နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၈)

 

အခန်း(၁၂)

 

“တကယ်ပဲဗိုလ်စားမေပွဲဖြေပြီးတဲ့အချိန်မမရောက်လာခဲ့ပါတယ်။

 

မမနဲ့ဗိုလ် ကန်တော်ကြီးရဲ့လူရှင်းတဲ့ခုံလေးတစ်ခုံမှာသွားထိုင်ပြီးစကားတွေပြောခဲ့ကြတယ်။

 

မမရောက်လာတဲ့အချိန်ဗိုလ်ယုံကြည်ထားတာကမမဗိုလ့်အပေါ်မှာသစ္စာဖောက်မှာမဟုတ်ဖူးလို့လေ ..

 

ဒါပေမယ့် မမဘက်ကစကားစလာတဲ့အချိန်မှာပဲ

 

ဗိုလ့်အိပ်မက်တွေ၊ယုံကြည်မှုတွေအားလုံးချိုးဖျက်ခံခဲ့ရပြီဆိုတာသိလိုက်ရတယ်

 

မမကသူ့အရင်တစ်ယောက်နဲ့ပြန်အဆင်ပြေသွားတဲ့အကြောင်း၊

 

ဗိုလ့်ကိုမောင်လေးတစ်ယောက်လိုပဲသံယောဇဉ်ရှိကြောင်း၊ သူ့ချစ်သူကိုပဲတကယ်ချစ်တဲ့အကြောင်း၊

 

သူတို့မကြာခင်လက်ထပ်တော့မယ့်အကြောင်းတွေပြောပြခဲ့တယ်။

 

စာမေးပွဲမဖြေခင်တည်းကသူတို့ပြန်အဆင်ပြေနေတာဆိုပေမယ့် ဗိုလ့်စာမေးပွဲထိခိုက်မှာစိုးလို့မပြောပြခဲ့တာတဲ့လေ။

 

သူ့အကြောင်းပြချက်က ဗိုလ့်ရင်ဝကိုဆောင့်ကန်လိုက်သလိုပဲ။

 

မျှော်လင့်ချက်တွေနဲ့ဒီစာမေးပွဲအပြီးကိုမျှော်နေတဲ့ဗိုလ့်ကို ဒီလိုလုပ်ပစ်လိုက်ရက်တဲ့မမကိုဗိုလ်အရမ်းကြောက်သွားမိတယ်။

 

ဒါပေမယ့်အချစ်ဦးဆိုတော့မုန်းမပစ်နိုင်ခဲ့ဘူး။

 

ဗိုလ်မမကိုအရမ်းချစ်တယ်ဆိုတဲ့အကြောင်း၊မမပြန်လာရင် ဗိုလ်ကြိုနေမှာပဲဆိုပီး အရူးစကားတွေပြောခဲ့မိသေးတယ်။

 

မမကတော့ သူ့ကိုမမျှော်လင့်ပါနဲ့တော့တဲ့။

 

အဲဒီနေ့က ဗိုလ်စာမေးပွဲဖြေနိုင်ခဲ့ပေမယ့် အိမ်ကိုပြန်ရောက်တဲ့အခါ ချုံးပွဲချပြီးငိုခဲ့ရတယ်။

 

ဗိုလ့်ကိုအရမ်းချစ်တဲ့မေမေနဲ့မမဆို ဗိုလ့်အတွက် အရမ်းခ့စားခဲ့ကြရတာ

 

ဗိုလ့်အတွက်စိတ်မကောင်းအရမ်းဖြစ်ခဲ့ကြတယ်။ ဗိုလ်လဲအသည်းကွဲတဲ့ဒဏ်ကို လပေါင်းများစွာခံခဲ့ရတယ်။

 

မမရဲ့ညီမဝမ်းကွဲဆိုတဲ့သူငယ်ချင်းကိုဖုန်းဆက်၊

 

မမအခြေအနေဘာထူးလဲမေးရတာလည်းအမော၊ မမဘာတွေလုပ်လဲဆိုတာမမအိမ်ကိုသွားကြည့်နဲ့ပေါ့။

 

အဲဒီမှာမမနဲ့အဲဒီမမချစ်သူဆိုတဲ့လူကိုတွေ့ရတဲ့အခါတိုင်း

 

ရင်ထဲမှာအရမ်းကိုနာခဲ့တယ်။ ၂လကျော် ၃လလောက်ကြာတော့ ဗိုလ်တို့စာမေးပွဲအောင်စရင်းထွက်တယ်။

 

ဗိုလ်အောင်စာရင်းသွားကြည့်တော့ သူ့ညီမဝမ်းကွဲနဲ့လိုက်လာတဲ့မမနဲ့ဆုံတယ်။

 

မမကဗိုလ့်ကိုတွေ့တော့ ပုံမှန်အတိုင်းပဲလှမ်းနှုတ်ဆက်တယ်။ နေကောင်းတယ်နော် အာကာတဲ့။

 

 

အဲဒီအချိန် မမဗိုလ့်ကိုကြည့်တဲ့အကြည့်၊ မမရင်ထဲမှာ ဗိုလ့်အတွက်သံယောဇဉ်လက်ကျန်ဘာမှမကျန်တော့ဘူးဆိုတာသိလိုက်ရတယ်။

 

ကျွန်တော်နေကောင်းပါတယ်လို့မမကိုပြန်ပြောပြီးတဲ့နောက်ဗိုလ့်ဘဝထဲမှာမမကိုဆက်ပြီးလက်ခံမထားတော့ဘူးလို့ဆုံးဖြတ်လိုက်တယ်။

 

နောက် မိန်းမတွေကို ဗိုလ်သိပ်ကြောက်သွားခဲ့တယ်။”

 

စကားရှည်ကြီးပြောပြီးတဲ့နောက် ဗိုလ်ကအစီခံနားရောက်နေတဲ့ဆေးလိပ်ကိုလက်ထဲကလွှင့်ပစ်လိုက်ပြီး နောက်တစ်လိပ်ထပ်သောက်ဖို့ထုတ်လိုက်တယ်။

 

ဒီတစ်ကြိမ်တော့ကျွန်မလည်းငြိမ်မနေတော့ပဲ

 

“ထပ်မသောက်ပါနဲ့တော့ ဗိုလ်ရယ်” ဟု ပြောလိုက်မိသည်။

 

“ဗိုလ် ဒီအကြောင်းတွေပြန်ပြောရင်ခံစားနေရတုန်းမို့ပါ ဟန်နီရယ်” ဟုဗိုလ်က ခပ်တိုးတိုးပြန်ပြောလာသည်။

 

“ခုဗိုလ့်ဘေးမှာ ဟန်နီရှိနေပြီပဲ ဗိုလ်ရယ် ထပ်မသောက်နဲ့တော့နော်” ဟု ကျွန်မပြောကြည့်မိသည်။

 

အခုလိုကျတော့လည်း ဗိုလ်ကစကားနားထောင်တတ်သည့်ကလေးပမာ

 

“ဟုတ်ပါပြီ ဟန်နီ” ဟုပြောကာ လက်ထဲကဆေးလိပ်ကိုဘူးထဲပြန်ထည့်လိုက်သည်။

 

ကျွန်မကျေနပ်သွားရင်း “အဲဒီနောက်ပိုင်းဘာတွေဆက်ဖြစ်ခဲ့လဲဟင်” ဟုမေးလိုက်မိသည်။

 

“နောက် ဗိုလ်နောက်ဆုံးနှစ်ပြန်တက်တော့ အရင်လိုမလိမ္မာတော့ဘူး ကောင်မလေးတွေထည်လဲတွဲတယ်

 

