ကျွန်မအလုပ်ပြန်ချိန်က နောက်ကျပါတယ် ပြီးတော့ မနက်ဖန်ကကျွန်မနားရက်ဆိုတော့ သူငယ်ချင်းနဲ့ ချိန်းပြီး
ညဈေးသွားမယ်ပေါ့ … သွားတုန်းကတော့ နှစ်ယောက်ဆိုတော့ ဟိုဆိုင်ဝင်ဒီဆိုင်ဝင်နဲ့ ဈေးပတ်ပြီးလို့အပြန်
ကျတော့ သူငယ်ချင်းနဲ့က ပြန်ရမဲ့လမ်းချင်းမတူတော့ဘူး … ညဈေးထိပ်က ဘူတာမှာတင်သူက MRT စီးပါတယ်
ကျွန်မကတော့ အိမ်နဲ့လဲသိပ်မဝေးတော့တာနဲ့ လမ်းလျှောက်ပြန်ဖို့ဆုံးဖြတ်လို

က်ပါတယ် ..လမ်းလျှောက်ပြန်မယ်
ဆိုမှဘယ်နှစ်နာရီရှိပြီလဲ ကြည့်မိပါတယ်..ည12နာရီနီးနီးရှိနေပြီလေ..မတတ်နိုင်ဘူးလေ…..ကိုယ်ကခြေရှည်မိတာကိုး….
ကျွန်မလမ်းလျှောက်လာရင်းနဲ့ လမ်းမှာအဘိုးကြီးတစ်ယောက်ကိုတွေ့ပါတယ် …
အသက်ကတော့ 60 လောက်များရှိမလားဘဲ …..Homeless တစ်ယောက်ပါ …
အစကတော့ ညပိုင်းလဲဖြစ်တယ် ….ပြီးတော့12 နာရီလဲကျော်နေပြီဆိုတော့ နည်းနည်းတော့ လန့်သွားမိပါတယ် ..
ဒါပေမဲ့သူ့ကိုကြည့်ရတာက တစ်ခုခုကိုကြိုးစားပမ်းစားလုပ်နေတဲ့ ပုံစံပါ …
ကြောက်စိတ်ထက် သိချင်စိတ်ကများသွားတယ်ဆိုပါတော့ ……..
သူဘာများလုပ်နေတာလဲ သိချင်တာနဲ့ အဲဒီအနားကဘဲဖြတ်လျှောက်ဖို့ ဆုံးဖြတ်လိုက်တယ် …..
သူရှိနေတဲ့ နေရာနဲ့နီးလာမှ သူဘာလုပ်နေတာလဲဆိုတာ သေချာတွေ့လိုက်တော့ ကျွန်မစိတ်ထဲမကောင်းလိုက်တာလေ …..
သူကအိပ်ဖို့နေရာလေးတစ်ခု ကြိုးစားပမ်းစားဖန်တီးနေတာပါ …အောက်မှာပလပ်စတစ်အစုတ်အပိုင်းအစလေး ..
တစ်ခုကိုခင်းပြီး အဲဒီအပေါ်မှာ အ၀တ်အဟောင်းလေးတွေခင်းနေတာပါ …ကျွန်မလေ ..ရင်ထဲမှာနင့်နေအောင်
ခံစားလိုက်ရတယ် …ရာသီဥတု ဒီလောက်အေးနေတဲ့ အချိန်မှာ ဒီလိုအ၀တ်စုတ်လေးတွေခင်းလိုက်ယုံနဲ့ဘဲ ….
သူနွေးထွေးသွားမှာတဲ့လား …သူကတော့ ဘာမှသတိထားမိတဲ့ပုံစံ မရှိပါဘူး ..သူဟာသူဘဲလုပ်နေတာပါ ….
ကျွန်မသူ့အနားရောက်တဲ့အချိန်မှာ သူကသူခင်းထားတဲ့ အခင်းလေးပေါ်မှာ ချမ်းနေတဲ့ပုံစံနဲ့ ….
ငုတ်တုတ်လေးထိုင်နေတာပါ ..ကျွန်မလေ အဲဒီအချိန်မှာ ရင်ထဲမှာဖြစ်နေတဲ့ ခံစားချက်ကိုဘာနဲ့မှ
ဖော်ပြလို့မရဘူးထင်တယ် …သနားတာ စိတ်မကောင်းတာ …..ကျွန်မသူ့အတွက်တစ်ခုခု
လုပ်ပေးလိုက်ချင်တယ် …အနီးဆုံး Mcdonald ဆိုင်တစ်ဆိုင်ကိုဝင်ပြီး မုန့်ဘဲဝယ်ပေးလိုက်ရင်
ကောင်းမလား……7-11 ဆိုင်တစ်ဆိုင်ဆိုင်ဘဲဝင်ပြီး မုန့်နဲ့ ကော်ဖီဘဲဝယ်ပေးလိုက်ရင် ကောင်းမလား …
အပြေးအလွှားစဉ်းစားမိတယ် …နောက်ဆုံးသူလိုအပ်တာလေးတစ်ခုခု လုပ်ပေးခဲ့ချင်တယ် …
