လူပျိုသိုး နဲ့ တစ်ညသ၌ – ၂
–
–
–
–
–
–
–
–
–
–
–
–
+++++++++++++++++++++++++++++++
လူပျိုသိုး နဲ့ တစ်ညသ၌ – ၁ ကို ဖတ်ချင်ရင် ဒီနေရာကို ကလစ်ပါ။
+++++++++++++++++++++++++++++++
လူပျိုသိုး နဲ့ တစ်ညသ၌ – အဆက် ………..
ငတိုက်ရဲ့ ဘေးမှာ ဘိုးမင်းခေါင် ဒီဇိုင်းနဲ့ တင်ကလိမ်ချိတ်ပြီး ထိုင်နေတဲ့ တစ်ယောက်လည်း ရှိသေးတယ် …..။
ဒီကောင်ကလည်း ငတိုက်နဲ့ နင်လား ငါလားပဲ ….
လူကြည့်တော့တာ ဘာမှ မဟုတ်တာ ထိုင်နေတဲ့ စတိုင်ကို က ထောင့်မကျိုးတဲ့ စတိုင် …….
နေတော့ နွားခြေရာခွက်၊ ပြောလိုက်တဲ့ စကားက ကမ္ဘာနဲ့ ချီတယ် …
ဘေးက သူ့ဘော်ဒါတွေကတော့ ဒီကောင့်လေ အတိုက်ခံပြီးသားဆိုတော့ အေးဆေးပေါ့ …
သူ့အကြောင်း မသိတဲ့ လူသာဆို တစ်ခါတည်းနဲ့ အထင်တွေတောင် လွှတ်ကြီးသွားနိုင်တယ် ….
တစ်ခါသားဆို ….
အရှေ့ဘက် ရွာက မိုးကျောက် ဆိုတဲ့ တစ်ယောက် သူ့ဂျီးဒေါ်အိမ်ကို အလည်လာရင်းနဲ့ ဒီကောင်နဲ့ သွားတွေ့ခဲ့တာပေါ့ …
လွှတ်လိုက်တဲ့ တော်ကီတွေ …
သိပ္ပံ အကြောင်းရော၊ ပညာရေး အကြောင်းရော၊ နိုင်ငံရေး အကြောင်းရော၊ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတွေ အကြောင်းရော …
ဟုတ်တာ မဟုတ်တာ အပထား … ပြောလိုက်တာမှ စုံနေတာပဲ …
အမယ် ပြောနေလိုက်ပုံများ ဟိတ်နဲ့ ဟန်နဲ့ … တစ်ခါတစ်ခါ မြည်သံစွဲ အလင်္ကာတွေတောင် ပါလိုက်သေး .. ဟေဟေ့ …
မိုးကျောက် ဆိုတဲ့ လူလည်း ဒီကောင့် တော်ကီကြောမှာ မျောသွားပြီး ဟာတွေ၊ ဟင်တွေ ပါ ဖြစ်ကုန်ပါလေရော …
နောက်ပိုင်း ကြားရတဲ့ သတင်းအရဆိုရင် မိုးကျောက် ဆိုတဲ့ လူက သူ့ညီမနဲ့တောင် ဒီကောင်နဲ့ ပေးစားဖို့အတွက် ရည်စူးထားတယ် ဆိုလားပဲ …….
ဒီကောင် နာမည်ကိုလည်း မိတ်ဆက်ပေးရပါဦးမယ် ….
ဒီကောင် နာမည်က “အုပ်ကြီး” ……။
နာမည် တွင်လာရတဲ့ အကြောင်းရင်းကို ပြောရရင် …
ဒီကောင် ငယ်ငယ်ကပေါ့ဗျာ …
သူ့မှာ စားစရာရှိရင် သူများတွေ မမြင်အောင် လက်ကလေးနဲ့ အုပ်အုပ်ထားပြီး စားတတ်တယ် ….
