အမြစ်တူးကာ ထောင်ဖောက်ခြင်းဆိုသည်မှာ…
ပြီးခဲ့တဲ့ တနင်္လာနေ့က Apple ကနေပြီးတော့ သူ့ရဲ့နောက်ထပ် iOS Update တစ်ခုဖြစ်တဲ့ iOS6.1 ကို တရားဝင်ထုတ်ပြန်လိုက်ပါတယ်…
ထုတ်ပြန်လိုက်တဲ့ iOS 6.1 မှာ Apple ရဲ့ထုတ်ကုန်တွေဖြစ်တဲ့ iPhone 3Gs, iPhone 4, iPhone 4S, iPad2, iPad3, iPad4 နဲ့ iPad Min အားလုံးအတွက် အကျုံးဝင်ပါတယ်…
အဲဒီလို Apple ကနေ iOS6.1 ကိုထုတ်ပြန်လိုက်တာနဲ့အတူ iOS Jailbreak Hacker အဖွဲ့ဖြစ်တဲ့ Pod2g ကလဲ အခု လာမယ့် တနင်္ဂနွေနေ့၊ ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့မှာ Apple ရဲ့ Security အရမ်းကောင်းတဲ့ iOS ရဲ့ Untethered Jailbreak Tool ကို အခမဲ့ဖြန့်ချီမယ်လို့ Blog တွေမှာရော Pod2g ရဲ့ တွီတာမှာပါ… ကြေငြာထားကြောင်းကိုသိရပါတယ်…
အဲဒီတော့ iOS Jailbreaker တွေအတွက် ၀မ်းသာစရာသတင်းကောင်းတစ်ခုလို့ ဆိုရပါတော့မယ်…
iOS 6.1 မှာ iOS 6.0, 6.01, 6.02 တွေမှာ ကြုံခဲ့ရတဲ့ အမှားတော်တော်များများကို ပြင်ဆင်ထားမယ်လို့ခန့်မှန်းရသလို…
Security အပိုင်းမှာလဲ မြှင့်တင်ထားမယ်လို့ ခန့်မှန်းရပါတယ်…
ဒါက တစ်ပိုင်းပေါ့ဗျာ…
နောက်တစ်ပိုင်း ကျွန်တော်ပြောပြချင်တဲ့ကိစ္စကတော့ ဘာ့ကြောင့် Jailbreak လုပ်ကြတာလဲ… Jailbreak လုပ်ခြင်းအားဖြင့် ဘယ်လိုကောင်းကျိုးတွေရှိလဲ… ဘယ်အပိုင်းမှာ ဆိုးကျိုးတွေရှိလဲ…နောက်တစ်ခုက မိမိသုံးတဲ့ iDevice ကို Jailbreak လုပ်သင့်လား… မလုပ်သင့်ဘူးလား… Jailbreak မလုပ်မဖြစ်လုပ်ဖို့လိုလား… မလိုဘူးလား…
ဒါဆိုရင်… ထောင်ဖောက်တယ်လို့ပြောနေကြတဲ့ Jailbreak ဆိုတာ ဘာများပါလိမ့်…
အနီးစပ်ဆုံးဥပမာတစ်ခုနဲ့အရင်ဆုံးပေးရပါမယ်…
ကျွန်တော်တို့ အားလုံး ကျွန်ပျူတာသုံးနေကြသူမို့ Admin Right နဲ့ User Right ကို သေချာနားလည်မယ်လို့ထင်ပါတယ်…
အလွယ်ဆုံးပြောရရင်… Admin ဆိုတာ မိမိရဲ့ ကွန်ပျူတာပေါ်မှာ မိမိ Install လုပ်ချင်တဲ့ Application တွေကို Install လုပ်ခွင့်ရှိတယ်… Device အသစ်တွေ၊ Hardware အသစ်တွေကို Install လုပ်ခွင့်ရှိသူ… System File တွေကို ပြင်ဆင်ခွင့်ရှိသူ… မိမိကွန်ပျူတာကို မိမိစိတ်တိုင်းကျ စီမံခန့်ခွဲနိုင်သူဖြစ်ပါတယ်…
User ဆိုတာကတော့ Admin တစ်ဦးတစ်ယောက်က ကြိုတင်စီစဉ်ပေးထားသော Application တွေပေါ်မှာ အကန့်အသတ်တစ်ခုနဲ့ အသုံးပြုရသူပါ… သူ့မှာ Application တွေကို Install လုပ်ခွင့်မပေးထားပါဘူး… Hardware အသစ်တွေ Install လုပ်ခြင်း၊ System File တွေကို ပြင်ဆင်ခြင်း လုပ်ဖို့အတွက် ခွင့်ပြုချက် မရှိပါဘူး…
သိချင်ရင်တော့ အောက်ကလင့်မှာ ဖတ်ကြည့်ပါဗျာ… အတော်လေးရှင်းရှင်းလင်းလင်းရေးထားတာကိုတွေ့ရပါတယ်…
http://support.whitecanyon.com/index.php?/Knowledgebase/Article/View/43/10/what-is-the-difference-between-administrator-and-limited-user-accounts
ဒီသဘောတရားပါပဲ… iDevice တစ်ခုကို ၀ယ်လိုက်တာနဲ့ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ iDevice အပေါ်မှာ ရိုးရိုး User Right ပဲရှိပါတယ်… Application တွေကို iTune ကနေတဆင့် Install လုပ်ခွင့်ပဲရှိပါတယ်… တခြားသော Third Party Software တွေကနေ Install လုပ်ခွင့်မရှိပါဘူး… အဲဒါက ဘာဖြစ်လို့လဲဆိုရင် iTune ဟာ Application Store ကနေ၀ယ်ထားတဲ့ သူဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာ စစ်လို့ပါပဲ…
