလို့ ခေါင်းတောင်ကောင်းကောင်းမဖေါ်တော့တဲ့ ငါးတွေ
(မေးကြသူရှိလို့ ထပ်တင်လိုက်တာပါ)

သတိထားမိတာတစ်ခုကတော့ ငါးကြီးတွေ နဲသွားတာပဲ…သိပ်မတွေ့ခဲ့ရဘူး….(ရိုက်ခဲ့ရသလောက်လေးတင်ပေးလိုက်ပါတယ်)

ရောက်ဖူးသူတွေအတွက်လည်းအလွမ်းပြေ..မရောက်ဖူးသေးသူတွေအတွက်လည်း

ဘုရားဖူးကြရအောင် မျှဝေပေးလိုက်ပါဂျောင်း ဗျာတို့…

အားလုံးကိုလေးစားခင်မင်လျှက်…

လမ်းဆက်လျှောက်နေတဲ့…

ကြိုက်မီး။

အရင်ကကျော်စွာဦးကြီးမိုက်

About အရင်ကကျော်စွာဦးကြီးမိုက်

has written 94 post in this Website..

မစပ်သောငြုပ်သီးတစ်တောင့်ပါ THAKHIN CJ #2152011 (5/2/16)