ဟိုတယ်တစ်ခုမှာဖြစ်လိုက်ပြီဆိုလို့ကတော့ တကယ့်ကိုထင်မထားတဲ့ပြသနာတွေချည်းပါပဲ…ပြောပြဦးမယ်…တရက်ကပေါ့..နေ့လည် ၁၁ နာရီလောက် အပြင်က ဖုန်းတကော ရီဆက်ရှင်ကောင်တာကို ၀င်လာတယ်…အမျိုးသမီးသံနဲ့ပါ…ညီမလေးရေတဲ့..အမတို့ ပြန်မရောက်နိုင်သေးလို့ အမတို့အခန်း ၂၁၀ ကို CHECK OUT လုပ်ထားပေးပါနော် ဆိုတော့ ဟိုတယ်က၀န်ထမ်းတွေကလဲ အခန်းသေသေချာချာ သိမ်းဆည်းပေးပြီး CHECK OUT လုပ်ထားပေးလိုက်တယ်…အိတ်တွေကိုလဲ ကောင်တာရှေ့မှာပဲ သေသေချာချာ ချထားပေးထားတယ်…တချို့ ဧည့်သည်တွေကလဲ ၁၂ နာရီကျော်သွားရင် နောက်တရက်စာ ပေးရမှာစိုးလို့ အလုပ်ကိစ္စမပြတ်သေးရင်ပဲဖြစ်ဖြစ်..ခရီးနည်းနည်းလွန်နေရင်ပဲဖြစ်ဖြစ်..ဒီလိုပဲ ဖုန်းနဲ့လှမ်းပြီး လုပ်ခိုင်းလေ့ ရှိတော့ ဒီလိုပဲ သဘောထားပြီး လုပ်ပေးထားလိုက်ကြတယ်တဲ့…ဇာတ်လမ်းစတာက ၁၁နာရီခွဲလောက်ကျတော့ အဲ့ဒီအခန်းက ဧည့်သည်တွေ ပြန်လာတဲ့အခါကျတော့ ဘာလို့ ငါတို့အိတ်တွေကို အပြင်ထုတ်ထားတာလဲ…မင်းတို့ကို ဘယ်သူ CHECK OUT လုပ်ခိုင်းလို့လဲ ဆိုပြီး ရီဆက်ရှင်ဝန်ထမ်းတွေကို  ဒေါသတကြီး အော်ဟစ်ပြောဆိုပါတော့တယ်..၀န်ထမ်းတွေက.သေသေချာချာ ရှင်းပြရှာပါတယ်…အပြင်ကနေ အမကဖုန်းဆက်ပြီး CHECK OUT လုပ်ခိုင်းလို့ လုပ်ထားပေးရကြောင်း…ပစ္စည်းတွေကိုလဲ သေသေချာချာ သိမ်းဆည်းပေးထားကြောင်း…ပစ္စည်းတွေကိုလဲ စစ်ဆေးကြည့် နိုင်ကြောင်း…တကယ့်ကို ယဉ်ယဉ်ကျေးကျေး  ရှင်းပြကြရှာပါတယ်…ဘယ်လိုမှ မရပါဘူး…တကယ့်ကို အော်ကြီးဟစ်ကျယ်နဲ့ တဟိုတယ်လုံးကြားရလောက်အောင်ကို အော်ဟစ်ပြီး သူတို့အိတ်တွေကို အခန်းထဲက ဆွဲထုတ်ထားတာ လုံးဝမကျေနပ်နိုင်တဲ့ အကြောင်း…ရဲစခန်းသွားပြီး တရားစွဲမည်ဆိုကြောင်း…သူ့မှာလဲ ၀န်ထမ်းတွေအများကြီးရှိကြောင်း…ဒီလို ၀န်ထမ်းတွေကို တခါထဲအလုပ်ထုတ်သင့်ကြောင်း…ဒေါသတကြီး အော်ဟစ် ဆဲဆိုပါတော့တယ်…ကျန်တဲ့ ဟိုတယ် ဧည့်သည်တွေကလဲ ဘာဖြစ်တာလဲ ဆိုပြီး ထွက်ကြည့်ကြတာ ကောင်တာရှေ့မှာလဲ လူတွေတော်တော်များလာပါတယ်…ကျွန်တော်ကလဲ အပြင်သွားနေတာ အဲံဒီအချိန်မှ ပြန်ရောက်ပါတယ်….ဧည့်သည်က ဒေါသတကြီး အော်ဟစ်နေပြိး ရီဆက်ရှင် ကောင်မလေးတွေက ငိုနေကြပြီ….ဖြစ်ပျက်ပုံ အလုံးစုံကိုလဲ ကျွန်တော်က ဘာမှန်းမသိ..အဲ့ဒါနဲ့.ဘယ်လိုဖြစ်ကြတာလဲ မသိဘူးဆိုပြီး မေးလိုက်တော့ကျွန်တော့်ကို  ဒေါသတကြီး ပြောပါတယ်.. သူတို့အိတ်တွေကို အပြင်ဆွဲထုတ်ထားကြောင်း…သူတို့ အခန်းထဲကိုသူတို့ခွင့်ပြုချက်မရပဲဝင်တဲ့အတွက် တရားစွဲလို့တောင် ရကြောင်း…ဒီဝန်ထမ်းတွေကို ချက်ချင်း အရေးယူပေးရန်ဆိုကြောင်း ဒေါသတကြီး ပြောဆိုပါတယ်…ပစ္စည်းတွေကော စစ်ပြီးပြီလားခင်ဗျ..ဆိုတော့ စစ်ပြီးကြောင်း…ပြည့်စုံလားခင်ဗျ..ဆိုတော့ ပြည့်စုံကြောင်းပြောတော့…ကျွန်တော် ၀န်ထမ်းတွေကိုလဲ မေးကြည့်ပါဦးမယ်…ကဲ..နင်တို့ဘက်က ပြောဦး..ဘယ်လိုဖြစ်တာတုန်း ဆိုပြီး သူ့ရှေ့မှာပဲ ၀န်ထမ်းတွေကို မေးလိုက်တော့ သူတို့ကလဲ ငိုပြီး ဒီအပြင်က ဖုန်းဝင်လာတာကစပြီး အခု နောက်ဆုံးအခြေအနေထိ ခရေစေ့တွင်းကျ ပြောပြကြတယ်…ဒါလဲ ပြောမရပါဘူး…ဘယ်လိုမှ မကျေနပ်နိုင်ဘူးတဲ့…ကဲ..တတ်နိုင်ပါဘူးလေ…တောင်းပန်ယုံပေါ့လို့ စိတ်ထဲမှာတွေးပြီး တောင်းပန်ရတော့တာပဲ…ကျွန်တော်.တောင်းပန်ကာမှ ပိုပိုတောင်ဆိုးလာသလားတောင်အောက်မေ့ရတယ်…တကယ် စိတ်ဓာတ်တောင်ကျသွားတယ်…ဒီအပြင်က၀င်လာတဲ့ ဖုန်းက ဘယ်ကဖုန်းလဲ…နောက်တဲ့ ဖုန်းလား…ဒါမှမဟုတ် ဟိုတယ်ပဲ မှားဆက်တဲ့ ဖုန်းလား…အခန်းမှားဆက်တဲ့ ဖုန်းလား အခုထက်ထိလဲ စဉ်းစားလို့မရသေးဘူး…ဒီဧည့်သည်ဆိုလဲ  ဒါဟာမတော်တဆ အမှားမှန်းလဲ သိတယ်…သူ့အတွက်ဘာမှလဲ ပျောက်ပျက်ပြီး နစ်နာဆုံးရှုံးတာမရှိဘူး….ဒီလောက်လဲတောင်းပန်နေတယ်…ဒီလောက်ကြီးတော့ မပြောသင့်ဘူး ထင်တာပဲ…ဒီ ရီဆက်ရှင် ၀န်ထမ်းကောင်မလေးတွေဆို အသက်အရွယ်အရ တွက်ကြည့်ရင် ဘာပဲပြောပြော သူ့မြေးလေးတွေလောက်ပဲ ရှိမယ်ထင်တယ်…ပြန်တွေးမိသေးတယ်….စိတ်သဘောထား နူးညံ့တဲ့ သူဆိုလို့ကတော့ ….. အော်…အဲ့လိုဖြစ်သွားတာလား…ဖြစ်လဲဖြစ်တတ်တယ်…နောက် မဖြစ်စေနဲ့နော်..အလုပ်ကို.သေသေချာချာလုပ်နော်ဆိုပြီး ဒီလောက်နဲ့ ပြီးသွားမှာ…စိတ်သဘောထား ညံ့တဲ့သူကျတော့ မတော်တဆ အမှားမှန်း သိရက်သားနဲ့ ခွင့်လွှတ်စိတ်နဲ့မတွေးပဲ ငါ သာနေ တုန်း တွယ်လိုက်ဦးမဟဲ့…ငါနိုင်နေတုန်းထောင်းလိုက်ဦးမဟဲ့…တောင်းပန်နေတုန်း ဆဲလိုက်ဦးမဟဲ့နဲ့ ဇွတ်ကိုထောင်လွှား မောက်မာ ရိုင်းစိုင်းနေတော့တာပဲ…နောက်ဆုံးတော့လဲ ဘယ်အရာမဆိုလူတစ်ဦးချင်းရဲ့ မူလ စိတ်ရင်းနဲ့ပဲ  အဓိက သက်ဆိုင်တယ်လို့ ယူဆလိုက်ရတော့တာပါပဲ…ဒါကြောင့် မဟာဂန္ဒာရုံကျောင်း ရဲ့ အချက် ဆယ်ချက်မှာ စိတ်ကောင်းရှိဖို့သည် ပထမ ဆိုပြီး နံပတ် ၁နေရာထား ထားတာကိုးလို့ သဘောပေါက်လိုက်တော့တယ်…ကောင်းစေချင်လဲ ဒီစိတ်…ဆိုးစေချင်လဲ ဒီစိတ် ပဲမို့လို့ မြတ်စွာဘုရားက….. စိတ္တေန နိယတေ လောကော…စိတ်သည် လောကကို ဖန်ဆင်းတည်ဆောက်သည် လို့ ဟောကြားခဲတာကိုး…ဟိုတယ်ကနေ ရလိုက်တဲ့ တရားပေါ့…တကယ့် ကြုံလေ ဘုံဗွေပါပဲ….

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...