ဗိုလ်သဘောကျတာတွေရော ဗိုလ့်ကိုသဘောကျတာတွေရောပေါ့။ အသည်းကွဲပါစေရယ်တော့လို့ ဗိုလ်မရည်ရွယ်ပေမယ့်

 

မိန်းမတွေရဲ့စကားတွေကို ဗိုလ်မယုံတတ်တော့ တစ်ယောက်ပြီးတစ်ယောက် ပြတ်သွားကြတယ်” ဟု ခပ်လေးလေးပြောလာသည်။

 

“အခုရော ဘယ်နှစ်ယောက်နဲ့တွဲနေတာလဲ”

 

“ခုကဟန်နီနဲ့ happy မှာတွေ့တဲ့မမ ၊ မမကနားလည်မှုရှိရှာပါတယ် သူ့ကိုမယားကြီးလို့ဗိုလ်ကခပ်တည်တည်သတ်မှတ်ထားတယ်။

 

နောက်တစ်ယောက်က ဗိုလ်မိန်းမလို့ခေါ်တဲ့တစ်ယောက်၊ သူ့နာမည်က ကြယ်စင်တဲ့၊

 

သူကတော့ခပ်ရိုးရိုးဒီဇိုင်းလေးနဲ့ မန္တလေးသူလေးတစ်ယောက်၊

 

ဟန်နီနဲ့တော့မဆုံဖူးသေးဘူး၊ နောက်တစ်ယောက်ကတော့ ဟန်လေးဆိုတာ၊ သူလည်းမန္တလေးသူလေးပဲ။

 

အခုသင်တန်းတစ်ခုတက်ဖို့အတွက် ရန်ကုန်ကိုရောက်နေတာ။

 

သူကတော့ဗိုလ်ညီမလေးလိုပဲသံယောဇဉ်ထားတဲ့သူပါ

 

ဗိုလ့်ဘက်ကချစ်နေပေမယ့်သူကခုမှ ၁၈နှစ်၊ ငယ်သေးတယ်လို့ဗိုလ်ခံယူလို့ သူ့ကိုအရောင်တွေမစွန်းစေချင်ဘူး

 

ဒါပေမယ့် ဗိုလ်သူ့ကိုချစ်တယ်လို့တော့ဗိုလ်ထင်တာပဲ။

 

သူ့ကိုတော့ဗိုလ်ကအရိပ်ကလေးလို့သတ်မှတ်တယ်။ သူက ဗိုလ်ဆိုးတာတွေ ဗိုလ်ဒီလိုကြုံခဲ့ဖူးတာတွေမသိရှာဘူး။

 

ဗိုလ့်ဘဝအမောတွေကို သူ့ရင်ခွင်မှာခိုလှုံရင်း ငြိမ်းချမ်းစွာနားနေနိုင်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့သူ့ကို အရိပ်ကလေးလို့ခေါ်တာ”

 

“ဒါဆို ပထမဆုံးကန်ဘောင်မှာတွေ့တဲ့တစ်ယောက်နဲ့သဲသဲဆိုတာလေးကရော”

 

ဗိုလ်ကရယ်ရင်း “ဟန်နီလေးကအကုန်ကိုမှတ်ထားတော့တာပဲနော် … ကန်ဘောင်ကတစ်ယောက်ကတော့

 

ဟန်နီ့ကိုအဲနေ့အဲလိုရန်တွေ့တဲ့နေ့ကစပြီး အာရုံနောက်လို့ခေါက်ပစ်လိုက်ပြီ

 

သဲသဲကတော့ ဆွေမျိုးနီးစပ်တော်တယ်ပဲပြောရမလား ငယ်တုန်းတည်းကအိမ်နီးချင်းတွေဆိုတော့

 

မိဘတွေချင်းလည်းရင်းနှီးပြီးခင်နေတဲ့ကောင်မလေးပါ ချစ်သူတော့မဟုတ်သေးဘူး ဟုတ်ဖို့လည်း မမြင်ပါဘူးကွာ

 

