မင်္ဂလာပါ ခင်ဗျာ…….
ဒီကနေ့  13.2.2013 ဗုဒ္ဓဟူးည သို့ မဟုတ် ကြာသပတေး မနက် မှာ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ် ဒုတိယညမှာလဲ တစ်ကမ်ဘာလုံးက ဘော်လုံးဝါသနာရှင်များ စိတ်ကြိုက်တွေ့ ဆုံမှုကြီး ကန်တော့မှာ ဖြစ်ပါတယ်
စပိန်ဘီလူးကြီး ရီးရဲမက်ဒရစ် နဲ့ အင်္ဂလန် သရဲနီ မန်ယူ တို့ တွေ့ ဆုံမှုဟာ ဘော်လုံးဝါသနာရှင်များ စောင့်စားခဲ့ရတာတွေကို ဖျော်ဖြေမှု ကျေနပ်မှုတွေ ပေးမယ့် ပွဲကြီး ပွဲကောင်းပါပဲ ။ ယူကရိန်းထိပ်သီး ရှက်တာဒိုးနက် နဲ့  ပြီးခဲ့တဲ့နှစ် ဂျာမန်အမှတ်ပေးချန်ပီယံ ဒေါ့မွန် တို့ ရဲ့ တွေ့ ဆုံမှုဟာလဲ စိတ်ဝင်စားစရာပါပဲ ။
အခုလောလောဆယ်မှာတော့ ရသမျှ အချက်အလက်လေးတွေကို စုရေးပေးလိုက်ပါတယ်
ညပိုင်းကြမှ မောင်ပေ့ စိတ်ကြိုက်ခန့် မှန်းမှုများကို ကွန်မင့်နဲ့ ရေးပါမယ် ခင်ဗျာ ။
ဒီညပွဲစဉ်တွေနဲ့ အချိန်တွေကတော့

2.15 ရီးရဲမက်ဒရစ် – မန်ချက်စတာယူနိုက်တက်
2.15 ရှက်တာဒိုးနက် – ဒေါ့မွန်

*********************

ရီးရဲမက်ဒရစ် – မန်ချက်စတာယူနိုက်တက်

ရီးရဲမက်ဒရစ် အခုပွဲမကန်ခင် ကစားခဲ့တဲ့ပွဲတွေကတော့
9.2.2013 ရီးရဲမက်ဒရစ် ၄-၁ ဆီဗီလာ
2.2.2013 ဂရာနာဒါ ၁-၀ ရီးရဲမက်ဒရစ်
30.1.2013 ရီးရဲမက်ဒရစ် ၁-၁ ဘာစီလိုနာ (စပိန်ဘုရင့်ဖလား)
27.1.2013 ရီးရဲမက်ဒရစ် ၄-၀ ဂီတာဖေး
23.1.2013 ဗလင်စီယာ ၁-၁ ရီးရဲမက်ဒရစ် (စပိန်ဘုရင့်ဖလား)

မန်ယူ အခုပွဲမကန်ခင် ကစားခဲ့တဲ့ပွဲတွေကတော့
10.2.2013 မန်ယူ ၂-၀ အဲဗာတန်
2.2.2013 ဖူဟမ် ၀-၁ မန်ယူ
30.1.2013 မန်ယူ ၂-၁ ဆောက်သင်ပတန်
26.1.2013 မန်ယူ ၄-၁ ဖူဟမ် (အက်ဖ်အေ)
20.1.2013 စပါး ၁-၁ မန်ယူ

