Login form tutorial (HTML,CSS, jQuery) part I

Myanmar Web DesignerApril 6, 20131min1070

မင်္ဂလာပါ..

ဒီတစ်ခေါက်တော့ form သင်ခန်းစာလေးတွေ series အလိုက် သင်ပေးသွားမယ်လို့ စိတ်ကူးထားပါတယ်။ ဒီသင်ခန်းစာက web design နဲ့ ဆိုင်တဲ့ သင်ခန်းစာဖြစ်ပါတယ်။ တစ်ကယ်လို့ ခင်ဗျားဟာ web design ကို စိတ်မဝင်စားဘူး။ Website တစ်ခု ဘယ်လိုလုပ်လဲ မသိချင်ဘူးဆိုရင်တော့ ဒီသင်ခန်းစာက ခင်ဗျားနဲ့ မဆိုင်ပါဘူး။ ကျော်သွားပါ။ အဲလိုမှမဟုတ်ဘူး website တွေ ဘယ်လိုရေးရလဲဆိုတာ စိတ်ဝင်စားတယ်၊ web design ဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီသင်ခန်းစာက professional web designer တစ်ယောက်ဖြစ်ဖို့အတွက် လုံးဝ အစပါပဲ။ အခုထိ ဖတ်မိနေပြီဆိုတော့ ခင်ဗျားစိတ်ဝင်စားတယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့် သင်ခန်းစာ ဆက်လေ့လာကြတာပေါ့။

သာမာန် web designer တစ်ယောက်ဖြစ်ဖို့ html နဲ့ css ကို သိရပါတယ်။ အခု ဒီသင်ခန်းစာမှာ form နဲ့ ပတ်သတ်တဲ့ html ကို သင်ပေးမှာဖြစ်ပါတယ်။ နောက်တစ်ခေါက်မှာတော့ css ကို သင်ပေးပါမယ်။ html မသင်ခင် tag ဆိုတာကို သိရပါမယ်။ tag ဆိုတာက ထောင့်ကွင်းအဖွင့် “<” နဲ့ ထောင့်ကွင်းအပိတ် “>” ထဲ ထည့်ရေးထားတာမှန်သမျှကို tag လို့ ခေါ်ပါတယ်။ tag တွေတိုင်းမှာ အဖွင့်နဲ့ အပိတ်ရှိပါတယ်။ အပိတ် tag မှာ slash လို့ခေါ်တဲ့ မျဉ်းစောင်း “/” လေးပါ ပါတယ်။ ဥပမာ <html> ဆိုတာက အဖွင့် tag ဖြစ်ပြီးတော့ </html> က အပိတ် tag ဖြစ်ပါတယ်။ ကဲဒါဆို notepad++ ကိုဖွင့်လိုက်ပါ။ html စရေးဖို့ အရင်ဆုံး ရေးရမယ့် tag တွေက

သင်ခန်းစာ ဖတ်ရန်: Login form tutorial (HTML, CSS, jQuery) Part I