“မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော မြန်မာနှစ်ဆန်းတစ်ရက်နေ့”
“မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော မြန်မာနှစ်ဆန်းတစ်ရက်နေ့”
17-4-2013 မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှာ
မဟာမြတ်မုနိရုပ်ရှင်တော်(ဘုရားကြီး)ကိုရောက်ခဲ့ပါတယ်။
မနက်ရှစ်နာရီခွဲလောက်မှာကို ဘုရားဖူးများနဲ့စည်ကား။
ရွှေသင်္ကန်းကပ်ချင်ရင် အရင်ကတော့ အရှေ့ဘက်ကဝင်ရပါတယ်။
ဒီနေ့ကတော့စည်ကားလွန်းတော့ တောင်ဘက်ပေါက်ကနေဝင်ရပါတယ်။
ရွှေသင်္ကန်းကပ်ဘို့စောင့်ဆိုင်းနေတဲ့လူတန်းကတော့အရှည်ကြီးပါဘဲ။
ကဲ နှစ်သစ်မှာ ပျော်ရွှင်ခြင်းအသစ်များနဲ့ဘဲ ဆုံတွေ့နို်င်ကြပါစေ။
ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ
17-4-2013
မင်္ဂလာ နှစ်သစ်မှာ မဟာမြတ်မုနိ ဘုရားဖူးမျော်သွားပါတယ်
ကိုပေါက်ရေ ကျေးဇူးပါ….
ကိုပေါက် နှင့် တကွ ရွာသူရွာသားအားလုံး
နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံနိုင်ကြပါစေ………..
Was this answer helpful?
LikeDislikeကိုရင်မောင်ပေးတဲ့ ဆုနဲ့ပြည့်ကြပါစေလို့ ထပ်ဆင့်ဆုတောင်းပါတယ်
Was this answer helpful?
LikeDislikeမင်ဂါ နှစ်သစ်ပါ ဖေပေါက်ဂျီးရေ့ …
အထက်ဆုံးက ပုံလေး မိုက်တယ်ဗျို့ …
မြန်မာတွေရဲ့ ချစ်စရာ အထာလေးက
ဘယ်လိုပဲ ဖြစ်ဖြစ် ဘုရားကို မမေ့တာပဲ …
အခု ပုံတွေထဲက လူတွေ ကြည့်ရတာလည်း
ဘာပြောပြော ကြည်နူးစရာပဲ ….
Was this answer helpful?
LikeDislikeဘိုအံရေ
မန်းလေးမှ တိမ်မမြင်ရတာကြာပေါ့။
ဒီနေ့မနက်မှ တိမ်တွေမြင်ရတာနဲ့ မနက်လမ်းလျောက်ထွက်ရင်းပြည်ကြီးမွန်ကိုရိုက်ထားတာပါ။
Was this answer helpful?
LikeDislikeနှစ်ဆန်းတစ်ရက်နေ့မှာ ကုသိုလ်ယူဖို့ ဘုရားပုံတွေတင်ပေးတဲ့ အန်ကယ်ပေါက်
အသက်ရှည်ရှည် နေရပါစေလို့ လေဒီက ဆုတောင်းပေးပါတယ်။
Was this answer helpful?
LikeDislikeကျနော်က ခါတိုင်းဆိုရင် နှစ်ဆန်းတစ်ရက်လိုနေ့မျိုး လူစည်ကားတဲ့ဘုရားကို မသွားဖြစ်ဘူး။
ဒီနေ့ မိတ်ဆွေတစ်ယောက် ဘုရားကြီးမှာ အချိုရည် စတုဒီသာလုပ်ချင်တယ်ပြောလို့ကူညီရင်းရောက်ဖြစ်သွားတာပါ၊
Was this answer helpful?
LikeDislikeသင်္ကြန်အတက်နေ ့ည ၈နာခွဲလောက် ၊ အောင်တော်မူ ဘုရားထဲမှာ တစ်ကိုယ်တော် ဘုရားဖူးဖြစ်ခဲ့ပါတယ် ။
လူသိပ်မများဘူး ။ စိတ်အေးချမ်းသာစွာနဲ ့ရှင်းရှင်းလင်းလင်း ကြည်ညိုဖူးမြှော်ခဲ့ရတယ် ။
နှစ်ဆန်းတစ်ရက်နေ ့ကတော့ ၊ ဘုရားစုံနဲ ့ပန်းခြံစုံ အပန်းဖြေနေရာစုံ လူပြည့်သိပ်နေတာမို ့၊ သွားရလာရတာ မလွယ်ဘူးဗျို ့
Was this answer helpful?
LikeDislikeကိုပေ တရားစခန်းဝင်ဖြစ်လားမေးနေသူရှိတယ်နော်
Was this answer helpful?
LikeDislikeဝင်ရောက်ဖူးမျှော်ကူးယူသွားပါ၏ဗျာ………………..
မင်္ဂလာရှိသော ၁၃၇၅ ခုနှစ်ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်ခင်ဗျ…….
Was this answer helpful?
LikeDislikeဘုရားကြီးတော့အခါကြီးနေ့ကြီးဆိုတတ်နို်င်သမျှမသွားတော့ဖူးကိုပေါက်ရေ
ဘုရားရောက်လို့ဆိုင်ကယ်အပ်ချိန်ကတည်းကစိတ်မကြည်တာ
လူတိုးတာကလည်းပုံထဲမြင်တဲ့အတိုင်း
စိတ်အေးအေးနဲ့ကိုုဘုရားကိုမပူဇော်ရဖူး
ဒါကြောင့်ကြားဥပုဒ်ကလေးတွေပဲသွားတာများတော့တယ်
Was this answer helpful?
LikeDislikeဟုတ်တယ် အန်ကယ်ဂျီးရေ ဒီနေ့ကတော့ အလှူတစ်ခုကို ကူရင်းရောက်ဖြစ်တာပါ။
ကျနော်လည်းအခါကြီးရက်ကြီးဆိုရင် နာမယ်ကြီး တန်ခိုးကြီးဘုရားများကိုရောက်ခဲ့ပါတယ်။
Was this answer helpful?
LikeDislikeနှစ်ဆန်းတရက်နေ့
အသစ်လှမ်းဖမ်းပွေ့
အစ်ဗရမ်းကြမ်းစွေ့
ခြစ်တမ်းမန်းဓလေ့..
Was this answer helpful?
LikeDislikeလေးပေါက်ရေ
တစ်ရက်လောက် မျက်နှာသစ်တော်ရေကပ်တာ ရိုက်ပြပါဦး
အပျင်းကြီးသူ ငပျင်း က အဲဒီအချိန် ဘယ်လိုမှ ထ မရလို့ဗျ
Was this answer helpful?
LikeDislikeအဲဒါက မနက် လေးနာရီမထိုးခင်သွားမှ မှီမှာဗျ
Was this answer helpful?
LikeDislike