အားလုံးပဲ မင်္ဂလာပါခင်ဗျာ…..

ကျုပ်လည်း အခုတစ်လော ရွာထဲကို ရံဖန်ရံခါသာ လာရောက်ဖြစ်သလို ပို့မတင်ရတာလဲ

အတော်လေးကို ကြာနေပြီဖြစ်လို့ ဘာမှတော့ မဟုက်ပေဘူးပေါ့ဗျာ….

ကိုယ်ရေးကိုယ်တာလေး တစ်ခုကို ပို့အဖြစ် ရေးသားလိုက်ပါတယ်………..

တစ်နေ့ကမှ ဆိုဒ်တစ်ခုအတွင်းမှာ တွေ့တာ *67 မိမိ ခေါ်ဆိုမည့် ဖုန်းနံပါတ်ကို နှိပ်ပြီး ခေါ်ရင်

မိမိဖုန်းနံပါတ်က အဲ့ဒီ အခြားဖုန်းဖက်မှာ မပေါ်ဘူးလို့ ဆိုထားတယ်…….

နည်းနည်း စာလုံးရေလေး များလာအောင် လေကြော ရှည်ပေးရမယ် ဆိုရင်တော့…..

ကျုပ်နဲ့ လွန်ခဲ့တဲ့ တစ်လလောက်ကမှ ရည်းစားဖြစ်လာတဲ့ ကောင်မလေး တစ်ယောက်ရဲ့

ဖုန်းကို ကျနော် စမ်းကလိ လိုက်တယ်….. ကျုပ်ဖုန်းနံပါတ် သူမ ဆီမှာ မပေါ်ဘူးရင်

သူ့ကိုနည်းနည်း ပျော်စေပျက်စေပေါ့ နည်းနည်း စားပေးလိုက်မယ် ဆိုပြီး သူမ ဖုန်းနံပါတ်ကိုမှ

ကလိလိုက်တယ်… သုံးလေးခါလောက်ခေါ်တယ် ဖုန်းက မဝင်ဘူး ပြန်ပြန်ပြီး ပြုတ်ကျနေတယ်….

ဒီလိုနဲ့ ဘာမှ မဟုက်ပါဘူးဆိုပြီး ဒီအတိုင်းပဲနေလိုက်တယ်…..

နောက်နေ့မှာ သူမက အပြင်မှာ လာခဲ့ဖို့ ခေါ်တယ်… အေးဆေးပဲပေါ့……

ရေလေးဘာလေး ချိုးပီး အမွှေးနှံ့သာ လေးဘာလေးဆွတ်ပီးတော့ ပစ္စည်းတစ်ခု လိုချင်လို့

ဂျီကျမယ် ဆိုရင် ဝယ်ပေးဖို့ မရှိမယ့် ရှိမယ့် ပိုက်ဆံလေး တစ်ပဲခြောက်ပြားလောက်ကို ယူပြီး

သူမချိန်းတဲ့နေရာကို သွားလိုက်တယ်…. သူမနဲ့တွေ့တဲ့ အချိန်မှာ သူမမျက်နှာ တစ်ခုခုဖြစ်နေတာကို

ကျုပ်သဘောပေါက်လိုက်ပါတယ်… အိုစခေပြီပေါ့ ဒီလိုပွဲလန့်တုန်းမှာ ထိုင်ခုံချ နည်းနည်းလူစွမ်းကောင်း

လုပ်ပြီး သူမရဲ့ တင်းမာနေတဲ့ မျက်နှာရဲ့ နှောက်ကွယ်က ကိစ္စလေးကို ဖြေရှင်းပေးလိုက်မယ်ဆိုရင်

ကျုပ်လည်း မျက်နှာရမယ့်ပေါ့။ အခြေအနေက ကိုယ့်ဖက်ကို အပြည့်အဝ ပါနေပြီဆိုတာ မသေချာသေးခင်

မှာတော့ ဒီလိုလေးတွေနဲ့ မျက်နှာလိုအားရ လုပ်ပေးရတတ်ပါတယ်…… သူမ ရဲ့အနား တစ်ပေအကွာလောက်

ကိုရောက်သွားတဲ့အချိန်မှာတော့ ကျုပ်ကြိုတင်တွက်ဆ ထားမှုနဲ့ လွဲခဲ့ပြန်ပါပြီ….

တယုတယ အနမ်းလေးတွေ ခြွေချပေးခဲ့ဖူးတဲ့ ကျုပ်ရဲ့ပါးပြင်ခမ်းကြမ်းကြမ်းလေးကို သူမ ရဲ့မနူးညံ့တဲ့ ဘယ်ဖက်လက်က

ဝှီး… ဆိုပျံဝဲလာပြီး  “ဖျောင်” ဆိုနေအောင် ရိုက်ခက်သွားပါတော့တယ်…. အိပ်မက်မက်နေတာတော့ မဟုက်တာသေချာ

ပါ၏… ဘာလို့ဆိုတော့ ခံလိုက်ရတာက အသိသာကြီးကို….  သူမရဲ့ နှုတ်မလည်း ဆင့်ကာ ဆင့်ကာ မီးသတ်ကား

ဥဩဆွဲသံ ကြားရသကဲ့သို့ စကားလုံး ကျည်ဆံများဖြင့် ကျုပ်ကို အဆက်မပြက် ပစ်ခတ်ပါတော့သည်…….

ကျုပ်ဘာမှ ပြန်လည်ဖြေရှင်းချိန်မရလိုက် ဖြေရှင်းချိန်ရမည်ဆိုပါကလည်း ဖြေရှင်းဖို့ စကားလုံးမရှိ တဲ့အခြေအနေ…….

အကြောင်းက ကျုပ် သူမ အပြင်အခြား ခြေရှုပ်ထားမိသည့် ငတိမ နှစ်ယောက်၏ ဖုန်းများက သူမထံ ဝင်လားပြီး…

ဘာညာသာရကာတွေ ပြောသွားကြသည့်ဟု ကျုပ်သိလိုက်ရပါသည်….. အဲ့ဒီကနေ ပြန်လာပြီး ညနေခင်းတစ်ခုလုံး

စဉ်းစားလို့မရတာက သူမရဲ့ ဖုန်းနံပါတ်ကို ဟိုငတိမနှစ်ယောက်စလုံးက ဘယ်လိုသိသွားရတာလဲ…….  နှစ်ယောက်စလုံးက

သူမ ဖုန်းနံပါတ်ကို သိတယ် အခြားအကြောင်းအရာတွေ ကိုသိမယ်ဆိုတာ  ဖြစ်နိုင်ချေအင်မတန်နည်းတဲ့ ကိစ္စပါ….. ညပိုင်း ကိုးနာရီလောက်

ရောက်တော့ ငတိမ တစ်ယောက်၏ ဖုန်းဝင်လာသည်….. ကျုပ်လည်း မျက်ခုံးခပ်လှုပ်လှုပ်ဖြင့် ကောက်ကိုင်လိုက်တဲ့အခါမှာ….

ကျုပ် တစ်ညနေလုံး စဉ်းစားလို့ မရတဲ့ အကြောင်းအရာ ကိုသိလိုက်ရပါတယ်…. ငတိမ အရင်နေ့က ကျုပ်ဖုန်းကို ခေါ်တဲ့

အခါမှာ မိန်းကလေး တစ်ယောက်နဲ့တွေ့တယ်တဲ့….. သူကလည်း ကျုပ်ကောင်မလေးပါလို့ပြောတယ်တဲ့….. ကွိုင်တယ်ပေါ့….

ထို့နောက်ငတိမ ဘာတွေဆက်ပေါးနေသည်ကို စိတ်မဝင်စားတော့ ကျုပ်အရင်နေ့က ကလိမိတဲ့ *67 ကိုစမ်းဖို့ ငတိမပေါးနေတာကို

ဆက်နားမထောင်တော့ပဲ ဖုန်းချလိုက်တယ်…… ပြီးတော့ ကျုပ်ဆီမှာရှိတဲ့ ဆင်းကဒ်အချင်းချင်း *67 ရှေ့ကခံပြီး ခေါ်ကြည့်လိုက်တယ်

ပြီးတော့ စမ်းကြည့်တဲ့အခါမှာ *67 ခံပြီးခေါ်ထာတဲ့ဖုန်းကို ဒီဖက်ကဖုန်း မအားတဲ့အချိန်မှာ ခေါ်တဲ့ဖုန်းက အဲ့ဒီဖုန်းဖက်ကို သွားဝင်တယ်….

ဟုက်လေ၏… အရင်နေ့က ကျုပ် ဖုန်းပြောတာနည်းနည်းများများတယ်…. ကျုပ်ဖုန်းမအားတဲ့ အချိန်မှာ ငတိမတွေ ခေါ်တဲ့ဖုန်းက

ကျုပ်ရဲ့ ရင်ထဲအသည်းထဲက သူမ ဆီကို သွားဝင်ပြီး ပြဿနာကစခဲတာကို……..

ဒီပို့လေးကတော့ ကျုပ်လည်းဘာရေးရမှန်းမသိတာနဲ့ အရင်နေ့ကမှ ဖြစ်ခဲ့တဲ့ အကြောင်းလေးကို

ရေးလိုက်တာပါ……

*67 နဲ့ကျုပ်ဖြစ်ခဲ့တဲ့ဆင်းကဒ်က  DTAC ဆင်းကဒ်နဲ့ပါ…..

MPT ဆင်းကဒ်နဲ့တော့ စမ်းမကြည့်ရသေးပါဘူး………

မောင်မိုဘိုင်း၏ တောင်လျှောက်ရေး မြောက်လျှောက်ရေး…………

8-3-13 Fri 3:55 am

 

 

 

About MgMobile

Mobile13 has written 39 post in this Website..

ไม่มีอะไรที่เป็นไปไม่ได้!