ရှာရာပိုဗာကြောင်ကြီး နိုင်သွားပါပြီခင်ဗျာ.. နှစ်ပွဲပြတ်နဲ့ ဖြစ်ပါတယ်။ ပထမဆုကြေးငွေ ဒေါ်လာ ၁၂၅၀၀၀ အပြင် ဒေါ်လာသိန်းကျော်တန် ၉၁၁ ပိုရှေးပြိုင်ကားကိုပါ ရရှိသွားပါတယ်…။ မနှစ်ကလည်း ရှာရာလေးပဲ အနိုင်ရရှိ ဗိုလ်စွဲခဲ့တာပါ။ ဦးကြောင်ကြီးကတော့ ပြောထားတဲ့အတိုင်း ငှီးလျောင်း ငှီးလျောင်း… ပျားရည်ဆမ်းခရီး ခရစ်စတယ်လေးနဲ့  :oops:

မနက်ဖြန် နံနက် ၈နာရီ စတူးဂတ်မြို့မှာ (ယူအက်စ်အရှေ့ဖက်ခြမ်း စံတော်ချိန်)  ပြုလုပ်မည့် ပိုရှေးဒဗလျူတီအေ ကမ္ဘာ့တင်းနစ်ပြိုင်ပွဲ WTA Porsche Tennis Grand Prix ဗိုလ်လုပွဲတွင် အမေရိကန်နိုင်ငံတွင် နေထိုင်သူ ရုရှားမလေး ဖြူဖွေးဖွေး ရွှေရောင်ရေဆေးငါး တတုံးတခဲ နုနုထွတ်ထွတ် အပျိုဆင် ရှာရာပိုဗာကြောင်ကြီး နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် နိုင်ငံရေးမှူး ဗိုလ်မှူးကြီး ခရစ်စတယ်လိုင်း၏ အမျိုးလည်းဟုတ် ဖေးဗရိတ်ဖြစ်သူ နလီဂျီးတို့ ဆုံတွေကြမည်။ လက်ရှိချံပီယန် ရှာရာပိုဗာကြောင်ကြီး ရှုံးနိမ့်လျင် ခရစ်စတယ်လိုင်းလေး စိတ်တိုင်းကျ ကြောင်ကြီးအား ကင်လိုကင် ဖုတ်လိုဖုတ် ချက်လိုချက် ကြော်လိုကြော် ပြုနိုင်ပြီး စိန်ခေါ်သူ နလီဂျီး ရှုံးနိမ့်လျင် ခရစ်စတယ်လိုင်းဂလေးအား ဦးကြောင်ကြီး အရှင်လတ်လတ် ကိုက်စားမည်ဟု အသိပေး ကြေငြာသည်။ အနိုင်အရှုံး အဖြေကို မနက်ဖြန် update လုပ်ပေးမည်ဖြစ်ပြီး ရွာပိတ်သပ်အား တလက်စတည်း အောင်သေအောင်သားစားသောက် ယဇ်ပူဇော်ပွဲသို့ ချစ်ကြည်ရင်းနှီးစွာ ဖိတ်စာပို့ပါသည်။

ဂျိုင်းမွှေးအလှ ဝိုင်းငေးကြ

ဂျိုင်းမွှေးအလှ ဝိုင်းငေးကြ

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး