ကလင်…ကလင်…

ဟုတ်ကဲ့…အမိန့်ရှိပါခင်ဗျ….

 အေး…အခန်းစုံစမ်းချင်လို့…

ဟုတ်ကဲ့ပါခင်ဗျ….အခန်းဈေးနှုန်းတွေက နှစ်ယောက်ခန်းက သုံးမျိုးရှိပါတယ်…***…***…***ပါ…သုံးယောက်ခန်းက နှစ်မျိုးရှိပါတယ်…***…***ပါ….လေးယောက်ခန်းကတော့ ***ပါ…ခြောက်ယောက်ခန်းက***ပါခင်ဗျ…

 အေး…ငါတို့က ဟိုဘက်….ဟိုတယ်မှာ တည်းနေကျ..

(အဲ့ဒါဆိုလဲ သွားတည်းပါလား)

ဟုတ်ကဲ့ပါခင်ဗျ…

အဲ့ဒီမှာ မရလို့ မင်းတို့ဆီ လှမ်းမေးတာ…ဘော်ဒါတစ်ယောက်က ဖုန်းနံပတ်ပေးလို့…နှစ်ယောက်ခန်း ၁၅ ခန်းလောက် ယူမယ်…ဘယ်လောက်လျှော့ပေးမလဲ…

 (အင်း…စ  မစသေးဘူး…လာပြီ)

ဟုတ်ကဲ့…Group တွေ..ရက်ရှည်တည်းတဲ့ သူတွေအတွက် ဆယ်ခန်းတစ်ခန်း…ဆယ်ရက်တစ်ရက် လျှော့ပေးပါတယ်ခင်ဗျ…

 ပြီးတော့ တည်းတဲ့သူတွေက အစည်းအဝေးလုပ်မယ်…BALL ROOM ကို တနေကုန်သုံးချင်တယ်…

ဟုတ်ကဲ့…BALL ROOM က သုံးနာရီတဆက်ရှင်ကို *** ယူတာပါခင်ဗျ…တည်းခိုတဲ့သူတွေဆိုရင်တော့ အဆင်ပြေအောင် ဈေးနှုန်းကို စီစဉ်ပေးပါမယ်ခင်ဗျ….

မဟုတ်ဘူးကွ…ဟိုဘက်ဟိုတယ်ကဆို ခန်းမအတွက် ပိုက်ဆံမယူဘူးကွ… FREE ပဲ…

(ဟုတ်ပါ့မလား..မောင်ကာဠုရဲ့)

ရမှာလား…အခန်းခကော ထပ်လျှော့ပေးနိုင်သေးလား…MEETING ROOM ကကော FREE လုပ်ပေးနိုင်သလား…

 ဟုတ်ကဲ့…အဲ့ဒီလိုတော့ မရနိုင်ပါဘူးခင်ဗျာ…

 ဘော်ဒါတစ်ယောက် ဖုန်းနံပတ်ပေးလို့သာ လှမ်းဆက်လိုက်တာပါကွာ…ဟိုတယ်က ကောင်းလားမသိ…မကောင်းလားမသိ…

ဂွပ်…

(ဖုန်းဆောင့်ချသံ)

**********************************************************************************************************

ဝူး…၀ူး(ကားတစ်စီး မောင်းဝင်လာသံ)

မင်္ဂလာပါခင်ဗျ…

 နှစ်ယောက်ခန်းရှိလား…ကုတင်တစ်လုံးနဲ့…

ဟုတ်ကဲ့…ရှိပါတယ်ခင်ဗျ…

အခန်းကြည့်ဦးမယ်…

ဟုတ်ကဲ့ပါခင်ဗျ…

…………

………….

…………..

 တော်ပြီကိုကို…တခြားသွားရအောင်…

ချစ်ကလဲ ဘာဖြစ်လို့လဲ…အခန်းတွေ ကောင်းသားပဲကို…

 တော်ပြီကိုကိုရာ…တခြားပဲသွားရအောင်...

ဟုတ်ကဲ့…ဘာဖြစ်လို့လဲ မသိဘူးခင်ဗျ…

သွားပါစို့…ကိုကိုရာ…လမ်းထောင့်က မော်တော်ပီကယ်က ခရာပဲ မှုတ်နေတာ…ချစ်က အဲ့ဒီခရာသံ မခံနိုင်ဘူး…

 မဟုတ်ဘူး…ခင်ဗျ…မော်တော်ပီကယ်က ကျောင်းဆင်းကျောင်းတက်ချိန်မို့လို့ မှုတ်တာပါ…ခဏနေ မမှုတ်တော့ပါဘူး…

 တော်ပြီကိုကို…ကို့ကို့ဘာသာ တည်းချင်ရင် ကိုကိုနေခဲ့တော့ ချစ်ကတော့ သွားပြီ….

