ဗီလိန်
“”ဟဲ့။ ဟဲ့။ ငါပြောတာ အဲ့တစ်ယောက်၊ အဲ့ တစ်ယောက်””
သူမ စကားသံအလန့်တကြားမှာ အချဉ်ပေါင်းသည်ထံ စိုက်နေတဲ့ မျက်လုံးများ ဟိုကြည့်၊ ဒီကြည့်ဖြစ်ကုန်သည်။ ဝါလေးရယ်၊ ဆွေရယ်၊ ပန်းကလေးရယ်၊ သူမရယ် ကျောင်းက အချဉ်ပေါင်းသည်ဆီမှာ ဝိုင်းနေခိုက်ဖြစ်သည်။
“”ဘယ်မတုန်း၊ ဘယ်မတုန်း””
“”ဟိုမှာလေ။ ပုဆိုးလေးနဲ့ ရှမ်းလွယ်အိတ်လေးနဲ့ဟာ””
“”ဪ စိုင်းလင်း ကိုပြောတာလား။ အဲဒါ ငါတို့ ဂျီတီအိုင်တက်တုန်းက သူငယ်ချင်း အရင်းကြီး””
ဆွေ စကားအဆုံးမှ ဝါလေး က……..
“”နင် ပြောတဲ့ ချစ်စရာလေး ဆိုတာ စိုင်းလင်းကိုပြောတာလား””
“”အင်းလေ၊ ကြည့်ပါ့လား၊ Westlife က Brian လို ရုပ်မျိုးလေး။ ရီလိုက်ရင်ပိုတူသေး။ တော်တော် အပြစ်ကင်းတယ်””
သူမ စကား အဆုံး ဆွေ နဲ့ ဝါလေး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ ပန်းကလေးက ခုထိဘာမှ ဝင်မပြော။
နာမည်နဲ့လိုက်အောင် ပန်းကလေးလို လှပြီး အေးဆေး စိတ်ပျော့လွန်းလို့ အနားခေါ်ထားရတဲ့ သူမ အချစ်တော် သူငယ်ချင်းကောင်မလေးဖြစ်၏။
ခဏနေတော့ ဆွေဆီ မှ….
“”မိတ်ဆက်ပေးရမလား”” ဟူသော မေးသံထွက်လာသည်။
ဒါမျိုးတော့ မလုပ်ချင်တာမို့…..
“မလိုပါဘူးဟ။ အပြစ်ကင်းတဲ့ ရုပ်က ဘယ်လိုတုန်းဆိုတာ စကားစပ်မိလို့ ပြောရင်း ပြတာပါ။ ငါ မခင်ချင်သေးပါဘူး။” ဟု ပြန်ပြောလိုက်ရသည်။
ထိုအခါမှ ဝါလေးက “”မိအိုစီတို့ ဘဝင်မြင့်မှာမို့မပြောပဲထားထားတာ။ ကံကောင်းချင်တော့ တွေ့လည်းတွေ့တတ်တယ်”” တဲ့။
သူမ နားမလည် ကြောင်တောင်တောင် ကြည့်မိတော့ “”ဟုတ်တယ်။ သူက နင်နဲ့ မိတ်ဆက်ပေးခိုင်းနေတာ၊ ချစ်စရာလေးမို့လို့တဲ့””။
ဝါလေး စကားအဆုံး နည်းနည်း ကျေနပ်သွားစိတ်နဲ့……
“”တကယ်လား။ အဲဒါဆိုလည်း စောစောပြောရောပေါ့ကွယ်။ အော်တို လက်မှတ်လေးဘာလေး ထိုးပေးရဦးမလားဟင်””
စနောက်နေကျအတိုင်း ပြောလိုက်တော့မှ……
“”မိခိုင် အစုတ်မလုတ်မ၊ ဘဝင်မ”” စုံနေအောင် ဆဲသံတွေ ထွက်လာသည်။
ဒီလိုနဲ့ စိုင်းလင်း ဆိုသော အင်မတန် ယဉ်ကျေးရည်မွန်သော သူငယ်ချင်းလေးတစ်ယောက် အဖွဲ့ထဲ ရောက်လာသည်။ သူမတို့ ဆိုးသမျှ ဒဏ်ကို ပြုံးပြုံးနဲ့ သည်းခံလို့ သူငယ်ချင်းတစ်ယောက် အနေနဲ့လည်း သံယောဇဉ်ပိုမိသည်။ နောက်ပြီး သူမ ကိုယ်တိုင် ကလွဲ၍ဘယ်သူနဲ့မှ စိတ်မချသော ပန်းကလေး တာဝန်တွေကိုတော့ စိုင်းလင်းကို စိတ်ချလက်ချပေးမိပြန်သည်။
~~~~~~~~~~~~~~~~~~~
တစ်ရက် …
“”မိုင်ခိ။ ငါပြောစရာရှိလို့””
ပန်းကလေးရဲ့ တုံ့ဆိုင်းဆိုင်း စကားသံအဆုံး သူမ လန့်သွားကာ..
“ဘာလဲ။ ဘာလဲ၊ ပန်းကလေး ဘာဖြစ်လဲ” လို့ မေးလိုက်မိသည်။
“ဘာမှမဖြစ်ပါဘူး။ မေးမို့ဟာကို။ ဟိုဟာလေ”
အကြာကြီးရပ်နေတာမို့….
