လမ်းကြုံရင် ………….ပြောပေးပါ
တစ်နှစ်ပြည့်လို့ အတိတ်က ကြေကွဲခဲ့တာတွေကို ရင်ဖွင့်ဖို့ မန်းဂေဇက် သို့ ရောက်ရှိလာပါတယ် ပြောပြခြင်တာလေးကတော့ ဒီလိုပါရှင် သူတစ်ပါးကို မကူညီခြင်နေပါ ဒုက္ခမပေးပါနဲ့ ဆိုတဲ့ စကားလေးကိုပြောပြခြင်ပါတယ် (24.4.2012) နေ့တုန်းက ကျွန်မ ၀မ်းနည်းမှုတွေနဲ့ ပြည့်နေခဲ့ပါတယ် ဒီနှစ်ဒီချိန်မှာ ပြုံးပျော်ပြီးနေနိုင်ပေမဲ့ မွှေးရာပါ နှလုံး အားနည်းတာကြောင့် ၀မ်းနည်းမှုတွေကို ဟန်ဆောင်ပြီးမနေနိုင်ခဲ့ပါဘူး ကျွန်မတို့ ရဲ့ ကုမ္ပဏီ နှစ်ပတ်လည်ပွဲမှာ ရှာပုံတော် မင်းသားကြီးသီချင်းလဲ ဆိုရော အခါလွန်တဲ့မိုးအညိုးနဲ့ရွာ ဆိုသလိုပဲ မျက်ရည်မိုးတွေ ရွာချပါတော့တယ် .. အော် .. မနှစ်က ဒီချိန်မှာ ကျွန်မ ရဲ့ခင်ပွန်း ကျွန်မယောက္ခမနဲ့ ယောက္ခမ ညီမ ၀ိုင်းဝန်းနှိပ်စက်မှုကြောင့် အိမ်ပေါ်မှဆင်းပေးခဲ့ပါတယ်။
ကျွန်မတို့အိမ်ထောင်မပြုခင်မှာ ကျွန်မယောက္ခမလောင်းရဲ့ ညီမနဲ့တူမဖြစ်သူကို ရုံးတွင် အလုပ်တစ်နေရာသွင်းပေးခဲ့ပါတယ်။
ငါ့ညီမလေးက ရုပ်လေးလှလှ လေးနဲ့ သူများအိမ်မှာ တစ်လ သုံးသောင်းနဲ့ အိမ်ပေါ်လုပ်ရလို့ သနားလို့ကူညီပေးပါလို့ အကူအညီတောင်းခဲ့ပါတယ်။ ကျွန်မယောက္ခမရဲ့ တူမကတော့ ဖုန်းအော်ပရေတာ တာဝန်ကိုထမ်းဆောင်ပြီး ညီမ ထွေးထွေး ကတော့ အရောင်းဌါနတွင် ငွေကောက်ခံ ရတဲ့ တာဝန်ကို လုပ်ကိုင်ရပါတယ်။ ကျွန်မကတော့ ငွေစာရင်းကိုင်၊ငွေကိုင်တဲ့ တာဝန်ကို ထမ်းဆောင်ရပါတယ်။ ကျွန်မတို့ နှစ်ဦးစလုံးရဲ့ ကံတူအကျိုးပေးကတော့ ကျွန်မယောက္ခမကလဲ သီလရှင် ကျွန်မ အမေကလဲ သီလရှင်ဖြစ်ပါတယ်။ ကျွန်မတို့ မင်္ဂလာဆောင်ပြီးတော့ မဟာအောင်မြေ၊ကျောက်ဝိုင်း အနီးမှာ အာစီ သုံးထပ်တိုက်ကို မြေညီထပ်နှင့်ပထမထပ် ငှါးရမ်းနေထိုင်ခဲ့ပါတယ်။ ကျွန်မတို့ အိမ်ထောင်ပြုမယ် ပြောတော့ သူတို့ အမျိုးကိုငွေမက်လို့ ယူပါတယ် ပိုင်ရင်ပြီးရော လုပ်ပါတယ် ဆိုပြီး ထွေးထွေးက ကျွန်မကိုစွဲချက်တင်ပါတော့တယ်။ ကျွန်မအနေနဲ့ ငွေမက်လို့ ယူရအောင်ကလဲ တင်တောင်းထားတဲ့ ပစ္စည်းကလဲ ဘာမှ မရှိ မင်္ဂလာဆောင်ကျွေးမွေးစရိတ် စုစုပေါင်း (960000) သာ ကုန်ကျခဲ့ပါတယ်။