 အားနာလိုက်တာဗျာ…

 ရပါတယ်ခင်ဗျ…ကိစ္စမရှိပါဘူး…

(၀ူး…၀ူး ကားပြန်မောင်းထွက်သွားသံ)

************************************************************************************************************

ည တစ်နာရီခွဲ ခန့်…

ဒုန်း…ဖတ်…ဖတ်…ဖတ်…ဖတ်..ဟောဟဲ…ဟောဟဲ…(အခန်းတခါးဖွင့် ရှာဝါဖိနပ်ဖြင့် အမောတကော ပြေးလာသံ)

လုပ်ပါဦး…လုပ်ပါဦး....

ဟုတ်ကဲ့…ဘာဖြစ်လို့လဲ မသိဘူးခင်ဗျ…

အခန်းထဲကို မျက်နှာကြီးတစ်ခု ၀င်လာလို့…

ခင်ဗျာ…ကျွန်တော်တို့ဟိုတယ်က ဆောက်တာ သုံးနှစ်ပဲ ရှိသေးတယ်…အသစ်ဗျ…သရဲမရှိပါဘူးခင်ဗျ…

သရဲ မဟုတ်ဘူး…လူ…လူ…လူမျက်နှာကြီး ၀င်လာတာရှင့်…လိုက်ကြည့်ဦး…

……………..

……………..

……………..

အမတို့ စိတ်ခြောက်ခြားပြီးအိမ်မက်ယောင်တာ ဖြစ်ပါလိမ့်မယ်ခင်ဗျ…ဒီမှာ ပြတင်းပေါက်တွေက အကုန် ပိတ်ထားပါတယ်…အဲ့ဒီတခါးနောက်မှာ သံပန်းတွေရှိပါတယ်…အဲ့ဒီနောက် ခြင်လုံဇကာ ရှိပါတယ်…အဲ့ဒီနောက်  ခန်းဆီးရှိပါတယ်…လူတစ်ယောက်ဟာ ပြတင်းပေါက်ကိုဖွင့် သံပန်းကြားထဲကနေ လက်နှိုက်ပြီးဖွင့်ရင်တောင် ခြင်လုံဇကာ ကျန်ပါသေးတယ်…ခြင်လုံဇကာကော တွန်းဖွင့်နိုင်တယ်ဆိုရင် ခြင်လုံဇကာ က အတွင်းဖွင့် လုပ်ထားလို့ ခန်းဆီးနဲ့ ညိပြီး ဘယ်လိုမှ ဖွင့်မရပါဘူး…မယုံရင် အမ အပြင်ကနေ ကြိုက်သလိုဖွင့်ပါ…အပြင်မှာလဲ လုံခြုံရေးတွေရှိပါတယ်…ဘယ်လိုမှ မျက်နှာကြီး ၀င်လာစရာမရှိပါဘူး…အမ အိပ်ပျော်နေရင်း လန့်သွားတာနေမှာပါခင်ဗျာ….

 တော်ပြီ…မင်းတို့ ဟိုတယ် မလုံခြုံဘူး…မနက်ကျမှ မန်နေဂျာကော…ပိုင်ရှင်ကော တိုင်ဦးမယ်…

************************************************************************************************************

ကလင်…ကလင်…

ဟုတ်ကဲ့…အမိန့် ရှိပါခင်ဗျာ…

အကို အခန်း ***ကပါ…

အရင်တပတ်လောက်က အကိုတို့လင်မယား ဒီမှာ တည်းသွားသေးတယ်…

ဟုတ်ကဲ့ ခင်ဗျ…

အဲ့ဒီတုန်းက အကိုတို့ BREAKFAST စားမသွားဘူး…အဲ့ဒီအစား အပြင်က အကိုတို့ကိုလာကြိုတဲ့ တပည့်နှစ်ယောက်ကို ကျွေးလိုက်စမ်းပါ…အကိုတို့ကတော့ စားပြီးပြီ…

ခင်ဗျာ….

***********************************************************************************************************

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...