“”ဘယ်ဟာတုန်း၊ ဘယ်သူ စာပေးလို့တုန်း၊ စကားလိုက်ပြောခံရသလား၊ ဘယ်သူ ဖုန်းခေါ်တာလဲ”” ဖြစ်နိုင်ချေတွေတန်းစီမေးလိုက်သည်။
““ဟိုဟာ၊ နင် စိုင်းလင်းအပေါ် ဘယ်လို သဘောထားသေးတုန်းလို့” ”
“”ဪ။ ဒါများ ပန်းကလေးရယ်။ ဘာများလဲလို့။ ဒီလိုပဲလေ။ ခင်တယ်၊ ချစ်တယ်လေ။ ဒါပဲလေ။ အဲ ချစ်တယ်ဆိုလို့မလန့်နဲ့နော်၊ ငါ ဒီ စကားကို အပေါ့နဲ့ အလေး ၂ မျိုးသုံးတတ်တာ.. ဒါက အပေါ့။””
အဲဒီတော့မှ ပန်းကလေး မျက်နှာလေး ကြည်ကာ သူမ ခါးကို လာဖက်ပြီး ပြောလာသည်။
“”သိပါတယ်။ ဒါမဲ့။ မဆူနဲ့နော်။ ငါ သူ့ကို ချစ်သလိုပဲ။ အဲလို မဖြစ်ဖူးဘူး။ အရင်က””
သူမ ကိုယ်တိုင်လည်း စိတ်အေးစွာ…..
“”သူကိုတော့ ဘာမှပြောစရာမရှိဘူးလေ။ ဟိုချာတိတ်မတွေနဲ့လည်း အရင်းကြီးဆိုတော့၊ ကန့်ကွက်စရာမရှိ”” ပြန်ပြောမိ၏။
ဒီလိုနဲ့ အရင်ကထက် ပိုပြီး သူတို့ ၂ ယောက်ကို ဦးစားပေးကာ အတူထားသည်။
သူငယ်ချင်းတွေကလည်း ရိပ်မိစွာ ဝိုင်း စ တော့ သူမကိုယ်တိုင် ချစ်သော ပန်းကလေး ကိုယ်စား ဝမ်းသာနေရသည်။ သူတို့ ၂ ယောက်ကြည့်ရတာ အေးချမ်းသည်ကိုး။
ထို အချိန်က သူမ မှာ ချစ်ရသူ သူငယ်ချင်းကြီးနဲ့ ရန်ပွဲတွေ တချိန်းချိန်းနဲ့ မအေးချမ်းနိုင်။
သူမတွင် မတည့်အတူနေ ချစ်ရသော သူငယ်ချင်း ဒေါ်နယ်(လ) ဟူသော လူဆိုးလေး က အနားမှာရှိလေသည်။
ဒါတွေ သူတို့ အသိပေပဲ။
~~~~~~~~~~~~~~~~~~~~~~~~
ထိုနေ့က လည်း ကင်တင်းမှာ ဘာမဟုတ်သော အကြောင်းနဲ့ ငြင်းခုန်မိပြီး စိတ်မောစွာ ကျောင်းကနေ အိမ်ကို ပြန်မယ် အလုပ် ကျောင်းဆင်းချိန်မဟုတ်လို့ ကျောင်းကားက မရှိ။
ရုတ်တရက် စိုင်းလင်းက သူ လိုက်ပို့မယ်ဆိုလာတော့ လက်ခံကာ အိမ်ပြန်လာခဲ့သည်။
လမ်းမှာ စိုင်းလင်း က…
“”မိုင်ခိ၊ နင် စိတ်မပင်ပန်းဘူးလားဟာ။ ဒေါသလေးလျှော့ပါဦး။ နင်တို့ ၂ ယောက် တစ်ခါ ရန်ဖြစ်တိုင်း ငါ ကြည့်ပြီး နင့်ကို သိပ်သနားတာပဲ””
“”ဟင်၊ ငါ့ ကို။ သနားတယ်။ ဟုတ်လား။ နင်တစ်ယောက်ပဲ ပြောဖူးသေးတယ်””
“”အင်း၊ နင်က စိတ်မာချင်ယောင်ဆောင်ထားတာ၊ နင် ဝမ်းနည်းရင် နင် ဘယ်လောက်ဟန်ဆောင်ထားထား ငါ့ အမြင်မှာ အရမ်းသိသာတယ်””
သူမ စိတ်ထဲတော့ စိုင်းလင်း အမြင်တစ်ဝက်လောက် ဟိုမှာ ရလိုက်ပါတော့ လို့သာ ဒေါသထွက်ထွက် တွေးမိသည်။
သူမ အတွေးနဲ့ သူမ နုတ်ဆိတ်နေခိုက် သူ ဆက်ပြောသည်။
“”နောက်ပြီး နင်က ဘာကိစ္စ ပန်းကလေးကို ငါ့ဘက်အတင်းတွန်းနေတာတုန်း၊ ငါ သူ့ကို စိတ်မဝင်စားဘူး””