သူ့ကိုဗိုလ်ကညီမလေးတစ်ယောက်လိုပဲသဘောထားတယ်”

 

ကျွန်မက ခေါင်းကိုဆက်ကာ ဆက်ကာညိတ်ရင်း “ အော် ဂလိုကိုး” ဟုပြောလိုက်မိသည်။

 

“ဗိုလ့်အကြောင်းတွေပဲပြောနေရတယ် ဟန်နီကကော ဘာလို့ခုလိုလူဆိုးမလေးဖြစ်နေရတာလဲဆိုတာမပြောပြတော့ဘူးလား”

 

“ဟန်နီကဘာကြောင့်မှဆိုးတာမဟုတ်ပါဘူး အချစ်စစ်ကိုရှာဖွေရင်းနဲ့ပဲ ရည်းစားများသလိုလိုဖြစ်သွားရတဲ့ကောင်မလေးပါပဲ”

 

“ဟန်နီကအချစ်ဆိုတာကိုဘယ်လိုခံယူထားလို့လဲ” ဟုဗိုလ်ကမေးတော့

 

“ဟန်နီလိုချင်တာ “ ဘယ်တော့မှ ရိုးမသွားနိုင်တဲ့ အမြဲဆန်းသစ်လန်းဆန်းနေမယ့် အချစ်တစ်ခု” ဟုဖြေလိုက်မိသည်။

 

“တွေ့လာလိမ့်မယ်လို့မျှော်လင့်ထားလား အမိ”

 

“မပြောတတ်ဖူးဗိုလ် အခုချိန်ထိတော့ အဲဒီအရာကို ကိုကိုကပေးနိုင်လိမ့်မယ်လို့ယုံကြည်ထားတယ်

 

ကိုကို့ကို ဟန်နီအရမ်းချစ်တယ်ဟိလား ဘယ်သူနဲ့မှတူလောက်အောင်ပဲ

 

ဒီနေ့ ကိုကိုနဲ့ Junction Square မှာမုန့်သွားစားတုန်း ဖြိုးဆိုတဲ့တစ်ယောက်နဲ့တွေ့တယ်

 

သူတို့ကိုကြည့်ရတာသံယောဇဉ်မပြတ်သေးသလိုပဲ

 

ဘာလုပ်ရမလဲမသိတော့ဘူး အဲဒီဖြိုးက ဟန်နီ့ထက်အစစအရာရာသာနေသလိုပဲ

 

ဟန်နီခံစားရတယ် အကြံပေးပါအုံး ဗိုလ်ရယ်” ဟု ကျွန်မခပ်ညည်းညည်းလေးပြောလိုက်မိသည်။

 

“ကိုကြီးက မဖြိုးကိုအရမ်းချစ်ခဲ့တာတော့အမှန်ပဲ ဟန်နီ။ ဟန်နီစိတ်ချမ်းသာပါစေလို့မိုးလိမ်ပြီးမပြောချင်ဘူး။

 

ဒါပေမယ့်အချိန်တွေကြာသွားခဲ့ပြီ။ ပြီးတော့ ဘယ်လိုမှမနီးစပ်နိုင်မယ့်အရာတစ်ခုလည်း သူတို့ကြားထဲမှာရှိနေသေးတယ်။

 

ဟန်နီရှုံးမယ်ဆိုတာမသေချာပါဘူး”

 

“မနီးစပ်နိုင်မယ့်အရာဆိုတာဘာလဲဟင် ဗိုလ်”

 

“မဖြိုးရဲ့ဦးလေးနဲ့ကိုကြီးရဲ့အမကချစ်သူတွေဖြစ်ခဲ့ကြဖူးတယ်လေ။ မဖြိုးရဲ့ဦးလေးက တစ်ခုလပ်တစ်ယောက်ပေါ့။

 

အဲဒါကိုသိတဲ့အချိန်မှာ ကိုကြီးတို့ဘက်က ဘယ်လိုမှသဘောမတူနိုင်ကြဘူး။

 