ဥပမာဗျာ… တခြားသူတစ်ယောက်က သူ့ရဲ့ iTune Account တစ်ခုကနေပြီးတော့ Games တစ်ခု (သို့) Application တစ်ခုကို ၀ယ်ယူထားတယ် ဆိုပါစို့ ကျွန်တော်တို့အနေနဲ့ အဲဒီဖိုင်ကို အလွယ်တကူကူးယူနိုင်ပါတယ်… ဒါပေမယ့် iTune ကနေတဆင့် မိမိရဲ့ iDevice ကို Install လုပ်တဲ့အချိန်မှာ iTune က လက်ခံမှာမဟုတ်ပါဘူး… မိမိကိုယ်တိုင်ဝယ်ယူထားသော Games (သို့) Application မဟုတ်လို့ပါ… မိမိကိုယ်ပိုင် Account တစ်ခုနဲ့ ၀ယ်ယူထားရင်တော့ အလွယ်တကူ Install လုပ်ပေးပါလိမ့်မယ်…
အဲဒီလိုပဲ Jailbreak လုပ်မထားတဲ့ iOS တစ်ခုရဲ့ System File အပိုင်းကို ကျွန်တော်တို့အနေနဲ့ သွားရောက်ထိတွေ့ပြင်ဆင်ခွင့်မရှိပါဘူး…ဒါကို Apple က အတော်လေးထိန်းချုပ်ပါတယ်… သူ့ရဲ့ System File ကိုထိတွေ့ခြင်းဟာ သူ့ OS ရဲ့ Stability နဲ့ Security ကိုထိခိုက်နိုင်တာ မို့လို့ထိတွေ့ခွင့်ကို ကန့်သတ်ထားတာပါ…
Jailbreak လုပ်လိုက်ခြင်းအတွက် ကျွန်တော်တို့ဟာ iOS ရဲ့ System File တွေကို သွားပြင်ဆင်ခွင့်ရသွားတဲ့အတွက်… iOS ကို ပိုပြီးတော့ Power Full ဖြစ်အောင် Tweak တွေထည့်ပြီးသုံးနိုင်တဲ့ အခွင့်အရေးရသွားပါတယ်… အဲဒီလိုပဲ iOS အပေါ်မှာ ကျွန်တော်တို့ရဲ့ မြန်မာစာစနစ်ကို ထည့်သွင်းအသုံးပြုခွင့်ရသွားခြင်းပါပဲ… ဒါဟာကောင်းတဲ့အချက်တစ်ခုလို့ဆိုလို့ရပေမယ့်… နောက်ဆက်တွဲမှာတော့…
မိမိကိုယ်ပိုင် Account နဲ့ ၀ယ်ယူမထားတဲ့ Games တွေ၊ Application တွေကို Install လုပ်ခွင့်ရသွားတာကတော့ Security ကျိုးပေါက်မှုတစ်ခု ဖြစ်သွားပါတယ်… တကယ်တန်း Technical အရတော့ အခုပြောသလောက်လွယ်လွယ်ကူကူမဟုတ်ပေမယ့် နားရှုပ်သွားမှာမို့ ထည့်မပြောတော့ပါဘူး…
ဒီလောက်ဆိုရင် iDevice တွေကို ဘာကြောင့် Jailbreak လုပ်တယ်ဆိုတာကို အတော်လေးသဘောပေါက်လောက်ပြီထင်ပါတယ်…
အဲဒီမှာ ကြားဖြတ်တစ်ခုလောက်ပြောချင်တာက တချို့သော Android (စက်ရုပ်) User တွေက iDevice Jailbreak လုပ်ရခြင်းကို အနည်းငယ် နားလည်မှုရှုပ်ထွေးနေသလို… Android OS ရဲ့ Source Code ကို Google က အခမဲ့ဖြန့်ချီတာမို့လို့ Android တွေကို Open Source လို့ တွေးထင်နေသူများရှိပါတယ်… အဲဒီအကြောင်းကို ဒီနေရာမှာ နဲနဲရှင်းပြချင်တာပါ…
Samsung တို့၊ HTC တို့အပြင်… မြန်မာပြည်မှာ သိပ်ခေတ်မစားတဲ့ Motorola, LG စတဲ့ဖုန်းတွေမှာလဲ ဖုန်းတစ်လုံးဝယ်ပြီးရင် မိမိကိုယ်တိုင် အဲဒီဖုန်းရဲ့ Admin Right ကိုရတယ်လို့ ထင်ယောင်ထင်မှားဖြစ်နေတာတွေရှိပါတယ်…
တကယ်တော့ Google ကနေ အခမဲ့ဖြန့်ချီတဲ့ Android Source Code ပေါ်မှာ ဖုန်းထုတ်လုပ်သူတွေက သူတို့ကိုယ်ပိုင်ပုံစံအမျိုးမျိုးနဲ့ ပိတ်ဆို့ထားတာတွေရှိပါတယ်… Android OS သုံးတဲ့ ဖုန်းတိုင်း သူတို့ System ကိုထိလို့မရပါဘူး… ၉၉% သော Android ဖုန်းများမှာ ထိလို့မရဘူးလို့ပြောရရင် ပိုမှန်ပါလိမ့်မယ်…
အဲဒီအတွက် iOS Jailbreak လုပ်သလို Android ကိုလဲ Root လုပ်ရပါတယ်… အမြစ်တူးခြင်းပေါ့… အဲဒီလိုပဲ iTune ရဲ့ Application Store လို Goole ရဲ့ Store ရှိပါတယ်… သူ့ကိုတော့ Google Play လို့နာမည်တပ်ထားပါတယ်…
အဲဒါကြောင့် Android ဖုန်းတော်တော်များများမှာ မြန်မာစာဖတ်ဖို့အတွက် Root လုပ်ရပါတယ်… Super User Right ရအောင်ပါ…
ဒါ့ကြောင့် Android ဖုန်းကြီးကိုကိုင်ပြီး Open Source လို့ ရဲရဲဝံ့ဝံ့အော်မိမှာစိုးလို့ပါ…