“ဘာရယ်။ ပန်းကလေးက သူ့မေဂျာမှာ Queen ဟ။ လူကြိုက်ဒီလောက်များတာ။ နင် ပဲ အလိုလိုက်လွန်းလို့ ငါ က အဆင်ပြေပြီမှတ်နေတာ””
“ငါ ဘယ်လိုလုပ်ပြီး ခါးခါးသီးသီး ငြင်းမလဲဟ။ ဒီ အဖွဲ့လေးထဲ ဝင်ချင်လွန်းလို့ ဝင်လာရပြီးမှ ပြန်ထွက်မသွားချင်ဘူး။ ပြီးတော့ ငါ ဒီ ဖွဲ့ထဲ ကို ရောက်လာတဲ့ အကြောင်းအရင်း က ရှိပြီးသားပါဟ””
နားထောင်ရင်း သူမ စိတ်တွေ ထင့်လာသည်။ မဟုတ်ပါစေနဲ့ လို့ ကြိတ်ဆုတောင်းရင်း အာရုံလွှဲရတော့မည်ဟု သတိရလိုက်သည်။
“”ဪ၊ မသိပါဘူးဟာ။ ငါ လဲ ငါ့ ကိစ္စ၊ ငါ့ ပြသနာနဲ့ ဆိုတော့ နင် တို့ ကို အသေးစိတ်တော့ ဘယ်သိနိုင်တော့မလဲ။””
“”အေး။ နင့် အာရုံတွေ အဲဒီကောင် ဆီ ရောက်လေ၊ ငါ အဲဒီကောင်ကိုသတ်ချင်လေပဲ””
သူမ စိတ်ထဲ ဘုရားတလိုက်မိသည်။ နူးညံ့လွန်းသော သူငယ်ချင်းဆီက ဒီ စကားကြားလိုက်တာ သူမ နား ကို မ ယုံနိုင်အောင်ပင်။
“”အာ။ ဘာမှ လျှောက်မပြောနဲ့တော့ စိုင်း၊ တော်တော့။ ဒီ စကားတွေလဲ ပန်းကလေး ရှေ့ မပြောနဲ့နော်။”” ဒီလောက်နဲ့ပဲ စကားစဖြတ်ကာ နေလိုက်ရသည်။
သူမ စိတ်ထဲမှာတော့ ဒီ အခြေအနေကို ကျောင်းပြီးသည်အထိ ထိမ်းသိမ်းနိုင်မယ် မျှော်လင့်ခဲ့သည်။
အနေအထိုင်၊ အပြောအဆိုက အစ ဆင်ခြင်ဖို့ စဉ်းစားရသည်။ နောက်တစ်ချက်က ဒေါ်နယ်(လ)။
ဘယ်လို ရိပ်မိသွားမှန်းမသိ။
“”ခိုင်၊ နင်ပြောတော့ စိုင်းလင်းက ပန်းကလေးနဲ့ ဆို။ ဒါပေမဲ့ ဒီ ကောင့် အချိုးကို ကြည့်မရချင်ဘူး။ နင့် ကို ဂရုတစိုက်တွေ လိုက်ပြလွန်းနေတယ်။””
သူမလည်း စိတ်ပေါက်ပေါက်နဲ့
“”ကြည့်မရ မကြည့်နဲ့ပေါ့။ ဘာမှ ငါ့ကိုလာမပြောနဲ့။ ငါ နဲ့ သူနဲ့လည်း ဘာမှ မဆိုင်သလို နင်လည်း ငါ့ ကို ဒီ ကိစ္စ နဲ့ ဘာမှ ပြောခွင့်မရှိသေးဘူး””
ဒီလိုတွေနဲ့ စာမေးပွဲတွင်း သတ်ကြရပြန်သည်။ မခေါ်ကြတော့ပြန်။
~~~~~~~~~~~~~~~~~~~~~~
သူမ စိတ်တင်းကာ စာမေးပွဲ အပြီး သင်္ကြန်အတွက် စီစဉ်ရပြန်တော့ ပန်းကလေးက တစ်စခန်းထ၏။
စိုင်းလင်း ရှိသော ရေကစားမဏ္ဓပ်မှာ ကစားချင်လို့ တဲ့။
သူမပါလိုက်ခဲ့ပါတဲ့ ခေါ်ပြန်သည်။
စိတ်ထဲမှာတော့ ဒီ လောက် အချိန်အကြာကြီး ထိမ်းနိုင်တဲ့အခြေအနေ ဒီ ၃ ရက် ရနိုင်ပါတယ်လို့ ပဲ တွက်ဆကာ လက်ခံလိုက်မိသည်။
အကျရက်၊ အကြပ်ရက်တွေ သူတို့ ၂ ယောက်ကို လွှတ်ထားပြီး သူမ ရှောင်နိုင်သမျှ ရှောင်နေခဲ့တာက အမှားလား။
နောက်ဆုံး အတက်နေ့မှာ စကားပြောခွင့်ပေးလိုက်တာက အမှားလား မသိတော့ပေ။
အတက်နေ့၊ ရေကစားနားချိန် သူမ ခေါက်ဆွဲစားနေရာသို့ စိုင်းလင်းရောက်လာသည်။ သူမ ဟန်မပျက် ပြုံးပြလိုက်တော့ အနားမှာ လာထိုင်ပြီး….
