နေ၀င်ချိန် Sunset ကို လှမ်းတက်လို့ ကြည့်ကြမယ်…

 

နေ၀င်ချိန်လေးတွေရဲ့ လှပတဲ့ အရောင်တွေနဲ့ အတူ ခဏလေးသာကြည့်ခွင့်ရတဲ့ နေမင်းကြီး ကို နှစ်သက်စွာ ငေးကြည့် နေတတ်ကြသူတွေထဲမှာ ကျမလဲ တစ်ယောက်ပါဝင်သူပါ…နေထိုင်ရာ ရန်ကုန်မြို့နဲ့ ခရီးသွားစဉ် ရောက်ရှိရာ အရပ်ဒေသ တွေမှာလည်း နေ၀င်ချိန်အလှကို အချိန်ရရင်ရသလို ခံစားမိတတ်ပါတယ်… ရွှေဝါရောင်၊ ပုဇွန်ဆီရောင်၊အနီရောင်ကနေ နီညိုလို့ မှောင်ရီသမ်းလာသည်အထိ အရောင်မျိုးစုံ ဖြစ်ပေါ်ပြောင်းလဲ သွားတာတွေကို ဘ၀တစ်ခုလို ခံစားမိပါတယ်…

ရွှေရောင်တောက်ပတဲ့ ဘ၀လေးတွေ ကြာရှည်ချင်မိခဲ့တာပါ…

တစ်ခါတစ်ရံမှာ ကြည့်မ၀လွန်းလို့ အနောက်ဖက်ကိုဝင်ရောက်ပျောက်ကွယ်သွားတဲ့ နေမင်းကြီးနောက် ခဏလောက်လိုက်ကြည့်ချင်မိပါတယ်…ခဏလောက်များပြန်ထွက်လာပါလားလို့လဲ တောင်းဆိုမိပြန်ပါသေးတယ်…

မဖြစ်နိုင်တာဘဲလို့ သိနေပေမယ့်လဲ…ရချင်ခဲ့တာပါဘဲ…

အဲ့ဒီလို မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တဲ့ အရာတွေကို ရရှိခဲ့တဲ့ ညနေခင်းလေးတစ်ခုရှိခဲ့ပါတယ်…

နေ၀င်ချိန်မှာ ၀င်သွားတဲ့ နေမင်းကြီးနောက် လိုက်ကြည့်လို့ ခဏပြန်ထွက်လာတဲ့ နေမင်းကြီးကို ထပ်ကြည့်ခွင့်ရလိုက်ပါတယ်… …

ဒီလိုဆိုမှတော့ ဒါထူးဆန်းပါ့မလားလို့ ပြောချင်လဲ ပြောပါတော့…

အမှတ်တရ မှတ်တမ်းလေးပါ…

ဒီလပိုင်း ရုံးမှာ လက်ရှိနေရာကနေ အသစ်စလုပ်နေတဲ့လုပ်ငန်းကို ပြောင်းပြီးတာဝန်ယူရပါတယ်။ နေပြည်တော် Station ကို  Air Charter နဲ့ တစ်ရက်ခရီး အလုပ်ကိစ္စ သွားခဲ့ရတဲ့17/12/12 နေ့ညနေခင်းလေးမှာ နေ၀င်ချိန်ကို နှစ်ခါကြည့်ခွင့် ရခဲ့တာဖြစ်ပါတယ်။

 

နေပြည်တော် လေဆိပ်ကမြင်ရတဲ့ ညနေ နေ၀င်ချိန်လေးက လှပလွန်းလှတယ်…လေယာဉ်ပြေးလမ်းကအတက်မှာ နေလုံးကြီး တစ်လုံး၊တစ်ခြမ်းကနေ ပျောက်သွားသည်ထိ ငေးကြည့်နေမိခဲ့ပါတယ်…လေယာဉ်ပျံတက်လာပြီး မကြာခင်မှာဘဲ အလင်းရောင်လင်းလက်လာလို့ ညာဖက်ကိုကြည့် လိုက်မိတဲ့အခါမှာ နေမင်းကြီးပြန်ထွက်လာခဲ့တာကို တွေ့လိုက်ရတာဖြစ်

ပါတယ်..

ပြေးလမ်းပေါ်ကမြင်ရတဲ့ နေ၀င်ချိန်

ပြေးလမ်းပေါ်ကမြင်ရတဲ့ နေ၀င်ချိန်

နေ၀င်တော့မှာ

နေ၀င်တော့မှာ

တမ်းတစရာ နေ၀င်ချိန်

တမ်းတစရာ နေ၀င်ချိန်

ပြန်ထွက်လာတဲ့ နေမင်းကြီးရဲ့အလင်းရောင်

ပြန်ထွက်လာတဲ့ နေမင်းကြီးရဲ့အလင်းရောင်

ဝင်ပြီးသားနေ ပြန်ထွက်ချိန် ညနေခင်း

ဝင်ပြီးသားနေ ပြန်ထွက်ချိန် ညနေခင်း

 

 

 

နေ၀င်ချိန်မှာ နေမင်းကြီးပြန်ထွက်လာတာကို ထပ်ကြည့်ခွင့်ရခဲ့တာမို့ အတိတ်ကောင်းလို့ မှတ်ယူမျှဝေချင်မိပါတယ်….

ရွာသူရွာသားများ ရွှေရောင်တောက်ပတဲ့ အချိန်များကို ထပ်ကာ ထပ်ကာ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းဖြင့်…

မအိ

Ma Ei

About Ma Ei

Ma Ei has written 53 post in this Website..