Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ချစ်ရသူရယ်..အပြင်မှာမိမိကလွဲပြီး ဘယ်သူမှမရှိပါဘူး

Mon LayAugust 6, 20192min59640

သက်တန့်(မေရီ) ရေးတဲ့ စစ်မှန်သော မိမိနှင့်တွေ့ဆုံခြင်း စာအုပ်ကိုဖတ်ပြီးနောက် မွန်လေးကိုယ်တွေ့ပါ တကယ်ခံစားပြီး ကျင့်သုံးလိုက်လို့ အဆင်ပြေသွားတာလေးကို မွန်လေးရဲ ့follower လေးတွေလည်း ဗဟုသုတရပြီး ဘဝတစ်လျှောက်လုံးကျင့်သုံးနို်င်စေဖို့ ပြန်ရှယ်ပေးလိုက်ပါတယ်။

အရင်ဦးဆုံး မေးခွန်းလေးကသိပ်လှတယ်။ ငါ..ဘယ်သူလဲတဲ့။

ခုစာဖတ်နေတဲ့သူလည်း ဖြေကြည့်ပါ..ငါဘယ်သူလဲ။ စစ်မှန်တဲ့ ငါကဘယ်သူလဲ။ စစ်မှန်တဲ့..ငါကို ဘယ်လိုရှာလို့ရသလဲဆိုရင် အပြင် ပရောဂကြောင့်ဖြစ်လာတဲ့ ကို်ယ့်အတွေး၊ စိတ်ခံစားမှု၊ ခန္ဓာကိုယ်ရဲ ့အတားအဆီးနဲ ့ ကန့်သတ်မှုတွေရ ဲ့အောက်မှာ မရှိတဲ့လူတွေဟာ စစ်မှန်တဲ့မိမိကိုရှာဖွေနိုင်တဲ့သူတွေပါတဲ့။

အဆုံးသတ်မှာ စစ်မှန်တဲ့မိမိရှိတဲ့သူဟာ ချစ်ခြင်းမေတ္တာ၊ ဝမ်းမြောက်မှု နှင့် ငြိမ်းချမ်းမှု တို့ရှိတဲ့သူပါပဲ။

ဟုတ်ပြီ။ မွန်လေးတို့ဘယ်လိုရှာမလဲ။

အရင်ဦးဆုံး စက်ဝိုင်းပုံဆွဲလိုက်ပါ။ ပုံလည်းပြထားပါတယ်။ အဲ့မှာ စစ်မှန်တဲ့မိမိဆီရောက်ဖို့ က Body လည်းကျန်းမာသန်စွမ်းနေဖို့လိုပါတယ်။ ဟုတ်ပါတယ်။ လူတွေက နေ့စဉ်အလုပ်နဲ့ ငွေရှာဖို့ချည်းပဲလုပ်နေရတဲ့အချိန်မှာ ခန္ဓာကိုယ်ကဇီဝကမ္မကို နားမထောင်ဖြစ်ကြဘူး။ အဲ့ခန္ဓာကိုယ်ကြီး ယိုယွင်းခါမှ ဥပမာ ဝလာတော့မှ ပိန်ချင်အောင် မရမကမနည်းဖိလုပ်နေရတယ်။ ဒီသဘောဆိုတော့ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းဖို့ အနည်းဆုံးအားကစားတစ်ခုကိုနေ့စဉ်လုပ်ပေးရပါမယ်။ ယောဂကျင့်တာတို့၊ Gym ဆော့တာတို့ တစ်ခုခုပေါ့နော်။

Emotion လို့ခေါ်တဲ့ စိတ်ခံစားချက်နောက်ကို မလိုက်ရပါဘူး။ အကယ်လို့ အရမ်းစိတ်ညစ်လာပြီဆိုရင်လည်း ထွက်ပေါက်တစ်ခုအနေနဲ့ မွန်းကြပ်မှုတွေကိုချေဖျက်ဖို့ စာရွက်မှာ စိတ်မ ကျေနပ်ရတဲ့အကြောင်းကိုချရေးပါတဲ့။ ပြီးရင် မျက်လုံးမှိတ်ပြီး ငါလွတ်မြောက်ရမယ်။ ငါလွတ်မြောက်ရမယ်လို့ ရွတ်ပါတဲ့။ အနည်းငယ်ကြာရင်စိတ်သက်သာရာရလာပါလိမ့်မယ်တဲ့။

