ခွင့်လွှတ်ပေးနိုင်ပါစေ

ပြောင်းလဲမှုတွေ အဆက်မပြတ် ဖြစ်ပေါ်နေတဲ့ နေ့ရက်တိုင်းမှာ

အမှားများစွာနဲ့ လှမ်းလျှောက်ခဲတဲ့ငါ . . . . .

တဖြည်းတဖြည်း ဝေးဝေးလာခဲ့ကြတာ အခုဆိုရင်

ပြန်ဆုံနိုင်ဖို့တောင် မလွယ်ကူတော့ပါလာ . . . . .

မင်းမရှိတဲ့ နေ့တွေ ညတွေကို ကြုံတွေ့ရတဲ့ အခါမှ

အကြိမ်ကြိမ် အခါခါ တမ်းတနေမိခဲ့တာဟာငါ  . . . . .

မင်းအကြောင်းထိုင်တွေး ကဗျာတစ်ပုဒ်ရေးရင်း

တစ်ခုစဉ်းစားမိတာက ဘယ်လောက်ထိ ဝေးကြရဦးမှာလဲ . . . . .

ဘယ်အချိန် ဘယ်ဘ၀ရောက်ရောက်

မင်းနဲ့ဆုံတွေ့နိုင်ခွင့် မျော်လင့်နေတယ်ဆိုတာ မင်းသိရဲ့လား . . . . .

ပြန်မဆုံနိုင်ခဲ့ရင်တောင်မှ ပြန်ဆုံနိုင်ခွင့်နဲ့ ထိုက်တန်အောင်

ငါပြောင်းလဲခဲ့ ပြုပြင်ခဲ့ ပြီးပါပြီ ။        ။

Mobile (ခံစားချက်အစစ်အမှန်)

 

 

 

About ​မောင်​မိုဘိုင်း

Mobile13 has written 39 post in this Website..

ไม่มีอะไรที่เป็นไปไม่ได้!