““မိုင်ခိ၊ နင် ငါ့ ကို ရှောင်နေစရာမလိုတော့ ဘူး၊ ငါ ပန်းကလေးကို ဝန်ခံလိုက်ပြီ။
ဝန်ခံချင်တဲ့ တစ်ယောက်က နားမထောင်တော့ ငါ သူ့ကို ပဲ ဝန်ခံလိုက်ပြီ။
နင် သိပြီးသားမို့ ငါ့ကို ရှောင်နေတာလဲ ပြောလိုက်တယ်။ ငါ ဒီ ထက်လည်း မမြိုသိပ်နိုင်တော့ဘူး။ ဟန်လည်းမဆောင်ချင်တော့ဘူး။””
အို။
သူမ အံ့ဩတကြီး ကြည့်နေရာက သတိဝင်လာပြီး ပထမဆုံး သိလိုက်တာက ဒေါသနဲ့ အတူ လက်ထဲက ခေါက်ဆွဲ အပူနဲ့ စိုင်းလင်းကို ပက်မိလိုက်ပြီဖြစ်သည်။
နောက်တော့ ဘာစကားမှ မဆက်နိုင်အောင်ကို ငယ်ထိပ်အထိ သွေးတိုးအောင် ဖြစ်နေတဲ့ ဒေါသကို အရင်ထိမ်းနေရ၏။ လူကြားထဲ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားလောက်အောင် ဖြစ်သွားတဲ့ သူမ ကိုယ်ကိုယ် လည်း ဒေါသဖြစ်မိ၏။
ပြောရက်လိုက်တာ။ ပန်းကလေး ဘယ်လိုခံစားရမလဲ။ သူ စိတ်က နုနုလေး။ သူမကိုရော ဘယ်လိုထင်မှာပါလိမ့်။ အတွေးတွေနဲ့ ရှုပ်ရှက်ခတ်ပြီး….
“စိုင်းလင်း နင် ရက်စက်လိုက်တာ။ ဒီနေ့လေးတစ်နေ့ကို ဘာလို့ မထိမ်းနိုင်တာလဲ။ နက်ဖြန်ပဲ ကိုယ့်ဒေသကိုယ်ပြန်ကြရတော့မှာ။ ငါ သူကို စိတ်မထိခိုက်စေချင်တာ နင် မသိဘူးလား” လို့ မေးမိလိုက်သည်။
“”ဟုတ်တယ်။ အဲဒီလိုပြန်ရတော့မှာမို့ ပြောချင်တာတွေပြောလိုက်တာ။ ငါ နောက်တစ်ခေါက်ပြန်လာတဲ့အခါ နင့် တစ်ယောက်တည်း ဆီ ကို ပဲ လာချင်တယ်။ ဘယ်သူကိုမှ ဟန်ဆောင်ပြီး မလိုက်လျောနိုင်တော့ဘူး။
နင် မတရားဘူး နင်သိလား။””
စိုင်းလင်းရဲ့ စကား အဆုံးမှာ ပဲ သူမ ဆုံးဖြတ်ချက် အလိုလိုကျသွားသည်။
“”စိုင်းလင်း၊
ငါ စိတ်ထဲမှာ ငါ့ ချစ်သူရှိတယ်။
သူမရှိဘူးဆိုတဲ့ အခြေအနေဖြစ်ခဲ့ရင်ကို ပန်းကလေး ကို စွန့်လွှတ်ပြီးမှ ရမဲ့ ချစ်သူမျိုးလည်း ငါ မရွေးချယ်ဘူး။ အဲဒီတော့ ငါ့ ဆုံးဖြတ်ချက်ကတော့ နင့် ကို စွန့်လွှတ်ဖို့ပဲ။
နောင်တစ်ချိန် နင်တို့ ၂ ယောက် ပြန်ပတ်သက်နိုင်မှသာ ငါ့ကို ဆက်သွယ်တော့။ ငါ့ကို မတရားဘူးမကလို့ ဘာပြောပြော။ ငါ ဒီလိုဆုံးဖြတ်ချဖြစ်အောင် နင် တွန်းအားပေးတယ်လို့မှတ်လိုက်။ “”
ပြော အပြီး ပန်းကလေး ရှိနိုင်မဲ့ နေရာသို့ လှမ်းနေတဲ့ သူမ ခြေလှမ်းများ လေးပင်ပင်။
~~~~~~~~~~~~~~~~~~~
သူမ နဲ့ ပန်းကလေး နဂို အခြေအနေပြန်ရောက်ဖို့ ပန်းကလေး ယုံကြည်မှုကို ပြန်ရဖို့ သူမကြိုးစားခဲ့ရတာ ၆ နှစ်။
ဒီ ဇာတ်လမ်းမှာ ဗီလိန် တစ်ယောက်မဟုတ်ခဲ့ဖို့ ဆိုလျှင် ၆ နှစ်မပြောနဲ့ နှစ် ၆ဝ သက်သေပြ ဆိုလည်း သူမ ဝန်လေးမည်မဟုတ်ပါ။
45 comments
မဟာရာဇာ အံစာတုံး
April 3, 2013 at 11:53 pm
အမြဲတမ်း နောက်ကောက် ကျတတ်သူမို့
လာလေရော့ ဆိုပြီး …
အရင်ဆုံး နေရာ လာဦးထားဒါ .. ဟီးးး
((ဒါတောင် ခု ရေးနေဒုံး သူညား ဦးတွားရင် ဒွတ်ခ))
ကီလိုဇူးလူးဝီစကီ
April 4, 2013 at 11:10 am
ဟယ်။ ဘာမှမဆိုင်တာ။
လာနေရာဦးရအောင် ရပ်ကွက်ထဲ ပိတ်ကားထောင် ရုပ်ရှင်ပြတယ်မှတ်နေလားဟင်။
သူဟာသူ ညံ့လို့ နောက်ကောက်ကျတာကို ……
အရီးခင်လတ်
April 4, 2013 at 1:55 am
ဟား…….