အစကတော့ Open Source ပါ… နောက်ပိုင်းကျတော့ မ Open တော့ပါဘူး… Open Source Crazy တွေသတိထားရမယ့်အချက်ပါနော်…
အောက်ကလိုမျိုးလေးတွေမြင်တိုင်း ကိုယ်ဟာ Open ဖြစ်မနေဘူးဆိုတာ သတိရစေချင်ပါတယ်…
Jailbreak လုပ်ခြင်းရဲ့ နောက်ဆက်တွဲတစ်ခုကို ဆက်ပြောပါ့မယ်… အဲဒါကတော့ Unlock လုပ်ခြင်းပါပဲ…
Unlock လုပ်ခြင်းဆိုတာ ဘာလဲ…
ဖုန်းတစ်လုံးရဲ့အဓိကအစိတ်အပိုင်းတစ်ခုကတော့ ဖုန်းလိုင်းမိအောင်လုပ်ပေးတဲ့… ဖုန်းပြောလို့ရအောင်လုပ်ပေးတဲ့ Modem လို့လဲခေါ်တယ်… Apple (ပန်းသီး) အခေါ်အရတော့ Baseband ပါပဲ…
Apple နဲ့ စာချုပ်ချပ်ထားတဲ့ Telecom Service Provider တွေရှိပါတယ်…
ဒေါ်လာ ၆၀၀ တန် iPhone တစ်လုံးကို သူတို့လိုင်းနဲ့ Service နှစ်နှစ်ယူရင်ဖြင့် $199 နဲ့ရောင်းမယ်ဆိုတဲ့သူများပေါ့…
AT&T, T.Mobile စသည်ဖြင့်ပေါ့ဗျာ… နိုင်ငံတော်တော်များများမှာရှိကြပါတယ်… သူတို့က ဘာလုပ်ထားလဲဆိုရင်…
သူတို့ $199 နဲ့ရောင်းလိုက်တဲ့ ဖုန်းတစ်လုံးကို တခြား SIM Card ထည့်သုံးလို့မရအောင် Baseband ကို Lock ချထားပါတယ်…
ရှင်းအောင်ထပ်ပြောရရင် US မှာ နှစ်နှစ်စာချုပ်နဲ့ ၀ယ်ထားတဲ့ iPhone တစ်လုံးကို မြန်မာပြည်ရဲ့ MPT SIM ထည့်သုံးလို့မရတာပါပဲ…
T.Mobile SIM နဲ့မဟုတ်ရင် သုံးမရအောင်လုပ်ထားတာပါ… အဲဒါက iPhone မှာတင်မဟုတ်ဘူး Samsung Galaxy S3 လိုဟာမျိုးတွေမှာလဲ ရှိပါတယ်… ဒါပေမယ့် အဲဒီကိစ္စက iPhone လောက် ခေတ်မစားပါဘူး… iPhone ဈေးကွက်ထဲမှာ Official Unlock (ကြိုက်တဲ့ SIM ထည့်သုံးလို့ရတဲ့ Model) နဲ့ Lock လုပ်ထားတဲ့ မော်ဒယ် ဈေးက $100 လောက်ကွာပါတယ်…
http://www.phonearena.com/news/How-to-unlock-your-Galaxy-Note-II-and-some-Galaxy-S-III-versions-for-free-Jelly-Bean-reqd_id37417
Jailbreak လုပ်ခြင်းရဲ့ နောက်ထပ်ရည်ရွယ်ချက်တစ်ခုက Unlock လုပ်ဖို့ပါ… ဒါပေမယ့် iOS Version အသစ်တွေနဲ့ iDevice Version အသစ်တွေမှာ Jailbreak လုပ်ပြီး Unlock လုပ်ခြင်းဟာ လုံးဝနီးပါးမလွယ်ကူတော့ပါဘူး… iDevice Baseband ရဲ့ Security ပိုကောင်းလာမှုကြောင့် ပိုက်ဆံပေးပြီးတော့ပဲ Unlock လုပ်ကြရပါတော့တယ်…
နည်းပညာအကြောင်းတွေတော့ စာအရမ်းလေးသွားမှာစိုးလို့ထည့်မရေးတော့ပါဘူး… ကျွန်တော်သိစေချင်တာက ဘယ်ဟာက Jailbreak၊ ဘယ်ဟာက Unlock၊ ဘယ်ဟာက Root ဆိုတာပါပဲ…
နောက်ဆုံးပြောချင်တာကတော့ ကျွန်တော်ပန်းသီးကို ရှေ့နေလိုက်တာမဟုတ်ဘူးဆိုတာပါပဲ…
iDevice User တွေပဲဖြစ်ဖြစ်… Android User တွေပဲဖြစ်ဖြစ်…
Apple ပရိတ်သတ်တွေပဲဖြစ်ဖြစ်… Samsung တို့ Sony တို့ Motorola တို့ရဲ့ ပရိတ်သတ်တွေပဲဖြစ်ဖြစ်ပါ…
iOS တွေ Android OS တွေရဲ့ User တွေနဲ့ နဲနဲအလှမ်းဝေးတတ်တဲ့အကြောင်းလေးတွေကို တတ်နိုင်သမျှ မျှဝေခြင်းဖြစ်ကြောင်း…
ကျွန်ုပ်တို့နှင့်နေ့တိုင်းတာဝန်ထမ်းဆောင်လျက်ရှိသော Smart Phone လေးများအကြောင်း သိစေလို၍ဖြစ်ပါသည်ခင်ဗျား…
ခင်မင်လျက်-
ဖက်ဖက်ကက်…
(ဖုန်းနှင့်တစ်ရက်တာဝေးကွာလိုက်ရသော အမှတ်တရပိုစ့်)
ဒီတပတ်မှာဘဲ မိုက်ကရိုဆော့ဖ်ရဲ့ ပြတင်းပေါက်၈ကို ပီစီ၊ တက်ပလွတ်နဲ့ ဖုန်းပေါ်မှာ တင်ပီးသမို့ ……
လူကြီးမင်းပြောပြနေသော အနှီကိတ်စရပ်များမှ လွတ်ကင်းသွားပါဘီကွယ် ….. အိုးပင်းဆို့တာဒွေ မဆို့တာဒွေရဲ့ အခြားတဘက်မှာ လွတ်လွတ်လပ်လပ်ကြီး ပြတင်းပေါက်ပေါ်က ခုန်ချစီးမျော သွားပါဘီ …
ဒန့် တန့် တန့် …
Was this answer helpful?