ဒါနဲ့ပဲ ကိုကြီးအမကခိုးရာလိုက်ခဲ့တယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ သူတို့ခိုးပြေးတဲ့နေ့ကကားမှောက်သွားတယ်။

 

မဖြိုးရဲ့ဦးလေးကခြေထောက်ကျိုးသွားရုံပဲဆိုပေမယ့် ကိုကြီးအမကတော့ဆုံးသွားခဲ့တယ်လေ။

 

အဲဒီမှာကိုကြီးတို့ဘက်ကစိတ်အနာကြီးနာခဲ့တာပေါ့။

 

ကိုကြီးကအဲဒီတုန်းကငယ်သေးတယ်။ ကိုကြီးအမနဲ့ကိုကြီးက ၉နှစ်လောက်ကွာတာကိုး။

 

ကိုကြီးနဲ့မဖြိုးချစ်သူဖြစ်ပြီးလက်ထပ်ဖို့မိဘတွေနားဖောက်ဖို့လုပ်တော့မှ

 

အရင်ကပက်သက်ခဲ့ဖူးတဲ့ဇာတ်တွေပြန်သိတော့ ဘယ်လိုမှသဘောမတူနိုင်ဘဲဝေးသွားကြတာ။

 

ကိုကြီးအနေနဲ့မဖြိုးကိုချစ်ပေမယ့်လည်း အဖေလည်းမရှိ၊အမလည်းမရှိတော့ပဲ

 

တစ်ယောက်တည်းကျန်ခဲ့မယ့်အမေ့ကို ငဲ့ပြီးမဖြိုးနဲ့လမ်းခွဲလိုက်တာ”

 

“အော် .. လူတိုင်းမှာလည်း ရင်နင့်စရာဇာတ်လမ်းတွေနဲ့ပါလားနော် ”

 

“ဒါကြောင့် စိတ်မလျှော့ပါနဲ့ဟန်နီ၊ ဟန်နီ့မေတ္တာသာမှန်ရင် ရောင်ပြန်ဟပ်လာမှာပါ”

 

“ဟုတ်ပါပြီ ဗိုလ်ရယ် ဟန်နီအားတင်းထားပါ့မယ် ဒါနဲ့စကားတွေအရမ်းကောင်းပြီးတအားနောက်ကျနေပြီ

 

ဟန်နီ့ကိုပြန်ပို့တော့နော်” ဟု ကျွန်မပြောလိုက်ရသည်။

 

ည ၁၁နာရီတောင်ကျော်နေပြီ ဒါဟာမိန်းကလေးတစ်ယောက်အပြင်မှာရှိနေသင့်တဲ့အချိန်မဟုတ်တော့ဘူးလို့

 

ကျွန်မကိုကျွန်မသတိပေးလိုက်မိသည်။

 

အရင်တုန်းကပတ်ဝန်းကျင်ကဘာထင်ထင်  ဂရုမစိုက်တတ်ပေမယ့် ခုချိန်မှာ ကိုကို့ကြောင့် ကျွန်မလူတွေကိုဂရုစိုက်တတ်ခဲ့ပြီလေ။

 

“အမိန့်တော်မြတ်အတိုင်းပါခင်ဗျာ” ဟု ဗိုလ်ကပြောရင်း ကျွန်မလက်ကိုဆွဲကာ ကျွန်မထိုင်ဖို့ကားတံခါးဖွင့်ပေးသည်။

 

နောက်တော့မှ ကားမောင်းသူဘက်ပြန်သွားထိုင်ကာ ကျွန်မအိမ်သို့ဦးတည်မောင်းလာခဲ့တော့သည်။

 

အိမ်ရှေ့ရောက်တော့လည်း သူကဦးအောင်ဆင်းကာ ကျွန်မအတွက် ကားတံခါးအသင့်ဖွင့်ပေးပြန်သည်။

 

