ရင်မှာပွင့်သည့် ပန်း
ဆည်းဆာလှ ကညာပျို
မောင်ရင်မှာ ဖို
ညနေအို ရေခပ်ဆင်း
ဝင်းပလို့ စို။
ပန်းပျိုးလို မောင့်ရင်တွင်း
ပွင့်နှင်းဆီ ခင်း
မေပန်ချင် ဆိုကာမှ
မွှေးနံ့ထုံ သင်း။ ။
ဝင်းပပ သူ့မျက်နှာ
ပြုံးရွှင်လို့ သာ
မေ့ကေသာ မောင်ရွယ်စူး
နမ်းဖူးချင်လာ။
ရင်ဖိုကာ မျက်လွှာချ
မေ့မျက်နှာ လှ
မောင်နမ်းဖို့ ရည်စူးတွေး
ကြိုင်မွှေ့းခြယ်သ။ ။
တောက ကိုရင်
24.03.2013

About koyin

တောက ကိုရင် has written 59 post in this Website..

ပျံသန်းနေတဲ့ ငှက်တစ်ကောင်ပေါ့… ခရောင်းတောမှာ လမ်းကောင်းကောင်းလျှောက်တတ်ဖို့ ကြိုးစားဆဲ…