ဒါ … သူ့ အကျင့်ပဲ …။ မကောင်းတဲ့ အကျင့်ပေါ့ ….။
ကြီးလာတော့လည်း အရင်လောက် မဆိုးဘူး ဆိုပေမယ့် ပုံစံကတော့ မပျောက်ဘူး …
လက်တွေ့ ခု ထန်းရည်ဝိုင်းမှာတောင် ကြွက်ကြော်ကို ယူပြီး စားသလိုလို ဘာလိုလိုနဲ့ သူ့ပေါင်အောက်မှာ အုပ်ပြီး ဖွတ်ထားသေးတာ …
ဘော်ဒါတွေက အကြောင်းသိ ဆိုတော့ အေးဆေးပဲ … အားလုံး လက်စ သတ်ခါနီးပြီ ဆိုတော့မှ ဒီကောင့် ပေါင်အောက်က ကြွက်ကြော်ကို ထုတ်ခိုင်းတော့တာပဲ ….
ဒီလို အုပ်အုပ် ထားပြီး စားတတ်တဲ့ အကျင့်ကြောင့် ငယ်ငယ်တည်းကပဲ သူ့ကို “အုပ်လေး” လို့ ခေါ်ခဲ့ကြသည်ပေါ့ဗျာ …
အခု ကြီးလာတော့ … “အုပ်ကြီး” အော်တိုမီးတစ် ဖြစ်လာတာပေါ့ ……..။
+++++++++++++++++++++++++++++++
မိတ်ဆက်ပေးခဲ့တာ လေးယောက် ရှိပြီနော် ………။
“မတ်ကြီး”၊ “ရဲစီး”၊ “ငတိုက်”၊ “အုပ်ကြီး” …….. ဒီလေးယောက် ……..။
အခြား ဝိုင်းက လူတွေအကြောင်းကိုတော့ ဒီတေးကြီး မိတ်ဆက် မနေတော့ပါဘူး ….
စံမရီ ပြောရရင်တော့ သူတို့ ဝိုင်းအပြင် နောက်ထပ် နှစ်ဝိုင်း ရှိနေတယ် …
အားလုံးက ဒီရွာသားတွေချည်းပဲ …..
သူတို့ လာရင်း ကိစ္စကလည်း ….. ထန်းရည် ချမယ် …. ဆော်အကြောင်း ပွားကြမယ် …..။
ရေခပ်သွား၊ ရေခပ်ပြန် ရွာပျိုဖြူလေးတွေကို လှမ်းစကြ နောက်ကြမယ် ….
ကိုယ့် ကောင်မလေး ပါလာရင် လိုက်ပြီး တော်ကီ ဝေါ်ကီ ပွားမယ်ပေါ့ဗျာ … (တော ဇာတ်ကားတွေ ကြည့်ဖူးတယ် မဟုတ်လား)
ဟို အထက်က လေးယောက်ကတော့ ငယ်ငယ်တည်းက တပူးပူး တတွဲတွဲ နေလာခဲ့ကြတဲ့ ဘော်ဒါ အရင်းခေါက်ခေါက်ကြီးတွေပေါ့ ….။
+++++++++++++++++++++++++++++++
+++++++++++++++++++++++++++++++
အချိန်က နေညိုချိန်ကို ကျော်လွန်လာခဲ့ပြီ ……..။
ဒါပေမယ့် … ဖိုးသာထူး တဲ ထဲက လူတွေကတော့ဖြင့် ကျော်လွန်ဖို့ နေနေသာသာ ….
လစ်မစ်တောင် ပြည့်ကြသေးဟန် မတူ ……။
သို့တစေ …… သူတို့ လေသံ ဖမ်းကြည့်ရတာ .. ကောင်းတော့ ကောင်းနေကြပြီ …….။
သူတို့တွေရဲ့ အသံတွေနဲ့ ဖိုးသာထူး တဲလေးဟာလည်း သက်ဝင် လှုပ်ရှားလေနေသည် ….
ဒါပေမယ့်လို့လည်း … စကားပြောတဲ့အခါ သတိတစ်ခုတော့ ထားရတယ် …..။
ဘယ်လောက် မူးနေမူးနေ … အဲ့ဒီစကားတော့ ယောင်လို့တောင် မပါကြေး …..
ထန်းသမား ဖိုးသာထူး ကတောင် သူ့တဲရဲ့ တိုင်မှာ ဟောဒီလို ရေးထားစေတယ် ……
သုကြိ
နမယ်
မပျော
ယ
ဒီစာကို ဘယ်သူ ရေးတယ် မှတ်လဲ …..။
ဖိုးသာထူးရဲ့ ညီ .. အငယ်ကောင် “ငဂျား” ဆိုတဲ့ကောင်က ရေးထားတာ ….။
သတ်ပုံကတော့ လန်ထွက်နေတာပဲ …. ဟဲဟဲ …
ဒါပေမယ့် .. “ဟေ့ကောင် ငဂျား မင်းရေးထားတာ မှားနေတယ်” လို့များ သွားပြီး မပြောလေနဲ့ ….
ငဂျား ဆိုတဲ့ ကောင်က သူ့အစ်ကို ဖိုးသာထူး ထန်းတက်ရင် သုံးတဲ့ ဓါးလှီးပါး ဓါးကို ဆွဲပြီး …
“ဘယ်နေရာမှားတာလဲ ပြောစမ်းပါ ပြောစမ်းပါ“ …. လုပ်တော့တာပဲ …….။
သူ့ပုံက မထင်ရင် တကယ် ခုတ်မယ့်ပုံ ……..။
+++++++++++++++++++++++++++++++
+++++++++++++++++++++++++++++++
ရေခပ်ဆင်းတဲ့ ပျိုဖြူတွေကိုလည်း မတွေ့ရတော့ ….
လမ်းမထက်မှာ ခွေးတစ်အုပ်ပဲ တွေ့ရတော့တယ် ….
လ ကလေးကလည်း မစို့မပို့ ထွက်လာနေပြီ …
ဒီအချိန်မှာ ……
မျက်နှာက စပ်ဖြီးဖြီးနဲ့ မတ်ကြီးတို့ ဝိုင်းထဲ ဝင်ထိုင်လိုက်သူ တစ်ယောက် ….
သူ့ပုံကို ပြောရရင် …
နဖူးက ပြောင်ပြောင်၊ မျက်နှာက စပ်ဖြီးဖြီး …
ရုပ်ကိုက “မ” မြင်တိုင်း ဘူးကျမယ့် ရုပ်မျိုး …..
အသက်ကတော့ဖြင့် သိပ်ကြီးဟန် မတူ … ရှိလှ … ၂၈ ဝန်းကျင်ပေါ့ ……။
သူ့နာမည်က “အေဘူး” ……။
ဟုတ်တယ် …
ဒီကောင်က နှာဘူးထတဲ့ နေရာမှာ နှစ်ယောက် မရှိဘူးရယ် ….
ရွာ လူပျို၊ လူပျိုးသိုး တွေရဲ့ကြား ဘူးထတဲ့ နေရာမှာ ဒီကောင်က စံတင်ရလောက်တယ် …
ဒါကြောင့် ဒီကောင့်ကို အေဘီစီဒီ မတောက်တခေါက် တတ်တဲ့ ကောင်တွေက …
“အေဘူး” …. ဆိုပြီး ပေးထားကြတာ ……..
နောက်ပိုင်း အဲ့ဒီကောင်တွေ ခေါ်သလို လိုက်ခေါ်ကြရင်းနဲ့ ဒီကောင်နာမည် “အေဘူး” ဆိုပြီး တွင်လာခဲ့သည်ပေါ့ …..။
စပ်တုန်း ထပ်ပြောရရင် သူ့ဖားသား ဦးမြင့်ဆောင် ကြီး နေပုံထိုင်ပုံက ရိုးရိုးကုပ်ကုပ်ရယ် ….
ဦးမြင့်ဆောင်ကြီး ငယ်ဘဝကို စုံစမ်းကြည့်တော့လည်း အေးဆေးပါပဲ ….
သူ့မားသား ဒေါ်လှ နဲ့ ညားခဲ့တာတောင် မိဘတွေက ပေးစားခဲ့လို့ ညားခဲ့တာတဲ့ …
ဒေါ်လှ ကလည်း ရိုးရိုးကုပ်ကုပ် အေးအေးလူလူ နေတတ်သူပါပဲ ….
သူ့ အဘိုးတွေဘက်ကို လှည့်ကြည့်တော့လည်း သူ့လို ဘူးထ ခဲ့ပုံမျိုး မတွေ့ရပြန်ဘူး …
ဒီကောင့်ကျမှ ဘယ်လိုလုပ် နှာပွ လာရတာလဲ မသိပါဘူး ……..။
ဒီကောင် ဒီလောက် ဘူးထ နေပေမယ့် …
သူ့ကို ပြန်ကြိုက်တဲ့ ရွာသူရယ်လို့ ခုထိ တစ်ယောက်မှ မရှိ ……..
ဟို မတ်ကြီး ဆိုတဲ့ ကောင်လည်း ထိုနည်း လည်းကောင်းပဲ …. (သူက ဘူးရဲသူတော့ မဟုတ်)
သူတို့ဝိုင်းထဲ စွံတယ်လို့ ပြောလို့ ရတာကတော့ ဟို ရဲစီး၊ ငတိုက်၊ အုပ်ကြီး တို့ သုံးယောက်ပဲ …..။
ဒါပေမယ့် … အထင်တော့ လွှတ်မကြီးလိုက်လေနဲ့ဦး ….
(((သူများအကြောင်း အတင်းတုပ်ရာ ရောက်မှာစိုးလို့ ထပ်မပြောတော့ပါဘူးလေ .. ဟဲဟဲ …)))
+++++++++++++++++++++++++++++++
“ဟေ့ကောင် … မတ်ကြီး၊ မင်း ရွာတောင်ပိုင်းက အေးမေ ကို ကြိုက်နေတယ်ဆိုကွ”
ဒီလို မေးလိုက်သူက တခြား မဟုတ် ….။ “အေဘူး” ….. ဆိုတဲ့ တစ်ယောက် ……။
ဒီအခါ မတ်ကြီး ကပျာကယာ ဖြစ်သွားတယ် …။
ဖြစ်မယ်ဆိုလည်း ဖြစ်လောက်တယ် ….
အေဘူး မေးလိုက်တဲ့ အသံလည်း ကြည့်ဦး … ခုနစ်အိမ်ကြား၊ ရှစ်အိမ်ကြား အသံနဲ့ မေးလိုက်တာ ….
ဒီထက် ဖြစ်ရတဲ့ အကြောင်းက ဟိုဘက်က ထန်းရည်ဝိုင်းမှာ အေးမေရဲ့ မောင်ဝမ်းကွဲ ငကြောင် ဆိုတဲ့ တစ်ယောက်လည်း ရှိနေသေးကိုးဗျ ……….
ဒီတော့ မတ်ကြီး လန့်သွားရတာပေါ့ ……။
အေးမေရဲ့ မောင် .. ငကြောင် ဆိုတဲ့ ကောင်ကလည်း လွယ်သူ မဟုတ် …
မူးလာရင် နပန်းချမယ် ဆိုတာချည်းပဲ …
နပန်းချစရာ လူမရှိရင် မြေကြီးပေါ် တစ်ယောက်ထဲ လှိမ့်လှိမ့်ပြီး ….
သူက အထက်က ရောက်နေတဲ့ ပုံစံ (မှောက်လျက်) ဆိုရင် ..
“ဒီတစ်ခါ ငါ့ အလှည်ကွ၊ အလှည့်ကျ မနွဲ့စတမ်းကွ၊ ဟားဟား” …
သူက အောက်က ရောက်နေတဲ့ ပုံစံ (ပက်လက်) ဆိုရင် …
“နေနှင့်ဦးပေါ့ကွ၊ ယောက်ျား ဘာသား ယိယား” … စသည်ဖြင့် စသည်ဖြင့် ပေါ့ဗျာ ….