LikeDislikeအိုပမ်းဆို့စ်ကို.. အဓိပ္ပါယ်ဖွင့်ပုံ..နေရာမကျဖြစ်နေတယ်ထင်တာပဲ..
အိုးပမ်းဆို့စ်ဆိုတာက.. သူ့ဆိုစ့်ကုဒ်တွေကို.. ဖွင့်ချပြထားတာလေ..။
အဲဒါကြောင့်.. Open source တဲ့..
ဆိုတော့..
အခုတလော.. mK808 ဆိုတာနဲ့..သူအမျိုးတူဟာလေးတွေဝယ်ပြီး.. လေ့လာနေတယ်..
သိသူတွေရေးပေးစေချင်..။ ဆွေးနွေးစေချင်.. ဆွေးနွေးမယ်ဖြစ်ကြောင်း…။
Amazon.com: MK808 Dual Core Android 4.1 TV BOX Rockchip …
http://www.amazon.com › … › Multiroom Digital Music Systems
$55.15 – In stock
Highlight: 1.Android 4.1 Jell Bean OS, Google Play Store pre-installed; 2.1.2Ghz Rockchip RK3066 Dual Core CPU, Quad core Mali-400 GPU; 3.1GB RAM /8GB …
Was this answer helpful?
LikeDislikeမရှင်း မရှင်း ဖြစ်နေတဲ့ ကိစ္စ အခုမှ ရှင်းသွားတော့တယ်
ခါတိုင်းတော့ သူများပြောသလို ထောင်ဖောက်တယ် အမြစ်တူးတယ် နဲ့ ခပ်တည်တည်သာ လိုက်ပြောနေတာ ဘာမှန်း သေချာ မသိဘူး
အခု ဒီ ပို့စ် ဖတ်ပြီးသွားမှပဲ
ခါတိုင်း ပြောနေတာတွေက
လော်ဂရစ်သမ်ကြီး ကျကွဲသွားလို့ ပါ ဆိုပြီး ခပ်တည်တည် ပြောမိနေသလို ဖြစ်နေပြီ
Was this answer helpful?
LikeDislikeကျွန်တော်ကတော့ လက်ထဲကိုပန်းသီးတစ်လုံးရောက်လာရင် ဒီမှာ အရင် ချက်ကြည့်ပါတယ်
http://dev.mk/iphone-simlock-status-imei-checker/
နောက်ပြီး iTune ကြီးသုံးရတာ အာရုံနောက်လို့ iTool သုံးပါတယ်။
နောက်တစ်ခု ကျွန်တော့်ရဲ့ အတွေ့အကြုံလေးက AT&T Lock အလုံးလေးဖိုးဂျီ ဆိုတာ လေးကို တစ်သိန်းခွဲနဲ့ ဝယ်လိုက်တာ ကြာတော့ကြာပါပြီ အဲဒါကို official Unlock လုပ်ဖို့ ယူရိုတစ်ဆယ် သွင်းရမယ်ဆိုတာကို အပေါ်က ကျွန်တော် ရိုက်ထားတဲ့လင့်ခ့် မှာ IMEI နဲ့ချက်ကြည့်လိုက်တော့ပေါ်ပါတယ်
ဒါနဲ့ ဆိုင်တစ်ဆိုင်မှာ Unlock လုပ်ဖို့ မြန်မာငွေပေးရတာ 25000 ကျပါတယ် ။ ဒါပေမယ့် ပိုက်ဆံသာဆုံးသွားပါတယ် ကျွန်တော့် အလုံးကို iTune က မသိပါဘူး/ IMEI Check ကြည့်တော့လဲ အဲဒီဆိုဒ်မှာက your phone is unlock လို့တာ့ပြောရှာပါတယ်။
နောက်ပြီး တော့iTune က ကျွန်တော့် ပန်းသီးက ပျောက်သွားတဲ့ အလုံးဆိုလို့ ဟိုဘက်မှာ တစ်လုံးအသစ်ပြန်ချပေးပြီလို့ ပြောပါတယ် ။
ဟုတ်တာမဟုတ်တာတော့မသိဘူး ကျွန်တော့်ဟာက အိုင်ဖုန်းကနေ အရှင်လတ်လတ် အိုင်ပေါ့ ဖြစ်သွားတယ် ။
ကဲဇာတ်လမ်းလေးကတော့ဒါပါပဲ ကိုကြောင်ဝတုတ်ရယ် တတ်နိုင်ရင်တော့ အကြံလေးပေးပါအုံး။
လောလောဆယ်တော့ အဲဒါလေးကို တစ်ပုံးနဲ့ထုလိုက်ရတယ် အဟီးးးးးး.
နောက်တစ်လုံးကတော့ စိတ်ချမ်းသာအောင် အော်ဖစ်ရှယ်အန်ပြီးလော့တဲ့ပန်းသီးကိုပဲပြန်ဆွဲထားတယ် ။
Was this answer helpful?
LikeDislikeကိုရဲစည်ရေ…
ပြူတင်းပေါက်ဘက်ကို စီးမြောသွားတာမှန်ပေမယ့် ပြူတင်းပေါက်လဲအနှီပြသနာတွေရှိနေဦးမှာပါ…
မြန်မာစာဖတ်ချင်တဲ့ကိစ္စမျိုး၊ မြန်မာစာနဲ့ SMS ပို့ချင်တဲ့ကိစ္စမျိုးပေါ့…
ပြူတင်းပေါက်ဖုန်းလေးလက်ထဲရောက်မှ အားနည်းချက်… အားသာချက်လေးကို ပြောပြချင်ပါသေးတယ်…
လောလောဆယ်တော့ ပြူတင်းပေါက်လက်တစ်ကမ်းရောက်ဖို့ ကြိုးစားဦးမည်ဗျာ…
သူကြီးရေ…
သူကြီးပြောသလိုပေါ့ဗျာ Open Source ရဲ့ အဓိပ္ပာယ်ဖွင့်ပုံ သဘောမကျတာမှန်ပါတယ်…
ဒါပေမယ့် Software အကြောင်းမသိသောသူများက အဲဒီလို အဓိပ္ပာယ်ကောက်လွဲနေကြတာကိုလဲ ကျွန်တော်တွေ့ရပါတယ်…
အခုကိစ္စမှာ Open Source အကြောင်းကို နောက်မှသေချာရေးပါဦးမယ်… အကြွေးမှတ်ထားပေးပါနော်…
အစ်ကိုကြီးနိုရေ…
ကျွန်တော်ရေးလို့ သိသွားပြီဆိုရင် လူကြိုက်မများမယ့်ပိုစ့်လေးပေမယ့် ရေးရကြိုးနပ်ပါပြီဗျာ…
ကိုသုဝေရေ…
ပထမ အစ်ကို့ဖုန်းက ကျွန်တော့်အမြင်ပြောရရင် Blacklist ထိထားတဲ့ Phone လို့ထင်ပါတယ်…
အဲဒီ Blacklist ကို ဖျက်ပေးတဲ့ Service တွေရှိပါတယ်…
သေချာစုံစမ်းကြည့်စေချင်ပါတယ်… ကျွန်တော်လဲအဆင်ပြေရင် စုံစမ်းထားပေးပါ့မယ်…
ခင်မင်လျက်-
ဖက်ဖက်ကက်
Was this answer helpful?
