တရုပ်နိုင်ငံမှ အမ်အိုင်၁၇ ဒုံးကျည်တပ် စစ်ရဟတ်ယာဉ်ငါးစီး ဝယ်ယူထားသည်ဆိုသောသတင်း မမှန်ကြောင်း ဝတပ်မဒေါ် လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြေးမုံဂျီး ထုတ်ဖော်ပြောကြားလိုက်ပြီးနောက် ဝစစ်တပ် ဒုံးပျံတပ်မှူး ဗိုလ်ချုပ် ကဝေအောင်မှ ၂၀၀၃ခုနှစ်တွင် အမေရိကန်မှ ပစ်လွှတ်ခဲ့သော ကိုလံဘီယာ အာကာသလွန်းပျံယာဉ် ပျက်ကျခဲ့ရမှုသည် ၎င်းတို့လက်ချက် မဟုတ်ကြောင်း ငြင်းဆိုလိုက်သည်။

ဝတပ်ဖွဲ့အတွက် သီးသန့် ထုတ်လုပ်ထားသော တရုတ်ပြည်လုပ် ကက်လီကော်ပတာ

ဝတပ်ဖွဲ့သုံး တရုတ်ပြည်လုပ် စစ်ကက်လီကော်ပတာ

ဧပြီ၃၀ရက်နေ့ မီးလောင်မှုဖြစ်ပွားရာသို့ လာရောက်သော မီးသတ်ကားများအား ဦးစားပေးလမ်းရှင်းပေးသော ရွှေဂုံတိုင်မီးပွိုင့် ယဉ်ထိန်းရဲများအား တဖက်ယဉ်ကြောတွင် စောင့်ဆိုင်းနေခဲ့ရသည့် ပြည်ထဲရေး ဒုဝံကျီး ရဲဂျုတ် ကျော်ကျော်ထွန်း ဂဒေါ် ကြိမ်းမောင်း ဆဲဆိုခဲ့သည်။ ရဲဂျုတ်မှ ထိုဖြစ်ရပ်အပေါ် ဒေါကီးသွားပြီး သူ့မိန်းမအား တုတ်ကြီးကြီးဖြင့် ရိုက်မည်ဟု ကြိမ်းဝါးပြောဆိုကာ ရုံးစောစောဆင်းကြောင်း ထိုနေ့က ၎င်းထံသို့ အေဘီစီ စတောက်ဘီယာ၊ ကြက်ဥ၊ ဖီးကြမ်းငှက်ပျောသီး ပို့ပေးခဲ့ရသူတဦးမှဆိုသည်။

လက်ပံတောင်း ဝမ်ပေါင်စီမံကိန်း ထွန်တုံးတိုက်ပွဲအပြီး ရက်ပိုင်းလေးတွင် စစ်ကိုင်းတိုင်းရဲနှင့် ပတ်သက်သော အမှုနှစ်မှု တိုးလာခဲ့ရာ ပထမအမှုတွင် လယ်သမားများအား ဦးဆောင်သည်ဆိုသော လူရှစ်ဦးအား ရဲတပ်ဖွဲ့မှ ဖမ်းဝရမ်းထုတ်ခြင်းဖြစ်ပြီး၊ နောက်တမှုမှာ ကွန်ပြူတာစာစီစာရိုက်ဆိုင်တခုမှ ပရင်တာထုတ်ခနှင့် မိတ္တူဆွဲခ ရဲအဖွဲ့ထံမှ ရလိုမှုတို့ဖြစ်ကြောင်း ဒေသခံများကဆိုသည်။

မြန်မာနိုင်ငံ ပညာရေးကဏ္ဍ အဆင့်မှီရန် အောက်ခြေမှစ ပြုပြင်ရမည်ဖြစ်ကြောင်း ပညာရေးသုတေသီများ၏ အကြံပြုများအပေါ် အလေးထား တုံ့ပြန်သည့် အနေဖြင့် ပညာရေးဝံကျီးဌာနအနေဖြင့် ကျောင်းများတွင် မူလတန်းမှစ၍ ယောက်ျာလေးများ ထိုင်ထလုပ်၊ မိန်းခလးများ ကြက်ဖခွပ်တမ်း ဆော့ကစား ရမည်ဖြစ်ကြောင်း၊ ခုံဖိနပ်များ ပေးဝေရေးကိုမူ သစ်တောပြုန်းတီးမှု မဖြစ်စေရန် ရပ်တန့်ထားရကြောင်း သတင်းထုတ်ပြန်သည်။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 643 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး