အပြောင်းအလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျနော်ကာတွန်းပုံလေး ဆွဲပြီး ဂေဇက်မှာ ပို့စ်တင်လိုက်တော့ ရွာသူားအများက အားပေးကြတယ်.. ကိုယ်မဆွဲတတ် ဆွဲတတ် ရေးတင်တဲ့ ပထမဆုံးလက်ရာလေးကို အားလုံးက (အားနာပါးနာ) ချီးကျူးကြတော့ အတော်လည်း ပျော်သွားပါတယ်ခင်ဗျား

အဲဒီမှာ ကျနော်တို့ သူကြီးက ခုလို တောင်းဆိုထားပါသေးတယ်..

kai says:
ကာတွန်းရေးပေးပါခင်ည..

အပြောင်းအလဲဆိုပြီး …ပြောင်းလဲအောင်.. ပြောင်းပြပြီး.. ပြောင်းရုံနဲ့မရ..
လူတွေပါလဲရမယ်.. မလဲချင်ရင်.. လှဲချလိုက်…
လှဲမချရင်.. လဲကျအောင်…. ကန်ချရလိမ့်မယ်..။ :kwi:

သူကြီးရေးထားတဲ့ စာသားလေးဖတ်ပြီး ကျနော် သဘောပေါက်သလို ကာတွန်းထပ်ဆွဲကြည့်ပြီး ပို့စ်ထပ်တင်ပေးလိုက်ပါတယ်

သူကြီးအတွက်လက်ဆောင်ပေါ့..

သူကြီးစကားလုံးတွေနဲ့လည်းကိုက်အောင်၊ ခေတ်ကာလ အဖြစ်အပျက်လေးတွေနဲ့လည်း ကိုက်အောင် ဥာဏ်စွမ်းရှိသမျှ ကြိုးစား သရုပ်ဖော်ထားပါတယ်။

ဒီနေရာမှ လူလဲချင်လည်း မလဲချင် လှဲချလိုက် .. မဟုတ်ရင် လဲကျအောင် ကန်ချမယ် ဆိုတဲ့စကားပြောမယ့်သူကို ဘယ်သူလို့ ဆွဲရမလဲ စဉ်းစားကြည့်တော့….

”အရှင်ဘုရား တပည့်တော်တို့သည် မိုက်မဲသည့်အလျောက်၊ မလိမ္မာသည့်အလျောက် တွေဝေသည့်အလျောက်  သံဃာတော်ကို အစိုးမရခြင်းတည်းဟူသော အကြောင်းကြောင့် ကိုယ်ထိလက်ရောက် ကျူးလွန်မိပါ၏။ အရှင်ဘုရား တပည့်တော်တို့အား သံဃာတော်များက နောင်အခါစောင့်ဆည်းခြင်းငှာ အပြစ်ကို အပြစ်အဖြစ် ရှုမြင်လျက် ကရူဏာရှေ့ထား၊ မေတ္တာအားဖြင့် ခွင့်လွှတ်တော်မှုပါဘုရား” ရယ်လို့ ရှေ့ကတိုင်ပေးပြီး ကန်တော့တောင်းပန်စေလိုက်တဲ့ သံဃာတော်တွေကို မြင်ယောင်မိပါတယ်။

ပြောင်းလဲမှုလည်း မလုပ်ချင်၊ နေရာက လဲမပေးချင်၊ လှဲချဖို့လည်း မမြင်တဲ့သူတွေကို ကန်ချမယ်လို့ ပွင့်ပွင့်လင်းလင်း ဆော်ရဲမယ့်သူ နေရာမှာ သံဃာတစ်ပါးပုံကို ဆွဲလိုက်တာပါ..။

ရွာသားတွေ အမြင်ကိုလည်း ဝေဖန်ထောက်ပြပေးပါအုံးလို့ ..

Change1

မလဲရင် ကန်ချရလိမ့်မယ်

 

 

 

P.S ကာတွန်း category တစ်ခု ထပ်ဖြည့်လိုက်ရင် မကောင်းဘူးလား သူကြီးရေ..

 

 

 

 

 

 

 

 

၃ ကွက်ဆွဲတာ ပိုကောင်းမလား?

၃ ကွက်ဆွဲတာ ပိုကောင်းမလား?

 

About ရွာစားကျော် မင်းနန္ဓာ

ရွာစားကျော် မင်းနန္ဓာ has written 71 post in this Website..

နတ္ထိတွေ အစာသွပ်ထားတဲ့ ရင်ဘတ်ထဲ ၀မ်းစာကလည်း ရှားပါးလို့ ပစ္စုပ္ပန်မှာ ငူငေါင်ငေါင်ရပ်ရင်း လှမ်းမျှော်ပြီးကြည့်တော့ အနာဂတ်ဟာ မှုန်ဝါးလို့နေရဲ့.. မထူးဇာတ်ခင်းကာ အတိတ်က အိပ်မက်တွေကို ပြန်တူးကြည့်တော့ ပုပ်သင်ဥတွေပဲ ထွက်လာတယ်.... CJ # 7202011