စားကြမယ် လှူကြမယ် ဆိုတဲ့ KZ ရဲ့ ကြော်ငြာကောင်းမှုကြောင့် ဒီနေ့ မေဒေးနေ့ ပြည်သူ့ရင်ပြင် ဒါဇင်ပလပ်စ် အဖွဲ့ဆီ တွေ့ချင်လွန်းစိတ်နဲ့ ထွက်ခဲ့ပါတယ်..

ဒါပေမယ့် ပြည်သူ့ရင်ပြင်ဆိုတာ ကျနော်နဲ့မနီးစပ်လှတာမို့ ဘယ်နားရှာရမှန်းမသိ.. ဒါနဲ့ ကိုမိုက် ဆီကို လှမ်းအကူအညီတောင်းရပါတယ်. ကိုမိုက်ဆီက ကိုအမတ်မင်း ဖုန်းနံပတ်ရလို့ ဆက်လိုက်တော့ နောက်မိနစ် လေးဆယ်လောက်ဆိုရောက်မယ်တဲ့….

ဒါနဲ့ ကျနော်လည်း သားကောင်းကောင်းနဲ့ ဆိုင်တစ်ခုမှာထိုင်စောင့်ဖြစ်ပါတယ်. သိပ်မကြာခင် ဖုန်းထပ်ဝင်လာပါတယ်..

ကိုပီချိုကြီးတဲ့…

တွေ့မယ်ဆိုတော့ …. ကိုယ်ဘယ်မှာထိုင်နေတယ်.. ဘယ်နားပေါ့… လူချင်းမတွေ့ဖူးသူတွေ ဖုန်း ၃ -၄ ခါဆက်ပြီးမှ ဆုံဖြစ်ပါတယ်…

သူကလည်း အလှူရှိတယ်ဆိုလို့ ခဏပဲနေပြီး ပြန်သွားပါတယ်..

နောက်တစ်ခါ ဖုန်းဝင်လာပြန်ပါတယ်..

မိန်းကလေးအသံနဲ့…သူ့နာမည်ကို ကိုယ်ကသိပ်မရင်းနှီး..ဘယ်နားလဲ…ဘာဝတ်ထားလဲ.. ကျနော်ကလည်း ဘယ်နားမှာ ဘာဝတ်ထားတယ် … စသဖြင့် ဖုန်းဆက်တိုက်ပြောရင်း ၃မိနစ် ၄ မိနစ်လောက်မှာ တွေ့ကြပါတယ်..

နောက်တော့ အာဂ လာခေါ်မယ်ဆိုပြီး ခဏစောင့်.. နောက်ဆုံးတော့ ဒါဇင်ပလပ်စ် နဲ့ ဆုံဖြစ်ခဲ့ပါတယ်…

သား ကောင်းကောင်းက တစ်ဘူးဝယ်ပြီး စစားပါတယ်..

ကောင်းတယ်ဆိုပဲ…

ကျနော်ကတော့ ကိုရီးယားမင်းသမီးလေးတွေကို ကြိုက်ပေမယ့် ကိုရီးယား ထမင်းလိပ်ဆိုတာကြီးကို မစားတတ်ပါဘူး …

နေ့လည် ၂ နာရီခွဲမှာ နောက်ထပ် ၂ဘူးဝယ်ပြီး ပြန်လာခဲ့ပါတယ်…

ရန်ကုန် နေ့လည်က ပူပေမယ့် ..

ရွာသူရွာသားတွေနဲ့တွေ့ရတာ ပျော်မွေ့အေးချမ်းလှပါတယ်..

နောက်တစ်ခါဆုံကြဦးမယ်လေ… ပျော်ပျော် ပါးပါးပေါ့….

 

aaa

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..