မိုင်ခိ က ဘာလို့ ဗီလိန် ဖြစ်ရမှာတုန်း။
သူဟာသူ နေနေတာကို။
တစ်ခါတစ်ခါ တော့လဲ တစ်ချို့က အလွယ်ရတာထက် ခက်တာကိုမှ ပိုကြိုက်တတ်သလားဘဲ။
😆
ကီလိုဇူးလူးဝီစကီ
April 4, 2013 at 11:14 am
ကျနော်က အဲလေ သူမက သဘောကျသလေး ဘာလေး အာချောင်ခဲ့တာကိုး အရီးရဲ့။
ပြသနာဖြစ်တော့ အဲဒါကြီးနဲ့ တွဲထင်ကြတာပေါ့။
ကိုယ့်က ပေါ့ပေါ့လေးပေမဲ့ အလေး အနက်ထားတဲ့ လူတွေက ထားကြတယ်။
အကျင့်ဆိုးကြီးပါရယ်။
ပြင်မယ်ပြင်မယ်ဆိုတာ စဉ်းစားနေတာ ၁ဝ စုနှစ်ကျော်ပေါ့။
ထူးမခြား::::: နား:::
Foxtrot Charlie
April 4, 2013 at 6:41 am
ဖျားဖျား
အဲ့ထဲကတစ်ယောက်က ငါ့သယ်ရင်းမဖြစ်ပါစေနဲ့
အတော်တူတယ်
ဒီကမ္ဘာကြီးမကျဉ်းချင်ဘူးကွယ်
ဖောက်စ့်ထရောချာလီ
ကီလိုဇူးလူးဝီစကီ
April 4, 2013 at 11:18 am
ပဂိုးဒါး။ ပဂိုးဒါး။
မဟုတ်ပါစေနဲ့။
တောင်ကြီးရှမ်းတော့ မဟုတ်ဘူး။
ဒါမဲ့ ချာလီလေ့လာထားတဲ့ ဘာသာရပ်ကို သိတုန်းက အဲ့သူငယ်ချင်းကို သွားသတိရလိုက်သေး။
မသိပါစေနဲ့။
ကယ်ဂျဘာ!!!
:eee:
မိုက်ကယ်ဇီးနစ်သ်နိုဗန်ဘာ
April 4, 2013 at 7:05 am
ဟုတ်ကဲ့ ဝက်စလိုက်ဗ်က ဘရိုင်ယန်ဆိုလား အဲ့လာတေ့ကတည်းက
ဆက်မဖတ်တော့တာ စိတ်မချိပါနဲ့ ခည..
အနှီ ပုဂ္ဂိုလ်ကျော်လေးဒွေနာမည်မြင်ရင် အော်ဂလီ ဆန်တတ်လို့ပါ..
အာ..ဟိ
ကွိကွိ
:kwi:
ကီလိုဇူးလူးဝီစကီ
April 4, 2013 at 11:22 am
မနာလိုဝန်တိုစိတ်တွေ အဲလောက်မကြီးစမ်းပါနဲ့အေ။
ရုပ်ချော/အောင်မြင် တွေဆို မိုက်ကယ်တို့က အရမ်း ဂျေဝင်တာကလား။
ဂလိုလုပ်မယ်။
နောက်တစ်ခါ ညည်းဖတ်ချင်အောင် အရှေ့ကျွန်းမှ ဖားတစ်ကောင်ကို မင်းသား ထားရေးမယ်။
:kwi:
ဇာတ်သိမ်းပိုင်းမှ ရိုက်သတ်စားမယ်။ ဟေးဟေးဟေး :::::
:harr: :harr:
amatmin
April 4, 2013 at 8:57 am
ဒွတ်ခပဲ..
ဟိုပုဂ္ဂိုလ်က နေရင်းထိုင်ရင်း ခေါက်ဆွဲနဲ့တောင်
အပက်ခံလိုက်ရသေးတယ်..
ဒင်းက ရှုပ်တာ မဟုတ်တာမပြုဘဲ ဘာဆိုင်လို့တုန်းရယ်.
ဂလိုစိတ်ကြမ်းလူကြမ်းမို့.လည်း ဝိုင်းပြောခံထိတာနေမှာ 🙂
ဒါနဲ့ ဗီလိန်ဆိုတာကြီးက ဘိုလိုပါလာရသဒုန်း..
ဗီလိန်ဇာတ်ရုပ်ကို ဖမ်းမရလို့ဘာဗျ..
