ပြောမိပါတယ် … “ချစ်တယ်” …။

++++++++++++++++++++++++++++++++++++

ပြောမိပါတယ် .. "ချစ်တယ်" ...။
ပြောမိပါတယ် .. “ချစ်တယ်” …။

++++++++++++++++++++++++++++++++++++

 

Screen မှောင်နေတဲ့ ဖုန်းကလေးကို

ခလုတ်လေး နှိပ်လို့ ဖွင့်လိုက်တဲ့အခါ

သူမ ကို တွေ့ရတယ် …

ဒီအခါ ခပ်ပြုံးပြုံးနဲ့ ပြောမိပါတယ် … “ချစ်တယ်” …။

 

သုံးနေကြ လက်ပ်တော့လေးကို ဖွင့်

ပါဝါ ဘက်တန် လေးကို နှိပ်

Login ဝင်လိုက်တော့ Desktop ကို ရောက်သွားတယ်

(သုံးနေတာ Windows 8 မဟုတ်ပါ)

ဒီအခါ သူမ ပုံများနဲ့ ခြယ်သထားတဲ့

Wallpaper လေးကို တွေ့ရတယ် …

ဒီလို အခါမျိုးမှာလည်း ပြောမိပါတယ် … “ချစ်တယ်” …။

 

အွန်လိုင်းပေါ် တက်

ဟိုစပ်စပ် ဒီစပ်စပ် လိုက်စပ်စုရင်းနဲ့

သူမ နာမည်လေးကို တွေ့လိုက်မိတယ် …

ဒီအခါမျိုးမှာလည်း ပြောမိပါတယ် … “ချစ်တယ်” …။

 

မက်ဆေ့ချ် များကို ပြန်ဖတ်ကြည့်မိတာ

တစ်နေ့မှာ အခါတစ်ရာ

ပျော်လည်း ပျော်စရာ

ပြုံးလည်း ပြုံးမိပြန်သေးသဗျာ …

ဟုတ်ဗျာ …

သူမရဲ့ မက်ဆေ့ချ်လေးတွေက

ရင်ကို ကြည်နူးစေတာ အမှန်ပါ …

ဒီလို အခါမျိုးမှာ ပြောမိပါတယ် … “ချစ်တယ်” …။

 

Ringtone သီချင်းသံလေး ထွက်လာတယ် …

ကြည့်လိုက်မိတော့ သူမရဲ့ နာမည်

သိပ်ပျော်မိသွားတယ် …

သူမရဲ့ အသံသာလေး ပေါ်ထွက်လာတယ်

နားထဲက တစ်ဆင့်

ရင်ထဲထိ ရောက်သွားတယ် …

တကယ် … တကယ် …

ဒီအခါမှာလည်း ပြောမိပါတယ် … “ချစ်တယ်” …။

 

သန်းခေါင်ယံ ညဉ့်နက်

အတွေးများက ပြည့်နှက်

သူမ အကြောင်းများ တွေးလျက်

ဆေးစက် ကျရာ အရုပ်ထင်သလို

ဆက်နေတဲ့ အတွေးများမှာလည်း

သူမ အရုပ်များ ထင်ဟပ်နေဆဲ ….

ဒီလို အချိန်မျိုးမှာလည်း

ခဏခဏပဲ ပြောမိပါတယ် … “ချစ်တယ်” …။

 

တတွက်တွက် ပြောနေတဲ့

နှုတ်ခမ်းများ ….