တစ်ပွေတည်း ရူးနေ .. အဲ .. အဲ .. နပန်း ချနေတော့တာ …..
နာမည်နဲ့ လုပ်ရက် … ကွက်တိ ဖြစ်ပါပေ့ ………။
+++++++++++++++++++++++++++++++
“ဟေ့ကောင် အေဘူး၊ မင်းကလည်း တိုးတိုးလုပ်စမ်းပါ၊ ဟိုဘက်ဝိုင်းမှာ ငကြောင် ရှိတယ်ဟ”
ဒီလို မတ်ကြီးက လေသံ တိုးတိုးနဲ့ ပြောလိုက်တော့ ရဲစီး ဆိုတဲ့ တစ်ယောက်က ဝင်မြှောက်ပေးတယ် …။
“မတ်ကြီး ကလည်းကွာ ကြောက်စရာ မရှိ ကြံဖန် ကြောက်နေတယ်၊ ကြိုက်ရင် ကြိုက်တယ်ပေါ့ကွာ၊ တစ်ရွာလုံး သိတော့ရော ဘာဖြစ်လဲ”
ကျန်တဲ့ … ငတိုက်၊ အုပ်ကြီး နဲ့ အေဘူး တို့ကလည်း ထန်းရည် တစ်ကျိုက်စီ မော့ရင်းနဲ့ ရဲစီး စကားကို ထောက်ခံကြတယ် …..။
“ဟုတ်တယ် မတ်ကြီး၊ ဘယ်ကောင့်မှ မှုစရာ မလိုဘူး၊ မင်းဘေးမှာ ငါတို့တွေ ရှိတယ်၊ တကယ် ဖြစ်လာရင်တော့ ထွက်ပြေးမယ် … ဟဲဟဲ”
သူတို့ ဘာတွေပဲ ပြောပြော မတ်ကြီး ကတော့ ဟိုဘက်ဝိုင်းက ငကြောင် ကို လှမ်းပြီး ကွက်ကြည့် ကွက်ကြည့် လုပ်နေရတယ် …။
ဟုတ်တယ်လေ …။ ဟိုကောင်က ရေချိန်ကိုက်နေလောက်ပြီ။
မထင်ရင် နပန်းလာချမှ ဒုက္ခ ………။
အောင်မာ … ငကြောင် ကလည်း နားရွက်လေးကို ထောင်လို့၊ တစ်ချက်တစ်ချက် အကဲခတ်တဲ့ မျက်လုံးလေးနဲ့ လှမ်းကြည့်လို့ဗျား …။
အုပ်စု နည်းနည်း တောင့်နေလို့သာ မတ်ကြီး ခံသာသွားတယ်လို့ ပြောရလောက်တယ် …….။
တကယ် .. တကယ် … နို့ မဟုတ်လို့ကတော့ … မတ်ကြီး တစ်ယောက် ဘယ်ဘဝ ရောက်သွားမယ် မသိ … ဟီဟိ …
ဟို .. ငကြောင် ဆိုတဲ့ ကောင်က မဲမဲတုတ်တုတ်ကြီး … (ကိုယ်ခန္ဓာ ပြောတာ)
မတ်ကြီး ဆိုတဲ့ ကောင်က မွေးတည်းကသာ ထောင်လာတာ … ဒီနေရာမျိုးကျတော့ ကုပ်ကုပ်လေးရယ် …
လူပုံစံ ကလည်း ငကြောင်နဲ့ ယှဉ်လိုက်ရင် သုံးပုံ နှစ်ပုံတောင် မလိုက်နိုင်ဘူးရယ် ….