:kwi:
Foxtrot Charlie
April 4, 2013 at 9:29 am
သိဘူးလား… သူလဲ အချိန်ပိုင်းဗီလိန်ပဲလေ…
ခင်မင်ပါသည်
ဖောက်(စ)ထရော့ချာလီ
ကီလိုဇူးလူးဝီစကီ
April 4, 2013 at 11:46 am
ခု အချိန်ပြည့် ဗီလိန်ဖြစ်သွားပြီ။
:kwi:
ကီလိုဇူးလူးဝီစကီ
April 4, 2013 at 11:35 am
အဲ။
အဟီး။
သူ မလွန်မှန်း ပြီးမှ တွေးမိတာပါ။
အဲတုန်းက သူငယ်ချင်းစိတ်မွှန်ပြီး စိတ်ထဲ အစွဲကြီးနဲ့ နားထောင်လိုက်မိတော့ စိတ်ရောလူရော ကြမ်းသွားတာရယ်။
မကြောက်ပါနဲ့။
ကျုပ်ကိုဂျီးမတ်ကိုတော့ ဝီစကီလောက်နဲ့ပဲ ပက်မှာပါ။ ခွိခွိခွိ။
:kwi:
ကျုပ်က အဲ သူမ က အစောကြီးသိရဲ့သားနဲ့ လွတ်အောင်မနေနိုင်လို့တဲ့ဗျာ။
အဲဒီအချိန် အဲ့ ဒေသမှာ အဲ့ ပြသနာဟာ မသေးပါဘူး။
ရှင်းရတာလည်း ဝါသနာမပါတော့ နောက်ဆုံး အကြောင်းစုံသိ သဘောပေါက် နားလည်ဖို့ ၆နှစ် စောင့်ခဲ့ရပါတယ်။
ကွန်ပေါ့ဗျာ၊ ကွန်ပေါ့၊ ကွန်တွေကြားထဲ ညပ်ခဲ့တာပေါ့။ လေဘာဒယ်။
:harr:
ခင်ခ
April 4, 2013 at 10:00 am
( ဒီ ဇာတ်လမ်းမှာ ဗီလိန် တစ်ယောက်မဟုတ်ခဲ့ဖို့ ဆိုလျှင် ၆ နှစ်မပြောနဲ့ နှစ် ၆ဝ သက်သေပြ ဆိုလည်း သူမ ဝန်လေးမည်မဟုတ်ပါ။)
နှစ် ၆ဝ ထိ သက်သေပြရင်တော့ ဒို့များ မမှီလောက်တော့ဘူးကွယ်။ အဟင့် အဟင့် ………….။
ကီလိုဇူးလူးဝီစကီ
April 4, 2013 at 11:38 am
ငိုနဲ့ ကိုခ။ တိတ်တိတ်။
ပြသနာက မနှစ်ဦးပိုင်းကတည်းက ပြေလည်သွားပြီ။
နှစ် ၆ဝ မလိုတော့ဘူး။
kyeemite
April 4, 2013 at 10:21 am
ဟိုု..ဝတုတ်တုတ်ကြောင်ကလည်း…Foxtrot Charlie…တဲ့
ဟို..နိပွန်သားကလည်း…မိုက်ကယ်ဇီးနစ်သ်နိုဗန်ဘာ..တဲ့
ဟို..မွန်မလေးလုံလုံကလည်း…GaviaGirl..တဲ့
ခုစာရေးသူကလည်း…ကီလိုဇူးလူးဝီစကီ…တဲ့
ဟွန်း..စိမျက်ကို လည်နေတာပဲ.. :kwi:
ဘာပဲပြောပြော…ဝီစကီတော့သောက်ချင်တယ်… :harr:
ကီလိုဇူးလူးဝီစကီ
April 4, 2013 at 11:42 am
သူတို့ ဆတ်ဆော့ပြီး ပေးတဲ့ နာမည်တွေ ဆတ်ဆော့ပြီး ယူထားမိလို့ပါ ကိုကြီးမိုက်ရယ်။
ခုပြန်ပြောင်းမလား စဉ်းစားနေတာ။
နာမည်က ရုတ်တရက်ကြည့်လိုက်ရင် ဆတ်စလူးဝီစကီ လိုဖြစ်နေလို့ ။
:kwi:
ကိုကြီးမိုက် ပြောမှ နာမည်ကို ဝီစကီပဲ ပြောင်းရမလားပဲ။
လူကြိုက်များနိုင်တယ်။ နာမည်နဲ့တင်ကို။
:harr: :harr:
မောင် ပေ
April 4, 2013 at 10:57 am
ဗီလိန်
ဆီစိမ်
လှီပိန်
တီလိမ်
