ဒီသင်္ကြန်ပိတ်ရက်မှာ မရောက်တာကြာပြီဖြစ်တဲ့ ဇာတိကချင်မြေပြန်မယ် ၊

အပြန် ၂၀ ရက်နေ့မှာ ဆွေမျိုးတွေနဲ့ မန္တလေး ၄၂ လမ်း ဟိုပင်ကျောင်းတိုက်မှာ အလှုလုပ်မယ် ၊

ရဟန်းခံမယ် ၊ သင်္ကြန်အပြီး ရန်ကန်က တက်လာမယ့် သားလေးသန့်ကောင်းစံကိုလည်း သင်္ကန်းစည်းပေးမယ် ၊

၂၅ ရက်နေ့ ရန်ကုန်ပြန်မယ် ၊ အဲဒီလို စီစဉ်ထားခဲ့တာပါ ၊

အခု ရထားလက်မှတ်က မရ ၊ ကားကလည်း ကုန်ပြီဆိုတာချည်းပဲ ၊

နောက်တော့မှ အသိတစ်ယောက်ကျေးဇူးနဲ့ ၁၁ ရက်နေ့ ည ကိုးနာရီခွဲ ထွက်မယ့် ဂျေဂျေ ကားလက်မှတ်ရခဲ့တယ် ၊

ကဲ ဒီတော့ မန္တလေးရုံးခွဲကိုဖုန်းဆက် ၁၂ ရက်နေ့ ညနေ ရွှေကူ ဗန်းမော်ကား လက်မှတ် ဖြတ်ထားပေးဆိုတော့

သူတို့က ကားဂိတ်ကို လှမ်းမေးတော့ ၁၀ ရက်နေ့နောက်ဆုံးတဲ့ ၊ နောက်နေ့တွေ မထွက်တော့ပါတဲ့ ၊

မဟုတ်သေးပါဘူး ကဲ အင်္ဂါ ကြာသာပတေး စနေနေ့တွေမှာ အမြန်သင်္ဘော ( ၂ ထပ်ခွဲ သင်္ဘော ) ရှိတယ် ၊

ဂေါဝိန်ဘက်ကြုံတဲ့သူ ဝင်မေးစမ်းဆိုတော့ ဒီမနက် ဖုန်းပြန်ဆက်ပါတယ် ၊

၁၁ ရက် ကြာသာပတေးနေ့သင်္ဘောပြီးရင် နှစ်ဆန်း၂ရက်နေ့မှ ပြန်ထွက်မတဲ့ ၊

ကဲဗျာ ဘယ့်နှယ်လုပ်ရမတုန်း ၊ ၁၂ ရက် ညနေ မြစ်ကြီးရထားစီး ၁၃ ရက် နဘားရောက် ဖက်ဆွတ်တောင်ကျော်လို့ ကသာကိုသွား ရှပ်ပြေးနဲ့ ရွှေကူကိုဆက် ၊

အဲဒီရှပ်ပြေး မမီရင်ကော ၊

အမယ်လေး မောလိုက်တာ ၊ မြစ်ကြီးနားရထားပါ မထွက်ရင်တော့

ငါ့ခမျာ ယောင်ချာချာနဲ့ မန္တလေးမှာ သောင်တင်ရစ်တော့မယ် ထင်ပါရဲ့ ကွယ် ။

 

2

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..