ဒီတော့ကာ … နည်းနည်းတော့ ရှိန်နေတာပေါ့ဗျာ ……….။
+++++++++++++++++++++++++++++++
+++++++++++++++++++++++++++++++
အချိန်က ည (၉) နာရီကျော် (၁၀) နာရီ ဝန်းကျင်လောက်ပေါ့ ……..။
လလေးကလည်း သာနေလေရဲ့ …..
ဒီ လရိပ်အောက်မှာ ဖိုးသာထူး တဲလေးဟာလည်း တစ်စထက် တစ်စ … ငြိမ်သက်စ ပြုလာနေတယ် ….
ဟုတ်တယ် …
ကျန်တဲ့ နှစ်ဝိုင်း ကတော့ ပြန်သွားကြပြီ ….
ကျန်နေတာကတော့ လူပျိုသိုးကြီးများရဲ့ ထန်းရည်ဝိုင်း ….
ပြောရရင် … မတ်ကြီး၊ ရဲစီး၊ ငတိုက်၊ အုပ်ကြီးနဲ့ အေဘူး တို့ရဲ့ ဝိုင်း …………။
သူတို့က စုစုပေါင်း ငါးယောက် ……
ဒါပေမယ့် လေးယောက် တစ်ယောက် ဖြစ်နေတယ် …
ဟုတ်တယ် … ကျန်လေးယောက်က မတ်ကြီး ကို ဝိုင်း သ,မ နေကြလေတယ် ….
မတ်ကြီး ကလည်း မမူးသေးခင်သာ သူ့ကို စနောက်တိုင်း ပြုံးဖြီးဖြီး နေတတ်တာ …
မူးသွားပြီ ဆိုလို့ကတော့ မရတော့ဘူး … ရေလည် ပြန်ပက်တော့တာပဲ …….
ဟိုလေးယောက် မတ်ကြီးကို သ,မ နေတဲ့ အကြောင်း …
တစ်နည်းအားဖြင့် ….
မတ်ကြီးကို ကလိပေးနေတဲ့ အကြောင်းကတော့ ……..
ဒီနေ့ ညတွင်းချင်း မတ်ကြီး တစ်ယောက် အေးမေ ဆီက အဖြေရအောင် တောင်းနိုင်ရင် ….
ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ လောင်းကြေးထပ်တယ် …
ကြက်တစ်ကောင်ကြေး၊ ထန်းရည်တစ်ဝိုင်းကြေး ……. စသည် စသည်ဖြင့်ပေါ့ဗျာ ……..
မတ်ကြီး ကလည်း အစပိုင်း အကြောင်းပြ ငြင်းချက်တွေ ထုတ်နေသေးပေမယ့် ….
နောက်ဆုံး လက်ကျန် ထန်းရည်တစ်ကျိုက် မော့လိုက်ပြီးချိန်မှာတော့ ………
“အေး … စိန်လိုက်ကွ၊ ငါ အခုပဲ အေးမေ ဆီကို သွားပြီး အဖြေတောင်းမယ်၊ မင်းတို့ စောင့်နေကြ၊ ကြားလား”
ဆိုပြီး …
ပြောပြောဆိုဆို ငေါက်ခနဲ ထ ရပ်လို့ ….
ယိုင်နဲ့နဲ့ ခြေလှမ်းအချို့နဲ့အတူ ဖိုးသာထူး တဲလေးထဲကနေ တစ်ပွေတည်း ထွက်သွားပါတော့တယ် ……….။
+++++++++++++++++++++++++++++++
+++++++++++++++++++++++++++++++
ကျန်တဲ့ အပိုင်း ဆက်ရန် ………….
+++++++++++++++++++++++++++++++
+++++++++++++++++++++++++++++++
by – မဟာရာဇာ အံစာတုံး
+++++++++++++++++++++++++++++++
18 comments
မောင်ပေ
February 13, 2013 at 10:46 am
ဟေ့ဟေ့
ရွာထဲမှာ သဲလှည်းတွေဖြတ်တုန်းက ဖုတ်တွေထူချိန်မွေးတဲ့ တစ်ယောက် ရှိသေးတယ်လေကွယ်
သူ ့နာမည် ကြ ဘာကြီးလို ့ပေးသတဲ့တုန်း
ဟဲဟဲ
မဟာရာဇာ အံစာတုံး
February 13, 2013 at 3:56 pm
ဟေ့ဟေ့
ဘာကြီး လို့ ပေးသတဲ့တုန်း .. တဲ့ …
ဒီမှာ အေဘူး .. အဲ .. အဲ .. အူးပေ .. က မေးနေတယ် ..
