ဇာတ်လမ်းတွေ…ရုပ်ရှင်တွေထဲမှာ တွေ့ဖူးကြမှာပေါ့….

လူတစ်ယောက် ခေါက်ဆွဲတစ်ပွဲမှာစားပြီး  ကုန်ခါနီး  ခေါက်ဆွဲပန်းကန်ထဲ  ဆံပင်ချည်တွေ ထည့်လိုက်ပြီး လူအများကြီးရှေ့မှာ ဆိုင်ရှင်ကို ရန်တွေ့ …ဆိုင်ရှင်က တောင်းပန်…ပြီးတော့

ပိုက်ဆံမရှင်းပဲ ထ ထွက်သွား….သူ ဘယ်လောက် လူရည်လည်သလဲ ဆိုတာဂုဏ်ယူတတ်တဲ့လူမျိုးတွေ့ဖူးကြမှာပေါ့…

ကျွန်တော့်အမြင်ကတော့ …ဒါ လူရည် လည်တယ်လို့ ဘယ်လိုမှ မြင်ကြည့်လို့ မရဘူး…ယုတ်တယ် လို့ပဲ မြင်တယ်…ယုတ်တာတောင် ရိုးရိုး ယုတ်တာ

မဟုတ်ဘူး…ယုတ်ကန်းတယ်လို့ကို မြင်တာ…တခါထဲ အချီကြီး ပွသွားလို့ ယုတ်ခဲ့တယ်ဆိုရင်တောင် လက်ခံလို့ရသေးတယ်…

ဘာမဟုတ်တဲ့ …ဘာမှ မဖြစ်လောက်တဲ့ ငွေအသပြာ နည်းနည်းလေးကိုယ့်အကျိုးအမြတ်ရဖို့ အတွက် သူတပါးအပေါ် မတရားသဖြင့် လူပုံအလယ် အရှက်ခွဲစော်ကား…နင်ပဲ

ငဆ ပြော…စိတ်ဓာတ် တော်တော် အောက်တန်းကျတယ်လို့ပဲ မြင်မိတယ်…ဆိုင်ရှင်ဘက်က အမြင်လေးကော တွေးကြည့်လိုက်ပါဦး….အကောင်းဆုံးလုပ်ပေးတယ်…သူ့အမှားမဟုတ်ပဲ

လုပ်ကြံစော်ကားသွားလို့ လူပုံ အလယ်မှာ တောင်းပန်လိုက်ရတယ်…ရသင့်ရထိုက်တဲ့ တန်ရာတန်ကြေး မရလိုက်ဘူး…သူ့အမှားတစ်ခုမှ မပါပါပဲ သူအများကြီး

နစ်နာခဲ့ရတယ်..တကယ့် .လောကကြီးမှာ ဒီလို လူမျိုး…ဒီလို အဖြစ်အပျက်မျိုးတွေ အများကြီးပါပဲ…

 

 

ဟို တနေ့ကပေါ့….

ဟိုတယ်ကို ကားတစ်စီးနဲ့ အသက် ၅၀ ကျော်လောက် ကတုံးဆံတောက်နဲ့  လူတစ်ယောက် နေ့လည်တစ်နာရီလောက်

လာတည်းတယ်…တစ်ယောက်ခန်းတဲ့…ပေးလိုက်တယ်…တစ်နာရီခွဲ နှစ်နာရီလောက်

ကြာတော့ ဆင်းလာပြီး လေသံခပ်မာမာနဲ့ …ငါ  ဒီအခန်းကို မယူနိုင်တော့ဘူးတဲ့…ငါ့ မှတ်ပုံတင် ပြန်ပေးပါတဲ့…တခြား ဟိုတယ် ပြောင်းမယ်တဲ့…ကောင်တာက

ကလေးတွေကတော့ဘာမှ ပြန်မမေးရဲဘူး…

ဟုတ်ကဲ့ခင်ဗျ…

ဆိုပြီး သော့ယူ…မှတ်ပုံတင် ပြန်ပေးမလို့ လုပ်နေတုန်း…ကိုယ်ကလဲ မနေနိုင်ဘူး…ကောင်တာနားသွားပြီး အခန်းက ဘာဖြစ်လို့လဲ မသိဘူး…လို့ သွားမေးကြည့်လိုက်တယ်…မင်းတို့

အခန်းက ရေချိုးခန်းတံခါးက ဂျက်မကျဘူးတဲ့…ငါဆက်မတည်းနိုင်ဘူးတဲ့…ကျွန်တော်သိလိုက်ပြီ…ဒီကိစ္စ ဘယ်လိုမှ ယုတ္တိမတန်ဘူး ဆိုတာ…စဉ်းစားကြည့်ဗျာ…တစ်ယောက်ခန်းပါဆို

တစ်ယောက်ထဲနေတာ… ရေချိုးခန်း ဂျက်မကျလို့ ရေချိုးခန်း တံခါးဖွင့်ချိုးချိုး…အိမ်သာတက်တက်  ဘာဖြစ်တုန်းဗျာ…တကယ်ဖြစ်ခဲ့ရင်တောင် ဒါ့ကြောင့်လို့ ပြောတာ ဘယ်လိုမှ ကို

အဓိပါယ်

မရှိဘူး…တန်း သိလိုက်ပြီ..တခါထဲ သဘောပေါက်လိုက်တယ်…..နေ့ခင်းဘက် ခရီးသွား ဟန်လွှဲ…အခန်းယူ…ရေမိုးချိုး…အိမ်သာတက်…အနားယူ ဒါတွေ လုပ်ပြီး

ပိုက်ဆံမပေးချင်လို့ ကူလီ ကူမာ

လုပ်နေပြီဆိုတာ…အဲ့ဒါနဲ့ အခန်းချိန်းပေးမယ်ဆိုပြီး  နောက်တစ်ခန်း ရွဲ့ပြီး ထပ်ချိန်းပေးလိုက်တယ်…အခန်းစစ်ကြည့်ပါဦးလို့ ၀င်တော့

လိုက်ပို့ရင်းနဲ့ထပ် ပြောလိုက်တယ်…အောင့်သီး အောင့်သက်နဲ့

ရပါပြီကွာ ဆိုပြီး…အခန်းထဲ ၀င်သွားတယ်…နောက် တစ်နာရီလောက်နေတော့ ကောင်တာ မေးကြည့်လိုက်တော့ CHECK OUT လုပ်ပြီး ထွက်သွားပြီတဲ့…ရီလိုက်ရတာ လူတွေကို….

ဒီလို နေ့လည်ဘက်ကို ခရီးသွားဟန်လွှဲ ဟိုတယ်အခန်း ခဏယူပြီး ရေမိုးချိုး…အိမ်သာတက်…အနားယူ ပြီးတော့ ခရီးဆက်ထွက်…ဒီလို လူတွေ ခဏ ခဏ ကြုံရဖူးတယ်…ဒါပေမယ့်

အခန်းခ မပေးချင်တာနဲ့ ဒီလို ဟိုတယ်ကို အပြစ်ရှာပြီး အကြံအဖန် လုပ်တဲ့ သူတော့ သူနဲ့မှ စကြုံ ဖူးတော့တာပါပဲ…

နောက် သုံးရက်လောက်ကျတော့ ဒီပြင်ဟိုတယ်က အသိတစ်ယောက်နဲ့ တွေ့တော့ ဒီအကြောင်း စကားစပ်ပြီး ပြောမိတော့ ဒီလို အသက်အရွယ်…ဒီလို ကတုံးဆံတောက်…ဒီလို ကားပုံစံနဲ့

သူတို့ ဟိုတယ်မှာလဲ ဒီလိုလုပ်ပြီး ဒီလိုဟောက်ပြီး ပိုက်ဆံမပေးပဲ ထွက်သွားဖူးတယ်တဲ့…သူတို့က ကိုယ့်ထက် ပိုဆိုးတာက ပြန်တောင် တောင်းပန်လိုက်ရသေးတယ်တဲ့….

 

သံဝေဂ တကယ်လဲရမိပါတယ်…သြော်…လူတွေ လူတွေ…သေသွားရင် ကိုယ့်နောက်ပါမှာကျနေတာပဲ….ဘာမဟုတ်တဲ့…ဘာမှ မဖြစ်လောက်တဲ့ ငွေလေးနည်းနည်းလေးအတွက်နဲ့တောင်

သူတပါးအပေါ် နင်းဖြတ်ကျော်ခွ ယုတ်မာလိုက်ကြတာလို့…တကယ့်ကြီးကိုပဲ အံ့သြမိပါတယ်ဗျာ….အမှန်ကတော့ ဒီလို လူစား အများကြီးပါပဲ….ကျွန်တော်တစ်ယောက်ထဲ ကြုံခဲ့

ရတာတောင် နည်းမှ မနည်းတာပဲ…လောကမှာ အများကြီး နေမှာ…နောက်ထပ်ကြုံခဲ့ရတဲ့ တနပ်စားသူတွေအကြောင်းတွေလဲ  ထပ်ရေးပြပါဦးမယ်…

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...