ဒီနှစ်ပိုင်းတွေ အတွင်းနိုင်ငံထဲ ကောင်းသောအပြောင်းအလဲအချို့ ကို တွေ့ မြင်ရ၍ ၀မ်းသာမိပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ အုံပုံးအကြိတ်အခဲတွေ ဒီနှစ်ပိုင်းတွေအတွင်းမှာ မကောင်းတဲ့ ဖြစ်ရပ်ဆိုးပေါင်းအများကို ဦးတည်သွားစေလို့ တစ်ဘက်က စိုးရိမ်ပူပန်မိပါတယ်။ အထူးသဖြင့်တော့ ဘာသာရေးနှင့် လူမျိုးရေးပြဿနာတွေ့ပေါ့။

 

အင်ဒိုနီးရှားမှာ မြန်မာသံရုံးကို ဗုံးဖောက်ဖို့ ကြံစည်သူနှစ်ယောက်ကိုဖမ်းဆီး လိုက်နိုင်တယ်လို့ကြားပါတယ်။ ဒါအပြင် လူနှစ်ထောင်လောက် ဂျကာတာရှိ မြန်မာသံရုံးရှေ့ မှာ ဆန္ဒပြကြပါတယ်။ မြန်မာနိုင်ငံအလံနဲ့ သမ္မတဓါတ်ပုံကို မီးရှို့ ခဲ့တယ်လို့ strait times မှာဖတ်ရတယ်။ နောက်တရားဟောသူအချို့ က မြန်မာနိုင်ငံအစိုးရကို ‘Holy war’ (မြင့်မြတ်သောစစ်ပွဲ) ဆင်နွဲဖို့ ပြောဆိုဟောပြောကြတယ်ဆိုပါတယ်။ဒေသတွင်းနိုင်ငံတွေတောင် မြန်မာပြည်နဲ့ ဆက်စပ်ပြီး အကြမ်းဖက်မှူ့ ဂယက်တွေရိုက်လာမှာစိုးရတယ်လို့ဆိုကြပါတယ်။

 

ဒါတွေကြားမိ၊ဖတ်မိရတော့ စိတ်မကောင်းဖြစ်မိရတယ်။ ပြောင်းလဲခါစဖြစ်နေတဲ့ ကိုယ့်မြန်မာနိုင်ငံအတွင်းမှာ ဒီအစွန်းရောက်ဝါဒရဲ့  ရိုက်ခတ်မှူ့ ကိုမခံရစေချင်ဘူး။ ပြည်ပမှာ အလုပ်လုပ်နေကြတဲ့ မြန်မာတွေအားလုံးလည်း အေးအေးချမ်းချမ်းနေထိုင်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ပြဿနာက ဒီအတိုင်းပြီးသွားမယ်တော့ မထင်ဘူး။

 

ဒီဘာသာခြားတွေအကြား  ဒီလောက်တင်းမာမှူ့တွေ ဖြစ်လာတာ နောက်ခံအကြောင်းအရာပေါင်းစုံတော့ ရှိမှာပါ။ ဒါပေမဲ့ အဓိက ကတော့ ဘာသာရေးအစွန်းရောက်မှူ့ တွေများလွန်းလို့ ဖြစ်မယ်ထင်ပါတယ်။ ကျနော်အမြင်တော့ နှစ်ဘက်လုံးမှာ အမှားတွေရှိသလို၊ အစွန်းရောက်မှူ့ တွေလည်းများပါတယ်။ ဒီတော့ ဘာသာရေးအစွန်းရောက်မှူ့ နဲ့ နှစ်ဘက်တင်းမာမှူ့ တွေကို လျော့ချရမယ်ဖြစ်ပါတယ်။ ဒါမျိုးလုပ်ဖို့ သေချာစီစဉ်ပြီး အချိန်ယူလုပ်ရမယ်လို့ထင်ပါတယ်။

 

အဓိကကျတဲ့ အချက်တစ်ချက်ကို ကြည့်ရမယ်ဆို မွတ်စလင်အများစုဟာ မြန်မာလူ့အဖွဲ့ အစည်းထဲကို အံဝင်ဂွင်မကျတာ တွေ့ရပါတယ်။ တစ်ဘက်မှာလည်း မြန်မာတွေ အများစု စွဲကိုင်ခဲ့တဲ့ အခြေခံလူမှူ့ ရေး၊ ဘာသာရေးသဘောတရားများဟာ မွတ်စလင်တွေကို တွန်းထုတ်သလိုဖြစ်နေပါတယ်။

 

ကျနော်အမြင်မှာ ပြောရရင် ဘာသာရေးအစွန်းရောက်မှူ့ တွေကို ရှောင်ရှားနိုင်ဖို့ဆိုရင် ခေတ်ပညာကောင်းကောင်းတတ်ရမယ၊် အမြင်ကျယ်ရမယ်လို့ ထင်ပါတယ်။ ဒါတွေ ကောင်းဖို့ အတွက်ဆို့ စာသင်ခန်းတွေကနေ အစပြုရမယ်လို့ဆိုချင်ပါတယ်။ ကလေးတစ်ယောက် ၅နှစ်လောက်ကနေ လူပျိုပေါက်အရွယ် ၁၆၊၁၇ ထိအတွင်းမှာ စာသင်ခန်းတွေ အတွင်းမှာ ကျိုးကြောင်ဆီလျှော်စွာ တွေးခေါ်တတ်ဖို့၊ စာရိတ္တကောင်းမွန်စေဖို့၊ တာဝန်သိစေဖို့ အထူးသင်ကြားပေးရမယ်ထင်ပါတယ်။

 