ထွေးထွေးက နေ့စဉ်နှင့် အမျှ မြို့တွင်း ငွေခံ သွားရင်း ကျွန်မတို့ အိမ်ကို နေ့စဉ်နှင့်အမျှ ၀င်ထွက်သွားလာတတ်ပါတယ်။ကျွန်မတို့ အိမ်မှာ ငွေလာခံစရာ အကြောင်းတော့ မရှိပါဘူးရှင်။ အေးအေးဆေးဆေး ၀င်ပြီးပြန်ထွက်တတ်တဲ့ အကျင့် မရှိတဲ့ ထွေးထွေးက ကျွန်မအကြောင်း တစေ့တစောင်း ဖွမိဖွရာ ဖွခဲ့ပါတယ်။
ကျွန်မ ယောက္ခမနဲ့ အမျိုးသားက နောက်ထပ် တစ်နှစ်စာ အိမ်ငှါးရမ်းခ တစ်ဝက်ပေးဖို့တောင်းဆိုခဲ့ပါတယ် ။ ပိုက်ဆံခြောက်သိန်းကတော့ ဘယ်သူ့ကိုပေးမှန်းမသိ ထွေးထွေးက ပျောက်တာမဟုတ်ဘူးဟု ပြောသွားတယ်ဆိုပြီး ကျွန်မကို အိမ်လခ တစ်ဝက်မပေးပါက အိမ်ပေါ်က ဆင်းပေးပါလို့ပြောပါတယ်။ အိမ်ထောင်တစ်စုမှာ လင်နဲ့မယား တစ်ဝက်စီ ကုန်ကျစရိတ်ခံရမယ်ဆိုတာ မြန်မာထုံးတမ်းအစဉ်အလာ မှာ ဘယ်တော့ကမှ မရှိခဲ့ပါဘူး။ ကျွန်မကတော့ နေမကောင်းလို့ ရုံးကိုတစ်လ ခွင့်တင်ထားခဲ့ပါတယ်။ အိမ်လခ ကိစ္စနဲ့ မိသားစု စကားများနေစဉ် ရုံးတက်ချိန် အတွင်း ထွေးထွေးက ရောက်ရှိလာပြီး ကျွန်မ အသုံးပြုနေသော လက်ကိုင်ဖုန်း ဇက်သော့ခတ်သိမ်းဆည်းရန် ဆိုင်ကယ်သော့ကို လိုက်လံ ရှာဖွေပါတော့တယ်။ အဲဒီလို စစ်ခင်းနေမဲ့ အစား တစ်ခုခု စစ်ပြေငြိမ်းရန် သဘော တူညီမှု တစ်ခုတော့ လုပ်ရအောင်လို့ ကျွန်မ အမျိုးသားနဲ့ ညှိနိုင်းခဲ့ပါတယ်။
ကျွန်မ အမျိုးသားက “ ငါ့ကိုချစ်ရင်၊ ငါ့အမေနဲ့ ငါ့ကို ပျော်ရွှင်တာ စိတ်ချမ်းသာစေချင်ရင် အိမ်ပေါ် ကနေ ဘာမှ မယူပဲဆင်းပေးပါ နင်နဲ့ လက်ထပ်ကတည်းက ငါ့အမေက နင့်ကို တစ်နှစ်ပဲ ပေါင်းခိုင်းတယ်။ ပြီးတော့လဲ ထွေးထွေးက ငါတို့ အိမ်က အိမ်ပေါ် မယားလဲ ရ အိမ်ပေါ်လဲရ၊ ငါ့အမေရယ် ငါရယ် ထွေးထွေးရယ် သုံးယောက်ပေါင်းနေလာကြတာ နင်ရှိမှ စိတ်သောက ဖြစ်ရတယ်။ အဲ့ဒါကြောင့် ထွေးထွေး ကလဲ သူ့ အိမ်ထင်ပြီး ၀င်လိုက ၀င် ထွက်လိုကထွက် တံခါးမရှိဓါးမရှိ ၀င်ထွက်နေတာပါ။ နင့်ကိုလဲ ငါ မနှောက်ရှက်ဘူး ငါ့ကိုလဲ မနှောက်ရှက်နဲ့ နင့်ကိုလဲ ဘာလက်ဝတ် ပစ္စည်း ဘာမှ ဆင်မပေးထားခဲ့ဘူး၊ ရီးနှီးလုပ်ကိုင် စားသောက်ရအောင် အရင်းအနှီးလဲ ငါမပေးလိုက်နိုင်လို့ ရုံးထဲမှာစုထားတဲ့ ငွေသုံးသိန်းကို မင်းသုံးလိုက်ပါ ကျန်တာ ဘာမှ ယူမသွားပါနဲ့လို့ ယောက်ျားပီသစွာ တောင်းဆိုခဲ့ပါတယ်”…
