“အဖြေလေးပေးလိုက်ပါတယ် ၂၀၁၂ အောက်တိုဘာ အတွက် အကြိုက်ဆုံးစာမူ”

“အဖြေလေးပေးလိုက်ပါတယ် ၂၀၁၂ အောက်တိုဘာ အတွက် အကြိုက်ဆုံးစာမူ”

 

 

 

ကျနော်တို့ ပန်းကောက်သူအဖွဲ့လေး က စာမူရွေးဘို့ ပြင်ဆင်ကြတဲ့အခါ အီးမေးလ်လိုင်းပေါ်ကတစ်ဆင့်

အကြိမ်ကြိမ်ညှိနိုင်းပြင်ဆင်ခဲ့ကြပါတယ်။

အနီးမှာနေနေ အဝေးမှာနေနေ ……ဟိုးအဝေးကြီးမှာနေနေ အားလုံးအမြဲလိုလို တိုင်ပင်ခဲ့ကြပါတယ်။.

အဲဒီအခါမှာ တစ်ယောက်ပြောတာ တစ်ယောက်သဘောတူတာလဲရှိ မတူတာလဲရှိ။

ဒါပေမယ့် အခုအချိန်မှာတော့ ကျနော်တို့ယူထားခဲ့ကြတဲ့ အလုပ်တစ်ခုကိုကောင်းစွာလုပ်နိုင်ပြီဆိုတဲ့

အနေအထားတစ်ခုကိုရောက်ခဲ့ကြဖြတ်သန်းခဲ့ကြပြီလို့ ယူဆမိပါတယ်။

ဒီလိုဆောင်ရွက်နိုင်တဲ့ အနေအထားကို လျင်မြန်စွာရောက်ခဲ့နို်င်ခြင်းရဲ့ အကြောင်းတရားကတော့

တစ်ဦးတစ်ယောက်ထဲရဲ့ အယူအဆ  အတွေးအခေါ်တစ်ခုထဲနဲ့မောင်းနှင်တာမဟုတ်ဘဲ

အများသဘော အများစဉ်းစားမူ့ အများဖြစ်ချင်တာလေးတွေကို ဦးစားပေးခဲ့လို့ဘဲဖြစ်ပါတယ်။

တူညီခြင်း မတူညီခြင်းဆိုတဲ့ “အဟ”လေးကို နည်းနိင်သမျှနည်းအောင်အချင်းချင်း ညှိနိူင်း

အပြန်အလှန်လိုက်လျောက်ခဲ့ကြလို့လဲ ဒီအနေအထားလေးကို ရောက်ခဲ့ကြတာဖြစ်ပါတယ်။

 

ပြောနိုင်တာတစ်ခုကတော့ ကျနော်တို့လက်ရှိစာအဖွဲ့ဝင်အားလုံးသည်

တော် တတ် သိ ကျွမ်းကျင် ဆိုတဲ့ စူပါလူသားများမဟုတ်ကြဘဲ

သူလို ငါလို စာရေး စာဖတ်သူ ဝါသနာပါသူများသာ ဖြစ်ကြပါတယ်။

အစားကောင်းစားရင် မိတ်ဆွေတွေကို သတိရတယ်ဆိုတဲ့စကားရပ်လေးလို

ကျနော်တို့စားမိတဲ့အစားအစာလေးကို နှစ်သက်မိတော့ မိတ်ဆွေတွေကို

“ဒါလေးတော့ စားကောင်းသဟဲ့”လို့လက်တို့လိုက်တဲ့ သဘောလို့အားလုံးက

ထပ်တူထပ်မျှ ယုံကြည်ထားကြပါတယ်။

ဒါကြောင့် အများက ကောင်းတယ်ဆိုတဲ့ပိုစ်ကောင်းလေးများ ကျနော်တို့အကြိုက်ထဲမှာ မပါဝင်ခဲ့ရင်

ကျနော်တို့ ဆိုင်စုံအောင်ဝင်မစား မိဘူးလို့ သဘောထားစေလိုပါတယ်။

 

ဂေဇက်ချစ်သူ အကြိုက်ရွေးချယ်ဘို့အတွက် ကျနော်ဖြတ်သန်းခဲ့တဲ့ အချိန်တိုတိုလေးမှာ

ကျနော်တို့ အချင်းချင်း သဘောမတူညီခဲ့တာလဲရှိ တူတာလဲရှိနဲ့လက်တွဲခဲ့ကြတာအ ချိန်ကလာတစ်ခုတော့

ရောက်ခဲ့ပါပြီ။

ကျနော်တို့ရဲ ပန်းကောက်သူ အဖွဲ့မှာ

အကြောင်းအမျိုးမျိုးကြောင့် လမ်းမှာကျန်လို့ လက်ပြနုတ်ဆက်ခဲ့သူလဲရှိ၊

ကမ်းကပ်စဉ်ခဏမှာ အတူလိုက်ပါလာသူလဲရှိ

တစ်လျောက်လုံး ပါဝင်သူလဲရှိ၊

ယာယီ လိုက်ပါသူလဲရှိ ပါတယ်။

ဘယ်သူဘဲဖြစ်ဖြစ် အတူဆုံစဉ်ခဏလေး မှာ ဆောင်ရွက်ခဲ့ကြတာလေးကိုတော့ အမှတ်တရဖြစ်နေမိ

တာအသေအချာဖြစ်သလို အားလုံးကို လေးစား ကျေးဇူးတင်ပါတယ်။

နောက်လာမယ့်နိုဝင်ဘာလမှာဆိုရင်

(1)   စာအရေးကျဲပေမယ့် ရေးလိုက်သမျှ စာတိုင်းက မလိုင်အပြည့်နိုဆီလို ပျစ်ပျစ်နှစ်နှစ်ရှိအောင်ရေးတတ်ပြီး

ကော်မင်းအပေးကောင်းတဲ့  အများကချစ်စနိုးခေါ်တဲ့ နန်းမတော် မယ်ပု (ခ) ပုချ်

(2)   ထူးထူးခြားခြား အရေးအသားများနဲ့ စဉ်ဆက်မပြတ်ရေးဖွဲ့နေတဲ့အပြင် သီတင်းကျွတ်အမီ ရွာထဲကို လူလုံးပြပြီးကြေညာခဲ့တဲ့ အလင်းဆက်

(3)   မကြာခဏကော်မင်းတွေနဲ့ မြင်နေရတဲ့ ဂျုလီယက်ဆီဇာတို့က ဝင်ရောက်အားဖြည့်ပြီး ဖတ်ပေးရွေးပေးမှာကိုလည်း လှိုက်လှဲစွာကြိုဆိုပါတယ်။

 

(ကြုံတုန်းလေး ပွားကြည့်ရတာ ဘာနဲ့တူသလဲလို့ပြောရရင် လမ်းဘေးက အလှုခံမဏ္ဍပ်မှာ မိုက်ခဲရသလို

အလှည့်ကျတုံး အရအမိပြောလိုက်တဲ့သဘောပါဘဲ။)

 

ပွင့်လင်းစွာပြောရရင် စာရွေးဘို့နောက်ဆုံးရက်နီးကပ်တဲ့အထိ ကျနော်တို့ ပန်းကောက်သူတွေမှာ

ရနံ့မွှေးတဲ့ပန်းကလေးတွေကို မတွေ့မိခဲ့သေးပါဘူး။

စိတ်ထဲမှာ အားမလိုအားမရ။

နောက်တော့မှ သေချာပြန်ဖတ်ကြစို့ရဲ့ဆိုပြီး

“နောက်တစ်ခါလာပြန်ချီသေး”လုပ်လို်က်ကြတဲ့အခါ အခုလိုကောင်းမွန်တဲ့စာတွေကို တွေ့ကြတာပါ။

ကျနော်တို့အမှတ်ပေးစံနစ်ကတော့

Aပထမအကြိုက်ဆုံး (3)မှတ်

Bဒုတိယအကြိုက်ဆုံး (2)မှတ်နဲ့

Cတတိယအကြိုက်ဆုံး (1)မှတ်လို့ သတ်မှတ်ပြီးပေးပါတယ်။

ပိုထူးခြားတာကတော့ ဒီလအတွက်အကြိုက်ဆုံး ရွေးတဲ့အခါ၏

ဒုတိယအကြိုက်ဆုံးက ရမှတ်တူ နှစ်ယောက်ဖြစ်နေပါတယ်။

ဒါကြောင့်ဒုတိယကို နှစ်ယောက်ပူးတွဲပေးလိုက်ပါတယ်။

တစ်ယောက်ခြင်းစီရဲ့ ရမှတ် အသေးစိတ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

