ဘာပြောလိုက်တယ် ပြန်ဆုံကြမယ် ဟုတ်လား

မင်း နှုတ်ဖျားကစကား ပြန်ရုပ်သိမ်းသွားပါ

မင်းမှာလည်း မျက်စိတစ်စုံ

ငါ့မှာလည်း မျက်စိတစ်စုံဆိုပေမယ့်

မတူညီတဲ့ အကြည့်တွေကြားမှာ

မင်းဘက်ကကြည့်တော့ လမ်းဆုံ

ငါ့ဘက်ကကြည့်တော့ လမ်းခွဲ

ပြီးသွားခဲ့ပြီပဲ

ကြွေပြီးသား သစ်ရွက်

ပင်စည်နဲ့ပြန်မဆက်နိုင်သလို

ပြာကျပြီးသား စက္ကူစ

ဥုံဖွ လို့ ဘယ်လောက် မန်း မန်း

သူ့သက်တမ်းက ကုန်ခဲ့ပြီပဲ

ရွှေမျက်ရည်လည်း လာမဝဲနဲ့

ကျူးလှခဲ့တဲ့ မင်း စကားသံ

ငါ့နားထဲမှာ လျှံနေတုန်း

လွယ်လွယ်နဲ့ မုန်းခဲ့တာမဟုတ်

အရုပ်လိုလဲ ငါမနေနိုင်လှ

အခြေခိုင်စ ငါ့ဘဝနား

လား လား တောင်လှမ်းမလာနဲ့

ဇာတ်သိမ်းခန်းရဲ့ နိဂုံး

ပြီးဆုံးသွားခဲ့ပြီ ။

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..