အသိတရားရှိပြီး ထမင်းစားတဲ့ မျိုးနွယ်က ဆင်းသက်လာတဲ့ ကျွန်မက မိဘဟာ အစားမရဘူး မယားက အစားရတယ် မင်းရဲ့ချစ်လှစွာသော အိမ်ပေါ်မယားကို တရားဝင် ပေါင်းသင်းနေထိုင်ပါ အေးချမ်းစွာနဲ့ ဘ၀ ကိုရင်ဆိုင်ပါဆိုပြီး အိမ်ပေါ်မှ (24.4.2012 ) နေ့က ဆင်းပေးခဲ့ပါတယ်။ ပိုက်ဆံ သုံးသိန်း ယူပြီး ယနေ့ အချိန်ထိ အေးဆေးစွာနေထိုင်ခဲ့ပါတယ်။ အကျင်နာတရားမရှိတဲ့ ယောက္ခမနဲ့ ထွေးထွေးကတော့ ပိုက်ဆံ သုံးသိန်း ပါသွားပြီးဆိုပြီး ရုံးကလူကြီးတွေထံ တောင်းလိုတောင်း ဖုန်းဆက်ပြီး တောင်းလိုတောင်း နဲ့ အလုပ်တွေ ရှုတ်ခဲ့ပါတယ်။ ကျွန်မရဲ့ အယူအဆကတော့ ကျွန်မကို ပိုက်ဆံ ပေးခဲ့တဲ့ သူကိုတောင်းခိုင်းရင်တောင်းခိုင်း မတောင်းရင်ကျွန်မကို ပိုက်ဆံ ပေးလိုက်တဲ့ သူဆီမှာပဲ တောင်းစေခြင်ပါတယ်။ ထမင်းစားပြီး ကြီးပြင်းလာတဲ့ မိဘနဲ့ ထမင်းစားပြီး မွှေးလာတဲ့ ကလေးတွေဆိုရင် ဒီလိုမကောင်းတဲ့ အကျင့်ရှိမှာမဟုတ်ပါဘူး။ ဘာမှ မယူပဲ အိမ်ပေါ်ကဆင်းပေးခဲ့တဲ့ ကျွန်မကို ကျေးဇူးတင်ရပေဦးမယ်။ ဘယ်သူမဆို ကိုယ့်ဆွေမျိုး ကိုယ့်ညီမ အမ တစ်ယောက်လို ကိုယ်ချင်းစာကြည့်ပေးကြပါ ဘယ်လိုခံစားရမလဲ ဆိုတာကို..တွေးကြည့်ပေးပါ။
ကျွန်မ ဘ၀ ကို တစ်ကနေ ပြန်စခဲ့ တဲ့ အချိန်လေးမှာ မြေနှိမ့် ရာလှံစိုက်ခြင်တဲ့ သူတွေ ရှိသလို ကူညီ အားပေးပြီး ဘယ်လိုကူညီရင် ကောင်းမလဲ လို့ အစဉ် စောင့်ကြည့်နေတဲ့ ရုံးတွင်းမှာ အမတစ်ယောက်ရှိခဲ့ပါတယ်။ အဲ့ဒီအမက ထင်ရှားတာကတော့ သိပ်လှပြီး ကိုးကွယ်သည့် ဘာသာကတော့ ဗုဒ္ဓဘာသာ မဟုတ်ပါဘူးရှင်။ ဘာသာ ခြားဖြစ်ပေမဲ့ ကူညီအားပေးတဲ့စိတ် ကြီးသူကို ရိုသေ ရွယ်တူကို လေးစား ငယ်သူကိုသနားကျင်နာတတ်တဲ့ စိတ်လေးရှိတယ်။ ကျွန်မ ရဲ့ ယောက္ခမသီလရှင် နဲ့ ထွေးထွေးကတော့ ထမင်စားပြီး မွေးဖွာလာသူ မဟုတ်သကဲ့သို့ ဟိဏ အနွယ်ဝင်တွေ လိုပါပဲ။ ကျွန်မ ရုံးတက် ရုံးဆင်း စီးစရာ ဆိုင်ကယ် မရှိတော့ ကျွန်မတို့ ရုံးက အကို တစ်ယောက် ကိုကျော်က စူပါကတ် ဆိုင်ကယ်ကို ပေးနိုင်တဲ့ အခါမှ ပေးဆိုပြီး အကြွေးရောင်းစနစ်နဲ့ ရုံးသူရုံးသား အချင်းချင်း ကူညီပေးခဲ့ပါတယ်။ ငယ်စဉ်က ကျွန်မ မိသားစုက ကျွန်မကို ဆုံးမခဲ့တယ် မိတ်ဆွေစစ် မိတ်ဆွေမှန် ဆိုတာ ကိုဒုက္ခ ရောက်တဲ့ အချိန်မှာကူညီတတ်တယ်တဲ့ အမှန်အကန်ပါပဲ ပေါလိုက်တဲ့ မိတ်ဆွေတွေ သူငယ်ချင်းတွေက ဘာကူညီပေးရမလဲ လို့ မမေးတဲ့အပြင် ရှောင်ဖယ်ဖယ်နေသွားကြပါတယ်။ တကယ်တော့ ကျွန်မ လဲ အလုပ်ထွက်တော့မယ် ဆိုပြီး အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။ နောက်ဆုံးတော့ ဒီလိုအိမ်ထောင်ကွဲ တာ ရှက်စရာမလိုဘူး၊ အရှက်တရားရှိရမှာက ဗုဒ္ဓ ဘာသာ အချင်းချင်း အနိုင်ကျင့်တဲ့ သီလရှင်ကရှက်ရမှာ ပါ။ ဘယ်ဘာသာ မဆို ဘာသာရေးခေါင်းဆောင် ဘုန်းကြီ၊ သီလရှင် ၊ ကျမ်းဟောဆရာ စသည်တို့ ရှိတတ်ကြပါတယ်။ ကျွန်မတို့ ဗုဒ္ဓ ဘာသာမှာကတော့ ဘုန်းကြီး၊ သီလရှင် ဆိုတာ ဘုရားရဲ့သားတော် သမီးတော်လို့ ခံယူထားကြပါတယ်။
ကိုယ့်လူ မျိုး ကိုယ့် ဘာသာထိန်းသိမ်းရမဲ့ အမျိုးကောင်းသား၊ သမီးတို့ စည်းကမ်းရှိဖို့ လိုပါတယ်။ ဟိုရင်တစ်ချိန်က စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ခဲ့ရတယ် ဒီတစ်ချိန်မှာ ကိုယ့်ဘာသာ လူမျိုးပါပျောက်ဆုံး နိုင်ပါတယ်။ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ထိန်းသိမ်းရင်းနဲ့ ကြီးနိုင်ငယ်နင်း မလုပ်မိကြဖို့ နဲ့ ကိုယ့်ဆွေမျိုး ကိုယ့်ညီမ အမ တစ်ယောက်ယောက် ကများ ဒီလိုအဖြစ်မျိုး ကြုံတွေ့ခဲ့ရင် အားပေးကူညီကြမလား မြေနိမ့်ရာ လှံ စိုက်ကြမလား ဆိုတာကို ပြောပြခြင်တာပါ။ ကျွန်မ ၀မ်းနည်းတတ်လွန်းလို့ ဘယ်မင်္ဂလာဆောင် ဘယ်ပျော်ဘွဲရွှင်ပွဲကိုမှ လိုက်လေ့မရှိပါဘူး ။ ကျွန်မကို သနားရင် ဘယ်ပွဲ ကိုမှ မခေါ်ကြပါနဲ့ မင်္ဂလာဆောင်သွားရင် ထွေးထွေးပြောတဲ့ စကားကိုကြားယောင်မိတယ် ငါ့ကိုငွေမက်လို့ ယူတယ်လို့
ပြောထားတယ် ငွေမက်ရအောင်က ရွှေတစ်ပိသာ လောက်ဆင်ထားကြတာဆိုတော့ ဟုတ်မှာပေါ့လေ။ ရှိပါစေတော့ ၀ဋ်မလိုက်ပါစေနဲ့လို့ ရင်ထဲကနေ အကြိမ်ကြိမ် ဆုတောင်းပေးခဲ့ပါတယ်။ နှစ်ပတ်လည်ပွဲ မှာ မျက်နှာကလဲမကောင်းဆိုတော့ ကျွန်မကိုကူညီ ခဲ့တဲ့ အမက ပျောက်သွားရင် ဖုန်းဆက်ပြီး ဘယ်ရောက်နေလဲ အနားမှာလာနေဖို့ အမြဲစောင့်ကြည့်ပြီး အဖော်လုပ်ပေးခဲ့ပါတယ်။ နှစ်သစ်မှာ ရုံးဝန်ထမ်းအားလုံးနဲ့ မန်နေဂျာ၊ ကျွန်ရဲ့ ချစ်သောဆရာကောင်း အားလုံးတို့ကို ကာယကံ ၊ ၀စီကံ ၊ မနောကံ တို့နဲ့ ပြစ်မှားကျူးလွန် မိတာတွေ ရှိခဲ့ရင် ကတော့ဝန်ချ တောင်းပန်ပါတယ် ဆိုတဲ့အကြောင်းလေးကို အားလုံးသိအောင် ပြောပြပေးခြင်တာပါ။ ကျွန်မတို့ ရုံးရဲ့ ထိပ်ဆုံးမှာထိုင်တဲ့ လူပျိုသိုးကြီး စာရင်းထဲ အပါအ၀င်နော်၊ ကတော့ စရာရှိတာ ကတော့ ပြီးရင် ထုံးတမ်းစဉ်လာအရ အမျှဝေရဦးမယ် ။
