“Start Windows Sounds & Exit Window Sounds”
စာရှု့သူပရိတ်သတ်အပေါင်း မင်္ဂလာပါ။
ယခုပို့စ်လေး ရေးသားလိုက်ရတဲ့ ရည်ရွယ်ချက်ကတော့ လက်တည့်စမ်း
စာရေးသားကြည့်ခြင်း တစ်မျိုးပင်ဖြစ်ပါသည်။ ပို့စ်မတင်ရတာ နည်းနည်းကြာလာတော့
ပို့စ်လေးတစ်ပုဒ်လောက် တင်ချင်စိတ် ဖြစ်မိပါသည်။ သို့သော်မည်သည့်
အကြောင်းအရာကို အပ်ကြောင်းထပ် စာဖွဲ့ရပါဟု စဉ်းစားရင်းမှ မိမိတတ်သလောက်
မှတ်သလောက် အတိုအထွာ လေးများထဲမှ Windows ဖွင့်တဲ့အချိန်မှာ
မြည်တဲ့အသံလေးနဲ့ Windows ပိတ်လိုက်တဲ့အခါမှာ မြည်တဲ့အသံလေးတွေကို
မိမိနှစ်သက်ရာ အသံလေးတွေပြောင်းတဲ့နည်းကို ဖော်ပြလိုက်ရပါတယ်။
++++++++++++++++++++++
ပထမဆုံး Start >> Run ပြီးရင် Run box မှာ mmsys.cpl လို့ရိုက်ထည့်ပြီး Enter ကိုနှိပ်ပါ။
ဒါမှမဟုက်ရင် Start >> Control Panel ထဲမှ Sounds And Audio Devices Properties
ကိုကလစ်ရင်လည်းရပါတယ်။
Sounds And Audio Devices Properties box လေးကျလာပါမယ်။
အဲ့ဒီ box မှ Sounds ကိုကလစ်ပါ။
Program events အောက်မှာရှိတဲ့ box အတွင်းမှ
Start Windows ကိုကလစ်ပါ။
Browse ကိုကလစ်ပါ။
Browse for Start Windows sounds box တစ်ခုပေါ်လာပါမယ်။
အဲ့ဒီအထဲမှာ ရှိတဲ့ အထဲမှလဲ မိမိနှစ်သက်ရာကို ပြောင်းနိုင်ပါတယ်။
ဒါမှမဟုက်ရင် မိမိပြောင်းချင်တဲ့ အသံဖိုင်ရှိတဲ့နေရာကိုသွားပြီး File ကို Insert လုပ်ပါ။
အဲ့ဒီနေရာမှာ မိမိပြောင်းလိုတဲ့ Song track ဟာ(.wav) ဖြစ်ရပါမယ်။
Windows ပိတ်တဲ့အခါမှာ မြည်တဲ့အသံကို ပြောင်းချင်ရင်တော့
Exit Windows ကိုရွေးရမှာဖြစ်ပါတယ်။
အခြား Log off လုပ်တာတို့
Low Battery Alarm စသဖြင့်လည်း မိမိအဆင်ပြေသလို ပြောင်းလို့ရပါတယ်။။။။။။။။
Windows XP နှင့် စမ်းသပ်၍ရေးသားထားခြင်းဖြစ်ပါသည်။
+++++++++++++++++++++++=
အားလုံးအဆင်ပြေပါစေ။
တောင်ရေးမြောက်ရေး နယ်လှည့် ဝိဇ္ဇာ မိုဘိုင်း (သူကြီးသမက်)
စကားမငရုတ်

နယ်လှည့်နေတာဆိုတော့က
ထိုင်းသမ္မတ ရင်လတ် နဲ ့ ဆုံဖြစ်သေးလား လို ့ ( ထိုင်းသမ္မတ ရင်လတ် = ခရက်ဒစ်တူ သည်ပို ့စ်ပိုင်ရှင် )
Was this answer helpful?
LikeDislikeမောင်ပေ အတော်မှတ်မိတာပဲ။
Was this answer helpful?
LikeDislikeအိုကီ …
မှတ်တွားဒယ် …
သူကြီး သမက်ဂျီး ပေါဒဲ့ အတိုင်း
လက်တည့်စမ်းကျိလိုက်အုံးမယ် ..
ရှဲရှဲ ..
Was this answer helpful?
LikeDislikeစမ်းသပ်ရန်စာရင်းတို့သွားပါသည်။
Was this answer helpful?
LikeDislikeဝင်ရောက်အားပေးသူ ပေ. အံ. ဃ တို့ကို အထူးပင်ကျေးဇူးတင်ရှိပါ၏…………..
Was this answer helpful?
LikeDislikeဆာဗာကြီးလေးတယ်လို့ ကြောဘူးနော် ထိုင်းဘုရင် အသက်ဘယ်လောက်ရှိပြီလဲတိလား အတိုဂျီးမိုဘိုင်း အန်တီရင်လပ် ရာထူးပြောင်းတာ ဘာကျွေးတေးရဲ
Was this answer helpful?
LikeDislikeကိုဖိုးထောင်ရေ အခုလို ဝင်ရောက်အားပေးတာ ကျေးဇူးတင်လွန်းလှပါ၏…..
ထိုင်းဘုရင်အသက်ကဗျာ ကျုပ်ကလည်း ရမ်းချတာဆိုတော့ မှားသွားတာဗါ… ဟဲ.. ဟဲ.. ဗွေမယူပါနဲ့…
အန်တီရင်လပ် ရာထူးပြောင်းတဲ့ပွဲကတော့ ဗမာစေး ၉၂ နွယ် ချိုနဲ့ ကွမ်းတစ်ရာစီကျွေးသဗျ။
xxxxxx ဒါနဲ့ ကိုဖိုးထောင်ကြီးကို ရွာထဲမှာ သိပ်မတွေ့ဘူးနော် ကျနော် တင်တဲ့ပို့စ်လေးတွေမှာ ဆိုရင်တော့
ပေါ်ပေါ်လာတတ်လို့xxxxxxxxxxxx
Was this answer helpful?
LikeDislike