အင်း နက်ဖြန်သဘက်ဆိုရင် သင်္ကြေ၇ာက်ပီ.. ရွာသားတွေဘာအစီအစဉ်တွေရှိလဲတော့မသိဘူး.. ဟက်ပီးနူးရီးယားကို ဒီပို့စ်လေးတင်ပြီး နှုတ်ဆက် လိုက်ပါတယ်ဗျို့..

အင်း.. ၄ ခေါက်မြောက် တောင်ကြီး အင်းလေး ခရီးစဉ်ပေါ့ဗျာ.. အံစာတုံးတို့ တို့လဲ အပါအ၀င် ၁၂ လပိုင်း ၂၀၁၂ တုန်းက ရုံးအဖွဲ့နဲ့သွားတဲ့ ခရီးစဉ်ပေါ့.. စာလဲသိပ်မရေးချင်ဘူး ပြင်းနေတာနဲ့ ကွန်နက်ရှင်ကလဲ ရုံးမှာတောင် စုတ်ပြတ်သတ် ဖွတ်သရတ်ညက် နေလို့ မတင်ဖြစ်တာတောင် တော်တော်ကြာသွားတာနဲ့ ရှာကြံပြီး ကြွားလိုက်ရပါဂျောင်း

ပါဝင်တဲ့ ဓာတ်သေတွေကတော့ ပင်းတရ၊ အောင်ဘန်း၊ အင်းလေး၊ ထမ့်စမ်း၊ ကက္ကူ၊ ကလော တို့မှာ ရိုက်လာတဲ့ ဓာတ်သေတွေဖြစ်ပါတယ်..

20120929_bagan_dsc_0384

၁။ ပင်းတယ လမ်းက ပန်းတစ်ပွင့်

ပင်းတယကနေ အောင်ဘန်းကို အပြန်မှာ ကားနဲ့ လိုက်မပြန်တော့ဘဲ  ဆိုင်ကယ်ငှားစီးပြီး ရိုက်လာတဲ့ ပုံလေးတွေ ဖြစ်ပါတယ်..

20121222_inlay_dsc_0576

၂။ နောက်ဂျွမ်း

20121222_inlay_00000030

၃။ ဂျုံခင်း

နေအ၀င်မှာ နောက်ဆုံး ရိုက်ခဲ့တဲ့ ပုံလေးပါ.. ကုန်းတက် မှာ ဖြတ်နေတဲ့ လှည်းတန်း ကို တွေ့တာနဲ့ စောင့်ြ့ပီး ရိုက်ဖြစ်တယ်..  နေ၀င်သွားတာကို မမှီလိုက်မှာ စိုးလို့ လမ်းဘေး ခြေချော်ပြီး လဲကျတာတောင် မထဖြစ်ပဲ အသည်းသန်ရိုက်ယူခဲ့ရတဲ့ ပုံလေးဖြစ်ပါတယ်..

20121222_inlay00000276

၎။ အိမ်ပြန်ချိန်

အောင်ဘန်းက view point hotel ကို ညနေ ၆:၃၀ လောက်ရောက်တယ်။ အေးချက်ကတော့ ပက်စက်သလားမမေးနဲ့ ဗျို့ .. နောက်နေ့တောင်ကြီး၊ ညောင်ရွှေမှာ တောင် အဲဒီလောက်မအေးဘူး.. ညအိပ်ပြီး မနက် ဈေးနေ့ဆိုလို့  ၄:၃၀ နိုးတယ် .. အပြင်ထွက်မလို့ ကို ၃ ခါတိတိ ကြိုးစားပြီး ၅ : ၃၀ လောက်မှာ ဈေးကိုသွား ကြည့်တယ်.. ဈေးဖွင့်မဲ့ သူက အဲဒီတော့မှ ထော်လာဂျီနဲ့ ရောက်လာတာတယ်.. အဲဒါနဲ့ လမ်းမှာ တွေ့တာလေးပဲ ရိုက်ပြီး ဟိုတယ် ပြန်လိုက်တယ်..

20121222_inlay_00000392

၅။ မီးပုံပွဲ

20121222_inlay_00000420

၆။ Small Friend

အောင်ဘန်းကနေ မနက် ထွက်လာပြီး အင်းလေးကို ၀င်တယ်.. အင်းထဲမှာ လိုက်ရိုက်ဖြစ်တယ်။

20121222_inlay_00000692

၇။ ကိုတံငါ

20121222_inlay_00000888

၈။ ဖောင်တော်ဦး

20121222_inlay_00000858

၉။ အမေအို

20121222_inlay_00000988

၁၀။ အဖေနဲ့သား

00000779

၁၁။ ကြုံတောင့်ကြုံခဲ ရှင်လောင်းလှည့်ပွဲ

ဖောင်တော်ဦးကနေ အင်းတိန်ကို သွားတယ် အင်းတိန်မှာ တွေ့လိုက်ရတာက စေတီတွေ တော်တော်များများ ကို ပြင်နေတာ ဖြစ်ပါတယ်.. အရင်က စေတီ အပျက်တွေ နေရာမှာ စေတီ အသစ်တွေ ဖြစ်နေပါင်္ပြီ။ မပြင်ရသေးတာတွေပဲ ကျန်ပါတော့တယ်..

00001049

၁၂။ အင်းတိန်

အင်းတိန်ကအပြန်မှာ  ခြံထဲကို ၀င်ရိုက်ဖြစ်ပါတယ်.. စက်လှေဝင်လို့မရတာကြောင့် လာတဲ့ လှေကလေးတစ် စီးကို အကူ အညီ တောင်းရင် ၀င်ရိုက်ပါတယ်.. ယာရှင် ကလဲ တော်တော် သဘောကောင်းပါတယ်.. သူတို့ တဲလေးပေါ်ကို လဲတက်ကြည့်ဖြစ်ပါတယ်..

20121222_inlay00001222

၁၃။ ယာတော

20121222_inlay00001250

၁၄။ ယာတဲ

ီဒီလှေကလေးနဲ့ ၀င်ရိုက်တာဖြစ်ပါတယ်.. အလယ်ကတော့ လေဒီ အုတ်ပေါ့ဗျာ.

00001319

ခြေနဲ့လှော်မလို့ဟွန်း ကြောက်လို့

ဒီပုံလဲ ရိုက်ပြီးရော ပြဿနာ အကြီးအကျယ်တတ်တော့တာ ပါပဲ။ သူငယ်ချင်းက ရိုက်ပေးနေတုန်း 8Gb ကတ်က ပြည့်သွားတယ်.. အဲဒါနေ့ 4GB ကတ်ကိုထုတ်လိုက် ပြီး ကိုက်ထားလိုက်တယ်.. 4Gb ကတ်က ကလော၊ ပင်းတယမှာ ရိုက်ပြီး ပြည့်လို့ ကွန်ပြူတာထဲကို ကူးထဲ့ပြီးသားကတ်.. စိတ်ကူးက 8GB ကိုထုတ်ပြီး 4GB ကိုထဲ့ format ချ ပြီး ဆက်ရိုက်ဖို့.. ဒါပေမယ့် တကယ်လုပ်လိုက်တယက ကတ်မလဲပဲ format ချပစ်လိုက်တယ်.. ပြီးလို့ ပြန်ရိုက်မယ်ဆိုတော့မှ ပါးစပ်မှာ ကိုက်ထားတဲ့ ကတ်ကို သတိရတယ် .. ကြည့်လိုက်တော့ format ချရမဲ့ ကတ်.. တကယ်ချလိုက်တာက သိမ်းရမယ့် 8GB ကတ်.. ကိုယ့်နဖူးကိုယ်ရိုက်ပြီး သေသာ သေလိုက်ချင်တော့ တယ်ဗျို့.. recovery ပြန်လုပ်လို့ရတာ သိပေမယ့် တခါတလေ အကုန်ပြန်မရတတ်တာ ရှိတတ်တော့ တော်တော်လေး စိတ်လေသွားတယ်.. ပင်းတယ အပြန် အပေါ်က ပုံ (၂ )ကစပြီး ပါတယ်ဆိုတော့ သဲထဲေ၇သွန် ဖြစ်ပါပြီ ဆိုပြီး ဆက်တော်မရိုက်နိုင်တော့ဘဲ ပြန်ခဲ့တယ်.. လမ်းရောက်တော့ ပြန်ရိုက်ပါဦးမယ်ဆို ရိုက်ပေမယ့် စိတ်က မပါတော့ဘူး.. ဒီကြားထဲ စက်လှေမောင်းတဲ့သူက ဆက်မမောင်းမပေးချင်သလို လုပ်နေလို့ ပြဿနာ တက်သေးတယ်.. အဆင်မပြေပုံများတော့..

နောက်နေ့ တောင်ကြီးတက်.. တောင်ကြီးကနေထမ့်စမ်းသွားပေါ့ဗျာ..  ထမ့်စမ်းမှာ အလှူကြွေးနေတဲ့ ပအိုဝ်တွေ တွေတယ်.. ထမင်းကို ရွှေဖရုံသီးနဲ့.. ပြန်လာရင် ၀င်တွယ် မယ်ဆိုတာကို ဂူထဲမှာ ကြာသွားတာနဲ့ မတွယ် လိုက်ရဘူးဗျာ.. အဲ လေဒီအုတ်ကတော့ လင်တော်မောင်အတွက် ပါရမီ ဖြည့်ပေးရှာတယ်.. သူဝင်အုပ် လိုက်တယ်တဲ့လေ..

DSC_1486

၁၅။ ထမ့်စမ်းမှာ လုပ်နေတဲ့ အလှူ

 

20121222_inlay_dsc_1550

၁၆။ ရောင်းမကောင်းလို့စိတ်ညစ်နေရတဲ့အထဲ

DSC_1513

၁၇။ထမ့်စမ်း ဂူတွင်း

DSC_1495

၁၈။ထမ့်စမ်း ဂူတွင်း

20121222_inlay_dsc_1608

၁၉။ ယာတဲ

ထမ့်စမ်းက ပြန်ရောက်ပြီး တောင်ကြီး မှာအိပ်. နောက်နေ့ မနက် ၁၀ လောက် ကက္ကူကသွားကြတယ်.. ဓာတ်ပုံက 8Gb ကို ထပ်မရိုက်ရဲတော့ တာနဲ့ ဒီအတိုင်းထားပြီး 4GB လေးကိုပဲ ပြန်ရောက်တဲ့ အထိခြွေရိုက်လာခဲ့ရတယ်.

20121222_inlay_dsc_1710

၂၀။ ကက္ကူ

20121222_inlay_dsc_1685

၂၁။ ဘုရားဖူး

 

 

About ဂန္ဓာရီ ဆြာအုပ်

has written 78 post in this Website..

ဓာတ်ပုံရိုက်သည်။ မတောက်တခေါက် နှင့် မသိနားမလည်သူများ တွေ့လျှင် ဆရာကြီးလုပ်တတ်သည်.. အကြွားသန်သည်။ အမြှောက်ကြိုက်သည်။ အခြောက်တော့ မကြိုက်။ ဘီယာ ၃ ခွက်လောက်ဆိုလျှင် မူးသည့် အတွက် အကုန်အကျ သက်သာသော သောက်ဖော်သောက်ဖက် ဖြစ်ကြောင်း အာမခံသည်။(အခုနဲနဲတက်သွားပီ)