ငါမသိခဲ့ဘူး–
လူတွေ ဘာလို့ ရူးကြလဲဆိုတာလေ——–

ငါဆုံးဖြတ်မထားဘူး
တစ်နေ့  ဒီလို အဆုံးသတ်မယ်လို့ —-

ဘယ်သူ့ ဆီကမှ မရခဲ့ဖူးဘူး——–
အဲ့ဒီလောက် အရင်းအနှီးကြီးကြီးပေးရတဲ့ အရာ–
အတု ဖြစ်နေလည်း တန်တယ်————-

မင်း ဘယ်ကောင်နဲ့ ပျော်နေနေ—
အရေးမကြီးဘူး —
ဘာလို့ လဲဆိုတော့ —-
မင်း စိတ်ချမ်းသာနေတယ်လေ————–
အဲ့ဒါလေးကိုကြည့်ပြီး
ငါပါလိုက်ပျော်ပေးမယ်နော်–

သဲပေါ်ဆောက်ထားတဲ့  ယုံကြည်ချက်တွေ
ပြို ပြို ကျတိုင်း —
ငါ ပြန်ဆောက်နေရတာ
ပင်ပန်းတယ်လို့  မတွေးဘူးနော်—–
ဂရိ ရာဇ၀င်မှာ ဆစ်ဆိုဖီတောင်မှ
တောင်အောက် ကျသွားတဲ့  ကျောက်တုံးကို
ခဏခဏ ပြန်ပြန် တင်နေတာ အခုထိ တဲ့ ———–
ငါလည်း ဆစ်ဆိုဖီ ဖြစ်ချင်တယ်——-

ုယောက်ျားတစ်ယောက်ဆီက ပေးနိုင်သမျှ
ပုံအောပြီး တစ်စ မကျန် လောင်းကြေးထပ်ခဲ့တာ – မင်းသိတယ်နော်–
ငါ့ဘ၀ရဲ့ မိုက်မဲမှုတွေထဲမှာ
မင်းကိုချစ်ခဲ့တာကို ငါ အရမ်း အကျေနပ်ဆုံးပဲ—

ချစ်တယ်—
နင့်နေအောင် ——-
ချစ်တတ်အောင် သင်ပေးခဲ့တဲ့ မင်းကို—
လူတစ်ယောက်ကို ဘယ်လို တန်ဖိုးထားရမလဲဆိုတာ ပြပေးခဲ့တဲ့ မင်းကို—-
အခုထိ—-
သံသရာ အဆုံးထိ— အဲ– မဟုတ်သေးဘူး—-
သံသရာ မဆုံးချင်ဘူး——
ဘုရားဟောထားတဲ့ ဒုက္ခတွေ ခံရမှာထက်
မင်းနဲ့ ထပ်တွေ့ ခွင့်မရတော့မှာ စိုးတယ်—-

မင်းကို ငါ ကျေကျေနပ်နပ် အနိုင်ပေးထားတာမို့ 
မင်းရှေ့ မှာ ငါအလဲထိုးခံရတိုင်း
သိက္ခာတို့ မာနတို့  ဘာတို့ ညာတို့ 
ကျရှုံးပါပြီရဲ့ ဆိုပြီး ငါ စာမဖွဲ့ ဘူးနော် —
ဘာလို့ လဲဆိုတော့
မင်းပေးခဲ့ တဲ့ 
အဲ့ဒီ အတု ဆိုတာကိုက
ငါ့ တစ်ဘ၀ မက တန်နေတယ်—–

မင်းဘာတွေ လုပ်ခဲ့လုပ်ခဲ့-
မင်းဘယ်လို လုပ်သွား လုပ်သွား———

–ငါ့ကို မလိုချင်တော့ဘူးဆိုရင်တောင်
ငါမင်းနားမှာ မင်းမသိအောင် ရှိနေပေးမယ်
မင်းလဲကျရင် ကူပေးလို့ ရအောင်–

အဲ့ဒီတော့
ဆက်လျှောက်—-
ရဲရဲ သာ လျှောက်
မင်းမှန်မယ် ထင်တာ အကုန်လုပ်
မင်းဘက်က ရှိပေးမယ်—————-

—-
မင်းစိတ်မဆင်းရဲ စေရအောင်
ငါ စောင့်ရှောက်ပေးမယ်———-
အခုတော့ မင်း သွားလိုက်ဦး—-
ပျော်အောင် နေနော်—————
ဘာလို့ လဲဆိုတော့
မင်းပျော်မှ ငါ အသက်ဆက်ရှင်နိုင်မှာလေ—း-)

About ခမ့် ညား မှော်

ခမ့် ညား မှော် has written 4 post in this Website..

်name- Khant nyar Hmaw Went to- Myanmar Maritime University From- Mogok Political Views- Technocrat/