MG

ကျွန်တော်များ ရွာဆော်မှာ ဖြစ်သော ကျွန်တော်ရွှေတိုက်နဲ. ပါဝင်ကူညီဆောင်ရွက်ပေးသူ ကိုအမတ်မင်းတို. ပွဲစီစဉ်ထားပါတယ်..ဗျာ..

အခုလက်ရှိ တွေ.ဆုံပွဲနဲ.ဆုပေးပွဲတက်ရောက်သူ စာရင်းပေးထားတာ. စုစုပေါင်း အယောက် ၅၀ ရှိပါပြီး..

ဖုန်းဆက်စာရင်းပေးသူတစ်ယောက်မှမရှိပါ။…

ကဲစာရင်းပေးထားသူများကိုတော့ အောက်မှာဖော်ပြထားပါတယ်..

မပဒုမ္မာ၊ မမ၊ မဝေေ၀၊ ဆူး၊ ကိုဖေါရိန်း၊ ကိုကြီးမိုက်၊ ကိုဘလက်ချော၊ ဦးပါ၊ ရွှေတိုက်၊ အမတ်မင်း ၊ကြောင်ဝတုတ် ၊ အံစာတုံး၊ Mလုလင်

ကိုအံစာတုံး၊လုံမလေးမွန်မွန်၊ ကိုနေချား၊ဂျူးဂျူးမ၊ကိုနွေဦး၊ကိုအလင်းဆက်၊

ကိုအာဂ၊မနွယ်ပင်

မသျှားသက်မန်၊မနိုဗွီ၊ကိုမင်းသုဝေ၊မခိုင်ခိုင်၊P Chogyi

Water polo၊Water Fish၊ကိုကမ်းဝေး၊ပန်ပန်ချစ်၊သူရဿဝါ၊ရင်နင့်အောင်

ဦးကျောက်ခဲ၊ဂန္ဓာရီ ဆြာအုပ်၊Cobra၊မိုချို (ကိုယ်စား-အမေ)၊ကိုဆာမိ

ငြိမ်းငြိမ်း၊Kthwinzayarmyo၊မအိတုံ၊AKKO၊Rose Minn၊အိုဗားမား၊ရွှေအိ၊ကိုရဲစည်

ရင်ငြိမ်းနွေ၊တင်တင်၊Green Rose၊မအိ၊ဦးမာဃ၊ချာတူးလန်၊ကိုမင်နန္ဒာ

ကဲဒါတွေကတော့ ကော်မန်.နဲ.စာရင်းပေးထားကြသူများပါ….

အစီအစဉ်တွေကတော့…

http://myanmargazette.net/163470/travel ဟောဒီက ဆရာအုပ် လမ်းညွှန်လေးအတိုင်း ၀င်လာခဲ့ပါ..

ပထမဦးဆုံး လူအယောက် ၃၀ ကို ၀င်းကြေး ၃၀၀ လွတ်ကင်းခွင့်ရမှာပါ…. မြန်မြန်နဲ.စောစောလာနော်..

လာရင်လဲ မန္တလေး ဂဇတ်ပွဲသွားမလို. P3 စားသောက်ဆိုင်လို. ပြောဖို.မမေ့နဲ.အုံး……..

ကဲ…ဒါဆို အထဲသာဝင်လာခဲ့တော့.. P3 ကိုတွေ.ရင်ဖြင့် ဆရာအုပ်လမ်းညွှန်ထဲက R11 ၀င်ပေါက်ကနေ ၀င်ပေးကြနော်.. ရွာသူားတို.ရေ..

အဲဒီမှာ ဧည့်မှတ်တမ်းလေး လက်မှတ်ထိုးရင်……..ရေးချင်ရာရေးဘုတ်မှာ အမှတ်တရလေးတွေ ရေးပေးခဲ့ကြအုံး……….

ပြီးရင်တော့ ဆယ်ယောက်ကိုတစ်ဝိုင်းစီနဲ. စီစဉ်ထားတယ်.. ခုံသာပြေးလုထိုင်ကြတော့..ဟဲဟဲဟဲ အလကားစတာပါ……ကိုယ်ကြိုက်တဲ့နေရာထိုင်ကြပါ….

အဲအဲ ရှေ.ဆုံးက ၀ိုင်းကိုတော့ ဆုရတဲ့သူ တွေထိုင်ဖို.လုပ်ပေးထားတယ်နော်… ဆုရတဲ့သူ ကိုယ်ဆိုရင် အဲဒီ ရှေ.ဆုံးဝိုင်းမှာ ခါးမတ် ရင်ကော့ပြီးသာ ၀င်ထိုင်ပလိုက်တော့ဗျာ…….

ထိုင်ပြီးသွားရင် အဲဒီဆိုင်က Waiter လေးတွေ ဘာသောက်မလဲကို ဆိုပြီး လာမေးလိမ့်မယ်.သောက်ချင်တဲ့ သစ်သီးဖျော်ရည်ကို သူတို.လာပြတဲ့ Menu ထဲကနေသာ မှာလိုက်တော့…

အဲအဲ..တစ်ခုတော့ရှိတယ်နော် အဲဒီ Menu ထဲမှာ မြန်မာဘီယာ၊တိုက်ဂါး၊ဒဂုံ၊စပီရိုလိုင်းနား၊စပိုင်ဝိုင် ဆိုတာတွေတော့ ပါဘူးနော်………အဟီးးးးးးးးးး