တည်လိုက်၊ ရီလိုက် ဖြစ်နေတဲ့

သူမရဲ့ မျက်နှာပေးလေးများ …

ဒါတွေက ဖမ်းစားလို့ ထား …

ရင်ခုန်ခြင်းများနဲ့ သူမရဲ့ အနား …

တစ်ခါတစ်ခါ ငေးမောလို့ ကြည့်နေမိသား …

ဖျတ်ခနဲ သူမက ပြန်အကြည့်

ဒိန်းခနဲ ရင်ကို လာထိ

မသိသလို မဟုတ်သလို

စကားတွေကို ဆိုရင်းနဲ့ …

ငိုချင်ရက် လက်တို့ဆိုသလို

ချစ်ပါလျက် ကန့်သတ်ထားတဲ့ ဒီစည်း

ညည်းချင်း ထုတ်မိပေမယ့် …

ရင်ထဲမှာတော့ ပျော်နေလျက် …

အပြင်ကို မထွက်ပေမယ့် …

ရင်ထဲမှာတော့ အော်လျက် ပြောနေမိတယ် … “ချစ်တယ်” …။

 

++++++++++++++++++++++++++++++++++++

By – မဟာရာဇာ အံစာတုံး

++++++++++++++++++++++++++++++++++++

ဘာရယ် မဟုတ်ပါဘူးဗျာ ….။

သယ်ရင်း တစ်ယောက်က သူ့ဖီလ်လင်တွေကို ကဗျာစပ်ပေးပါ ဆိုလို့ …

ကျုပ်လည်း ခုလို စပ်ထည့်လိုက်တာ ….။

စပ်ပြီးတော့လည်း အငြိမ် မနေနိုင်ပြန်ဘူး …..။

ပို့စ်အဖြစ် တင်ချင်ပြန်ရော ….။ ဒါနဲ့ပဲ ခုလို တင်ပလိုက်တယ်ဗျာ ….။

အောင်မာ … ဒီငနာ က ကျုပ် ခုလို စပ်ပေးထားတာတောင် ကျေးဇူး မတင်တဲ့အပြင်

မင်း .. ကဗျာကလည်းကွာ .. မော်ဒန် မဆန်လိုက်တာ … ကြောင်တောင်တောင်ကြီးကွာ … တဲ့ ….။

ခညားဒို့ကတော့ … သူ့လို ပေါဂျနဲ့နော် … အဟီးးး :mrgreen: :mrgreen:

အဲ့လို ပေါလို့ဂဒေါ့ ခေါ်ဒေါ့ဝူးးး ဒါဗျဲ ….. ဟဲဟဲ ….

++++++++++++++++++++++++++++++++++++

29 comments

  • ကြည်ဆောင်း

    February 20, 2013 at 8:56 am

    ဂဇက်မှာတော့ချစ်တယ်….လွမ်းတယ်…. လာလာအော်နေတာဘဲ
    သက်ဆိုင်တဲ့သူ သိအောင်ရောပြောရဲ့လား ….
    ပုဆိုးခြုံထဲက လက်သီးပုန်းပြ မနေပဲနဲ့ ပြောပြစ်လိုက်စမ်းပါ….
    :harr:

    • ပထမဆုံး အားပေးသွားတဲ့ ကြည်ဆောင်းကို
      ရှဲရှဲ သန်းကျူးဘာနော့ ..

      ဒါနဲ့ …
      ကျုပ်ကို အထင်တော် မစမောလိုက်ဘာနဲ့ ..
      ပုဆိုးခြုံထဲက လက်သီးပုန်းပြတယ်များ မှတ်နေလားခည …
      ခညား အဗေတာ ထဲကလို
      လက်သီးဆုပ်ပြတတ်ဒဲ့ လူဘာ .. ဟဲဟဲ .. :mrgreen:

  • ခိုင်ဇာ

    February 20, 2013 at 9:25 am

    တူတူပဲ။
    တူတူပဲ။
    ပြောမိနေတဲ့ စကားကို ပြောတာ။

    ညည်းလည်း သူများက ရေးခိုင်းတယ် ရေးခိုင်းတယ်နဲ့ ကာယကံရှင်ကလွဲရင် တစ်ရွာလုံးသိအောင်ပဲ ပြောတတ်သလား။

    ဆရာမ သိက္ခာကျသအေ။

    :harr:

    • ကာယကံရှင်ကို …
      ဂလိုတွေ သွားပြောရင် …
      ကျုပ်ကို လှောင်ရီ ရီနေမှာပေါ့ …
      ချာမဂလည်း .. ကျုပ်ကို သင်ပေးမယ် သင်ပေးမယ်နဲ့
      ဘာမှလည်း သင်ပေးဒေးဝူးးး
      ငတုံး ဆိုဒါဂျီးဘဲ သင်ပေးဒေးဒယ် .. :mrgreen:

      • ခိုင်ဇာ

        February 20, 2013 at 4:21 pm

        အဲဂလာတော့ နိ က ဘာဒွေ မေးမှန်းမှ မသိပဲ။
        ကောင်မလေးမပြောနဲ့ နာ ကို စိတ်မရှည်ဘူးရယ်။
        မြန်းဂလိကိုလည်း မဖတ်တတ်ပဲ နာ က ဘာကိုသင်ရမတုန်း။
        ဒီ အံစာတုံးနဲ့တော့ ခက်နေပြန်ပါဘီ။
        ပြောထားတဲ့ ဟာလေးတွေ အရင် အကောင်အထည်ဖော်လေ။
        နာ့ နာမည်ပျက်ပါပြီ ထင်ပါဒယ်အေ။ :mrgreen:

  • ရွှေတိုက်စိုး

    February 20, 2013 at 9:35 am

    ညှစ်မိတွားဘီ ခလေးရယ်………. ခစ်ခစ်ခစ်..

    ကဗျာက တော့ မိုက်တယ်… မမိုက်တာက လူ.. ဘယ်နှယ့်ဗျာ ဒီအသက်အရွယ်ရောက်နေပီ သူများ အငှားခံစား ကဗျာရေးရတယ်လို. အံ့ပါရဲ.အေ အံချာဒုံးရယ်

    • ဟဲ့ .. ဟဲ့ ..
      အငှားခံစားရေးတော့ရော ဘာဖြစ်တုန်း ..
      အောင်မယ် .. ကဗျာက မိုက်တယ် .. ဘာညာ ပြောပြီး ..
      မမိုက်တာက လူ..
      ဒါ … ငါ့ကို ဆော်တွားဒါဘဲ .. တေမယ် ကတိုက် ..

  • Traditional

    February 20, 2013 at 9:39 am

    ဒီကဗျာလေးပို့ပေးမယ်
    သို့
    စိုင်းစိုင်းခမ်းလှိုင်
    မှ
    ဓနုမလေး

    • ဦးကြောင်ကြီး

      February 20, 2013 at 9:49 am

      ဓနုမလေး
      ဂလုတငေး
      ယုယထွေး
      ကုသပေး
      ခုနမေး
      ဆုရမနှေး
      အုဖြသွေး
      နုရွဖွေး..။

    • ခိုင်ဇာ

      February 20, 2013 at 9:54 am

      မပေးနဲ့တော့ ညလေး။
      မမ ဒီကဗျာ သူ့ကို ပေးပြီးသွားဘီ။

      :kwi:

      • Traditional

        February 20, 2013 at 10:12 am

        မူပိုင်ရှင်မကြီး မမခိုင်
        စိုင်းလူပျိုကြီးလုပ်ရင် ညလေးလည်းအပျိုကြီးလုပ်မယ်
        ဂယ်ပြောတာ

        • ခိုင်ဇာ

          February 20, 2013 at 10:22 am

          အဲဂလာဆို ရင်တော့ အပျိုကြီးဖြစ်ဖို့သာ ပြင်တော့ဗျား။
          ဒဂယ်ပြောတာ။
          အချစ်ရေးကို စိတ်ကုန်သတဲ့။
          ဘယ်အချိန်ထိလည်းတော့မသိ။ :kwi:

        • ကွန်မန့်များနဲ့ အားပေးသွားကြတဲ့ ..
          ထရက်ဒီ နဲ့ ဒက်ဒီကြောင် တို့ကို
          ကျေးဇူးပါ ခညာ …

  • ခင်ခ

    February 20, 2013 at 9:55 am

    ကိုအံစာတုံး တစ်ယောက်လည်း
    ချစ်တတ် ခံစားတတ် ပေတာကိုး။
    အင်း ဒါဆို အသဲနှလုံး ရှိတယ်ပေါ့။

    • ကျုပ် ဟုတ်ဘာဘူး ..
      ကျုပ် ဘော်ဘော်တွက် ရေးထားတာပါဂျ .. အဟီး .. :mrgreen:
      ခုလိုု အားပေးသွားတာ ကျေးဇူးပါ ဦးခင်ခကြီး ..

