အောက်တိုဘာ ၂၁ ကျော်ဖြစ်ခဲ့ပြီးတဲ့နောက်

ကိုယ်လျှောက်ခဲ့တဲ့လမ်းကို ကိုယ်ပြန်ကြည့်

သြော် ငါမသိခဲ့တာ များလှပါလား

အဲဒီလိုပဲ မရှိခဲ့တာတွေလည်း တော်တော်များပေါ့

ဒါဖြင့် ငါ မသိခဲ့တာ ဘာလဲ

ဝါသနာကိုသာ အရင်းတည် အချင်းမညီတဲ့ စက်ဝိုင်းတွေကြား

ဗျာများခဲ့ရတာလေ

ပြီးတော့ ၈၀ကျော် [၁၉၈၀ခုနှစ်]ကတည်းက

ချစ်မယ်နော်လို့ ကြွေးကြော်ရင်း

ဘေးချော်ခြင်းတွေနဲ့သာတွေ့

အချစ်ရေ့ နေလို့မှ ကောင်းရဲ့လား ဂျေမောင်မောင် တေးသွားနဲ့

ကိုယ့်ကိုယ်ကို နှစ်သိမ့် သစ်ဆိမ့်ပင်အောက်မှာ ငါကြေကွဲ

နေမြဲဆိုတာလို  ဘာမှကို မထူးခြား

ရူးမသွားခဲ့တာ ငါကံဆိုး ၉၀ ခုနှစ်လောက်ရယ်အထိပေါ့

နောက်တော့ နောက်တော့

လျှောက်မချော့တတ်တဲ့ငါ

အဲဒီ အချစ်ဆိုတာကြီးနဲ့တွေ့

ဟန်ပဟေ့ လို့ လက်ခမောင်းခတ်ပြီးတဲ့နောက်

ဘဝဟာဇောက်ထိုးကျ

မှောက်ထိုးလဲလိုက်တာကမှ တော်ပါဦးမယ်ကွယ်

ကဲပါလေ တိုရှင်း လိုရင်းပြောရရင်

မချောလှရင်နေပါ သေရွာအထိလက်တွဲမယ့်အဖော်

ကျွန်တော်ရှာနေပါတယ်

ဒါပေမယ့် အတွေ့အကြုံတွေအရ  စည်းမျဉ်းတော့ ချထားတယ်နော်

၂၀ ကျော်မကလို့ ၃၀ကျော် ၄၀လောက်ပဲဖြစ်ဖြစ်

၁။ အချစ်ကို နားမလည်ရင်နေ ကိုကိုရေ လို့ခေါ်တတ်ရင် ရပါတယ်

၂။ ကြက်ဥကို တူးအောင်ပြုတ်တတ်သူပဲဖြစ်ဖြစ် ငါ့ကို ချစ်ဖို့နံပါတ်တစ်

၃။နင် ဘယ်လောက်ရှာနိုင်လို့တုန်း ဆိုတဲ့ ခြေရာတိုင်းမယ့် စကားမျိုး

မပြောတတ်ပဲ ငါးပိရည်ကျဲကျဲနဲ့လည်း စားတတ်နိုင်ရပါလိမ့်မယ်

၎။ယောင်္ကျားတစ်ယောက်မှာအစဉ်အကြံမဟာ ရှိသင့်ပေမယ့် အဆင်တန်ဆာကိုသာ

မျှော်တတ်တဲ့မိန်းမ မဖြစ်စေရ

၅။ခေတ်ကာလနဲ့အညီပေါ့ ဂျီတော့ဆိုတာ ပေါ်နေပေမယ့်ငါမသိတဲ့ရက်တွေမှာ

စုံစီနဖာ အကောင့်တွေနဲ့ စောင့်နေတဲ့ အွန်လိုင်းမုဆိုးတွေကြား ဗျာများတတ်တာမို့

အင်တာနက်ဆိုတာ မသိသူဖြစ်ရပါလိမ့်မယ်

၆။သားကိုသခင် လင်ကိုဘုရား အဲဒီစကားတွေလောက် မဖြစ်ရင်နေ

အသစ်တင်တာတွေမှန်သမျှ သွားရည်ကျသူတော့ မဖြစ်ရပါ

၇။Lady First ဆိုတဲ့စကား ဒီခေတ်မှာ မှား ဘတ်စ်ကား မကြောက်သူ ဖြစ်ရမည်

၈။အသားအရေ မစိုပြည်လည်း ပြဿနာမရှိ အရက်နံ့ မသိသူဖြစ်ရမည်

၉။ထို့အတူ မိတ်ကပ်နဲ့ နှုတ်ခမ်းနီ လန်းအီစရာ ရေမွှေး မသုံးတတ်သူလေးဖြစ်ရမည်

၁၀။နောက်ဆုံးညီစရာ အချက်   လမ်းမထွက်တတ်သူကို ပို၍ ဦးစားပေးပါမည် ။

 

:)       :)      :)

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..