အဖေကို အဖေလို သဘောထား
အဖေကို အမေလို သဘောထား
အမိမဲ့သား သဘောတရားကြားမှာ
သား လိုတာမရှိရအောင်
အဖွား နဲ့ အဖေကကြံဆောင်
၁ နှစ် တစ်တန်းအောင်တဲ့သား
အဖေ ခါးဘယ်လောက် ချိချိ
သား သိဖို့က သားပျော်တာကိုအဖေမြင်လို
ရင်ဖိုရတဲ့ ဘဝတိုက်ပွဲကြား
အဖေ့သား ဝင်မပါရ
သင်ကာပြမယ့် အဖေ့စကားသာနားထောင်
များမြောင်လှတဲ့ အချိုးအကွေ့
သား တစ်နေ့ သိလာမှာပဲလေ
အခုတော့ ငယ်သေးတဲ့သား
အားရစွာ ပျော်အောင်နေ
သား က နေတာမြင်ရတော့
ဟောဒီအဖေမှာ ပျော်လှပေါ့ ။

37

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..