ပြီးတော့ လူရဲ ့စိတ်မှာ စွမ်းအင်ရှိတယ်ဆိုတာကိုလည်း စာရေးဆရာမက ဖော်ပြသွားပါသေးတယ်။ ဒီမှာ မွန်လေး နားလည်လိုက်တာကတော့ လူတွေက ပါးစပ်စီးတယ်ဆိုတာလေ..သိကြမယ်ထင်ပါတယ်နော်။ အမေက..ဟဲ့..နင်ဒါမလုပ်နဲ့နော်.ဘာဖြစ်သွားမယ်ဆိုပြီး..ပြောတာမျိုးလေ..အမှန်ကဖြစ်ချင်မှဖြစ်မှာ..ဒါပေမဲ့ စွမ်းအင်ကတန်ခိုးရှိတော့ ပါးစပ်စီးသွားပြီး ဖြစ်သွားတာမျိုးပေါ့လေ။ မပြောလို့လည်းမရတော့ မိဘဆိုတာတော့ စိတ်ပူတတ်ကြတာပေါ့လေ။ ဒီတော့ တားမြစ်တာမျိးမလုပ်ဘဲ..ဒီနေရာမှာ အကျိုးသင့်အကြောင်းသင့် ရှင်းပြရင် ကလေးတွေကလက်ခံနားလည်မယ်လို့ ယုံကြည်ပါတယ်။

နောက်ပြီး အရမ်းထူးဆန်းအံ့ဩဖွယ်ကောင်းတဲ့ အရာကိုလည်းသိလိုက်ရပါတယ်။ အဲဒါကတော့ မွန်လေးတို့ဟာ အရာတစ်ခုခုကိုနေ့စဉ်အဲ့အချိန်မှာ လုပ်နေတာကို အကျင့်လိုစပြီးလုပ်မိလိုက်ရင် နောက်ပိုင်းမလုပ်မိအခါ စိတ်ကမလုပ်ချင်ရင်တောင် လူကလုပ်မိတတ်ပါတယ်။ ဟုတ်ပါသလား။ သေချာစဉ်းစားကြည့်နော်။ ဥပမာ မွန်လေးတို့ အိပ်ယာထပြီး မျက်နှာသစ်နေကြဆိုတော့ အိပ်ယာကထတဲ့အခါ..အိမ်သာသွား၊ ပြီးရင် မျက်နှာသစ်ကိုသစ်ကြတာပဲလေနော် .ဘယ်လောက်ပဲအိပ်ငိုက်ငိုက် အသိစိတ်ကအိပ်ငိုက် နေလဲ..မျက်နှာသစ်တဲ့နေရာကိုရောက်ရောက်သွားတာပဲလေ။ အဲ့သဘောပါ။ အဲဒါကို Peptide (ပက်ပ်တိုုက်) လို့ခေါ်ပါတယ်။ အဲ့ peptide (ပက်ပ်တိုက်)က ဘယ်လောက်တောင် ကြောက်ဖို့ကောင်းသလဲဆိုရင် ကိုယ်ကဒေါသမထွက်ရတာကြာပြီဆိုရင် ဆဲလ်တွေက မွန်လေးတို့ကို ဇီဝကမ္မလိုအပ်ချက်အရ ဒေါသထွက် အောင် တိုက်တွန်းတတ်ပါတယ်တဲ့။ အရမ်းကြောက်ဖို့ကောင်းတယ်နော်။ အဲတော့ ဒေါသဆို တာမကောင်းပါဘူး။ ဒေါသဖြစ်ရင် ရုပ်ဆိုးတယ်။ လူပင်ပန်းတယ်။ အဲတော့ မကောင်းတာကြီးကို မလုပ်နိုင် အောင်ရှောင်ရပါမယ်။ peptide ကိုလည်း ကောင်းတဲ့peptide လေးဖြစ်အောင်မွေးမြူကြည့်ပါ။ မွန်လေးဆို အရမ်းစာရေးချင်တယ်။ အမြဲလိုလိုလည်းစာရေးလေ့ရှိတယ်။ ပြီးတော့ ကိုယ်တစ်ယောက်ထဲ သိနေရတဲ့ဖီလင်ကိုမကြိုက်ဘူး။ အများကိုပြန်ရှယ်ပေးချင်တဲ့စိတ်ရှိတယ။် အဲ့peptide ကြောင့်လည်း မရှယ်ရ ရင်မနေနို်င်အောင်ကိုဖြစ်လို့ ဒီစာအုပ်လေးကိုလည်းရှယ်ပေးလို်က်တာပါ။

“လူအမှုပူမှုရယ်တဲ့ ဆယ်ကုဋ္ဋေတဲ့..အသက်တစ်ရာ မနေရသော်လည်း အမှုတစ်ရာတွေ့နိုင်”တဲ့ဘဝကြီးမှာ ဖြစ်ပျက်ကြုံလာတဲ့ပြသာနာတွေကို ရှောင်လွှဲချင်လို့မရပါဘူး။ အဲ့ပြသာနာတွေကိုရှောင်လွှဲလို့မရလို့လည်းစိတ်မညစ်သွားပါနဲ့။ တရုတ်စကားပုံရှိပါတယ်။ မိုးပြိုသွားရင်တောင် ပြေးစရာနေရာရှိပါသေးတယ်တဲ့။ ဟုတ်ပါတယ်။