 

(က)ပထမဆုရှင်ကတော့

A(1)+B(1)+C(5)=3*1+2*1+5*1= 10မှတ်

ပထမ အကြိုက်ဆုံး တစ်ယောက်(ရမှတ်သုံးမှတ်)

ဒုတိယအကြိုက်ဆုံး တစ်ယောက်( ရမှတ်လေးမှတ်)

တတိယ အကြိုက်ဆုံး ငါးယောက် ဆိုတော့ (ရမှတ်ငါးမှတ်)

စုစုပေါင်း (10)မှတ်ဖြစ်ပါတယ်။

 

 

(ခ)ဒုတိယအကြိုက်ဆုံးကတော့ (8)မှတ်တူနှစ်ယောက်ဖြစ်နေပါတယ်။

တစ်ယောက်ကတော့

A(2)+B(1)=3*2+2*1=8မှတ်

ပထမအကြိုက်ဆုံး နှစ်ယောက် ဒုတိယ အကြိုက်ဆုံး ူတစ်ယောက်ဆိုတော့ စုစုပေါင်း

(8)မှတ်ရရှိသွားပြီး

နောက်တစ်ယောက်ကတော့

A(1)+B(1)+C(3)=3*1+2*1+1*3=8မှတ်

ပထမ အကြိုက်ဆုံးက တစ်ယောက် ဒုတိယအကြိုက်ဆုံးက တစ်ယောက်နဲ့

တတိယ အကြိုက်ဆုံး သုံးယောက်ဖြစ်တဲ့အတွက် သူကလည်း (8)မှတ်ရသွားပါတယ်။

 

(ဂ)တတိအကြိုက်ဆုံးသူကတော့

A(1)+C(3)= 3*1+1*3=6 မှတ်

ပထမ အကြိုက်ဆုံး တစ်ယောက်နဲ့တတိယ အကြိုက်ဆုံး လေးယောက် စုစုပေါင်း (6)မှတ်နဲ့ ဆွတ်ခူးသွားပါတယ်။

 

တစ်နှစ်က အကယ်ဒမီဆုရှင်ကိုကြေငြာတဲ့အခါမှာ ကျနော်သဘောကျခဲ့တဲ့ကြေငြာပုံလေးကတော့

ဦးမိုးဒီကြီး ဆုရတာကို ကြေငြာ ပေးတာလေးပါ။

သူ့ရဲအထင်ရှားဆုံး အမှတ်အသားဖြစ်တဲ့

“သားသားစားချင်တာ စားလို့ရပြီ”လို့အော်လိုက်တဲ့အခါ နံမယ်မပြောပေမယ့် ဘယ်သူမှန်းအားလုံးကသိသွားကြပါတယ်။

ကျနော်ကသူများနောက်လိုက်တာဝါသနာပါတဲ့အတွက်

အဲလိုလေးကြေငြာချင်မိပါတယ်။

ကျနော်ကတော့ လက်ဆော့တဲ့ ကင်မရာခလုတ်နှိပ်သူဆိုတော့

ဓါတ်ပုံလေးနဲ့ဘဲအဖြေပေးလိုက်ပါတယ်။

 

ပထမရသူကတော့          1A1B5C

ဒုတိယရသူ ကတော့     (က)  2A1B  နဲ့

                                      (ခ)   1A1B3C    ဖြစ်ပြီး

တတိယရသူ                         1A3C             အသီးသီးဖြစ်ကြပါတယ်။

 

ကဲဓါတ်ပုံလေးတွေကြည့်ပြီးဘယ်သူပထမ ဘယ်သူဒုတိယဆိုတာကို ကြည့်လို်က်ပါတော့တော့နော်။

အားလုံးကို အုံးစားရတာ ကျေးဇူးတင်ပါတယ်။

 

1A3C = 6 ( ဟိုင်းဝေးလမ်းမကြီး ဆန်ပြုတ်သည်တော့ မတွေ့မိဘူး)

 

1A1B3C =8( ယဉ်ကျေးမူ့များစုဝေးရာနောက်ဆုံးမင်းနေပြည် မန်းလေးက မြနန်းစံကျော်ရွှေနန်းတော်ကိုလာရောက်လေ့လာနေတဲ့ ဘောင်းဘီတိုနဲ့ ခေတ်ပေါ်အမျိုးသမီး)

 

2A1B =8 (ဓါးတွေအများကြီးဆိုတော့ ဓါးသွားတွေလဲအများကြီးပေါ့ လာ အပျင်းပြေလမ်းလျောက်ကြည့်ရအောင်ဗျာ)

 

1A1B5C=10 (ဒီငါးရိုးကိုအကြောင်းပြုပြီး အပျိုကြီးတစ်ယောက် အလကားနေရင်းအိပ်ယာအောက်ရေဝင်မလိုဖြစ်သွားတာလေ ကံကောင်းလို့ပေါ့)

 

 

 

 

58 comments

  • Hnin Hnin

    November 11, 2012 at 11:14 am

    အဲ့အရိုးကို လေးပေါက်ဆီမှာ မနေ့ကမှ မြင်ဖူးတယ်လိုက်တယ်..လေးပေါက်ပဲပေါ့…
    Congrats! ပါလေးပေါက်ရေ….

  • surmi

    November 11, 2012 at 11:18 am

    သရဲမကြောက်ကျွဲကြောက်တဲ ့
    သီဟဂါမ ရွာက အင်ဂျင်နီယာအစ်မကြီးရေ
    ဗရာဗိုပါဗျို ့ ။ အထူးချီးကျူးဂုဏ်ပြုပါတယ်ဗျာ
    ဆုပေးပွဲလည်း တက်ရောက်နိုင်ပါစေလို ့

  • Hnin Hnin

    November 11, 2012 at 11:19 am

    ကျန်သွားလို့…လေးပေါက် ပြောထားတဲ့အတိုင်းမုန့်ဝယ်ကျွေးရမယ်နော်…အဟဲ…

  • Hnin Hnin

    November 11, 2012 at 11:24 am

    အာ…တေပြီဆရာ…ဟီး…မမိုဖြစ်နေတာကိုး…မှားတဲ့အခါလည်း မှားပေမပေါ့…
    ဆောရီးနော်..လေးပေါက်…ကိုဆာမိ ကယ်ပေလို့… 🙂 …

  • nozomi

    November 11, 2012 at 11:24 am

    ဒေါ်မိုချို ရေ ပထမဆု ရတဲ့အတွက် ဂုဏ်ယူပါတယ် နော

    အရင်က ရွာထဲမှာ အခုလိုပဲ အရေးကောင်းတဲ့ ဆရာမ မှီ ကိုလဲ သတိရမိပါတယ်
    သူ့လိုပဲ ရွာထဲက ပျောက်သွားမှာ စိုးရိမ်မိပါတယ်

    ရွာထဲ ဝင်မွှေနေရင်းနဲ့
    ကွန်ပူတာမှာ

    11:11 AM
    11/11/2012

    ဆိုတာ တွေ့လိုက်တော့ ကိုပေါက်ကြီး တင်နေလောက်ပြီ လို့တောင် တွေးလိုက်မိသေး
    ကိုပေါက်ကြီး ရဲ့ အားထုတ်မှုအတွက်လဲ လေးစားပါတယ်နော

  • Mr. MarGa

    November 11, 2012 at 11:26 am

    လေးပေါက်ရေ ဦးမာဃတော့ ခေါင်းစားသွားပြီ
    သူများတွေ အဖြေပေးမှ လာကြည့်တော့မယ်

  • လုံမလေးမွန်မွန်

    November 11, 2012 at 11:29 am

    Congratulation ပါ မမိုချိုရေ…
    ဂုဏ်ယူပါတယ်နော်…. (ဦးဆာမိနောက်က လိုက်ပါတယ်…) 🙂

    အတန်းပိုင်ဆရာအတွက်လည်း congratulation ပါနော်..
    ပဟေဠိလေးတွေနဲ့ ပျော်စရာကောင်းတဲ့ပို့စ်လေးတွေ ရေးပေးလို့ပါ….