LikeDislikeအဲဒါဆို ဟိုတစ်ခါ ရှင်းပြတဲ့ ဟာတွေ ကော်ပီထားတဲ့ဟာ ဖျက်လို့ရပြီ
ဒီပို့(စ) ကိုပဲ သိမ်းတော့မယ်။
နည်းနည်း ပိုရှင်းသွားသလိုလိုပဲ။
ကျေးဇူး ကိုဖက်။
Was this answer helpful?
LikeDislikeဘာပဲဖြစ်ဖြစ်ပေါ့လေ
ကိုယ် မသိသေးတဲ့အချက်တစ်ခုကို သိသွားလို့ ကျေးဇူးပါဗျ
ဦးမာဃ အခုထိ ဘာကိုမှ သေချာ မလုပ်နိုင်သေးပေမယ့်
တကယ် ထဲထဲဝင်ဝင် လေ့လာဖို့ မှတ်ထားလိုက်ပါတယ်
Was this answer helpful?
LikeDislikeဒလို သခိုးသ၀ှက်ပိုစ့်ကို တင်ခွင့်ပြုတာကို သဂျီးကို မေးခွန်းထုတ်စရာဖြစ်နေဘီ
အဒိန်နဒါနကံဗျာ….ပန်းသီးဒလို ခင်းကျင်းတယ်.. စက်ရုပ်ဒလိုခင်းကျင်းတယ်
မကျေနပ်ရင် မသုံးနဲ့ပေါ့ဗျာ…ခိုးရ၀ှက်ရ ဘတ်ကီးရိုက်ရမှ ကျေနပ်မှာလား…
စိတ်ဒတ်လေးတေမြင့်ဂျပါဇို့
သခင်မျိုးဟေ့ ဒို့ဘာမန်
..
ဟီဟိ
Was this answer helpful?
LikeDislikeဟဲ့..မောင်ဂီဂီရဲ့..
ကျုပ်အခုစာရိုက်နေရတာ.. Windows XP နဲ့..
မြန်မာပြည်က ကွန်ပျူတာနဲ့တက်တဲ့သူတွေရဲ့.. ၉၉ ရာခိုင်နှုန်းမေးကြည့်..
win 7တွေ..8တွေ..။ ကလုန်းတွေ..ပိုင်းရိတ်တွေ..။
ဆိုတော့..
ငါးပါးသီလ ..တွင်တွင်အော်… စာချပေးနေတဲ့သူတွေမေးကြည့်..
ဘတ်ကီးရိုက်နေကြမှန်း.. သိတောင်မသိ…
စာမတတ်သူများ.. အိုင်တီမတတ်သူများ.. ဆရာမလုပ်ရေး..
ငွေကြေးအကြောင်းနားမလည်သူများ.. ငွေကြေးစီမံခွင့်မရရေး..
ဒို့အရေး..
သခင်မျိုးဟေ့.. ဒို့ဘားမင်န်င်း..
Was this answer helpful?
LikeDislikeပြောပါတယ် အုံးနှောက်တေခိုးတာ အပြစ်အကြီးဆုံးပါဆို…
အဲ့ဒလို အုံးနှောက်တွေ ခိုးလို့ ဘ၀မကူးဘဲ
အုံးနှောက်ချို့တဲ့တဲ့ တိုင်းပြည်ဖြစ်နေတာ….
အာဝူးးးးး..
ကိန်ကိန်ကိန်
Was this answer helpful?
LikeDislikeရီတော့ရီရတယ်နော …
ဘုတ်ဒဘာသာ ပြန့်ပွားရေးတဲ့
ငါးပါးသီလကို ပရိုမိုးရှင်းလုပ်တဲ့ဘုန်းဘုန်းတဲ့…
ပိုင်းရိတ်အိုအက်စ်ပေါ် အော့ဖစ် ၂၀၁၀ တင်ပီး
အွန်လိုင်းပေါ် တော်ကီရောင်းနေတာလေ…
ခိခိ
အူးဇင်းလို့ …
အူးဇင်း ပီစီကိုင်တိုင်း ဒီလိုဒီလိုကိစ္စတေကြောင့်
တပါးကျိုးနေတယ် သိလားလို့ ပြောတော့..
ဟုတ်လို့လား ဒကာယီး ရာ တဲ့ ….
မပလီပါနဲ့တဲ့ ….
အဟိ …
နောက်တပါးကျိုးဖို့တော့နီးနေဘီ…
သာဓု အနိစ္စ
:harr:
Was this answer helpful?
LikeDislikeယောက္ခမကြီးရေ

ဂလိုဆိုမှဖြင့် ချွေးမလေးဂုအလုပ်လုပ်နေတာလည်း သမ္မာအာဇီဝ မှုတ်ဘူးပေါ့
ငရဲတွေတော့ ကြီးကုန်တော့မှာဘဲ…မှာဘဲ
ဒီတော့… အဆင်ပြေမယ်ဆိုရင်လေ
ယောက္ခမကြီးကပဲ ကျွေး……ထား…..ပါ……လား…..ဟင်င်င်င်
Was this answer helpful?
