ဈေးတွေက ညကျမှ မီးထလောင်တာ ဘာဖြစ်လို့လဲ မသိဘူး…
စက်မှုဇုန်ထုတ်ကားတွေက ဂျပန်ကလာတဲ့ ကားတွေနဲ့ တထေရာထဲ တူနေတာ ဘာဖြစ်လို့လဲ မသိဘူး…
အိမ်ဌားနေတဲ့ ၀န်ကြီး မြန်မာပြည်မှာ မရှိတာ ဘာဖြစ်လို့လဲ မသိဘူး…
ခိုးကူး ခိုးကူး နဲ့တဖွဖွ ရွတ်နေတဲ့ သူတွေရဲ့သီချင်းသံစဉ်တွေက နိုင်ငံတကာ သီချင်းတွေနဲ့ တအားတူနေတာ ဘာဖြစ်လို့လဲမသိဘူး…
သက်တူရွယ်တူ အချင်းချင်းတွေ အဘ အဘနဲ့ ခေါ်နေကြတာ ဘာဖြစ်လို့လဲ မသိဘူး…
ပိုလျှံပါတယ်ဆိုပြီး နွေရာသီတောင် မရောက်သေးဘူး မီးပျက်ပျက်နေတာ ဘာဖြစ်လို့လဲ မသိဘူး…
ဝန်ထမ်းချင်းအတူတူပဲ..လစာလဲ ဒီလောက်ကြီးမကွာဘူး…နဲနဲ များတဲ့သူက ပင်စင်ယူပြီးရင် အိမ်တွေအများကြီးရှိပြီး နဲတဲ့သူက နေစရာမရှိတာ ဘာဖြစ်လို့လဲ မသိဘူး…
ဗိုလ်ချုပ်လို လူကောင်းသူကောင်းက ၃၂ နှစ်ပဲ နေရပြီး ဦးနေ၀င်းတို့ ဦးသန်းရွှေတို့က အကြာကြီးနေရတာ ဘာဖြစ်လို့လဲ မသိဘူး…
ရန်ကုန်ကနေ လိုင်ဇာထိလမ်းလျှောက်တာကို ရဲတွေက အုပ်စုလိုက် တားဆီးနေကြပြီး တကယ်လို့များ အဖြူ အစိမ်း ခြင်္သေ့တံဆိပ် ဦးထုပ်ကလေးသာ ဆောင်းလျှောက်ရင် တီဗီ သတင်းကတောင် ပါမှာသေချာတာ ဘာဖြစ်လို့လဲမသိဘူး…
ဘာ သိဂီ င်္…ညာ သိဂီ င်္ဘွဲ့တွေက သူဌေးတွေချည်း ရနေတာဘာဖြစ်လို့လဲမသိဘူး…
ဂက်စ်တွေ ထွက်တယ်သာပြောနေတာ ဈေးကြီးပေးဝယ်နေရတာ ဘာဖြစ်လို့လဲ မသိဘူး…
မြို့လည်ခေါင်က တိုက်အမြင့်ကြီးတွေက မြန်မာတွေမပိုင်တာ ဘာဖြစ်လို့လဲမသိဘူး…
ဘွဲ့သာရသွားတာ နိုင်ငံခြားအလုပ်သွားလုပ်ရင် အိမ်ဖော်ပဲ လုပ်ရတာ ဘာဖြစ်လို့လဲ မသိဘူး…
မင်္ဂလာဆောင်တွေသတင်းစာထဲ ထည့်ရင် ခေတ္တ ဘာနိုင်ငံ ညာနိုင်ငံ လို့ ထည့်ကြတာဘာဖြစ်လို့လဲ မသိဘူး…
မေတ္တာသုတ်ရွတ်ရင် မခံမရပ်နိုင်ဖြစ်ကြတာ ဘာဖြစ်လို့လဲ မသိဘူး…
မ.ဟ.န က ဘုန်းကြီးတွေဘက်မပါပဲ သာသနာရေးခိုင်းတာချည်းပဲ လုပ်နေတာ ဘာဖြစ်လို့လဲ မသိဘူး…
အမှုအခင်းဖြစ်ရင် သူဌေးတွေချည်းပဲ နိုင်နေတာ ဘာဖြစ်လို့လဲ မသိဘူး….

ရန်ကုန်မြို့လယ်ခေါင်မှာသေနတ်တွေနဲ့ ပစ်သတ်သွားတဲ့ ငါးလောင်းပြိုင် လူသတ်မှုက တရားခံမပေါ်သေးတာ ဘာဖြစ်လို့လဲ မသိဘူး…

အရင်တုန်းက မစိုက်မနေ စိုက်ထားရတဲ့ ကြက်ဆူပင်တွေ မရှိတော့တာ ဘာဖြစ်လို့လဲ မသိဘူး…

မီးခိုးဗုံးပစ်လိုက်တာ ရဟန်းတွေကိုယ်ပေါ်မီးလောင်ကုန်တာ ဘာဖြစ်လို့လဲမသိဘူး…

ကြယ်တံဆိပ်တပ်ထားတဲ့ လိုင်စင်မဲ့ကားတွေက အဖမ်းမခံရပဲ အလေးပြုတောင်ခံနေရတာ ဘာဖြစ်လို့လဲ မသိဘူး…

အရက်ကြော်ငြာတွေ တအားကြည့်လို့ကောင်းတာ ဘာဖြစ်လို့လဲ မသိဘူး…
………………………………………………………ဘာဖြစ်လို့လဲ မသိဘူး…
………………………………………………………ဘာဖြစ်လို့လဲ မသိဘူး…
……………………………………………………….ဘာဖြစ်လို့လဲ မသိဘူး…
……………………………………………………….ဘာဖြစ်လို့လဲ မသိဘူး…
ကျွန်တော်လဲ ဒီလိုတွေ ရေးနေမိတာ ဘာဖြစ်လို့လဲ မသိဘူး…

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...