    ခင်တဲ့
    လုံမလေး

  • surmi

    November 11, 2012 at 11:30 am

    ဆောရီးပါအစ်ကိုရေ
    ရွာထဲမရောက်တာကြာလို ့ပို ့စ်တွေလွတ်ကုန်တယ်
    ရမ်းတီးပြီးမှားသွားတာ ခွင် ့လွှတ်ပါဗျို ့
    မျက်စိမွဲတော ့ တကယ်ဂုဏ်ပြုရမည် ့သူကို
    ရှေ ့မှာထားပြီး ကြောင်တောင်ကန်းမိပါတယ်ဗျာ
    အစ်ကို ့မို ့တော်သေးတယ်နော် ……..
    ဘာပဲဖြစ်ဖြစ်ဒီလ ကတော ့ထူးခြားခဲ ့ပါပြီဗျာ
    နောက်တစ်ခါ မလွဲတော ့ပါဘူးလို ့ ကတိပေးရင်း
    လေးလေးစားစား ဂုဏ်ပြုပါရစေဗျာ …….

    • လုံမလေးမွန်မွန်

      November 11, 2012 at 11:38 am

      အမ်…
      မမိုချိုပါ.. မဟုတ်ဝူးလား….
      အစားမတော် တစ်လုတ် နဲ့ သေမင်း ကို ခလုတ်တိုက်ခဲ့ သူ ပို့စ်နဲ့ရတာလေ…
      ဟုတ်ပါတယ်… 🙄

  • Hnin Hnin

    November 11, 2012 at 11:32 am

    မမိုရေ…Congratulations! ပါ…
    မမိုရဲ့ ကိုယ်တွေ့တွေကို ဆက်အားပေးနေပါတယ်….

    မှားရေးမိတာ အားနာလိုက်တာ…..ဟင်းချက်ရင်း ပြေးလာကြည့်မိတော့
    ပျာလောင်ခတ်ပြီး ငါးအရိုးမြင်တာနဲ့စာမဖတ်တော့ဘဲ ရေးထည့်လိုက်တာ…
    ရှက်လိုက်တာ..ခွင့်လွှတ်ပါနော်… 🙂

    • ငါးအရိုးက ဖေစ်ဘုတ်မှာ အကြွင်းအကျန်ဆိုပြီး ဒီပုံလေးကိုတင်ထဲ့တာလေ မယ်နှင်းရဲ့

      • Hnin Hnin

        November 11, 2012 at 11:50 am

        ဟုတ်..နော်လည်း အဲ့လိုဖတ်ရတယ်လေ….

        အမ်…ကိုဆာမိက ဘာတွေပြော? သူပဲ အငြိုးငြိုး…
        ဟီး..နော်နဲ့ကိုဆာမိနဲ့ ပတ်ချာလည်ရိုက်နေတာပဲဖြစ်မယ်… :mrgreen:

        မမိုပဲ ဟုတ်မှာပါ…သိတော့ဝူးးးးးးးး… 🙂

    • surmi

      November 11, 2012 at 11:46 am

      မနှင်းနှင်း ရေ
      ကိုယ် ့ကိုကိုယ် မယုံလို ့ခင်ဗျားကိုပုံအပ်မိကာမှ
      ကျုပ်မူးနေတာ လူသိကုန်ပြီ …….
      မနက်က ငလျင်အဖျားခတ်သွားလို ့ပါ….
      ခွင် ့လွှတ်ကြပါဗျို ့

      ( ရက်စက်ပါ ့ ဒေါ်နှင်းနှင်းရယ် )

  • surmi

    November 11, 2012 at 11:33 am

    သွားပြီ…….ကျနော်မမှားပြန်ဘူးလား……???
    စစ်ကိုင်း ငလျင်မှာ မူးသွားပြီထင်တယ်
    သေရော …….သေရော

    • surmi

      November 11, 2012 at 11:54 am

      ရိုက်ချက်ကတော ့ပြင်းပ ဒါရိုက်တာလေးလေးပေါက်ရယ်
      ……အို ဘယ် ့အနုပညာ ….(c/d 2 သဂျီး)
      :harr:

  • ကိုပေါက်အဖွက်လွန်သွားပါတယ် တောင်းပန်ပါ၏.

    ပထမ
    အစားမတော် တစ်လုတ် နဲ့ သေမင်း ကို ခလုတ်တိုက်ခဲ့ သူ ရမှတ် (10)
    မိုချို http://myanmargazette.net/154152
    ဒုတိယ က
    ဓ = ဓါးသွားပေါ်မှာ..လမ်းလျှောက်ခြင်း… ( ဓါး…. အက်ဆေး ) ရမှတ်8
    အလင်းဆက် http://myanmargazette.net/151141
    ဒုတိယ ခ ယဉ်ကျေးမှုဟု ဆိုရာတွင်… ရမှတ်8
    မွန်မွန် http://myanmargazette.net/153615
    တတိယ ဆန်ပြုတ် နှင် ့ ဟိုင်းဝေးလမ်းပါ်က အတ္တဟိတ ရမှတ်6
    surmi http://myanmargazette.net/151171

    • Ko Khin Kha ( သရီးကေ )

      November 11, 2012 at 1:28 pm

      အောက်တိုဘာလအတွက်
      ပထမ ရတဲ့ မမိုချို
      ဒုတိယ ရတဲ့ ကိုအလင်းဆက် နဲ့ လုံမလေးမွန်မွန်
      တတိယ ရတဲ့ ကိုဆာမိ
      တို့ကို Congratulations ပါခင်ဗျ။

      ခုနက ပိုစ့်ဖတ်ပြီး အတွေးတစ်ခုရလို့ ဖတ်ရွှေးအဖွဲ့သို့ ဆိုပြီး ပိုစ့်ရေးနေတုန်း ပြန်ဝင်ကြည့်လိုက်တော့
      ကိုပေါက်ကွန်မန့်နဲ့ ဆုရတဲ့သူတွေကြေငြာပေးထားလို့ ဆက်မရေးတော့ဘဲ ပြန်ဖော်ပေးသူ ဆရာပေါက်ရေ မင်္ဂလာပါဗျာ။

      • ဟုတ် ….
        ဒီလအတွက် ဆုရသွားကြတဲ့ …
        မမိုးချို၊ ကိုလင်းဆက်၊ မမွန်မွန်နဲ့ ဦးဆာမိရေ …
        အနော်ဂလည်း ကွန်ဂလက်ကျူလေးချင်းဘာဂျ …..

        ဖေပေါက်ဂျီးကိုလည်း
        တောင်မလေး ချောချောလေး ရှာပေးရင် …
        ကွန်ဂလက်ကျူလေးချင်း လုပ်မယ် .. ဒါဗျဲ …

        • Ko Khin Kha ( သရီးကေ )

          November 11, 2012 at 2:09 pm

          ကိုအံစာရေ ဘယ်အရွယ်ဆိုတာလေးလည်း ပြောပေးလိုက်အုံး
          တော်ကြာ ဖေပေါက်က သူအရွယ် ချောချောလေးဆိုရင်ကော ဘယ်လိုလဲ။

  • မိုချို

    November 11, 2012 at 12:35 pm

    ဇကာတင်တွေ အားလုံး သူ့ နည်း သူ့ ဟန်နဲ့ ကောင်း ကြတော့ ကိုယ့် ကိုယ် ကို ရ မယ် လို့ မထင်ထား ဘူး။ မမျှော်လင့် ပဲ အောက်တို ဘာ လ အတွက် အကြိုက် ဆုံး ဆု ကို ရခဲ့ တဲ့ အတွက် အရမ်း ဝမ်းသာမိပါတယ်။
    အကယ်ဒမီ ပွဲ တွေ အတိုင်း မိုချို ကလည်း ကျေး ဇူးတင်စကား ပြော ချင် ပါတယ်။
    မိုချိုတို့ လို လက်သင် တွေ ရေးချင်စိတ် ရှိ လာ အောင် အမျိုးမျိုး အားပေး ရင်း ဆု ပေး ပွဲ လေး ဖြစ်လာအောင် အကြံပေး ၊ အချိန်ပေး ၊ အကောင်ထည် ဖေါ် ပေးခဲ့ တဲ့ ရွာ ရဲ့လူကြီး သူမ များ။
    တတ်လာသမျှ ပိုစ့်တွေ ကို ကိုယ့်ရဲ့ တန်ဖိုး ရှိတဲ့ အချိန်တွေ ပေး ပြီး ဖက်ရှု အမှတ်ပေး ကြတဲ့ အကဲ ဖြတ် အဖွဲ့ (ပန်းကောက်သူ အဖွဲ့) ဝင်များ။
    မိုချို ့ ရဲ့ ပိုစ့် တွေ ကို ဖတ်ရှု အားပေး၊ ကြတဲ့ ရွာသူား များအား လုံးနဲ့ မန်ဘာ မဝင်သော် လည်း မန်းဂေဇတ် ထဲ ဝင်ဖတ်ကြတဲ့ စာဖတ်သူများ အားလုံး ။
    မိုချို တို့ ရေးချင်တာ ရေးလို့ ရအောင် ဆာဗာစိုက် ပြီး ရွာတည် ပေးထားတဲ့ သဂျီး နဲ့ ကျေး ဇူး တင် ထိုက်သူ အား လုံး ကို ကျေး ဇူး တင် ပါတယ် လို့ ။

