“ဘယ်နားနာသွားလဲ´´

 

ကလေးတစ်ယောက် အိမ်ရှေ့တံခါးနား

ချော်လဲလိုက်တော့

အမေဖြစ်သူက ပြေးကာထူပြီးမေးတယ်

“သား ဘယ်နားနာသွားလဲ´´ တဲ့။

 

ရည်းစားစုံတွဲ လမ်းလျှောက်နေရင်း မိန်းကလေးက

ခလုပ်တိုက်မိတော့

ယောက်ျားလေးဖြစ်သူက လှမ်းကဆွဲရင်းမေးတယ်

“အချစ် ဘယ်နားနာသွားလဲ´´ တဲ့။

 

အဖွားအိုတစ်ဦး ကားပေါ်အဆင်း

ခြေချော်မိကာ ထိုင်လျှက်ကျတော့

အနီးအနားရှိသူများက ပြေးကာထူရင်းမေးကြတယ်

“အမေကြီး ဘယ်နားနာသွားလဲ´´ တဲ့။

 

ဒီလိုစကား အကြင်နာများနဲ့

မေးကြသည့်သူ ရှိလိမ့်မူ၏

ရှေ့တန်းစစ်သလင်း ဗုံးသံပြင်းလို့

ထိခိုက်ကြပြီး ရဲဘော်များသည်

ထိုသူတွေကို ဘယ်သူကများ

မေးနေကြမည်

“ဘယ်နားနာသွားလဲ´´ လို့။

 

စစ်သည်မကောင်း အချစ်သည်ကောင်းသမို့

စစ်ပွဲရပ်စို့ ငြိမ်းချမ်းဖို့ပါ

ထိုထိုအခါ တစ်ဦးနဲ့တစ်ဦး

ချစ်ကြည်နူးလို့၊

အကြင်နာစကား ဆိုသော်ငြားမည်

“ဘယ်နားနာသွားလဲ´´ ဆိုလေသည်။

 

ငြိမ်းချမ်းသာယာ ရှိစေသော်ဝ်။

 

 

 

ဖတ်ရှု့သူများကျေးဇူးပါ။

ခင်ခ။

About ခင္ခ

ခင္ ခ has written 458 post in this Website..