ဟဲဟဲ …
ပဆုံး အားပေးသွားတဲ့ ရောင်းရင်းကြီးရေ …
ရှဲရှဲ သန်းကျူး အကြီးကြီးပါနော့ ….
လူကလေး
February 13, 2013 at 11:21 am
လူပျိုသိုးတွေ ရဲ့ တစ်ညကလည်း ..ည . . ည နိုင်လွန်းတယ်..
ခုထိကို ညရသေးဘူး .. မြန်မြန်ည ကြပါတော့ ဟ..
ဟွန်း စိတ်ရယ် .. ရှည်ဘူးဗျ.. .
မဟာရာဇာ အံစာတုံး
February 13, 2013 at 3:58 pm
တိုရီး လူဂလေးရေ …
စိတ်ရှည်ရှည် ထားဘာခညာ …
နောက်တစ်ပိုင်းဆို ပီးဘာဘီဂျ …
ခုဘဲ ည ရောက်နေဘာဘီ …
အားပေးသွားဒါ ရှဲရှဲဘာ .. ဟဲဟဲ ..
surmi
February 13, 2013 at 2:28 pm
အပိုင်းပိုင်းဖြတ်ပြီး အပြော ့ဆွဲ ဆွဲနေတဲ ့မောင်အံရေ
မောင်ရင် ဝဋ် လည်မယ်နော
သူများကိုနေလှန်းရင် ကိုယ်လည်း နေလှန်းတာခံရသတဲ ့
ဦး ကျောက်ခဲ
February 13, 2013 at 2:43 pm
ဒီလူတော့ ဝဋ်လည်မှာပါဗျာ…
ချစ်သူလေးက အဖြေကို…
ကိုရီးယား ဇတ်လမ်းတွဲလို…
အပိုင်းလိုက်ဖြတ်ပြီး ပေးပါစေ…
:harr:
မဟာရာဇာ အံစာတုံး
February 13, 2013 at 4:11 pm
@ ဦးဆာမိ … @ ဦးကျောက် …
ဒီလူဂျီး နှစ်ယောက် …
ဆုတောင်း တယ်ကြမ်းသကိုးဗျ ….
ခညားဒို့ ဆုတောင်း တွေနဲ့
ဆန့်ကျင်ဘက် ဖစ်ဘာစေ …
ဒီဇာတ်က အပျော့ဆွဲ ဆွဲဒါ မီဟုတ်ဘာဘူး ….