    • မိုချို

      November 11, 2012 at 12:53 pm

      ဟီဟိ ….မင်း သမီးတွေ နဲ့ များ တူ မလား လို့ ပြော ကြည့် တာ။
      လေးပေါက် က ဓါတ်ပုံလေးတွေ နဲ့ ကြေညာ မယ်ဆိုလို့ ဘယ်လို များ ဖြစ် မလဲ လို့ စိတ်ဝင်စားနေတာ။ ခါတိုင်း ဆို စနေ၊ တနင်္ဂနွေ ရွာ ထဲ မရောက် ဖြစ်ဘူး။ ခုတော့ ကိုယ်လဲ ဇကာတင်ထဲ ပါနေ တာရယ်၊ ကြေညာ မယ့် ပုံစံရယ် ကို သိချင်လို့ ဝင်လိုက်တာ။
      ဆုကြေညာ တဲ့ သူတွေ အကုန် လုံး အိုင်ဒီယာလေး တွေ အရမ်း ကောင်း ကြတယ်။
      အပေါ် ကပုံ တွေ က လေး ပေါက် ရိုက်နေ ကြ ပုံ လေးတွေ ပဲ ။ ငါး ပုံ က ကော လေးပေါက် ရိုက် ထား တာ ပဲ လား ၊ငါးကြော် ထင်တယ်နော်။ ပန်း ကန် ထဲ မှာ မဟုတ်ပဲ ၊ ဘယ်လို ရိုက် ထား လဲ မသိဘူး။

      • အဲဒီငါးကို ရိုက်တာ နာရီဝက်လောက်ကြာတယ်။
        မို့ချို အတွက်ကတော့ ငါးရိုးနဲ့တင်မယ်လို့စိတ်ကူးထားတာကိုးဗျ။
        တိုက်ဆိုင်တော့အဲဒီနေ့က အိမ်မှာငါးကြော်တယ်လေ။
        ဒါနဲ့ဘဲ စားနေရင်း တစ်ဝက်တစ်ပျက်ချန်။
        အပ်ချည်ကြိုးကိုပျောက်အောင်တွဲ။
        အိမ်နောက်ဖေးကမီးတွေမှိတ်။
        ရေချုးိခန်းထဲဝင် ရိုက်
        လိုချင်တဲ့အနေအထားမရတော့ ဆယ်ငါးပုံလောက်ရိုက်မှ ရတယ်။
        အခုပုံလေးပေါ့။
        (မဒမ်ပေါက်ကတောင် ကျနော်ပျောက်တော့လိုက်ရှာနေသေးတယ်)
        မွန်မွန်အတွက်ကတော့ ရိုက်ထားတာနှစ်ပုံရှိပြီးသား။
        မင်းကွန်းပုထိုးတော်ကြီးနဲ့ပေါင်တိုမလေးတွေက တစ်ပုံရယ် မန်းလေးနန်းတွင်းက မြနန်းစံကျော်
        ရွှေနန်းတော်ကိုအလည်လာတဲ့ပေါင်တိုမလေးရယ်က ယဉ်ကျေးမူ့ဆိုတာနဲ့ ကိုက်ပြီးသား။
        အလင်းဆက်အတွက်က ရှိပြီးသားပုံမကြိုက်တာနဲ့ ကျောက်တော်ကြီးဘုရား ပွဲကို သွားပြီး
        ိုရိုက်ယူလိုက်တော့ အဆင်ပြေ။
        အစက ကိုဆာမိအတွက် ဆန်ပြုတ်ပန်းကန်လေးနဲ့ရိုက်ဘို့စဉ်းစားပေမယ့်
        လက်ထဲမှာ မူဆယ်သွားတုံးက လှပတဲ့ ဟိုင်းဝေးလမ်းမကြီးရှိနေတော့ အဲဒါဘဲသုံးလိုက်ပါတယ်။

        ဒါကတော့ ပုံလေးဖြစ်အောင်ဖန်တီးထားတာလေးပါ

        • မိုချို

          November 11, 2012 at 1:40 pm

          မိုချို့ ရဲ့ ငါး အတွက် လေးပေါက် တော်တော် လုံ့ လ စိုက် ရမယ် ဆို တာ ဓါတ်ပုံ ကြည့် တာနဲ့ သိတယ်။ အဲဒါကြောင့် မေးကြည့် တာ။ ဆုကြေညာ ဖို့ အတွက် ပဲ သီးသန့် ရိုက် ရတဲ့ အတွက် ထပ်ဆင့် ကျေး ဇူး ပါလို့ ။

  • အပျော်ဆိုတာ ဝတ်မူန်လေးတွေပျံ့သလို နေရာအနှံ့သွားတတ်ပါသတဲ့
    ဒါကြောင့် မိုချို့ရဲ့ အပျော်တွေကလဲ………………………………………………
    အားလုံးထံသို့ …………………………………………..

  • Thu Wai

    November 11, 2012 at 1:00 pm

    ဆုရသွားသူ အားလုံးအတွက်ဝမ်းသာပါတယ်
    အံမယ်လေး ဒါနဲ့ အဲဒါလေးပြောဖို့ ကို အဝိုင်းလေးသေးသေးလေးလည်နေတာကို ၁ဝ မိနစ်လောက်စောင့်လိုက်ရတယ်

  • မိုချိုရေ ကျနော်ကလည်း ထူးထူးခြားခြားဖြစ်အောင်တင်ဆက်ပြချင်တာကိုးဗျ
    ဒီလောက်တော့လုံ့လစိုက်ရပေမပေါ့ နော်

  • စိန်ဗိုက်ဗိုက်

    November 11, 2012 at 3:54 pm

    ကိုယ်မရပေမဲ့ ကိုယ်မရသလိုပဲ ဝမ်းသာပါတယ်ဗျို ့..

    အူးဗိုက်လဲ ရေးဦးမယ်
    အသောက်မတော် တစ်စည်ဆိုပြီးတော့..
    ဂျားလောက်ကတော့ နံကြားမကပ်လို ့ စည်လိုက်မှ ရမှာဗျ

  • padonmar

    November 11, 2012 at 4:14 pm

    ပထမရတဲ့ မိုချို ကို ဂုဏ်ပြုပါတယ်။
    နည်းနည်းလေးရေးရသေးပေမယ့် ရေးသလောက်ကောင်းတဲ့လက်ဆိုတော့ တစ်လ မဟုတ်တစ်လမှာ ဆုရမယ်ဆိုတာ မှန်းလို့ရပါတယ်။ မန်းဂဇက် ဆိုတဲ့ ဓါးသွေးကျောက်ကနေ ဓါးကောင်းတွေ တစ်လက်ပြီးတစ်လက် ထွက်လာမယ်ဆိုရင် ဖတ်ရွေးတွေရဲ့ ပီတိ မိုးထိမြင့်ပါလိမ့်မယ်။
    အပိုဆုလေး ဘာယူမယ်ဆိုတာလည်း ပြောပါနော်။
    ဆုပေးပွဲကျရင်လည်း ကိုယ်တိုင်တက်ရောက်ယူနိုင်ပါစေ။
    အလင်းဆက်၊ကဆာမိနဲ့ မွန်မွန်လည်း နောက်မကြာတဲ့လတွေမှာ ဆုရမယ့်သူတွေပါ။တေ့လွဲလေးလွဲနေသေးတဲ့ လက်ကောင်းတွေပါ။ ပျော်ပျော်ပါးပါး ဆက်လက်ကြိုးစားကြရအောင်နော်။အမြဲအားပေးနေတဲ့ ပရိသတ်ထဲမှာ ကျမရှေ့က ပါပါတယ်။
    …………….
    ကိုပေါက်ကိုတော့ ရှယ်ရှယ့်ရှယ် ဂုဏ်ပြုချင်ပါတယ်။ နဂိုအရေးအသားကောင်းပြီးသား သဘာရင့် ကိုပေါက်ရဲ့ စေတနာ အပြည့်နဲ့ အားထုတ်မှုကြောင့် ဒီလ ဆုကြေငြာပွဲလေး အလွန်ကို လှသွားပါတယ်။ ် မကြာခင် တစ်သိန်းလည်းထပ်ရတော့မှာဆိုတော့ ကိုပေါက်ကပဲ ညီမတို့ကို မုန့်ကျွေးပါတော့။