ရီငြိမ်
ညှီမြိန်
ကီလိုဇူးလူးဝီစကီ
April 4, 2013 at 11:50 am
ဗီလိန်ကို ဆီစိမ်တာထက်
သရက်သီး ဆီစိမ်တာပိုကောင်းမယ်။
GaviaGirl
April 4, 2013 at 12:58 pm
အမ်… ဘိုဂျီးလဲ..ဘိုဂျီးလဲ.. သူတို့နှစ်ယောက် ဘာဖြစ်သွားလဲ… အစ်မက ဗီလိန်မဟုတ်ပါဝူး.. ဟင့်..ဟင့်.. ပန်းကလေးနေရာကနေ မခံစားနိုင်ဘူး… နိုချင်တယ်.. နိုချင်တယ်… :byae:
ကီလိုဇူးလူးဝီစကီ
April 4, 2013 at 1:06 pm
၂၀၁၁ မှ စိုင်းလင်း လက်ထပ်လိုက်တယ်။ တခြားတစ်ယောက်နဲ့။
ပန်းကလေးက ခုထိ လူလွတ်။
သိတယ်။
ပန်းကလေးနေရာက ခံစားရမယ်မှန်း:::
:buu:
Wow
April 4, 2013 at 2:32 pm
ပန်းကလေးဆိုတာ ဒါ့ပုံမှာ ပေါင်ပေါ်ထိုင်နေတဲ့တစ်ယောက်လား.. :bar:
ကီလိုဇူးလူးဝီစကီ
April 4, 2013 at 2:35 pm
အဲဒါ ဝါလေး။
ဘိုင်သဝေး။
ကိုယ့် ဝါး ကလေး ကို လွမ်းနေတာ။
:528:
Wow
April 4, 2013 at 2:40 pm
me too :528:
ရာမည
April 4, 2013 at 2:43 pm
ဗီလိန် ဆိုတဲ့ဇတ်ရုပ်က ကျွန်တော်အလွန်နှစ်သက်တာပါ
မကြာသေးခင်ကဘဲ ဒီဆိုက်ထဲမှာ ကျွန်တော်ဗီလီန်ဖြစ်သွားပြီလားမဆိုနိုင်ဘူး
နွာ း အကြောင်းတွေရေးလို ့လေ
ဒီတစ်ခါကျရင် ဝက်အကြောင်းဘဲရေးပါတော့မယ်
:hee:
ကီလိုဇူးလူးဝီစကီ
April 4, 2013 at 2:49 pm
ဟုတ်တယ်။
ခုတော့ ဗီလိန်မကလို့ လူဇိုး လူမိုက်လို့ ထင်ထင် မကြောက်တော့ဘူး။
:kwi:
ဒီမှာ တော့ အဲလိုဟုတ်ပါဘူး။ (ထင်တာပဲ)
ဗုံ ဗုံ
April 4, 2013 at 3:24 pm
ဟယ်.. ငါ့မမဆွိ ကိုများရက်ရက်စက်စက် ဘယ့်နှယ် ဗီလိန်ရမှာတုန်းးး မမခိုင်ဇာသိလား ဇာတ်လမ်းလေးတွေ စုထား ကိုယ်တိုင်မင်းသမီးလုပ်ပြီး ရိုက်ပစ်လိုက် အကယ်ဒမီ ရစေရမယ်လို့ အာမခံတယ် ဒါပေမယ့် မင်းတား အချိတေးဒါ ခက်ဒယ် နော
ကီလိုဇူးလူးဝီစကီ
April 4, 2013 at 3:30 pm
ဟယ်။
ဗုံကလေး ပြောမှ ကျုပ်နာမည်ကြီးနဲ့ ဗီလိန်နဲ့ တကယ်တွဲမိပါပေါ့။
ကြည့်ရတာ ကျောချမ်းလိုက်တာ။
:eee:
မင်းသားက ရှိပြီးသားပါ။ ဒီ ဧပြီ ၁ဝ ရက်ကို မွေးနေ့ရှိုးနဲ့ မအားသေးလို့။
:kwi:
ဗုံ ဗုံ
April 4, 2013 at 3:50 pm
ဟယ်.. ဟုတ်သားဘဲ မမဂျီးး အဟီးးး ချိတ်ချိုးနဲ့ ပြန်လာရင် ဝက်သားဒုတ်ထိုးကျွေးမယ် ဟိုလူဂျီးကို ပြောတယ်လို့သဘောထားလိုက် မမဂျီးး အာဘွားး :528:
MaMa
April 4, 2013 at 3:25 pm
ဖြစ်မှ ဖြစ်ရလေ…..