ရေးရင်း ရေးရင်းနဲ့
အော်တိုမိတစ် ရှည်တွားလို့ဘာ .. အဟီးးး
ခွေးလွှတ်ဂျဘာလို့ …
အားပေးသွားတာ ရှဲရှဲ သန်းကျူးဘာ …
kokothandar
February 13, 2013 at 4:32 pm
ကိုးရီးယားဇတ်လမ်းတွဲ စိတ်ညစ်လို့ မန်း ဇက် ဝင်မိပါတယ် ဒီမှာလဲဇတ်လမ်းတွဲ ဖြစ်နေတယ် နောက်ဇတ်လမ်းက မတ်ကြီး တစ်ယောက် လမ်းမှာမူးလဲပြီး အိပ်မက် မက်တာတွေရေးပြမယ်ထင်ပါတယ် သူကြီး ထိတ်တုံးခတ်တာ ခံရတယ်လို့ မက်ပါစေဗျား
Wow
February 13, 2013 at 4:49 pm
ဟဲ့… နင့်ဟာက ဒီလောက် အပိုင်းပိုင်းဖြတ်နေမှတော့…
ဘာလဲ မသိ.. ဘာလဲ မသိ :kwi:
လုံမလေးမွန်မွန်
February 13, 2013 at 4:54 pm
ဇာတ်ရှိန်ကောင်းရင် ဖြတ်ပြီ… တော်ပါသေးတယ်.. ဒီအပိုင်း (၂) က နည်းနည်းလေးရှည်လို့… နောက်တစ်ပိုင်းကို မြန်မြန်တင်ပါ.. ဒါဗြဲ.. 🙂
P chogyi
February 13, 2013 at 5:10 pm
မောင်အံရေ မွန်မွန်ကပြောနေတယ် နောက်တစ်ပိုင်းတင်ဦးတဲ့။
မင်းသောက်နိုင်သေးလား။
မဟာရာဇာ အံစာတုံး
February 13, 2013 at 6:00 pm
ယားဘာဒယ် ကိုချိုကြီးရယ် …
မွန်လေးက ပြောတယ်ဆိုရင်လေ …
ဟောဒီ မောင်မောင်အံ က
တစ်ပိုင်း မကဘူး …
အသက်နဲ့ တိုင်းထွာပြီး သောက်ခိုင်းဦးတော့ …
ပြုံးလျက် မော့ပလိုက်မယ့် အမျိုးဗျား ………
ဟိုက်ရှားလပါး ….. ချယ်ဘဲဟ ….
အားပေးသွားတဲ့ …
ကိုကိုသန်ဒါ၊ ဝိုး၊ မွန်မွန်၊ ကိုပီချိုကြီးတို့ရေ …
ရှဲရှဲ သန်းကျူးပါနော့ …
ချစ်တဲ့ ……….
အံချာဒုံး
မဟာရာဇာ အံစာတုံး
February 13, 2013 at 6:09 pm
စကားမစပ် ….
ပြောရရင်တော့ …..
နောက်ဆုံး တစ်ပိုင်း ရေးသားပြီးစီးပြီ ဖြစ်ပါကြောင်း ….
မနက်ဖြန် တက်လာလိမ့်မည် ဖြစ်ပါကြောင်း ….
Mr. MarGa
February 13, 2013 at 8:19 pm
ဖိုးသာထူး ဖိုးသာထူး
အလွန်ပွတဲ့ ဖိုးသာထူး
ဖိုးသာထူးက နှုတ်ခမ်းထော်ထော်
ဦးမာဃနဲ့ဆော်
ဆော်ပါသော်လဲ မနိုင်ငြား
ပြေးသာ လစ်တယ်ဗျား
ဗုံဗုံ
February 14, 2013 at 9:27 am
ဟာ ဒီသဂျားနှယ် မြန်မာစာကိုတောင် မှန်အောင်မရေးနိုင်ဘူး အ လိုက်တဲ့ သဂျား ဖျင်းလိုက်တဲ့ သဂျား ဘယ်နေရာမှ အသုံးမကျတဲ့ သဂျားး (ငါပြောဘူးနော် အံချာတုံးက ပြောတာ )
aye.kk
February 13, 2013 at 8:33 pm
စိတ်ရွှင်ပျော်ဆေး၊အံအံရေး။
အတွေးအကြ၊ံကောင်းမွန်ပြန်။
ဆက်ရန်မနှေး၊မြန်မြန်ရေး။
အမြန်ဖတ်ချင်သေး။။
panpan
February 14, 2013 at 8:44 am
အူးမတ်ကြီးကို နောက်ဆုံးမှာ တခုခုဒုတ်ခရောက်အောင်ရေးပေးပါ အူးအူးအံချာ
အနော် မုန့်ကျွေးဘမယ်
ဦးကြောင်ကြီး
February 14, 2013 at 10:51 am
အေးမေ
ဆေးဝေ
ကြေးငွေ
ချေးစေ
နွေးလေ
ရွေးဖြေ
သွေးနေ
ဂွေးရှည်..။