  • အားလုံးက ကျေနပ်နှစ်သက်ကြတယ်ဆိုတော့ အပင်ပန်းခံရကျိုးနပ်ပါ၏။
    ရုတ်တရက် ဒီလ လေးပေါက်အလှည့်ဆိုပြီး ကိုကိုဘီးအီးကပြောတော့ ခေါင်းတွေခြောက်သွားပါတယ်။
    ဘာမှလုပ်စရာမရှိဘူးဆိုပြီး ပိုစ်အရှည်ကြီးတစ်ခုရေးနေတာကိုး။
    အဲဒါနဲ့ပိုစ်ရေးလက်စခဏရပ်ပြီး
    ဘယ်လိုလှအောင်လုပ်မလဲလို့ အပြင်းအထန်စဉ်းစားလိုက်ရတာ။
    အခုတော့ ပင်ပန်းရကျိုးနပ်သွားပါကြောင်း။
    မုန့်လဲကျွေးမည်ဖြစ်ပါကြောင်း

    မအုန်းရင်လဲ အမူးပြေသွားပြီး အလှူလှည့်တော့မည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်.

  • kyeemite

    November 11, 2012 at 4:42 pm

    ကိုပေါက်ခင်ဗျား….အရမ်းအရမ်းကိုလေးစားသွားပါတယ်…
    အကြိုက်ဆုံးပို့စ်ကြေငြာဖို့ ဓါတ်ပုံဝါသနာပါသူပီပီ
    အသင့်လျှော်ဆုံးပုံလေးတွေစဉ်းစားတာ..
    အဲဒီပုံလေးတွေရအောင်ဖန်တီးတာ….ဝှီး…လက်ဖျားခါတယ်ဗျာ..တကယ်ပါ..

    အဲဒီငါးကို ရိုက်တာ နာရီဝက်လောက်ကြာတယ်။
    မို့ချို အတွက်ကတော့ ငါးရိုးနဲ့တင်မယ်လို့စိတ်ကူးထားတာကိုးဗျ။
    တိုက်ဆိုင်တော့အဲဒီနေ့က အိမ်မှာငါးကြော်တယ်လေ။
    ဒါနဲ့ဘဲ စားနေရင်း တစ်ဝက်တစ်ပျက်ချန်။
    အပ်ချည်ကြိုးကိုပျောက်အောင်တွဲ။
    အိမ်နောက်ဖေးကမီးတွေမှိတ်။
    ရေချုးိခန်းထဲဝင် ရိုက်
    လိုချင်တဲ့အနေအထားမရတော့ ဆယ်ငါးပုံလောက်ရိုက်မှ ရတယ်။

    ကိုပေါက်ရဲ့ လုပ်ရပ်လေးဟာ ကျနော်တို့ ဖတ်ရွေးအဖွဲ့ဝင်တွေအတွက်လည်း
    ဂုဏ်အကြီးကြီးယူစရာဖြစ်ရပါဂျောင်းးးးးးးးး
    ဒါနဲ့..ဇဂါးမစပ်…အတယ်လို့ဆိုဆို..

    (ဒီငါးရိုးကိုအကြောင်းပြုပြီး အပျိုကြီးတစ်ယောက် အလကားနေရင်းအိပ်ယာအောက်ရေဝင်မလိုဖြစ်သွားတာလေ ကံကောင်းလို့ပေါ့)
    ဆိုတာလေးက…????????????
    :harr: :hee: :528:

    • ကိုကိုမိုက် ဟောသမှာကြည့်
      (ကျမ မတော် တဆ သေသွား ခဲ့ ရင် ကျမ သား ကို ကျမ အမေ ဆီမှာ ပို့ထားဖို့….အမေက လူအား ဖြင့် စောင့် ရှောက် နိုင် ပေမယ့် ငွေ အားဖြင့် မတတ် နိုင် တဲ့ အတွက် သူတို့ မြေး အဖွား ကို ထောက်ပံ့ ဖို့ …သူ သင့် တော်တာတွေ့ ရင် နောက် အိမ်ထောင် ထပ်ပြု ဖို့ …. ဒီနေရာ မှာ စာအုပ်တွေ၊ ဇာတ်လမ်းတွေ ထဲမှာ မိန်းမ ၊ယောက်ျား တစ်ယောက်ယောက် သေခါနီး ရင် ကျန်ခဲ့တဲ့ သူကို နောက် အိမ်ထောင် မပြု ဖို့ မှာ တတ် ကြတယ်။…… တကယ်တမ်း မှာတော့ သေသောသူ ကြာရင်မေ့ ပြီး တပင်လဲမူ တပင် ထူ တတ်ကြတာ လောက ဓမ္မတာပါပဲ။…… ယောက်ျားတွေ က ပိုဆိုး ပါတယ်၊ မုဆိုး မ ဘဝ နဲ့ အရိုး ထုတ်တဲ့ မိန်း မတွေ တော်တော် များ များ ရှိပေမယ့် မုဆိုးဖို ဘဝ နဲ့ တစ်သက်လုံး နေသွားတဲ့ ယောက်ျား ရှား ပါတယ်။

      ဒီတော့ ကျမလည်း ဖြစ်နိုင်ခြေ ရှိတာကို ပဲ မှာ ပါတယ်။ ဖြစ်နိုင်ရင် သားကို လည်း ချစ်တဲ့ သား အကြောင်း သိထားတဲ့ မိတ်ဆွေ အပျိုကြီး မမ တစ်ယောက် ကို ပဲ ယူ ပါ လို့ တောင် ပြောဖြစ်တယ်။ နောက် အိမ် ထောင် နဲ့ ကလေး အကောင်းလေးတွေ ရ လာ ခဲ့ ရင် ကျမ သား အရူး လေး ကို ပစ်မထား ဖို့လည်း အထပ်ထပ် မှာနေမိခဲ့ တယ်။ ကျမ မှာတာတွေ က အခုချိန် ပြန်တွေး ရင် ရယ်စရာ ကြီး ပေမယ့် အဲဒီတုန်း ကတော့ ပူလောင် မှုတွေ ကြား ထဲ မှာချင်တာ မှာ ခွင့် ရလို့ ဖြေသာခဲ့ တယ်။)

  • ဦးဦးပါလေရာ

    November 11, 2012 at 5:01 pm

    ဆုရတဲ့သူတွေကိုလဲ ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုပါတယ်။

    ဆုကြေငြာတဲ့ပိုစ့်ကိုလဲ ဖန်တီးမှု့၊ သရုပ်ဖေါ်မှု့နဲ့၊ အားထုတ်မှု့တို့အတွက် လေးစားချီးကျူးသွားပါတယ်ဗျို့…။

    အခု လေးလ အတွင်း ဆုရတဲ့ပိုစ့်တွေနဲ့
    ဆုကြေငြာတဲ့ပိုစ့် လေးခုကို ဖတ်ကြည့်ပြီးရင်
    ကိုယ်တိုင်ပိုစ့်ရေးဖို့တောင် လက်မရဲတော့ဘူး…။
    သူကြီးအတွက်လဲ သူ့ရွာသူားတွေထဲ ဒီလိုလူတွေရှိတာ ဂုဏ်ယူစရာပါ… လို့ပဲ…။

  • kyeemite

    November 11, 2012 at 5:08 pm

    ပထမဆုဆွတ်ခူးသွားပါသော….
    ညီမလေး…မိုချို
    ဒုတိယ…
    ညီငယ် အလင်းဆက် နဲ့ ညီမငယ်လေးမွန်မွန်
    တတိယ…
    စာအရေးအသားကောင်းတဲ့…ဂျလေဘီရောင်းနေရာကနေ
    ဆန်ပြုတ်ပြောင်းရောင်းပါသော…
    ကိုဆာမိ…
    အားလုံးအတွက်လေးစားဂုဏ်ယူပါကြောင်းနဲ့…
    နောင်ကိုလည်း ဒီထက်မက ကောင်းတဲ့ စာလွှာတွေ ဂေဇက်ရွာကြီးမှာ
    ဖြန့်ကြဲကြပါအုံးလို့….ဝမ်းမြောက်ဝမ်းသာပြောကြားလိုပါဂျောင်းးးးးးးးးးးး :harr: :528:

  • မိုး မင်းသား

    November 11, 2012 at 5:58 pm

    အားလုံကို…bravo…..လို ့ပြောပါရစေလေ……

    သရဲအကြောင်းပြောတဲ ့…မိုချို

    ဓါးသူရလို ့ပြောတဲ ့…အလင်းဆက်

    လုံမလေးလို ့ခေါ်တဲ ့….မွန်မွန်

    ဂျလေဘီရောင်းနေရတဲ ့…ကိုဆာမိ……

    အားလုံးအတွက်…ဝမ်းမြောက်….ဂုဏ်ယူမိပါေြ..ကာင်း…..