ရီးရဲ ရဲ့  ဖြစ်နိုင်ဖွယ် ကစားသမားများကတော့

ဂိုး Casillas

နောက် Arbeloa • Sergio Ramos • Pepe • Fábio Coentrão

လယ် Xabi Alonso • S. Khedira

လယ် A. di María • M. Özil • Cristiano Ronaldo

ရှေ့  K. Benzema

1945_186x236

credit to www.goal.com

မန်ယူ ရဲ့ ဖြစ်နိုင်ဖွယ် ကစားသမားများမှာ

ဂိုး De Gea

နောက် Rafael • R. Ferdinand • N. Vidić • P. Evra

လယ် M. Carrick • T. Cleverley

လယ် A. Valencia • W. Rooney • S. Kagawa

ရှေ့  R. van Persie

ရီးရဲမက်ဒရစ်အတွက် သတင်းကောင်းကတော့ ၊ အဓိက ကစားသမား တွေဖြစ်တဲ့ ပီပီ ၊ ကပ်ပတိန် ကားစီးလက် ၊ ခီဒီယာ နဲ့ အိုဇီးလ် တို့  ဒီပွဲမှာ ပြန်ပါဝင်လာနိုင်မှာပါပဲ ။
မန်ချက် ရဲ့  အီဗန် ကတော့ အဲဗာတန် ကို ၂-၀ နဲ့ နိုင်တဲ့ပွဲမှာ ဒဏ်ရာရရှိသွားလို့ မပါနိုင်ပါဘူး
ဖလက်ချာ နဲ့  အက်ရှလေယန်း တို့ ဟာလဲ ဒဏ်ရာတွေနဲ့ ပါ ။
ရီးရဲမက်ဒရစ် ဟာ သူ့ အိမ်ကွင်း ဘာနေဗျူ မှာ ၊ ရှေ့ ကစားခဲ့တဲ့ ၆ပွဲမှာ ၅ပွဲ နိုင်ခဲ့ပြီး ၁ ပွဲ သရေ ပါ ။ နောက်ပြီး သူ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၃၃ ပွဲမှာ အရှုံးမရှိပါဘူး ။
မန်ယူ ဟာ ရှေ့ ကန်ထားတဲ့ ပြိုင်ပွဲစုံ ၁၄ပွဲမှာ ရှုံးပွဲလုံးဝမရှိခဲ့ပဲ ၊ သူတို့ ရဲ့ ရှေ့ ကန်ခဲ့တဲ့ အဝေးကွင်း ၉ပွဲမှာတော့ ၄ပွဲပဲ နိုင်ခဲ့ပါတယ် ။ ၃ပွဲသရေ နဲ့  ၂ပွဲ ရှုံးထားပါတယ် ။
မန်ယူ အသင်းဟာ စပိန်မြေမှာ ပွဲ၂၀ကန်ခဲ့ဖူးရာမှာ မှတ်တမ်းကောင်းနဲခဲ့ပြီး ၂ ပွဲ နိုင် ၊ ၈ ပွဲ သရေ နဲ့  ၁၀ ပွဲ ရှုံး ဖြစ်ပါတယ်

ဖာဂူဆန် နဲ့ မော်ရင်ဟို တို့ တွေ့ ဆုံခဲ့မှု သမိုင်းမှာတော့
ဖာဂူဆန် ရဲ့ အသင်းက ၂ ပွဲနိုင် ၊ ၆ ပွဲသရေ နဲ့  ၆ ပွဲရှုံး ဖြစ်ပါတယ် ။

သည်ပွဲကို ဥရောပ ဘူကီများခန့် မှန်းပေးထားတာကတော့ ရီးရဲ အနိုင် ၂-၁ ဖြစ်ပါတယ်

*********************

ရှက်တာဒိုးနက် – ဒေါ့မွန်

ရှက်တာဒိုးနက် အခုပွဲမကန်ခင် ကစားခဲ့တဲ့ပွဲတွေကတော့

ရှက်တာဒိုးနက် ရဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ဖြတ်သန်းခဲ့မှုတွေကတော့
ရှက်တာဒိုးနက် ၀-၁ ဂျူဗင်တပ်
နော့ဂျေးလန် ၂-၅ ရှက်တာဒိုးနက်
ချဲဆီး ၃-၂ ရှက်တာဒိုးနက်
ရှက်တာဒိုးနက် ၂-၁ ချဲဆီး
ဂျူဗင်တပ် ၁-၁ ရှက်တာဒိုးနက်

ဒေါ့မွန် အခုပွဲမကန်ခင် ကစားခဲ့တဲ့ပွဲတွေကတော့
ဒေါ့မွန် ၁-၄ ဟမ်းဘတ်
လေဗာကူဆင် ၂-၃ ဒေါ့မွန်
ဒေါ့မွန် ၃-၀ နုရင်ဘတ်
ဝါဒါဘရီမင် ၀-၅ ဒေါ့မွန်
ဒေါ့မွန် ၅-၁ ဟန်နိုဗာ

ဂိုး Pyatov
နောက် Srna, Chygrynskiy, Rakytskyy, Rat
လယ် Hubschmann, Fernandinho
လယ် Teixeira, Mkhitaryan, Douglas Costa
ရှေ့  Luiz Adriano

ဒေါ့မွန် ရဲ့ ဖြစ်နိုင်ဖွယ် ကစားသမားများကတော့

ဂိုး Weidenfeller
နောက် Piszczek, Subotic, Hummels, Schmelzer
လယ် Bender, Sahin
လယ် Blaszczykowski, Gotze, Reus
ရှေ့  Lewandowski

ဒေါ့မွန်အတွက် သတင်းကောင်းကတော့ အဓိကနောက်ခံလူတွေ ဖြစ်တဲ့ Schmelzer နဲ့  Neven Subotic တို့  ပြန်ကစားနိုင်မှာပါပဲ
ရှက်တာဒိုးနက် အသင်းဟာ သူ့ အမှတ်ပေးပွဲတွေပြီးလို့  ၊ ဘာပွဲမှ မကန်တာ ၂လနီးပါးရှိပါပြီ ။
ဒါပေမယ့် သူနောက်ဆုံးကန်ခဲ့တဲ့ ၁၂ပွဲမှာတော့ ၁၀ပွဲ အနိုင်ကန်ခဲ့ပါတယ်
ဒေါ့မွန် အသင်းဟာ ပြီးခဲ့တဲ့ အုပ်စုအဆင့်မှာ ရှုံးပွဲမရှိခဲ့တဲ့ အသင်းဖြစ်ပါတယ်
ဒေါ့မွန်တိုက်စစ်မှူး Robert Lewandowski ဟာ ရှေ့ ကစားခဲ့တဲ့ ၆ပွဲလုံးမှာ ပွဲတိုင်း ဂိုးသွင်းခဲ့ပါတယ်

ဒီပွဲကို ဥရောပဘူကီများ ခန့် မှန်းပေးထားတာကတော့ ၂-၂ သရေ ပါ

*********************

******* အားလုံး အောင်မြင် ရွှင်လန်းနိုင်ပါစေ *******

About မောင် ပေ

မောင် ပေ has written 396 post in this Website..