စဉ်းစားမိကာမှ ပိုမောသွားပါတယ် …အခုအချိန်မှာ သူ့အတွက် အလိုအပ်ဆုံးက Mcdonald တို့
7-11 တို့ ကမုန့်တွေ ပစ္စည်းတွေ မဟုတ်ပါဘူး …နွေးထွေးတဲ့ အိပ်ယာလေးတစ်ခုလိုအပ်နေတာပါ ….
သူလိုအပ်နေတဲ့ နွေးထွေးတဲ့ အိပ်ယာလေးတစ်ခုကိုတော့ ကျွန်မ .. ဘယ်လိုမှမဖန်တီးပေးနိုင်ပါဘူး …
ကျွန်မသာတန်ခိုးရှင်တစ်ဦးဖြစ်ခဲ့မယ်ဆိုရင်တော့ သူလိုအပ်တာကိုဖန်တီးပေးနိုင်မှာပါ …..
ဒါပေမဲ့ ကျွန်မကလဲ လူတွေထဲက သာမန်လူသားတစ်ဦးဘဲဆိုတော့ ….. စိတ်မကောင်းခြင်းများစွာနဲ့ဘဲ
သူ့ကိုကျောခိုင်းခဲ့ရပါတယ် …..လမ်းတစ်လမ်းလုံးလဲ တိတ်ဆိတ်လို့ ..
ကျွန်မစဉ်းစားမိတယ် …ဒီလိုအသက်အရွယ်အဘိုးကြီးတစ်ယောက်မှာ သားသမီးမရှိဘူးလား…?
ဆွေမျိုးသားချင်းမရှိဘူးလား …. ? သားသမီးရှိရဲ့သားနဲ့များပစ်ထားတာလား ….
(ပြောလို့မရဘူးလေ ကျွန်မရောက်နေတဲ့ နိုင်ငံကလဲ မိဘနဲ့သားသမီးဆိုပြီးတော့ မိဘကျေးဇူးတွေဘာတွေ
သိတတ်တဲ့လူမျိုးတွေကနည်းတယ်လေ ….).ဒါမှမဟုတ် သူငယ်ငယ်ကအရမ်းဆိုးခဲ့ပေခဲ့ လို့များ
ဒီလိုအသက်အရွယ်မှာ ဒုက္ခရောက်နေတာလား ? လားပေါင်းများစွာနဲ့ဘဲ ကျွန်မအိမ်ပြန်ရောက်လာပါတယ် …
လူကသာအိမ်ရောက်လာပါတယ် …စိတ်ကတော့အဲဒီနားမှာကျန်ခဲ့သလိုပါဘဲ ….ဒီလိုမျိုးအေးတဲ့ ညတွေကို
သူဘယ်လောက်ရင်ဆိုင်နိုင်မှာလဲ …မွေ့ယာမရှိ ခေါင်းအုံးမရှိ စောင်မရှိ နဲ့ လမ်းဘေးမှာကြုံတဲ့နေရာမှာ
ကြုံသလိုအိပ်စက်ရတဲ့ ညတွေ …သူ့အသက်အရွယ်နဲ့ဘယ်လောက်များ ခံနိုင်ရည်ရှိမှာလဲ …..
အဲဒီHomeless အဘိုးကြီးကတော့ သူ့ဘ၀ကိုဘယ်လိုစဉ်းစားထားလဲ ….ဘယ်လိုအတွေးတွေနဲ့ ဖြတ်သန်းနေလဲ
ကျွန်မမသိပါဘူး …ကျွန်မကတော့ သူ့နေရာမှာသာ ငါ့အဖေသာဖြစ်နေရင် …ဆိုတဲ့အတွေးတွေနဲ့
ကိုယ်ချင်းစာစိတ်ထားပြီး စိတ်မကောင်းဖြစ်နေမိပါတယ် ….ကျွန်မအခုစာရိုက်နေတဲ့အချိန်မှာ ….အဲဒီhomelessကြီးလဲ
သူ့ဟာသူဖန်တီးထားတဲ့ နေရာလေးမှာ အိပ်နေပါလိမ့်မယ် ….အခုနေခါ ဘုရားကသာ လိုချင်တဲ့
ဆုတစ်ခုတောင်းပါလို့ပြောလာခဲ့ရင် …'” ကျွန်မဘာဆုတောင်းသင့်သလဲ “‘
” လူတိုင်းလုံခြုံနွေးထွေးတဲ့ ဘ၀တစ်ခုပိုင်ဆိုင်ပါစေ…နွေးထွေးတဲ့ အိပ်ယာလေးမှာအိပ်စက်နိုင်ပါစေ…”’ လို့
ဆုတောင်းမိမှာပါ ………..။။။။။

About Yin Nyine Nway

Yin Nyine Nway has written 358 post in this Website..

I m web developer