LikeDislikeကဲ… ဒီပိုစ့်ကို သူခိုးသ၀ှက်ပိုစ့်လို့ ခေါင်းစဉ်တပ်တာတော့ နဲနဲလွန်သွားသလားလို့ပါ… ဂီဂီရေ…
ကော်ပီရိုက်နဲ့ပတ်သက်လို့ ပြောတဲ့ကိစ္စကို လက်ခံပါတယ်… ထောက်လဲထောက်ခံပါတယ်… ဒါပေမယ့် အခြေအနေတစ်ခုအပေါ်မှာတော့ ဒီကိစ္စဟာ လက်ခံပြောင်းလဲမှုရှိရတယ်…
ဒီလိုဗျ…
လွန်ခဲ့တဲ့ (၁၀)နှစ်လောက်တုန်းက Microsoft Security Expert ကိုလေ့လာတဲ့အချိန်တုန်းက How to hack ကို အရင်လေ့လာရပါတယ်… အဲဒီလိုလေ့လာတဲ့အခါ Educational Purpose Only ဆိုတဲ့ ကန့်သတ်ချက်တစ်ခုကို မဖြစ်မနေခေါင်းထဲမှာထည့်ထားရတယ်…
အဲဒီလိုပဲ…
အခုအချိန်မှာ Smart Phone ဆိုတာ ဖုန်းအသုံးပြုသူတွေရဲ့ ၈၅%လောက်သုံးနေကြတဲ့ Phone အမျိုးအစားပါ…
အဲဒီတော့ မြန်မာနိုင်ငံမှာနေကြသော ဖုန်းအသုံးပြုသူတွေ… နည်းပညာကိုလက်လှမ်းမမီ သူတွေ… ပညာရေးစနစ်ကြောင့်အင်္ဂလိပ်စာဖတ်အားနည်းသူတွေ Educational Purpose Only ဆိုတဲ့အနေအထားနဲ့ ဒီပိုစ့်ကိုရေးတာပါ…
ထပ်ပြီးပြောရမယ်ဆိုရင် ဒီပိုစ့်မှာ ပန်းသီးကိုတော့ ဘယ်လိုထောင်ဖောက်ပါ…
စက်ရုပ်ကိုတော့ ဘယ်လို အမြစ်တူးပါဆိုတဲ့ အကြောင်းတစ်လုံးမှ မပါတဲ့အတွက် သူခိုးသူဝှက်ပိုစ့် လို့ပြောလို့ မရပါဘူး… ဂီဂီ…
အဲဒီလိုပဲ ဘယ်နေရာမှာဖြင့် ဘယ် Crack Application တွေကို ဆွဲချလို့ရတယ်… ဘယ်လို Install လုပ်ရတယ်ဆိုတာလဲ ရေးမထားပါဘူးနော်…
ကျွန်တော်ဆိုလိုချင်တာကို နားလည်စေချင်ပါတယ်…
ဖုန်းသုံးတဲ့သူများ သီချင်းသွင်းတာကအစ ဖုန်းဆိုင်သွားရတဲ့ဘေး၊ ဘာ့ကြောင့်အမြစ်တူးသလဲ… ဘာ့ကြောင့်ထောင်ဖောက်သလဲ… မသိဘဲနဲ့ ဖုန်းဆိုင်က စကားကြီးစကားကျယ်ပြောတာတွေကို မျက်လုံးအပြူးသားလေးနဲ့ နားထောင်ပြီးပိုက်ဆံသွားသွားပေးရတဲ့ဘေးကနေလွတ်စေချင်တာပါ…
ဒီပိုစ့်ကို ဖတ်ခြင်းအားဖြင့် မိမိကိုယ်ပိုင်ဖုန်းတစ်လုံးကို မိမိကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ အမြစ်တူးမလား… ထောင်ဖောက်မလား… စဉ်းစားခွင့်ရှိလာအောင်… စဉ်းစားနိုင်လာအောင်… ဒီစာကိုရေးတာပါ…
ဆိုပါစို့…
ကျုပ် SMS ကို မြန်မာလိုမပို့ဘူးဗျာ…
Web ကို မြန်မာလို မဖတ်ဘူးဗျာ… ဆိုရင် ဒီထောင်ဖောက်တဲ့ကိစ္စ၊ အမြစ်တူးတဲ့ကိစ္စကနေ လွတ်မှာပါ…
ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်… Microsoft ကပဲဖြစ်ဖြစ်၊ Apple ကပဲဖြစ်ဖြစ်၊ Google ကပဲဖြစ်ဖြစ် အရေးတယူ မြန်မာစာစနစ်တစ်ခုကို ထည့်မပေးမခြင်း၊ ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရှင်တွေက Standard မြန်မာစာ Unicode စနစ်တစ်ခုကို ဖန်တီးမပေးနိုင်မခြင်း…
ကျွန်တော်တို့ဟာ မြန်မာတွေမို့ ထောင်ဖောက်၊ အမြစ်တူးတဲ့ကိစ္စကို ရှောင်လွှဲလို့မရသေးပါဘူး…
Windows 8 နဲ့ MacOSX 10.7 မှာစပါတဲ့ မြန်မာစာစနစ်က ပြည်တွင်းသုံးစနစ်နဲ့ လုံးဝကိုက်ညီမှု မရှိသေးတာမို့ ထောင်ဖောက်ခြင်းနဲ့ အမြစ်တူးခြင်းဟာ မလွဲမသွေလိုအပ်နေဦးမှာပါပဲ…
ကဲပါလေ…
ဒီပိုစ့်ကို ကော်မန့်ရေးတဲ့ ဂီဂီကရေ… New iPad ပေါ်ကနေ ဇော်ဂျီမြန်မာစာစနစ်သုံးပြီး ကော်မန့်ရေးတာမဟုတ်ပေဘူးလားဗျာ…
ထပ်ပြောရရင်…
အခုရိုက်နေတဲ့ကွန်ပျူတာမှာ Windows 7 Professional Service Pack 1 နဲ့ Office 2010 Standard ကို လိုင်စင်သုံးထားရုံမက ကျန်တဲ့ Application အားလုံး Freeware & Open Source ကိုပဲသုံးထားတဲ့ ကွန်ပျူတာကနေ ဒီကော်မန့်ကိုရေးတာပါ… ခိခိ
မမေ့ပါနဲ့…
Copy Right နဲ့ လိုင်စင်ကိစ္စ လေးစားရမယ့်အကြောင်းနဲ့ ပြည်တွင်းအဖွဲ့အစည်းတစ်ခုမှာ Develop လုပ်ရမလဲဆိုတဲ့ Project ကို ကျွန်တော်ဆွဲထားပြီး ရွာထဲမှာတောင် ပိုစ့်တင်ခဲ့ဖူးပါတယ်…
အမှတ်တရ ပြန်တင်ပေးလိုက်ပါတယ်…
http://myanmargazette.net/101444/computers-technology
ပြောရင်းနဲ့ သူကြီးရေ…
ရည်ရွယ်ချက်ကတမျိုးနော်… ပြန်ကြည့်ပါဦး…
ခင်မင်လျက်-
ဖက်ဖက်ကက်
Was this answer helpful?