ကျွန်မအပေါ် မကောင်းခဲ့သော ကျွန်မ အမျိုးသား ကိုဂျင်လင်းအောင်(ကျွန်းလှမြို့)၊ ကျွန်မ ရဲ့ ယောက္ခမ သီလရှင်ဒေါ်ဝိမလစာရီ (ကျွန်းလှမြို့)၊ မသန်းသန်းထွေး (တင်းတိန်ယံကျေးရွာ၊ကျွန်းလှမြို့) တို့ အားနှစ်သစ်မှာ အမျှ. အမျှ. အမျှ . ရောက်လေရာ ဘ၀ ကနေ သာဓုခေါ်နိုင်ကြပါစေ။ တစ်ခူးလ မှာမင်္ဂလာဆောင်ပြီး တစ်ခူးလမှာပဲ ကွာရှင်းပေးခဲ့ရတယ် ။ တစ်ခူးလ ရောက်မှာ ရင်ထဲကနေ အလိုလိုနေရင်း ၀မ်းနည်းနေခဲ့ပါတယ်။ ရှာပုံတော် မင်းသားကြီးသီချင်းလဲ ဆိုရော ကျခဲ့တဲ့ မျက်ရည်လေးတွေ သုတ်ဖို့ တစ်ရှုးပေးခဲ့တဲ့ မမလှလှ၀၀ ၊ အမရယ် ၀မ်းမနည်းပါနဲ့လို့ ပြောခဲ့တဲ့ ၀န်ထမ်းရေးရာက ညီမလေးလှလှ၊ ပျောက်သွားရင် ဖုန်းဆက်ပြီးမေးတတ်တဲ့ ဘာသာခြားတဲ့ မမချောချော၊ ဆိုင်ကယ်အကြွေးရောင်းပေးတဲ့ ကိုကျော် ၀န်ထမ်းများအားလုံးကို နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည်စုံပြီး အေးမျှတဲ့ ဘ၀လေးပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းပေးပါရစေ။ အငှါးမယားလိုက်တဲ့ မသန်းသန်းထွေးကိုတော့ ပိုက်ဆံ သုံးသိန်းရခြင်ရင် ကျွန်မရဲ့ ခင်ပွန်းနဲ့ တစ်နှစ်ပေါင်းသင်းနေထိုင်ပါ တစ်နှစ်ပြည့်ရင် ဘာမှမယူပဲ အိမ်ပေါ်ကနေ ဆင်းခဲ့ပါ ကျွန်မ သုံးသိန်းရဲ့ ဆယ်ဆ ပေးပါ့မယ်လို့ လမ်းကြုံ ရင်ပြောပေးကြပါ။ ရှာပုံတော် မင်းသားကြီးလို အချစ်ပျောက်ကို မရှာပါဘူး ကျွန်မက ချစ်လွန်းလို့ အနစ်နာခံပြီး ကျွန်မက အရင် စွန့်ပြစ်ခဲ့တာပါ။ ဒီလို အချစ်မျိုး ဘယ်သူ ကျွန်မလောက် ချစ်နိုင်ကြလဲ…………………………………….

ကိုယ့်ပတ်ဝန်းကျင် မှာ ဒီလိုအဖြစ်မျိုးကြုံခဲ့တဲ့ လူရှိရင် မြေနိမ့်ရာလှံမစိုက်ပဲ တစ်ဦးကိုတစ်ဦး အားပေးကူညီကြပါလို့ တင်ပြရင်း

ရင်နင့်အောင် ရင်ဘတ်အငှါးခံစားတင်ပြသည်
(24.4.2013) တစ်နှစ်ပြည့် အထိမ်းအမှတ်
နေမင်းခင် ( ကမ်းသာမြေ )

About nay khin

nay khin has written 6 post in this Website..