ဒီအရွယ်ရောက်တဲ့အထိ အလုပ်ဆိုတာကို တော်တော့်ကို အစုံလုပ်ခဲ့ရဖူးပါတယ်…ဗဟုသုတပေါ့ဗျာ..အခု သစ်တန် အလွယ်တကူတွက်နည်းလေး နည်းပေးလိုက်ပါဦးမယ်…တချိန်မဟုတ် တချိန် အိမ်ဆောက်ရင်ပဲ ဖြစ်ဖြစ် သစ်ဝယ်ရတော့မယ့်အချိန် ကြုံလာရင်ပဲဖြစ်ဖြစ်ပေါ့ဗျာ….သစ်တချောင်းမှာ ထုနဲ့ဗျက်ဆိုတာ ရှိပါတယ်….ဥပမာ….၅x၃ ဆိုပါတော့ ထုက ၃ ထုပါ..၃လက်မပေါ့…ဗျက်က ၅လက်မပေါ့…ပါးစပ်အခေါ် ငါးသုံးလို့ ခေါ်ပါတယ်…၅x၃ တတန်မှာ ဘယ်နှစ်ပေရှိသလဲ…အလွယ်တကူ တွက်ချင်ရင်တော့…..
~~~ ၅x၃=၁၅ ရပါတယ်…ရတဲ့ ၁၅ နဲ့ ၇၂၀၀ ကို စားလိုက်ပါ…ရလာတဲ့ ၄၈၀ ကတော့ ငါးသုံးတတန်မှာ ရှိတဲ့ ပေရှည် အရေအတွက်ပါပဲ….
~~~ ၄x၁ ၁/၂ (လေးတစ်ခွဲ)ဆိုရင်လဲ ၄ ရယ် တစ်ခွဲရယ် မြောက်= ၆ရတယ်…ရတဲ့ ၆နဲ့ ၇၂၀၀ကို စားလိုက်..၁၂၀၀ပေ…
တတန်မှာရှိတဲ့ လေးတစ်ခွဲပေအရည်အတွက်ပေါ့…
~~~ .ပေတစ်(၁၂x၁)ဆိုရင်လဲ ၁၂ရယ်တစ်ရယ်မြောက်…ရလာတဲ့ ၁၂နဲ့ ၇၂၀၀ကိုစား…တတန် ပေခြောက်ရာပေါ့…တတန်မှာရှိတဲ့ ပေအရေအတွက်သိပြီဆိုတော့မှ ကြိုက်သလိုတွက်လို့ ရသွားတော့မှာပါ…ပေတစ်တစ်ပေ ၂၅၀၀ ဆိုပါတော့…တန်လိုက်ဈေး သိချင်ရင် ၂၅၀၀x၆၀၀=၁၅ သိန်းဈေးပေါ့ဗျာ…အဲ့ဒီလိုပဲ ၅x၃ တတန်ကို ၈သိန်းဈေးဆိုပါတော့ ၈၀၀၀၀၀/၄၈၀= ၁၆၆၆ကျပ်…ငါးသုံး တစ်ပေဈေးနှုန်းပေါ့…အချုပ်အနေနဲ့ကတော့ ထုနဲ့ဗျက်နဲ့ မြောက်….ရလာတာနဲ့ ၇၂၀၀ကို စားလိုက်..လွယ်လွယ်လေးပါနော…ဘာကြောင့် ၇၂၀၀ကို စားရတာလဲ…ဦးနှောက်ခြောက်ခံပြီး စဉ်းစားမနေပါနဲ့…အလွယ်စိတ်တွက်နည်းမို့လို့ ရှုတ်ကုန်မှာစိုးလို့ပါ…လိုသောသူ သုံး..မလိုရင်လဲ မသုံးကြနဲ့ပေါ့ဗျာ…
(လုံးဝမသိသေးသူတွေအတွက် ရည်ရွယ်ပြီး ရေးလိုက်တာပါ…)

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...