မွန်လေးတို့အဲ့ပြသာနာကို အသိစိတ်အလင်းရောင်နဲ့ ထွန်းလင်းနိုင်ရပါမယ်။ အပေါ်မှာပြောခဲ့သလို..ကိုယ့်မှာအရမ်းကိုဖြေရှင်းခက်တဲ့၊ ဖြေရှင်းလို့မရတဲ့ ကိစ္စကြုံပြီဆို အရင်ဆုံးစိတ်ကိုုငြိမ်အောင် ဝင်လေထွက်လေကို မှတ်ပါ။ ကိုယ်မှတ်နိုင်သလိုမှတ်ပါ။ တချို့က နှာဖျားမှာ ဝင်လေထွက်လေမှတ်သလို..ဖောင်းတယ်ပိတ်တယ်ဆိုပြီး ဗိုက်လှုပ်ရှားမှုကိုမှတ်လို့ရပါတယ်။ ဒါကတော့ တရားထိုင်နေကျလူတွေကတော့ မခက်ခဲလောက်ပါဘူး။ ခုမှစလုံးမယ့်သူဆိုရင်တော့ အရင်ဆုံးမျက်လုံးမှိတ်လိုက်ပါ။ လို်က်လုပ်ကြည့်ပါ။ မျက်လုံးမှိတ်မယ်။ ပြီးရင်ခံစား ခဲ့ ရတာတွေ မျက်လုံးထဲမှာ တဖြည်းဖြည်းပျောက်ကွယ်အောင်လုပ်မယ်။ ဘေးပတ်ဝန်းကျင်က အသံတွေကိုစူး စိုက်မယ်။ ပြီးရင်ဝင်လေထွက်လေမှတ်မယ်။ ဝင်လေထွက်လေပျောက်သွားရင် ပြန်သတိရအောင် သတိလေး ကပ်မယ်။ အဲလို၅မိနစ်လောက်လုပ်ကြည့်ပါ။ လက်ရှိခံစားနေရတဲ့နာကျင်မှုတွေ နဲနဲလေးတော့ ပျောက်သွားပါလိမ့်မယ်။ ထပ်ခံစားရရင်ထပ်လုပ်ပါ။ နောက်ဆုံးမှာ အကောင်းဆုံးရလဒ်ကိုရပါလိမ့်မယ်။

ဆက်လက်ပြီးပြောချင်တာက အဲလိုစိတ်ပျက်အော့နှလုံးနာဖွယ်ကိစ္စတွေ..ကိုယ်ဘယ်လိုမှရှောင်လွှဲလို့မရတဲ့ကိစ္စတွေဖြစ်နေခဲ့ရင် အရှုံးပေးလို်က်ပါတဲ့။ စကားပုံတောင်ရှိသေး တယ်လေ..အရှုံးပေးနှလုံးတောင် အေးသေးဆို တာလေ။ အရှုံးပေးလိုက်ပါ။ အရှုံးပေးတယ်ဆိုတာ လက်မြောက်အရှုံးပေးခိုင်းတာမဟုတ်ပါဘူးနော်။ ဖြစ်ပျက် ပြီးတဲ့ကိစ္စတွေကို အရှုံးပေးလက်ခံလိုက်ပါလို့ပြောချင်တာပါ။

ဆရာမရေးထားတဲ့စာလေး ပြောပြပါမယ်။ “အရှုံးပေးလက်ခံခြင်းရ ဲ့ပထမဆုံးခြေလှမ်းကတော့ ကို်ယ့်ခုခံ တွန်းလှန်နေမှုကို သိရမယ်။ ပြီးတော့ဖြစ်ပြီးသား ကိစ္စအပေါ်ကို်ယ့်ခုခံတွန်းလှန်နေမှုက ဘာမှအရေး ပါ.အရာရောက်မှာမဟုတ်ဘူး ဆိုတာကိုသိရမယ်။ ဖြစ်ပြီးသားကိစ္စ တွေကိုလက်ခံလိုက်ပြီး အဲ့အပေါ်မှာ စိတ်ခံစားချက်တွေ နစ်မျှောမနေစေဘဲ ရှေ ့ဆက်ဖြစ်လာမယ့် ကိစ္စတွေအတွက် ဘာလုပ်မှာလည်း ဆိုတာကို သေချာရွေးချယ်ရမယ်။ ဖြစ်သမျှအကြောင်းဟာ ဘဝကကိုယ့်ကိုရင့်ကျက်စေဖို့ အတွက် သင်ခန်းစာပေး လိုက် တယ်”လို့ပဲ မှတ်ယူထားလို်က်ပါတဲ့။ အရမ်းမိုက်တဲ့စာသားလေးနော်။

