ဝင်သက်ပူတုန်း အစချီ အချီအချညီ (နဘေညီ) ပိုဒ်စုံရတု

ဝင်သက်ပူတုန်း ရင်ထက်နုံးချိ မင်သက်မိဆို ညဥ့်အိုစိတ်ကူး
ပိပြိုဖူးခက် ငိုဘူးလျက်မှ ဆူးချက်ကနာ နက်လှပါပြီ
မြွက်ဟသီကျူး ရည်စူးတေးသံ ရူးဆွေးပြန်မိ စူးငေးထိရှ
တွေးမိတလွမ်း ငြိမှကမ်းဖြို မြကျွမ်းဖိုလှိုက် ငိုရှိုက်သည်းကြွေ
ပြိုခိုက်စေစား သိုရိုက်ထားစဉ် မှားမြင်ပင်ထက် နားချင်လျက်သား
ငှက်ခါးတောင်ပံ ကြားယောင်ပြန်လျှင် နားထောင်ညင်သာ မြင်ပါလျက်မြူ
ရင်မှာဆူအုံး ပူတုန်းဝင်သက် ခြွေနေလား…။

မြင်ခက်မြူဖုံး ကြင်သက်ဆုံးတိုင် ယှဉ်လျက်ထိုင်ငေး မှိုင်ဆွေးနှင်းဖြူ
လှိုင်မွှေးကြူသို့ တွေးပူလို့လေ သူညှို့စေငြား ပျို့လေအားတင်း စို့စေညှင်းလျက်လင်းခက်ရီဝေ ထက်ဆီနေရောင် ပြက်မည်မှောင်ထွ­န်း
သည်မြောင်ကျွန်းဝယ် သောင်ထွန်းမယ်ဆို ကွန်းငယ်ခိုဝင် လိုအင်ဖွင့်ဟ
ငြိုငြင်တလှမ်း ထိုပင်တန်းမျှော် မှန်းရော်ရီငေး တမ်းဖော်ဝေးလှစ်­
ဆွေးရစ်ကာလေ သစ္စာခြွေမှ မေတ္တာခသွန်း လှလွန်းမွှေးကြူ
မြရွှန်းသူပြုံး မြူဖုံးမြင်ခက် ဝေနေအား…။

ရင်ထက်ယူကြုံး မင်လျက်မုန်းဆို­ဝင်သက်ပြိုဆင်း ငိုချင်းမျက်ရည်­
ဆိုရင်းမြေကျ ညှင်းလေခလည်း ကြွေမှခွဲခွာ တဆဲပါမေ
လှမြဲနေအို နွေလိုအေးစက် ပိုဆွေးလျက်ငိုင် ငိုကြွေးမြိုင်တော
တွေးမှိုင်မောလျ ဖြိုင်သောကပို မောဟကိုလျှင် ငြိုငြင်ပါဘူး
ခိုဝင်ဖူးရဲ့ လိုချင်ခဲ့တောင်­မဲယောင်အပြုံး ဧည့်တောင်ကုန်းထ­က်
အုန်းစက်သဂြိင်္လ်မျက်ကွင်းညိုမြ လက်လင်းညနှယ် ရှလွယ်ဝေဆူ
မြချယ်သူမုန်း ယူကြုံးရင်ထက် ကြွေစေသား…။ ။

တောက ကိုရင်
၀၁.၀၂.၂၀၁၃

နဘေညီအောင် အဓိကယူထားပါတယ်…
ပပိုဒ်မှာ နဘေနည်းနည်းရှုပ်­သွားတယ်။
အဲဒီအတိုင်းပဲ လိုက်ယူပြီး ရေးထားပါတယ်။
ပြီးတော့ အတိသယတွေလည်း သုံးထားတယ်။
နွေလိုအေးစက်၊ လက်လင်းညနှယ် စသည်ပေါ့
စိတ်ကူးတည့်သလိုခံစားလို့ရသလို ရေးကြည့်တာ

About တောက ကိုရင်

တောက ကိုရင် has written 40 post in this Website..