    ပြောပါရစေ…..အားကျမိပါကြောင်း…..လေးစားမိပါကြောင်း…..

    ပြောကြားရင်း…နိဂုံးချူပ်အပ်ပါတယ်……..

    ချစ်ခြင်းမေတ္တာဖြင် ့

    မိုးမင်းသား

  • Khaing Zar Win

    November 11, 2012 at 7:05 pm

    စဖတ်ကတည်းက ကြိုက်ခဲ့တဲ့ ပို့(စ) ပိုင်ရှင်များဖြစ်တဲ့ မမိုချို၊ အလင်းဆက်၊ မွန်မွန်၊ ကိုဆာမိ အားလုံးအတွက် ဝမ်းသာကြောင်းပြောပါရစေ။

    Congratulations ပါဗျို့။ 🙂

  • weiwei

    November 11, 2012 at 7:38 pm

    ပထမရတဲ့ မိုချိုနဲ့ ဒုတိယ တတိယအကြိုက်အများဆုံးရွေးခံရသော အလင်းဆက်၊ မွန်မွန်နဲ့ ကိုဆာမိတို့အားလုံး congratulations! ပါလို့ …

    ကိုပေါက်ရဲ့ ဆုရွေးချယ်ရေးပို့စ်ကတော့ ဘရာကြော်ပါဗျို့ ….

  • အလင်းဆက်

    November 11, 2012 at 8:30 pm

    အဲ…

    တားတားတို့က ဒုတိယ ဆု..ရဒယ်…
    ပျော်လိုက်တာ ။

    ဆုပေးပွဲကို ဖိတ်မှာလား..။ အစားတွေ..အသောက်တွေ.လာ စား /( သောက်ချင်တာက များများ )
    လို ့ရလား..ဟင်..။

    မတိလို ့မေးတာပါ..။
    :kwi:

    —————————–

    လေးပေါက်ရေ..

    မနေ့ကတည်းက… 11 . 11 . … 11 နာရီ မှာ..ဒီ… စာရင်း…တက်လာမယ်..ဆိုတော့..
    ရင်တွေ ့ ခုန်နေတာ.။
    ဒီနေ ့လည်း….

    မနက်ကတည်းက ဟန်းဆက်သေးသေးလေးနဲ ့.. ဝိုင်ဖိုင်..ကွန်စုတ်စုတ်လေးနဲ ့တစ်ချိန်လုံး.ချောင်းနေတာ

    11 း00 သာ..ထိုးရော…ကွန်က မကောင်းတော့.. စာရင်းက တက်မလာဘူး ။

    ရွာသူတစ်ယောက်နဲ ့… စကားပြောဖြစ်ရင်းက ..အဲဒိ ရွာသူ..က
    လင်ခ့်လေးပေးလို ့.. ဝင်ကြည့်လို ့ကလည်းမရ ဖြစ်နေတုန်း……….

    ဘာမပြောညာမပြောနဲ ့အဲ..ဒီ ရွာသူက…. congratulations! အလင်းဆက်
    လို ့ ပြောလိုက်တော့…
    ရင်တွေ.တအားခုန်သွားတာ..ဗျာ..
    စာတောင် ဘာစာလုံးမှ မရိုက်နိုင်တော့တာ..လက်တွေ ..ကို တုန် လို ့..

    congratulations! ဆိုတော့..
    သားသား..များမမျှော်လင့်ပဲ..ဆုရသလားပေါ့နော် ။

    အဲဒီ ရွာသူကိုမေးတော့တယ်…ဘယ်သူရတာလဲ..ဟင်..ဆိုတော့လည်း…
    သိချင်ရင် ဖတ်ကြည့်တဲ ့လေ….:)

    အရင်လ တွေမှာက.. ဆုရသူတစ်ယောက်ပဲ.ကြေညာတာလေ. ။
    အခုလို ..ဒု …တွေ…. တ..တွေ..မပါခဲ့ဘူးဆိုတော့…
    သား ပဲ..ဆုရသွားသလားပေါ့နော် ။
    နောက်မှ..စာတွေ ကိုသေချာဖတ် လို ့ရတော့မှ….

    သားသားတို ့က…ဒုတိယ ဆု…

    ====================

    ဘာပဲဖြစ်ဖြစ်..
    သားတို ့ရေးတာလေး.တွေ.. ကို..
    အခုလို..အသိအမှတ်တွေ ပြု ကြ….

    အမှတ်တရတွေ…စု….ကြ..မို ့….

    သားတို ့..ရေးရတာ ပျော်သထက် ပျော်လာတယ် ။
    အား အင်တွေ.. အပြည့် ဖြစ်ဖြစ်..လာတယ်ဗျာ. ။

    ——————————

    ဒီလို..ဆုပေးပွဲ အစီအစဉ်..ဖြစ်အောင်…

    ဝိုင်းဝန်း… ဖန်တီး.ပေးကြသူများ..အားလုံးကိုလည်း..လေးစား..မိပါတယ် ။
    ကျေူးဇူးလည်းတင်မိတယ် ။
    ——————–

    ဒီလို…ဆုတွေ..အသီးသီးပေးခြင်း အားဖြင့်..
    ရွာထဲက စာတွေဟာ..
    အရည်အသွေးတွေ .ပိုတောာက်ပလာတယ် ။
    ရွာဟာလည်း.ရင်ခုန်သံတွေ.. နဲ ့ အရင်ကထက်…စည်ကား ..လာတယ် ။

    ဝက်ဘက်ဆိုက်တွေထဲမှာလည်း….
    မသေသော..ဆိုက်တစ်ခု / အမြဲ.ရှင်သန်နေသော… ဝက်ဘ်ဆိုက်တစ်ခု အဖြစ်…
    တင့်တယ်..နေပါပြီ ။

    =================

    ရွာသူရွာသားအားလုံး ရဲ ့ ရေးအား../ တွေးအား..
    ဖန်တီး.မှု..အားတွေ.. ဟာ…
    ဒီ တစ်နေရာ ထဲမှာ.ပေါင်းစည်းပြီး…..

    အလွန် တောက်ပ ခမ်းနားသော…အလင်းတန်းကြိးတစ်ခု လို…
    လှ…ပ….. ခန့် ထည်….လို ့

    ရွာဟာ…..ချစ်စရာ…အဖြာဖြာ နဲ ့….
    ရှု မငြီးနိုင်စရာ..အတိပြီး…. နေပါပြီ

    =========

    ဒီ အတွက်…

    ဖန်တီးသူများက်ိုရော…

    ခံစားသူများကိုပါ….

    ချစ်ခင်လေးစားစွာ…
    ကျေးဇူးတင်လျက်…ပါ..လို ့

    ===============
    တိုတိ်ု တုတ်တုတ်ပဲ..ပြောသွားဒယ်နော် ။

    :kwi:

    ချစ်သော..
    အလင်းဆက်

  • အလင်းဆက်

    November 11, 2012 at 8:39 pm

    တိုတိုလေး.. မန် ့လိုက်လို ့ကျန်သွားတယ်…

    မမမိုချို ရေ….Congratulations နော် ။

    ထပ်တူထပ်မျှ ဝမ်းသာမိတယ်ဗျ ာ..။
    နေ့လည်ကတည်းက အစ်မ ရဲ ့ ကျေးဇူးတင်စကား
    မင်းသမီးနဲ ့ တူအောင် ပြောသွားတာကို ဖတ်ပြိး..
    ရယ်နေမိတာ ။

    မမမို ရဲ ့အပျော်တွေ..သားတို ့ဆီတောင်..
    ကူး.လာတယ်ဗျို ့ ။

    Congratulations ပါ..မမိုချို…
    🙂

    ==============
    လေးလေးပေါက်..
    ဓါး ပုံတွေ..ကို.ရဖို ့.. ဘုရားပွဲ လည်းသွားလိုက်ရတယ်နော် ။

    ပထမ ရှိပြီးသားပုံတွေက…
    ဘယ်လိုပုံတွေလဲ.ဆိုတာတောင် သိချင်မိသေး….

    အဟေးဟေး

  • Green Rose

    November 11, 2012 at 10:10 pm

    အီး.. ပထမရတာက မမိုချိုလား…. မမိုချိုရေ Congratulation ပါနော်..
    ကိုပေါက်ရေ.. မနက်က result ထွက်ထွက်ချင်း ပထမရတာ ကိုဆာမိ ပါဆိုပြီးနီးစပ်ရာတွေကို ဖုန်းဆက်ပြီး လက်တို့ထားမိတယ်။ ခုတော့ နောက်ထပ် ဖုန်းပြန်ဆက်ပြီး သတင်းပြင်ရဦးမယ်..
    ဖုန်းဖိုးတွေ ပြန်ပေးမှာလား?

    လေးစားလျှက်

    (Green Rose)

    • မှန်ပါ့ ကျနော်အဖွက်လွန်သွားတယ်
      အင်တာနေရှင်နယ်မှာ ဆုကြေငြာရင် နောက်ဆုးံ က စကြေငြာတယ်လေ
      ကိုပေါက်ကလဲဒီစတိုင်ချိုးထဲ့လိုက်တာ အားလုံး ဇာတ်လမ်းတွေရှုပ်ကုန်တယ်။
      ဒါနဲ့မဖြစ်ချေဘူးဆို ပြီး ကော်မင်းကနေပြင်လိုက်ရတယ်။
      ဖုန်းဖိုးတွေလျော်ပေးရမယ်ဆိုတော့ အင်းးးးးးးးးးးးးးးးးးးးးးးးးးး

      မာမာအေးသီချင်းလေးကြားဘူးလား

      လဝန်းလေးနဲ့တူတယ်မေ့ကိုလားကွယ်ဆိုတာလေ
      အဲ့ဒီအတိုင်းဘဲ မှတ်လိုက်ပါတော့

      • surmi

        November 12, 2012 at 12:07 am

        အစ်ကိုရေ ..
        အမှန်က ကျနော်တို့ အူကြောင်ကြောင်နဲ့ ပတ်လည်ရိုက်သွားလို့ အစ်ကိုဖန်တီးထားတာလေးတွေ
        အရသာပျက်သွားမလားပဲ …..။မနက်ကတည်းက အားနာနေတာ ….။
        ကိုယ် ့ဟာကိုယ်တော့ ပြန်တွေးပြီး ရီလို့မဆုံးပါဘူး ….။
        ဝန်ခံရရင်တော့ ဒီလထဲမှာ ပို ့စ်တွေကို သေသေချာချာမဖတ်ခဲ ့မိလို့ပါ ။
        ဘာပဲဖြစ်ဖြစ် ဒီတစ်ပါတ်ကြေငြာတဲ ့အစ်ကို့ပို ့စ်ကတော့ တစ်ကယ်အမှတ်တရဖြစ်သွားခဲ့ပါပြီ ။

        @Green Rose
        ဖုန်းဆက်ပြောပေးတာ ကျေးဇူးပါဗျာ ….။
        တစ်နေ ့ကြုံလာခဲ့ရင် အဲဒီဖုန်းဆက်တာအတွက် မုန့်ကျွေးပါ ့မယ် နော …
        :hee: :hee:

        • Hnin Hnin

          November 12, 2012 at 12:40 am

          ဟုတ်တယ်..ကိုဆာမိရေ…အခု အစ်ကို မန့်ထားတာဖတ်ပြီး နှင်းနှင်းလည်း
          ရယ်နေရတုန်းပဲ….တစ်နေကုန်လည်း ကိုယ်မွှေလိုက်ပုံကို တွေးမိတိုင်း
          တစ်ယောက်ထဲ ရယ်လို့မဆုံးဘူး… 😀 😀

          ‘ပုံပိုင်ရှင် စိတ်စွဲ၊ မှားချက်ကယ်က အလွဲကြီးလွဲ’ 🙂

          အားနာနာနဲ့ပြောရရင် မှတ်မှတ်ရရ လေးပေါက်လည်း ချက်ချင်း ဖြေရှင်းချက်
          ထုတ်၊အလုပ်ရှုပ်သွားရတယ်…နှင်းနှင်းလည်း စပ်ဖြီးဖြီးမျက်နှာကြီး တစ်နေ့လုံး ဖြစ်နေရတာလည်း အမှတ်တရ ဖြစ်သွားပါတယ်…ခွင့်လွှတ်ပါ လေးပေါက်ရေ..

        • အမှန်ကတော့ ကိုပေါက် မလယ်ရှုပ်လုပ်လိုက်တော့
          အားလုံးကိုရှုပ်သွားတာဘဲဖြစ်ကုန်တော့တာပေါ့နော်

          အောင်လ ပါခင်ဗျာ……………………

  • အလင်းဆက်လေးရေ
    ပျော်တယ်ဆိုလို့ ဝမ်းသာပါ၏
    ပထမရိုက်ထားတဲ့ဓါးပုံက ဓါးသက်သက်မဟုတ်ဘူး။
    ဆိုင်ကိုဦးစားပေးရိုက်ထားခဲ့တာလေ။
    အခုက ဓါ်းချည်ဘဲသက်သက် အသွားလေးတွေပေါ်နေတာကို လိုချင်လို့ သတ်သတ်သွားလိုက်တာ။

    အခုလို သေချာ လုပ်ပေးတာက ကိုယ်ရွေးပေးလိုက်တဲ့ ဖန်ဆင်းရှင်လေးတွေကို ဝတ္တရားအရ
    ပြီးစလွယ်လုပ်ပေးတာမဟုတ်ဘူး တကယ်ကို နှစ်နှစ်ကာကာကြီး ဂုဏ်ပြုတယ်ဆိုတာကိုပေါ်လွင်စေချင်လို့
    ဘယ်လိုဖန်တီးတယ်ဆိုတာကိုပြောပြပေးတာပါ။
    အားလုံးနဲ့ထပ်တူထပ်မျှ ကြည်နူးသလို
    အလင်းဆက်တို့ မွန်မွန် တို့လိုလူငယ်တွေ
    လေးတွေရဲ့စာကိုရွှေးချယ်ခွင့်ရတဲ့အတွက် လဲ ကြည်နူးပါတယ် နောင်လဲ စိတ်မပျက်ဆက်လက်ရေးသားကြစေလိုပါတယ်။

  • ကထူးဆန်း

    November 11, 2012 at 10:15 pm

    တစ်နေ့လုံး ကွန်ပူတာ နဲ့ ဝေးနေပေမဲ့ လေးပေါက် ၁၁ နာရီမှာ ဘယ်လိုတင်မလဲ ဖတ်ချင်နေတာ ။
    ညနေပြန်ရောက်လို့ ကွန်ပူတာ နားထိုင်နိုင်တော့လည်း အရေးဆို ကွန်က မတက်တော့ဘူးလေ။ အခု ည ၁ဝနာရီ မှ ဝင်လို့ ရတယ် ။

    ဦးဦးပါ နောက်ကလို်က်လို့

    ဆုရတဲ့သူတွေကိုလဲ ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုပါတယ်။

    ဆုကြေငြာတဲ့ပိုစ့်ကိုလဲ ဖန်တီးမှု့၊ သရုပ်ဖေါ်မှု့နဲ့၊ အားထုတ်မှု့တို့အတွက် လေးစားချီးကျူးသွားပါတယ်ဗျို့…။

    me2. :hee:

  • အရီးခင်လတ်

    November 12, 2012 at 5:19 am

    ကထူးဆန်း says:
    ဦးဦးပါ နောက်ကလို်က်လို့
    {{ ဆုရတဲ့သူတွေကိုလဲ ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုပါတယ်။
    ဆုကြေငြာတဲ့ပိုစ့်ကိုလဲ ဖန်တီးမှု့၊ သရုပ်ဖေါ်မှု့နဲ့၊ အားထုတ်မှု့တို့အတွက် လေးစားချီးကျူးသွားပါတယ်ဗျို့…။ }}
    me2. :hee:

    မီး သရီး
    ဟီး ဟီး ဟီး

  • အရီးခင်လတ်

    November 12, 2012 at 5:22 am

    ကပေါက်ကြီးရေ
    အလေးပြု ဦးညွတ် ပါတယ်။

    ဒီ တစ်လ နံပါတ်(၁) မိုချို
    အလင်းဆက်
    မွန်မွန်
    ကဆာမိ
    တို့ကို လဲ Congratulations ပါရှင်။
    ကျန်သူများလဲ
    စာကောင်း ပေကောင်း များ ဆက်လက်မျှဝေ ကြပါဦး။
    :hee:

  • ဦးကြောင်ကြီး

    November 12, 2012 at 6:34 am

    အကြိုက်ဆုံးစာမူ
    အကြူဆုံးစာမိုက်
    မအူကုန်းအာရိုက်
    တူဂတုံးစွာကိုက်
    လှူအမုန်းညာနှိုက်
    ခူပိတုန်းဖျာပိုက်
    ဘူငရှုံးပြာဆိုက်
    ဂူတလုံးဇာသိုက်…။

  • blackchaw

    November 12, 2012 at 8:56 am

    ဆုကြေညာသွားတဲ့ ပါဖေါမန့်စ်အတွက် ဂုဏ်ယူပါတယ် ကိုပေါက်ရေ…။
    ဆုရသွားတဲ့ မမိုချို အတွက်လည်း ဝမ်းမြောက် ဂုဏ်ယူပါတယ် ဆိုတဲ့အကြောင်း…။
    စကားအတင်းစပ်ရရင်ဖြင့်…
    မမိုချို ရဲ့ ဆုရရင်ခုန်သံနဲ့ ကျေးဇူးတင်စကားကြောင့်
    ဒီလ စာပေဆုကြေညာပွဲဟာ အင်မတန်လှပခဲ့ပါကြောင်း…
    နောက်လ နောက်လတွေမှာလည်း…
    ဆုရ စာရေးသူတွေအနေနဲ့ …
    ကျေးဇူးတင်စကားလေး ချီးမြှင့်ပေးကြဖို့…
    တောင်းဆိုခဲ့ပါကြောင်း….။
    လေးစားခင်မင်တဲ့…
    ဘလက်ချော…။

  • Fall Guy

    November 12, 2012 at 9:31 am

    မမိုချိုရေ…
    ဝမ်းမြောက်စွာနဲ့ ဂုဏ်ယူပါတယ်…..။

  • MaMa

    November 12, 2012 at 10:00 am

    ပထမဦးဆုံး ဆုရတဲ့ မိုချိုကို ဝမ်းသာကြောင်း ပြောချင်ပါတယ်။
    အတွေးကောင်း အရေးကောင်းတဲ့ သူမို့ ရွာထဲဝင်လာစကတည်းက သတိပြုမိလောက်အောင်ပါပဲ။
    စကာတင်ဆုတစ်ခါရဖူးတဲ့သူအနေနဲ့လည်း မှတ်မိနေခဲ့တယ်။
    အထူးသဖြင့် ငါးစားတိုင်းးးး :harr:

  • Mon Kit

    November 12, 2012 at 10:34 am

    ဆုရရှိသူများ အားလုံးက လှိုက်လှဲဝမ်းသာစွာနဲ့ ဂုဏ်ယူပါတယ်ရှင်….. 🙂

  • မိုချို

    November 12, 2012 at 4:26 pm

    ဆုပေး ပွဲ ကို ကိုယ် တိုင ်လာချင်ပါတယ်။ ရွာသူားတွေနဲ့ အပြင်မှာလည်း တွေ့ ဆုံ ရင်းနှီးခွင့် ရချင်ပါတယ်။ ဒါပေမယ့် တရုတ်နှစ်ကူး (သို့) အဲဒီ ရက်တွေ နောက်ပိုင်း မှ ပြန်လာဖို့ စီစဉ် ထားတာ မို့ လို့ ဒီတခါလည်း ရွာသူားတွေ နဲ့ လွဲ ရ အုံး မယ် ထင်ပါတယ်။ ကိုယ်စားလာယူ လို့ ရတယ် ဆိုရင် တစ်ယောက်ယောက် မိုချို့ ကိုယ်စား လာယူ ပါလိမ့် မယ်။

    အန်တီ ပဒုမ္မာ
    အန်တီရဲ့ အပိုဆု ကို ရယူ နိုင်တဲ့ သူတွေ ထဲ ကိုယ် လည်းပါလိမ့် မယ် လို့ မမျှော်လင့် ရဲခဲ့ ပါဘူး။ ဒါပေမယ့် အပိုကြီး ရဲ့ အပိုဆု ကို ဖတ်ပြီးတဲ့ အချိန် မှာ စာပေ မြတ် နိုးတဲ့ သူ တစ်ယောက်က လူချင်း တောင် မဆုံ ဖူးသေးတဲ့ ဝါသနာရှင် တွေ ကို အားပေး ချီးမြှောက် ချင်တဲ့ စေတနာ ကို တွေ့ ရလို့ စာရေး ဖို့ အားတွေ တတ်လာ တာ အမှန်ပါ။
    မိုချို ငယ်ငယ် တုန်း က အဖေ အမေ တို့ ဖတ်တဲ့ စာအုပ်တွေ လိုက်ဖတ် ရင်း က စာဖတ်ခြင်း ကို စွဲလမ်း ခဲ့ ရတယ်။ အရွယ်ရောက် လာပြန် တော့ ကိုယ် ကြိုက်တာတွေ ရွေးဝယ် ဖတ်ဖြစ်ရုံ မကဘူး အမေ ဖတ်တာတွေလည်း လိုက်ဖတ်ဖြစ် သေး တာပဲ။ ခုထိ လည်း အမေ က သူဖတ် တဲ့ စာအုပ်တွေ ထဲက ကောင်းနိုး ရာရာလေးတွေ လှမ်းပို့ ပေးနေတုန်း ပါ ။ ဒါကြောင့် မိုချို့ အတွက် အန်တီ ပေး မယ့် အမှတ် တရ ဆု ကို မိုချို ကလည်း အမှတ် တရ အနေနဲ့ အမေ ကြိုက် တာ ရွေး ပေး ဖို့ ပြောထားတယ်။ အမေကြိုက်တာ ကို ကိုယ့် ပိုက် ဆံ နဲ့ ဝယ်ပေးချင်ရင် အချိန် မရွေး ဝယ် ပေးလို့ ရပေမယ့် ကိုယ့် ကို စာပေနဲ့ ပတ်သတ် ပြီး ချီးမြှင့် တဲ့ ဆု ကိုတော့ အရမ်း တန်ဖိုး ထား မိတဲ့ အတွက် အမေ့ ကို ရွေးခွင့် ပေးတာ အန်တီ ပဒုမ္မာ နားလည် ခွင့် ပြု ပေး ပါ နော်။ အမေ ဖုန်း ဆက် ပြော လာ ပြီး ရင် အကြောင်း ပြန်ပါ့ မယ်။
    အားပေးချီး မြှောက် ကြတဲ့ ရွာသူား အပေါင်း ကိုလည်း ဝမ်းမြောက်ဝမ်း သာ ကျေးဇူး တင် ပါကြောင်း ထပ်လောင်း ပြောလိုက် ပါရစေ။

  • uncle gyi

    November 12, 2012 at 4:57 pm

    အရင်အကယ်ဒမီပေးပွဲလိုမဟုတ်တာအသေအချာ
    ရသင့်ရထိုက်သူအားလုံးရလို့
    မမိုးချို၊ ကိုလင်းဆက်၊ မမွန်မွန်နဲ့ ဦးဆာမိတို့ရေ
    ကွန်ကရက်ကျူရေးရှင်းပါနော်

  • ရွှေ ကြည်

    November 12, 2012 at 5:00 pm

    ပျော်စရာပို့စ်လေးပါပဲ ပို့စ်ရောမန့်တွေရော အးရပါးရဖတ်ရင်း မျက်နှာမှာအမူအရာမျိုးစုံပြောင်းလို့..။
    ဆုရရှိသူတွေအတွက်ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောပါရစေလို့..။

Leave a Reply