“ဒါဘာသဘောလဲ ဗိုလ် ကျွန်မကရှင့်သခင်မလည်းမဟုတ်ပဲနဲ့”

 

“ဟန်နီ့ကို အဲလိုမျိုးလုပ်ပေးချင်တဲ့စိတ် ဗိုလ့်မှာရှိလို့ပါ” ဟု ဗိုလ်ကပြောသည်။ ဘာသလောလဲ ဗိုလ်။

 

ဟန်နီဘယ်လိုနားလည်ရမလဲဟင်။

“အဲဒါဆိုရင်တော့ကျေးဇူးအရမ်းတင်ပါတယ်ရှင် ကားကိုဂရုစိုက်မောင်းအုံးနော်”

 

ဟု နှုတ်ဆက်ကာ ကျွန်မအိမ်ထဲအရင်ဝင်လာခဲ့သည်။

 

အိမ်ထဲရောက်ပြီး ခြေလက်မျက်နှာဆေးကုတင်ပေါ်တက်ကာ ဗိုလ်ပေးထားတဲ့

 

popeye အရုပ်လေးကိုရင်ခွင်ထဲထည့်ကာ ဒီနေ့အဖြစ်တွေကိုစဉ်းစားမိခဲ့သည်။

 

ငိုရတာတွေ၊ရင်မောရတာတွေ၊ကြည်နူးရတာတွေ၊စိတ်မကောင်းဖြစ်ရတာတွေအစုံနဲ့ ကျွန်မရင်ထဲရောက်ယက်ခတ်နေခဲ့ရသည်။

 

ဗိုလ်နဲ့စကားတွေအများကြီးပြောမိတော့လည်း ဒါတွေအကုန်ဘယ်နားရောက်သွားမှန်းမသိ။

 

ဗိုလ်ရေ .. ရှင်ဟာကျွန်မအတွက်တော့ မရှိမဖြစ်လူသားလေးဖြစ်မှန်းမသိ ဖြစ်ခဲ့ရပြီထင်။ ဘာတွေဆက်ဖြစ်ဦးမလဲကွယ်။

 

“တစ်ခ်”ဆိုတဲ့အသံလေးနဲ့အတူ ကျွန်မ Mobile လေး လင်းကနဲ့ဖြစ်သွားခဲ့တော့ ဖုန်းကိုကောက်ယူကြည့်မိသည်။

 

ဗိုလ့်ဆီကမက်ဆေ့ချ်လေးဝင်လာတာတာပါ။

 

“ဗိုလ်အိမ်ပြန်ရောက်ပြီ။မအိပ်သေးဘဲစိတ်ညစ်စရာတွေတွေးမနေနဲ့တော့နော်၊ခိုးပြီးလည်းငိုမနေနဲ့အုံး၊

 

ဟန်နီ့ဘက်မှာဗိုလ်ရှိတယ်နော်၊အဲ .. ခုဟန်နီအိပ်နေတဲ့ကုတင်ပေါ်မှာတော့မဟုတ်ဖူးနော်၊

 

အခုပြုံးလိုက်ပြီမဟုတ်လား၊ စတာပါကွာ၊ nite ဟန်နီ။” တဲ့

 

ဘယ်လောက်ဆိုးတဲ့ကောင်လေးလဲ။ ကျွန်မစိတ်ကိုအတွင်းကျကျကိုသိနေပါရော့လား။

 

စိတ်ထဲအသည်းယားသလိုဖြစ်လာတာမို့ သူပေးတဲ့ popeye အရုပ်ကလေးကို တစ်ချက်ညှစ်လိုက်ပြီး

 

အရူးလေးလို့ တစ်ယောက်တည်းရန်တွေ့မိသည်။

 

ထို့နောက်တော့ ကျွန်မ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားခဲ့ပါသည်။

About သူကေလး

Thu Thu Htet has written 37 post in this Website..

My personalities is just the way I am & My attitude depends on who u are :)