ကဲဒါဆို အမောပြေလေးနဲ. အဆာခံလေး ဖျော်ရည်သောက်ရင်း ဥက္ကဋ္ဌ ကြီးရဲ. အဖွင့်အမှာစကားလေး နားထောင်၊ တာဝန်ရှိသူများ စကားလေးပြော၊ ကြွရောက်လာကြတဲ့ရွာသူားများက မိတ်ဆက်စကားပြော၊ ဆုရတဲ့သူတွေ ဆုပေး၊ ဆုရတဲ့သူတွေက ကျေးဇူးတင်စကားပြော ကြား……..ဒါလေး ကို ဖျော်ရည်လေးနဲ. ထိုင်နားထောင်ပြီး လက်ခုပ်တီးပေး ယုံပါပဲ…

ဟဲဟဲဟဲ…… အချိန်တော့နဲနဲကြာမယ်နော်.. ဖျော်ရည်မှာတဲ့ အပေါ်မူတည်ပြီး အဆာခံနိုင်မခံနိုင် ကိုယ့်ဟာကို စဉ်းစားကြနော်..

ကျွန်တော်ကတော့ အဲဒီအချိန်ကို ဖြတ်သန်းဖို. ထောပတ်သီးဖျော်ရည် အခုကတည်းက မှာထားပြီးပြီး အဆာခံအောင်လေ………..အဟိဟိဟိ..

ကဲ အားလုံးပြီးသွားတော……စပါပြီး ၀ါးတီးကိစ္စ..

ထမင်းကြော်၊ခေါက်ဆွဲကြော်နဲ. ယိုးဒယား ဟင်ချိုလေးသောက်ပြီး အာလပသလာပလေးတွေပြော ပျော်ပျော်ရွှင်ရွှင်စားသောက်ကြရအောင်………..

အဲအဲ စားသောက်ပြီးလို. ထပြန်မသွားနဲ.အုံးနော်………

ကံစမ်းမဲအစီအစဉ်ကျန်သေးတယ်နောာာာာာာာာာာာာာ…

ပေါက်မဲတွေကတော့………..

အင်းနောက်မှပဲပြောပြတော့မယ်…….. :kiwi: :kiwi:

ဒါနဲ.တစ်ခုပြောအုံးမယ်.. ဦးပါလေရာကလဲ ဓာတ်ပုံရိုက်တဲ့ကိစ္စလေးနဲ. ဒီလိုလေးပြောထားတယ်.. အဲဒီအကြောင်းလေးကိုတော့ ရွာသူားတွေ အနူးအညွတ်တောင်းပန်ရင်း သိစေချင်ပါတယ်ဗျာ..

ကျုပ်တို့လို အွန်လိုင်းမှာသိကျွမ်းခင်မင်ကြပြီး အပြင်မှာတွေ့ဆုံရင်းနှီးသူများဟာ တစ်ချို့ ကိစ္စလေးတွေမှာ အမှတ်မထင် အမှားအယွင်းရှိတတ်တာမို့ ကိုလို့ သတိပေး အသိပေး ပါရစေဗျာ…။ ဒီလို တွေ့ဆုံကြရာမှာ ခင်မင်ရင်းနှီးပြီးသူအချင်းချင်း နားလည်မှု့ရှိပြီးသူအချင်းချင်းအနေနဲ့ တစ်ဦးချင်းဖြစ်စေ  အုပ်စုလိုက်ဖြစ်စေ ဓါတ်ပုံဗွီဒီယိုများ ရိုက်ကူးနိုင်ကြပေမယ့် ကြိုတင်ခွင့်ပြုမထားတဲ့ ၊ ခွင့်ပြုမယ်မှန်းမသေချာတဲ့ အခြားသူများကိုတော့ ဓါတ်ပုံ ဗွီဒီယိုများ မရိုက်ကူးသင့်ပါကြောင်း…..။ ရိုက်လဲ မရိုက်သင့်သလို မတော်တဆ တနည်းနည်းနဲ့ ကြိုတင်ခွင့်ပြုမထားသူများရဲ့ဓါတ်ပုံတွေ ရခဲ့ရင်လဲ-on line ( ရွာထဲမှာ၊ FB မှာ၊ အခြားဆိုက်တွေမှာတင်တာ၊ အခြားသူများနဲ့ ရှဲတာ) သော်၎င်း…. ၀ff line (ကင်မရာချင်း ဖုံးချင်း ပို့တာ၊ ရှဲတာ၊ ဓါတ်ပုံထုတ်ယူပြသတာ) သော်၎င်း…. ဖြန့်ဝေခြင်း မပြုကြသင့်ကြောင်း အကြံပြုပါတယ်။ ကျုပ်တို့ဟာ လူအချင်းချင်းရဲ့ ကိုယ်ရေးလွတ်လပ်ခွင့်ကို အပြန်အလှန် လေးစားတဲ့ ရွာသူားများဖြစ်ကြောင်း ပြသကြပါစို့ …… အခန်းအနားကို မှတ်တမ်းတင်ဖို့တော့ ကိုဘလက်ချောနဲ့ Mလုလင် တို့ တာဝန်ယူပြီးဖြစ်ပါတယ်။ သူတို့ထဲကတယောက်ယောက်က ပိုစ့်ရေးမှတ်တမ်းတင်မှာ ဖြစ်ပါကြောင်း….။

ကဲအစီအစဉ်ပြီးကြောင်းကြေငြာလိုက်တာနဲ. ကိုယ့်ပစ္စည်းမေ့မကျန်ခဲ့လေအောင် သေချာစိစစ်ပြီး အိမ်ပြန်ကြ ရအောင်……

About ရွှေတိုက်စိုး

has written 79 post in this Website..