——————————————

 

 

နဂါးခေါင်းဘယ်ဘက်လှည့်လဲမသိ

အဲဒီနေ့တွေ ငါ့အတွက်ပြဿဒါးဖြစ်တယ်

တစ်ပါးရင်ထက် ပိုခံစားတတ်တဲ့ ….

ကျွန်မပိုင်တဲ့ ထိုအရာလေးက

ကျွန်မကိုငိုတတ်စေခဲ့သလား…..

 

 

အသက်ရှူတိုင်း လွမ်းတယ်ဆိုတဲ့စိတ်နဲ့

ညထူထူတွေထဲဖြတ်ခဲ့ရတယ်

အများအတွက်တော့ ခပ်ပါးပါးတဲ့…..

တစ်ကိုယ်တည်းရေတွက်မိတယ်

များလှတဲ့ရက်တွေပါလား။

 

 

မျှော်လင့်ခြင်း တနင့်တပိုးနဲ့

အတ္တတွေ လေပူထဲမှုတ်ထုတ်ပစ်ခဲ့ရတယ်။

ပြက္ခဒိန် မော့ကြည့်ခဲ့တိုင်း….

တိတ်တဆိတ်ရေရွတ်မိတယ်

ဒီနှစ် ခွင့်ပြန်လာရပါစေ ။

About သူကေလး

Thu Thu Htet has written 37 post in this Website..

My personalities is just the way I am & My attitude depends on who u are :)