လူတို့မှန်မှန်ကန်ကန်စားသောက်နည်းကိုလည်း ဒီစာအုပ်လေးထဲမှာသေသေချာချာေးလရေးထားပါတယ်။ လမ်းလျှောက်နည်းလည်းသေသေချာချာရေးထားပါတယ်။ ဒါကတော့ ဝယ်ပြီးပဲဖတ်လိုက်တော့နော။်

ပြီးတော့ဒီစာအုပ်ထဲက သင်ခန်းစာတွေထဲမှာ အတွေးပြောင်းခြင်း သင်ခန်းစာကို လည်းမွန်လေး အရမ်းကြိုက်တယ်။ မပြောပြပေးတော့ဘူးနော်။

ပြီးတော့ ဖြစ်လာတဲ့ အဖြစ်အပျက်တစ်ခုဟာ ကို်ယ့်ခံယူချက်နဲ့ပဲဆိုင်ပါတယ်။ ကိုယ်ကအဲ့အရာတစ်ခုကို အကောင်းလို့သတ်မှတ်ရင် အကောင်းဖြစ်မှာပဲ။ မကောင်းဘူးလို့သတ်မှတ်ရင် မကောင်းဖြစ်မှာပဲ။ ဘယ်အရာကမှ ကိုယ့်စိတ်ကိုထိခို်စေနို်င်တာမဟုတ်ပါဘူး။ နာကျင်မှုဟာ ဖြစ်ပျက်တဲ့ကိစ္စအပေါ်မှာ ကို်ယ်က ဘယ်တုံ့ပြန်လဲဆိုတာကနေဖြစ်ပေါ်လာတာပါတဲ့။ နာကျင်မှုဟာ ကို်ယ်တိုင်ဖန်တီးလိုက်တဲ့အရာပဲတဲ့။ သွေးထွက်အောင်ကိုမှန်တဲ့စကားနော်။

နောက်ဆုံးပြောချင်တာက မိမိတို့ဟာ မိမိရဲ ့အလုပ်မဟုတ်ဘူး။ မိမိရ ဲ့ကြိုးစားရလဒ်လည်းမဟုတ်ဘူး။ မိမ်ိရ ဲ့အောင်မြင်မှုလည်း မဟုတ်သလို ကျရှုံးမှုလည်းမဟုတ်ပြန်ဘူး။ သူတို့ဟာ အပြင်ပကအရာတွေ။ အတ္တတွေနဲ့ ဖွဲ့စည်းထားပြီးဖြစ်လာတဲ့အရာတွေပါ။ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားပြီးလုပ်ရမယ့်တာဝန် မွန်လေးတို့မှာရှိတယ်။ အဲတော့ မျှော်လင့်သလိုဖြစ်မလာခဲ့ရင် အရမ်းစိတ်မကောင်းမဖြစ်ပါနဲ့။ အဲဒါကိုယ် နဲ့မဆိုင်ဘူး။ ကိုယ်ကအကောင်းဆုံးပဲလုပ်ခဲ့တာပဲလေ။ အဲတော့မ ဖြစ်လာတာတွေအတွက် ကျေးဇူး တင်လိုက်ပါ။ ကောင်းချီးပေးလို်က်ပါ။ ကိုယ်သင်ခန်းစာကောင်းကောင်းရသွားပြီလေ။ ကောင်း ဖို့ဖြစ်လာတယ်လို့ပဲ မှတ်ပြီး နောက်ကြုံတွေ့ရမယ့်အရာတွေကိုကောင်းအောင်ဆက် လုပ်ပါ။ ဆင်ခြင်လို့ရတာတွေလည်းဆင်ခြင်နို်င်ပါပြီ။ စစ်မှန်တဲ့မိမိကိုရှာဖွေတွေ့ရှိတဲ့သူကတော့ သူ့မှာ ချစ်ခြင်းမေတ္တာတွေရှိနေမယ်..ရင်ထဲကနေ ဝမ်းမြောက်မှုတွေဖြစ်နေမယ်. ဝမ်းမြောက်မှုရသွားပြီဆိုရင် ပြင်ပက ဘာပရောဂပဲဝင်ဝင် မပျက်တော့ဘူး..နောက်ဆုံး ငြိမ်းချမ်းမှုရသွားတယ်ဆိုတဲ့သဘောပါ။ ချစ်တို့လည်း.နောက်ဆုံး အရမ်းကိုငြိမ်းချမ်းတဲ့ ဖီလင်ကိုခံစားရပါစေလို့။