  • Mr. MarGa

    February 20, 2013 at 10:10 am

    အမောင်အံကတော့
    အငှား ခံစားလိုက်
    ကိုယ်တိုင် ခံစားလိုက်နဲ့
    ထွက်လာလိုက်တဲ့ကဗျာတွေ
    ပလူကို ပျံလို့
    နောက်ပိုင်းကျရင်
    ကဗျာဘယ်နှပုဒ်လောက်ထွက်လဲဆိုတာ စာရင်းလုပ်ကြည့်ပါလားဟင် :mrgreen:

    • ဗုံဗုံ

      February 20, 2013 at 10:30 am

      ဟယ် အဲ့လိုမပြောပါနဲ့ အူးမာဃရယ် သူ့ခမျာ တောမထွက်ခင် ပြောရရှာတာ သဂျားအမိုက်မဲလေးကို ခွေးလွှတ်လိုက်ပါ အံချာတုံးရယ် :mrgreen:

      • ဟုတ်တယ် ..
        အဲ့ဒီ သဂျား ကို ပြောထည့်လိုက်ပါ မိဗုံရယ် ..
        ဒီသဂျား အားအားရှိ နာ့ကို ဆော်မယ်ဆိုတာဂျီးဘဲ …
        မိဗုံ နင်လည်း တူတူဘဲ ..
        နှီယောက်စလုံး သတိထား .. :mrgreen:

  • နွယ်ပင်

    February 20, 2013 at 11:15 am

    သူများခံစားချက်ဆိုတော့ အငှားခံစားချက်ပေါ့နော် …
    ဒါပင်မယ့် အငှားခံစားချက် အငှားခံစားချက်နဲ့ ကိုယ့်အစစ်အမှန် ခံစားချက်ဖြစ်နေတာတောင် မသိလိုက်ဘဲ နေဦးမယ်နော် …. :mrgreen:

    • ဒဂယ်ဘာဗျ …
      သယ်ရင်းတစ်ယောက်ရဲ့ ဖီလ်လင်တွေပါ .. :mrgreen:
      တစ်ခါတစ်ခါ လိမ်စရာမရှိ
      ကိုယ့်ပေါင်တောင် ပြန်ပြီး လိမ်တတ်ပါ့ (ဘူလဲတော့ သိဝူးး) … :mrgreen:

  • လုံမလေးမွန်မွန်

    February 20, 2013 at 2:29 pm

    ပြောရရင် မဟာရာဇာရဲ့ သူငယ်ချင်းနဲ့ အမွန်နဲ့ တူတာ နှစ်ခုရှိတယ်..

    Screen မှောင်နေတဲ့ ဖုန်းကလေးကို
    ခလုတ်လေး နှိပ်လို့ ဖွင့်လိုက်တဲ့အခါ
    သူ့ ကို တွေ့ရတယ် … (ဝိုင်ဝိုင်း)
    ဒီအခါ ခပ်ပြုံးပြုံးနဲ့ ပြောမိပါတယ် … “ချစ်တယ်” …

    ရုံးရောက်လို့ ကွန်ပျူတာလေးကို ဖွင့်
    ပါဝါ ဘက်တန် လေးကို နှိပ်
    Login ဝင်လိုက်တော့ Desktop ကို ရောက်သွားတယ်
    (သုံးနေတာ Windows 8 မဟုတ်ပါ)
    ဒီအခါ သူ့ပုံနဲ့ ခြယ်သထားတဲ့
    Wallpaper လေးကို တွေ့ရတယ် … (ဘေယောင်ဂျွန်း)
    ဒီလို အခါမျိုးမှာလည်း ပြောမိပါတယ် … “ချစ်တယ်” …။

    နောက်ပြီးတော့ အတည်မန့်တာနော်.. တကယ်..တကယ်.. :mrgreen:

    • အဟမ်းးး ဟမ်းး
      ကျုပ် တယ်ရင်းနဲ့ ..
      အိုက်နှစ်ခု တူဒယ်ပေါ့ ..

      ဒါမယ့် .. မတူဒါက ..
      ဟိုက တစ်ယောက်တည်းကို ပြောဒါ ..
      ယူက နှီယောက်တောင် .. :mrgreen:

  • ရဲစည်

    February 20, 2013 at 3:38 pm

    ကိုယင်အန်ဈာဒုန်း ….
    လွှတ်ကောင်းသဗျာ … ကျုပ်ခင်ညား ကဗျာကို မကြီးစန်းဆီ ပို့လိုက်ပီ .
    သူက ” လော်ကူဇော်တဂိုးလေး ချော်ကစ်တာများ အစောကြီးထဲက ဖွင့်မပြောဘူးတဲ့ …ဘော်ကယ်အချော်ကိန်ထဲက ကြော်ကိတ်ပီး ခေါ်ကံဆော်ကား နေလဲမသိဘူးတဲ့ …။ အံအံ အတွက်ဆို အမြဲဖွင့်ထားပါတယ်တဲ့ :harr: အချစ်တံဂါး …

    • မရဘူး ကိုယင်ရဲစီး …
      ကျုပ်ဆိုတဲ့ ကိုယင်အံ ကလေ ..
      ဗူးဆို ဖရုံ တီးတဲ့ကောင် မဟုတ်မှန်း
      ခညား မသိလေရော့သလားဗျာ …

      သူ တံခါးဘဲ ဖွင့်ဖွင့်၊ ဘာပဲ ဖွင့်ဖွင့် ..
      ကျုပ်ကတော့ သွားဝူးးး
      ကျုပ်အစား ကိုယင်ရဲစီး ပဲ သွားပလိုက် …

  • magic ladylay

    February 20, 2013 at 4:29 pm

    Tradational ရေ
    သမီး ကိုလည်း တူတူ ပို့ပေးပါနော်…
    ဘဝတူတွေ မို့ လို့ပါ……..ပာိပာိ..
    ကဗျာလေးကို လည်း အရမ်းကြိုက်ပါတယ်….

  • မောင် ပေ

    February 20, 2013 at 7:54 pm

    ရွာထဲခဏလောက် ဝင်မိပါတယ်
    အပျိုတွေက
    ဝိုင်းပြောကြတာ
    ပေ့ကို ချစ်တယ်

  • အလင်းဆက်

    February 20, 2013 at 8:44 pm

    ဂျင်းဘောင်းဘီဝတ်ကဗျာတွေ..ခေတ်စားခဲ့ဖူးတယ်နော် ။
    တစ်ချိန်က…
    အင်္ဂလိပ် စကားလုံ့း လေးတွေ.. ညှပ် ထည့်ရေးထားတဲ ့ ကဗျာလေးတွေပေါ့ ။

    အခုကဗျာလေးကလည်း…
    ဂျင်းဘောင်းဘီ ဝတ်ထားတယ် ။
    အံမယ်..ဆံပင်နီလေးတောင် ဆိုးထားသေးတယ် ။
    🙂

  • MaMa

    February 20, 2013 at 9:46 pm

    အော်….
    တို့ သူငယ်အံရဲ့ ရင်တွင်းဖြစ်များလား၊
    စားရတော့မှာလားလို့ ဝင်ကြည့်မိပါတယ်။
    ရှဲဒိုးဖီလင်ဖြစ်နေပါပေါ့လား။ :harr:

Leave a Reply