ကန်ရေပြင်ကိုမျက်နှာမူလို့…

မတ်လတစ်ရက်မှာဆုံခဲ့တယ်…

စနေရယ်လို့ မှတ်ထား…

၃၆၅ ရက်ပြည့်ဖို့ နီးပါပေါ့လား…

 

ကန်ဘောင်ပေါ်မှာထိုင်ခဲ့တယ်…

မတ်လတစ်ရက်မှာဆုံခဲ့တယ်…

လူတွေအတော်တော့စုံသား…

၃၆၅ ရက်ပြည့်ဖို့ နီးပါပေါ့လား…

 

ကန်ဘောင်ပေါ်မှာ အိပ်သူရှိခဲ့ဖူးတယ်…

မတ်လတစ်ရက်မှာ ဆုံခဲ့တယ်…

မူးတဲ့လူတွေတော့ အများသား…

၃၆၅ ရက်ပြည့်ဖို့ နီးပါပေါ့လား…

 

ရေကန်ထဲကို ပြုတ်ကျဖူးသူရှိခဲ့တယ်…

မတ်လတစ်ရက်မှာ ဆုံခဲ့တယ်…

အရွယ်မျိုးစုံပါခဲ့တာတော့များသား

၃၆၅ရက်ပြည့်ဖို့ နီးပါပေါ့လား…

 

အစိမ်းရောင်သီချင်းဆိုသူရှိခဲ့ဖူးတယ်…

မတ်လတစ်ရက်မှာဆုံခဲ့တယ်…

ဂစ်တာငှားပေးတဲ့လူတော့ ရှိခဲ့ဖူးသား…

၃၆၅ ရက်ပြည့်ဖို့ နီးပါပေါ့လား…

 

ဖုန်းတစ်လုံးကိုင် အင်တာဗျူးသူရှိခဲဖူးတယ်…

မတ်လတစ်ရက်မှာ ဆုံခဲ့တယ်…

ပိုစ့်အပေါ်မှာ ကော်မန့်တွေများခဲ့သား…

၃၆၅ ရက်ပြည့်ဖို့ နီးပါပေါ့လား…

 

တစ်ယောက်ကဖုန်းမောင်ကဗျာရွတ်ခဲ့ဖူးတယ်…

မတ်လတစ်ရက်မှာ ဆုံခဲ့တယ်…

အားပေးမှုတွေတော့အများသား…

၃၆၅ ရက်ပြည့်ဖို့ နီးပါပေါ့လား…

 

အဲဒီနေ့က ရီဝေခဲ့ဖူးတယ်…

မတ်လတစ်ရက်မှာ ဆုံခဲ့တယ်…

ပုလင်းတွေတော့ အများသား…

၃၆၅ ရက်ပြည့်ဖို့နီးပါပေါ့လား…

 

တစ်ယောက်က အမည်ပေးခဲ့ဖူးတယ်…

မတ်လတစ်ရက်မှာ ဆုံခဲ့တယ်…

သမဂ္ဂလို့တော့အမည်တွင်သား…

၃၆၅ ရက်ပြည့်ဖို့နီးပါပေါ့လား…

 

အိုဘယ့်…သမဂ္ဂ

အိုသမဂ္ဂရယ်…

ကျုပ်တို့တွေ့ကြ… တစ်နှစ်တာမှာ

ပျော်စရာရွှင်စရာ… စိတ်ညစ်စရာတွေ

မျှဝေလို့… ဒီသမဂ္ဂကို ရှေ့ဆက်ခဲ့ကြတယ်…

သတင်းလွေ့လွေ့ပေါင်းဖက်တွေ့လို့…

ဆန်းဆန်းပြားပြား ထပ်ခါထပ်ခါဆုံခဲ့ကြတယ်…

သူငယ်ချင်းတို့ရေ…

နယ်စည်းမခြားအရက်သမားများသမဂ္ဂတော့

တစ်နှစ်ပြည့်ပါပြီကွယ်…

 

ခင်မင်လျက်-

ဖက်ဖက်ကက်

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...