ဇာခန်းဆီး၏ နောက်ကွယ်

သူမကြင်နာလို့ ကိုယ်စိမ်းလိုက်ရတယ် ဆိုပေမယ့်
လူမမြင်ကွယ်ရာမှာ ဘယ်သူစိမ်းတွေနဲ့ …

နင်..

ဂိမ်းတွေပဲ ဆော့နေတော့မှာလား
မျက်လုံးတွေလည်းဝေဝါးနေပြီ…

နင့်ကို ပေးတပ်ဖို့ မျက်မှန်တစ်လက်
မနက်ဖန်မနက်မှာ နင် မျက်နှာသစ်ရအုံး­မယ်လေ…

နင်…

အဲဒီလို ပေးဆပ်မှုမျိုးနဲ့တော့
အဲဒီ ပျော်ရွှင်မှုမျိုးကို မတပ်မက်သင့်ဘူး…

နင်စွန့်လွှတ်ခဲ့ရတဲ့ ဂုဏ်သိက္ခာအတွက်
လူတစ်ချို့တော့ မျက်ကွယ်ပြုတန်ကောင်းရဲ့…

နင်…

အဲဒီလို ရပ်တည်မှုမျိုးနဲ့တော့
အဲဒီဘက်ကို နင် မယိမ်းယိုင်သင့်ဘူး…

တစ်ခါတုန်းက ရင်းနှီးခဲ့တဲ့ ရင်တစ်ခုက
တိတ်တဆိတ် ပြက်ရယ်ပြုနေမှာကို…

နင်…

တစ်ဖက်ကို မကြည့်ချင်တော့လ­ို့
အခြားတစ်ဖက်ကို မမြင်နိုင်တာမျိုးလား…

ရိုးရိုးသားသား
(ဘာလို့ နားတွေကို ပိတ်ထားရတာလဲ…)

နင်…

ဟောဒီ ရင်ဘတ်ထဲက ပေါက်ကွဲသံစဉ်တေ­ွ
ဟောဒီ ဘယ်ဘက်တစ်ခြမ်းမှာပဲ…

မနာလို မဖြစ်နဲ့နော်
သူ့ဘက်ကိုချည်းပဲလည်း မတွေးပေးနဲ့…

နင်…

နင် ရစ်ပတ်ခဲ့တဲ့ ကြိုးတစ်ခွေကို
နင် ပြန်မဖြည်ချင်တော့ဘူး ဟုတ်…

ငါ့ကို တစ်ကြိမ်လောက်တော့ နှုတ်ဆက်သင့်ပါရဲ­့
ငါ့လက်ထဲမှာ သံယောဇဉ်…

(အခိုးအငွေ့…)။ ။

တောက ကိုရင်
၀၂.၀၆.၂၀၁၁

About တောက ကိုရင်

တောက ကိုရင် has written 40 post in this Website..