LikeDislikeယူအက်စ်က အခြေအနေပြောပြမယ်နော..
အမြစ်တူးတာရော..ထောင်ဖေါက်တာရော.. မူပိုင်ခွင့်နဲ့မဆိုင်ဘူးလို့.. တွေ့ရပါတယ်.။
ကိုယ့်ပစ္စည်းကိုယ်.. လုပ်ချင်တာလုပ်တာပဲ..
ခိုးသုံးတာမှမဟုတ်တာ..
တန်ရာတန်ကြေးပေးထားပြီးပဲ..။
ဆိုတော့..
ဘာဖြစ်သလည်းဆိုတော့.. ၀ရမ်တီဗွိုက်ပါတယ်..။
ဗွိုက်သင့်ဖြစ်သင့်ပါတယ်..။
ထောင်ဖောက်..အမြစ်တူးထားတာကို.. ပေါက်တပ်ကရတွေထည့်.. စက်ပျက်တော့.. စာချုပ်ထားတဲ့ပရိုဗိုက်တာပြဿနာသွားရှာပြီး.. ပစ္စည်းပြန်အပ်..အသစ်လဲခိုင်းလို့ပါ..။
အမြစ်တူး..ထောင်ဖေါက်ထားလို့.. မူပိုင်ခွင့်ချိုးဖေါက်တယ်ဆိုပြီး..အရေးယူတာ.. မကြားဖူးပါကြောင်း..။ တရားဥပဒေအရ.. ၀ယ်ယူထားသူရဲ့လုပ်ပိုင်ခွင့်.. Right ရှိပါကြောင်း..
အပေါ်က ကျုပ်ရေးတဲ့ခိုးမှုအကြောင်းက.. ကိုရင်ဖက်ဖက်နဲ့မဆိုင်.. . ကြုံတုံးဆွမ်းကြီးလောင်းတာဖြစ်ပါကြောင်း..။
ကိုရင်ဖက်ဖက်ကတော့.. “သိထားသူ” လို့ယူဆတာမို့.. ရေးချင်တာဆက်ရေးနိုင်ပါကြောင်း..
U.S. Declares iPhone Jailbreaking Legal, Over Apple’s Objections ...
http://www.wired.com/threatlevel/2010/…/feds-ok-iphone-jailbreaki…Share
Jul 26, 2010 – Federal regulators lifted a cloud of uncertainty when they announced it was lawful to hack or “jailbreak” an iPhone, declaring Monday there was …
=
Rooting and Jailbreaking Officially Made Legal for … – Droid Life
http://www.droid-life.com/…/rooting-and-jailbreaking-officially-ma…Share
Oct 26, 2012 – Now if I hit someone over the head with it…. That would be … Cop says “let me make sure you Droid RAZR HD is not rooted. WHAT??? How .
Was this answer helpful?
LikeDislikeသဂျီးပဲ စဉ်းဇားကျိဗျာ …
အဲ့ဒီ ၀တုတ်ကြီး အကြောင်း ….
ဆော့ဖွဲတွေ ခိုးသုံးလား ခိုးသုံးရဲ့ …
အဲ့ဒါ မူပိုင်ခွင့် ညိပါတယ်ပြောရင် ဖင်ကုန်းငြင်းလား ငြင်းရဲ့
ကျန်းးးး ညာတာ … မုသာဝါဒ ကျူးလွန်တာ …
ပွက်စိတ်သတ် ခြင်သတ် ကျိန်းသေလုပ်မယ့်ရုပ်ဗျာ…
သဂျင်လေး အခွေသစ်ထွက်လည်း ထိပ်ဆုံးလောက်
ဒေါင်းမယ့်လူယီး
ကျန်းးးး
၅ပါးသီလ တပါးမှ မမြဲတာ….
နားမယောင်ပါနဲ့ ပိတ်သတ်ကြီး
Was this answer helpful?
LikeDislikeဟက်လူဂျီးး
ကျုပ်ဂဒေါ့ အမြစ်တူးဒါလည်း သိဝူးး
ထောင်ဖောက်ဒါလည်း သိဝူးး
ဒါကြောင့် ..
ဟိုဖတ်ဒီဖတ် ဖတ်ပီးး မန့်တွားဒယ်ဂျ ..
ဒါဗျဲ …
Was this answer helpful?
LikeDislikeစက်ရုပ်ကြီးကိုင်ပြီး အမြစ်တူးထားလား… မတူးထားလား ပွင့်ပွင့်လင်းလင်းပြောနော်…
ကော်ပီရိုက်အကြောင်းပြောနေလို့ ရူးချင်ယောင်ဆောင်မသွားနဲ့ ကိုအံကြီး…
ခင်မင်လျက်-
ဖက်ဖက်ကက်
Was this answer helpful?
LikeDislikeဘာဒွေလဲကွာ မသိဘူးကွာ…….. အိုင်ဒဗိက်ဒွေ မသိဘူးကွာ……
ရုံးက ဂျာဂျာဒွေ အိုင်ကိုင်လို. ဒုတ်ခရောက်နေဒါ…….
ဒို.ကတော့ ဒို.ကတော့ ဟာဝေး ၈၆၀၀ လေးနဲ. ပေါင်းသင်းလာတာကြာပေါ့…
ထောင်ဖောက်တာတွေ အမြစ်လှန်ဒါတွေ မလိုပေါင် အော်လိုက်ချင်ဒယ် အမြစ်လှန်ပြီးသား အကုန်လှန်ထားဒါ…
ချစ်သွားပီး ဟာဝေးရယ်………….. ခိခိခိ
အိုင်းပလော့ဒတ် အလကားပေးရင် အမြစ်လှန်ထောင်ဖောက်ပေးမှ ယူမယ်….ဒါဘဲ..ဟွင်းဟွင်းဟွင်း..
ပစ္စည်းမဲ့မာနရှင်
ရွှေတိုက်
Was this answer helpful?
LikeDislikeသူကြီးရေ…
ခုန အမြစ်တူးတဲ့ကိစ္စနဲ့ ထောင်ဖောက်တဲ့ကိစ္စမှာ ပန်းသီးနဲ့ စက်ရုပ်ကွာခြားချက်ရှိပါတယ်…
တက္ကနီကယ်အရပြောမယ်ဆိုရင်…
မိုဘိုင်းဒီဗိုက်(စ)တွေမှာလဲ ကွန်ပျူတာတွေနည်းတူ Boot လုပ်တဲ့အပိုင်းနဲ့ OS အပိုင်းဆိုပြီး နှစ်မျိုးရှိပါတယ်…
အထူးသဖြင့် စက်ရုပ်တွေမှာ Bootloader ကို Lock လုပ်ထားတတ်ပါတယ်…
အဲဒီအတွက် ထုတ်လုပ်သူတို့ပေးထားတဲ့ OS မဟုတ်တဲ့တခြား OS ကိုတင်ခွင့်မပေးတတ်ပါဘူး…
အဲဒီမှာ Boot Loader ကို Unlock လုပ်ပြီးတော့ တခြား OS တွေကို တင်ပါတယ်… အဲဒီမှာ ၀ရမ်တီနဲ့ပတ်သက်လို့ပြောကြတဲ့အခါ Bootloader Lock ဖြည်ထားတာတွေ့ရင် ၀ရမ်တီပျက်တတ်ပါတယ်… တချို့ ဖုန်းတွေရဲ့ Bootloader က ပြန်ပြီးတော့ Lock လုပ်လို့ရပေမယ့် များသောအားဖြင့် ROM ပေါ်မှာ Flush လုပ်လိုက်ရတာမို့ Factory Setting ကို ပြန်ထားလို့မရတော့တာ တွေ့ရပါတယ်…
ဒါက ကျွန်တော်တီးခေါက်မိသလောက် စက်ရုပ်အကြောင်းပါဗျာ…
ပန်းသီးမှာတော့ အဲဒီလိုမဟုတ်ပါဘူးခင်ဗျား…
ပန်းသီးရဲ့ Original Firmware ကို ပြန်ပြီးတော့ iTune ကနေ Restore လုပ်လိုက်ရင် မိမွေးတိုင်းဖမွေးတိုင်းပြန်ဖြစ်တာမို့ ထောင်ဖောက်တဲ့ကိစ္စမှာ အခြားထူးထူးခြားခြားပြသနာမရှိသ၍ ၀ရမ်တီကိုမပျက်ပြယ်စေပါဘူး…
ဥပမာ Original Firmware ကို Restore ပြန်လုပ်နိုင်တဲ့အနေအထားမရှိရင်တော့ ၀ရန်တီပျက်မှာပေါ့နော်…
ကံကောင်းလို့ Original Firmware ကို ပြန်တင်နိုင်တယ်ဆိုရင်ဖြင့် ၀ရန်တီမပျက်နိုင်ပါဘူး…
ဒါကလဲ ပန်းသီးရဲ့ အားသာချက်တစ်ခုပါပဲ…
နောက်တစ်ခုက…
ဟိုကောင်မောင်ဂီပြောတာတွေကို နားမယောင်ကြဖို့ပါ…
သူနဲ့ ကျွန်တော်က အားရင်အဲ့လို ငြင်းနေကြမို့ပါ…
ခင်မင်လျက်-
ဖက်ဖက်ကက်
Was this answer helpful?
LikeDislikeစက်ရုပ်အတွက် backup လုပ်ထားပြီး root မလုပ်ခင်က setting, အတိုင်း ဆော့ဖ်ဝဲတွေ ပြန်တင်လို့ရအောင် လုပ်နိုင်တယ် ပြောပါတယ်
တွေ့ဆုံပွဲ ရန်ကုန်ရောက်တုန်း ဟွာဝေး U8950D ဝယ်လာတယ်
မြန်မာဖောင့်မရသေးလို့ ဟိုမွှေဒီနှောက်လုပ်ပြီး root လုပ်မလားလို့
လောလောဆယ်..
http://www.myanmarplay.com/%E1%80%98%E1%80%9A%E1%80%B9-huawe-%E1%80%99%E1%80%86%E1%80%AD%E1%80%AF-%E1%80%A1%E1%80%BB%E1%80%99%E1%80%85%E1%80%B9%E1%80%99%E1%80%90%E1%80%B0%E1%80%B8%E1%80%98%E1%80%B2-%E1%80%BB%E1%80%99%E1%80%94/
မှာ လေ့လာနေတယ်
Was this answer helpful?
LikeDislikeသိပ်တော့ နားလည်ဗူးဗြ သို့သော် နားလည်ယောင်ဆောင်ပြီး ဗရာဗို ဟစ်လိုက်မယ်။ တကယ်လိုအပ်တော့မှပဲ အွန်လိုင်းကတဆင့် မေးပါရစေ…။ ကြောင်အခြင်းခြင်း ကူညီတန်ကောင်းပါရဲ့…..
Was this answer helpful?
LikeDislike