images

 

ခုတလော fb မှာ ဘုရားဆင်းတုတွေကို မရိုမသေ ပြုနေတဲ့ ပုံတွေ တွေ့နေရပါတယ်. မခံချင် ဖြစ်လို့ ရှဲကြတယ်.. ဗုဒ္ဒဘာသာ ကို စော်ကားလို့ ရှုတ်ချတယ် တယ်ဆိုပြီးရှဲကြတယ်.. ဆဲကြတယ်.. ဆက်ပြီး ဖြန့်ဝေပေးပါဆိုပြီးလဲ ရှဲကြတယ်.. ခင်ဗျားတို့ သေသေချာချာစဉ်းစားကြစေချင်ပါတယ်.. အဲလိုပုံတွေကို တွေ့ရတာ ကျွန်တော် တို့လို့ စိတ်မချမ်းသာပါဘူး.. မခံချင်ပါဘူး.. ဒါပေမယ့်

  1. ကြည့်မိလိုက်တဲ့ အတွက် ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရတယ်.. မခံချင်ဖြစ်ရတယ်..
  2. အဲလိုဖြစ်တဲ့အခါ ငါတို့ဘာသာကို စော်ကားလေခြင်းဆိုပြီး ဒေါသထွက်ရတယ်.. ဒေါသထွက်မိတဲ့ အတွက် အကုသိုလ်ဖြစ်ရတယ်
  3. ဒါသထွက်ပြီး ဘယ်သူမှန်းမသိတဲ့ လုပ်တဲ့သူတွေကို ဆဲဆိုတယ်.. ကျိန်ဆဲတယ်.. ဒုတိယံပိ အကုသိုလ်ဖြစ်ရတယ်
  4. အဲဒီပုံဟာ ဘယ်သူက ဘယ်လိုဘာကြောင့် လုပ်ထားတယ် ဆိုတာတောင် မသိဘဲ မျက်စိမှိတ် ရမ်းတုတ်တယ်.. တကယ်ပြုလုပ်တဲ့သူကို ဘာလုပ်နိုင်မှာလဲမေးတော့ ဘာမှ မလုပ်နိုင်ဘူး
  5. အဲဒါကို ထပ်ရှဲတယ်.. ထပ်ရှဲတဲ့အတွက် တွေ့တဲ့သူက ခုနလို (1-4) ကိစ္စဟာ အဲဒီ ပုံကို တွေ့ရတဲ့ သူမှာ လဲ ထပ်ဖြစ်တယ်..

ဟုတ်ပြီ
ရှဲကြတယ်
ရှဲကြတော့ ဘာဖြစ်သလဲ
(1)များများမြင် များများအကုသိုလ်ရကြတယ်
(2) ဘာသာခြားတွေက တွေ့တဲ့ အခါ ဘာအမှန်းမသိပဲ ကျူပ်တို့ ဘုရားကို အမြင်မှားမယ်.. ကျုပ်တို့ဘာသာကိုအထင်သေးမယ်..

ခင်ဗျားတို့ ရှင်းတာက နောက် မြင်ကြမှာ ကအရင်.. 

သူများယောင်တိုင်း မယောင်ပဲ လုပ်သင့် မလုပ်သင့်.. ဆိုတာရယ် ဖြစ်လာ မယ့် အကျိုးဆက်ရယ်ကို ကိုယ်ဖာသာလေးလဲ စဉ်းစားကြပါ. အရပ်ကတို့ရေ..

မျက်ကန်းဗုဒ္ဓဘာသာဝင် မျက်ကန်းမျိုးချစ်များဘ၀မှ လွတ်မြောက်ကြပါစေ

About ဂန္ဓာရီ ဆြာအုပ်

has written 78 post in this Website..

ဓာတ်ပုံရိုက်သည်။ မတောက်တခေါက် နှင့် မသိနားမလည်သူများ တွေ့လျှင် ဆရာကြီးလုပ်တတ်သည်.. အကြွားသန်သည်။ အမြှောက်ကြိုက်သည်။ အခြောက်တော့ မကြိုက်။ ဘီယာ ၃ ခွက်လောက်ဆိုလျှင် မူးသည့် အတွက် အကုန်အကျ သက်သာသော သောက်ဖော်သောက်ဖက် ဖြစ်ကြောင်း အာမခံသည်။(အခုနဲနဲတက်သွားပီ)