ရတာမလို လိုတာမရ
စိုင်းလင်းကိုရော
မိခိုင်:kwi:
အဲ… မိုင်ခိ ကိုရော သနားတယ်။ :eee:
ကီလိုဇူးလူးဝီစကီ
April 4, 2013 at 3:32 pm
ဟိဟိ…
မိုင်ခိလေးကို သနားမဲ့သူရှိသေးတယ်။
:kwi:
အဲ့ဒါကြောင့် ချစ်မမလို့ခေါ်ရတာ။
:528:
Thu Thu Htet
April 4, 2013 at 3:36 pm
အလို … ဘူ့မှဗွီလိန်ဖြစ်မယ်မထင်ပါဘူး
အကုန်လုံးကို သနားထှာာာာာ … (ဆိုးဆန်ဒ်) 🙁
ကီလိုဇူးလူးဝီစကီ
April 4, 2013 at 3:41 pm
သူသူလေးက ကိုယ့်ကို ရော မသနားဘူးလားဟင်။
:528:
သူကလေး
April 4, 2013 at 5:51 pm
အိုးးးးးးးးး နည်းနည်းလေးမှကို တနားဘူးအေ 😀
Mr. MarGa
April 4, 2013 at 7:51 pm
ဗီလိန်ဖြစ်ခဲ့ရ ဖြစ်ခဲပေမင့်
အခု တတ်နိုင်သလောက် ထိန်းပေါ့ကွယ်
အဲဒီ ခေါက်ဆွဲနဲ့ ပက်တာကို ဖတ်တုန်းက
လူတောင် အတော်လန့်သွားတယ်
သိကြား ဆုံးမတာ မမေ့နဲ့ သိလား
စိတ်ကို စိတ်နဲ့ အနိုင်ယူကွယ့်
(အခု ပြန်အားပြီနော် )
ကီလိုဇူးလူးဝီစကီ
April 5, 2013 at 8:59 am
တဂျားလေး
အားဘီပေါ့။
အဲ့လာဆို ဆုံးမမဲ့သူရောက်လာဘီ။
တိုက်တိုက်ဆိုင်ဆိုင် နက်ဖြန်ည တစ်ပွဲရှိတယ်။
ဟေးဟေးဟေး။
:harr:
ဦးကြောင်ကြီး
April 8, 2013 at 9:28 am
မိုင်ခိ
ထိုင်ကြည့်
စိုင်သိ
ပိုင်ဝိ
ယိုင်ချိ
မြိုင်ဘိ
ကိုင်အိ
ဒိုင်ရှိ..။
nozomi
April 8, 2013 at 11:46 am
ပန်းလေးက အခုထိ လူ လွတ် ဆိုတော့
ရွာထဲ က လူ လွှတ် တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးပါလား
ရွာ့ အင်အား တိုးလာအောင် စဉ်းစားကြည့်တာပါ
ကိုကြောင်ကြီးကတော့ ဘာ လာ လာ ဒေါင်းမှာပဲ ထင်တယ်
ကီလိုဇူးလူးဝီစကီ
April 8, 2013 at 11:50 am
အန်။
ကိုနိုတစ်ယောက်ပဲ ဒီအကြံလာပေးတယ်။
ဘယ်သူမှစိတ်မဝင်စားဖူးနေမှာ။ ဘာမှပြောကြဘူးရယ်။
အောင်ကြူးကတော့ ဘာလာလာပဲ။
ပန်းကလေးကို သနားလို့သာ။
Moe Z
April 8, 2013 at 11:58 am
ဪ ..ပေါက်ပြီ ဒီကမိုင်ခိက ဟိုကိုရောက်သွားတာကိုး ..
မိုင်ခိလိုသူငယ်ချင်းတစ်ယောက်ရှိခဲ့ဘူးတယ် ..
သူငယ်ချင်းတွေရဲ့ဇာတ်လမ်းမှာတော့ အကောင်းဆုံးဇာတ်ပို့ဖြစ်ခဲ့ပြီး
သူကို်ယ်တိုင်ရဲ့ဇာတ်လမ်းမှာ ဗီလိန်ဖြစ်ခဲ့ရရှာတဲ့ သူငယ်ချင်း
ဘာလိုလိုနဲ့ ရ နှစ်တောင်ရှိတော့မှာပါလား 😥
ကီလိုဇူးလူးဝီစကီ
April 8, 2013 at 12:14 pm
အယ်။ ပြောင်းပြန်။
ကိုယ့်ဇာတ်လမ်းမှာ ကိုယ်ပဲ မင်းသမီးဖြစ်တယ်။
သူများဇာတ်လမ်းများဆို လူဇိုးမချည်းပဲ။
:byae:
Moe Z
April 8, 2013 at 12:29 pm
ဪ မမခိုင်ဇာရယ် သဘောတရားအရဗီလိန်ဆိုပေမယ့် နောက်ကွယ်မှာ ကယ်တင်ရှင်လည်းဖြစ်နိုင်ပါတယ်လေ
Be cool! 🙂
pooch
February 28, 2015 at 1:46 pm
ကိုယ်သာဆို ၂ ဖက်လုံး အဆက်သွယ် ဖြတ်ဖြစ်မလား မသိဘူး
စိတ်ရှုပ်လို့လေ နောင်သွေးအေးမှပဲ ပြန်ခေါ်ပြော :mrgreenn:
ခင်ဇော်
February 28, 2015 at 3:33 pm
တညားးးက
မျက်နှာပြောင်တယ်ရယ်
:mrgreenn:
naywoon ni
April 7, 2015 at 7:30 pm
ခုခေတ်ကောင်မလေးတွေ အဲ့စရိုက်တွေ မကြိုက်တာ ။ အင်းလေ ကိုရီးယားကားတွေနဲ့ ကိုရီယားကူးချ ရုပ်ရှင်ဗီဒီယိုတွေနဲ့ ဝတ္ထု ဇာတ်လမ်းတွေနဲ့ ယဉ်ပါးနေတော့ အင်း ဘယ်သူ့ အပြစ်ပြောရမှန်းတောင်မသိတော့ဘူးရယ် ။။
ခင်ဇော်
April 7, 2015 at 7:48 pm
ငင်။
ဘနီ ဘယ်ကဘယ်လို မျောက်စိလည် လမ်းမှား???
:g: