ဂေဇက်မှရွာသူရွာသားများကိုအရင် ဆုံးတောင်းပန်ပါရ စေ။ကျွန်တော်သော်ဇင် နဲ့ မိခင်ဖြစ်သူမှာ မန္တလေးပြည့်သူ့ဆေးရုံကြီး မျက်နာနှင့် မေးရိုး ခွဲစိတ်ဌာတွင် တက်ရောက် ကုသမှုခံ

ယူနေရပါတယ်။ ဒါ့ကြောင့် လတ်တ လော ကျွန်တော့်အ နေနဲ့ စာများရေးတင်နိုင်ဦးမည် မဟုတ်ပါ။ ဖြစ်စဉ်မှာ ၂၅့  ၁့  ၂၀၁၃နေ့ တွင် လွိုင်ကော် မှ မိထ္တီလာသို့ ထွက်ခွာလာသော ကိန္နရာရှမ်း ယာဉ်သည် ယင်းမာပင် သံလမ်းကွေ့ ကုန်းဆင်းတွင် ဘရိတ်ပေါက် တိမ်းမှောက်သွားခဲ့ရာ ကျွန်တော်နှင့် မိခင်ဖြစ်သူမှာ ထိခိုက်ဒဏ် ရာများ ရရှိခဲ့သည်။ ကျွန်တော်၏ မိခင် မှာ ဒဏ် ရာပြင်းထန်သဖြင့် ယင်းမာပင် တိုက်နယ်ဆေးရုံမှ လွဲစာဖြင့် မိထ္တီလာဆေးရုံသို့ရောက် ရှိခဲ့ရာ ထိုမှတဆင့် မန္တလေးဆေးရုံကြီးကိုလွဲပြောင်း ခဲ့သဖြင့် လက် ရှိတက်ရောက်ကုသနေပါသည်။ ခုချိန်ထိ ယာဉ်အုံနာမှာ ဆက်သွယ်စုံစမ်းမေးမြန်းခြင်းမပြုဘဲ တာဝန်မယူနိုင်ကြောင်း တရားစွဲနိုင်ကြောင်း ပြောဆိုနေပါသည်။ မည်ကဲ့သို့ တရားစွဲဆိုရမည်ကို ဝိုင်းဝန်းအကြံပေးကြပါရန် ဂေဇက် ရွာသူ ရွာသားများအား အသိပေးအပ်ပါသည်။ မန်းတွင် ရှိသော မန်ဘာများနှင့်တွေ့ဆုံလိုပါသည်။ ခု စာရေးတင် ခြင်းသည် ဖုန်းနှင့်ရေးတင်နေရခြင်းကြောင့် စာလုံးပေါင်း မှားယွင်းပါက သည်းခံဖတ်ပေး စေလိုပါကြောင်း

သော်ဇင်

 

1-Feb-2013

About သော်ဇင် (လွိုင်ကော်)

သော်ဇင် (လွိုင်ကော်) has written 192 post in this Website..

ရင်ဘတ်နဲ့ခံစားပြီးရေးတဲ့ စာတွေ တင်ပြပါရစေခင်ဗျား