အကျင့်စာရိတ္တကောင်းမွန်ဖို့ဆို ကျနော်တို့ မြန်မာတွေ ပြေးမြင်လိုက်ကြတာ ဘာသာတရားဖြစ်ပါတယ်။ ဘာသာတရား အထိန်းအကွပ်အဆုံးမနဲ့မှသာ အကျင့်စာရိတ္တကောင်းမွန်မယ်လို့ထင်ကြမယ်။ မြန်မာတွေ အများစုအနေနဲ့ လူကောင်း၊လူဆိုးခွဲရာမှာ ဘာသာတရားရဲ့  စံနှူန်းနဲ့ ခွဲလိုက်ကြတာများပါတယ်။ဒါမို့ ကလေးတွေ အကျင့်စာရိတ္တကောင်းဖို့ ထိန်းကွပ်ရာမှာတောင် ကျောင်းသင်ရိုးအများစုမှာ ဗုဒ္ဒဘာသာနဲ့ နွယ်ပြီး သင်ခန်းစာတွေကို ထည့်သွင်းတတ်ကြပါတယ်။ အစိုးရကျောင်းဆိုတာ မြန်မာအများစု ဖြစ်တဲ့ အတွက် မြန်မာဗုဒ္ဒဘာသာ လုပ်နည်းလုပ်ဟန်တွေကို လိုက်ကြတာများပါတယ်။

 

ကျနော့ အနေနဲ့တော့ ဒါဟာ လွဲချော်မှူ့ တစ်ခုလို့ မြင်ပါတယ်။ အသက်တွေကြီးလာတော့မှ တဖြည်းဖြည်း ပြန်စဉ်းစားကြည့်တော့ ကျောင်းတွေက စပြီးဘာသာရေးခွဲခြားမှူ့ ကို လုပ်လိုက်တယ်လို့မြင်ပါတယ်။ ငယ်ငယ်ကဆို ကျောင်းတက်ပြီဆို နိုင်ငံတော်သီချင်းဆို၊ပြီးရင် အားလုံး လက်အုပ်ချီပြီး ဘုရားရှစ်ခိုးကြရပါတယ်။ ဒါဟာ အလယ်တန်းပြီးတဲ့ အထိလုပ်ခဲ့ရတာပါ။ ဘာသာခြားတွေ အနေများတဲ့ ရပ်ကွက်မှာ ကျောင်းတက်ခဲ့ သူငယ်ချင်းကို မေးကြည့်တာတောင် သူတို့ ကျောင်းမှာလည်း ဒီလို လုပ်ရပါတယ် လို့ ဖြေပါတယ်။

 

ကျနော်တို့ ဘုရားရှစ်ခိုးချိန်ဆို ဘာသာခြားတွေက ငြိမ်ငြိမ်နေ၊ သူတို့ဘုရားကို အာရုံပြူဆိုပြီး ဆရာမတွေက ပြောတတ်ကြပါတယ်။ ထားပါတော့လေ အဲ့ အချိန်သူတို့ စိတ်ထဲတွေဘယ်လိုခံစားနေရမယ်မသိ။ နောက် အဖြစ်များတာကတော့ များသောအားဖြင့် ကျောင်းတွေမှာ ဘာသာခြားတွေဟာ အနှိမ်ခံရပါတယ်။ သိပ်သိသိ သာသာ မဟုတ်ပေမဲ့ မြန်မာကျောင်းမှာလာတက်တဲ့ ဘာသာခြားအများစုမှာ သိမ်ငယ်စိတ်လေးတွေ ရှိတတ်ကြတယ်လို့ ထင်ပါတယ်။ အခုတော့ မသိဘူး၊ အရင်က ကျောင်းသင်ခန်းစာတွေမှာ ဗုဒ္ဒဘာသာ ဘုရားအလောင်းတွေ အကြောင်းပါပေမဲ့ ခရစ်တော်၊ မိုဟာမက်၊ အလ္လာအရှင်မြတ်တို့အကြောင်းတော့ လုံးဝမပါတာ တွေ့ရပါတယ်။ အဲ့တော့ ဗုဒ္ဒဘာသာဝင်တွေ ဘာသာခြားတွေအပေါ်မတရားသလို ဖြစ်နေတယ်လို့ မြင်ပါတယ်။ နောက် အခြားဘာသာတွေအကြောင်း လုံးဝမဟတော့ မြန်မာလူမျိုး အများစုမှာ ဗဟုသုတ သိမ်ဖျင်းသွားစေတယ်လို့ ထင်မိပါတယ်။ အဆိုးဆုံးကတော့ ငါတို့ ဘာသာမှ အမှန်ဆိုပြီး မသိလိုက်ဖာသာ စိတ်လေး အောင်းသွားနိုင်ပါတယ်။ ဒါဟာ အတွေးအခေါ်အယူအဆကို တစ်ဘက်ကို စောင်းသွားဖို့ အားပေးလိုက်သလိုမျိုး ဖြစ်သွားစေနိုင်ပါတယ်။

 

ဒီလို အခြေအနေတွေရှိတဲ့ အတွက် တစ်ဘက်ကကြည့်ရင် ဘာသာခြားမိဘတွေ အနေနဲ့ မြန်မာအစိုးရကျောင်းကို ထားဖို့ ၀န်လေးမိကြမယ်လို့ထင်ပါတယ်။ သူတို့ အနေနဲ့ ကျတော့ သူတို့ သားသမီးကို သူတို့ ဘာသာထဲမှာဘဲ နေစေချင်မှာပေါ့။ ဒါမို့ မြန်မာပြည်မှာ ခရစ်ယန်ဘာသာရေးကျောင်း၊ မွတ်စလင်ကျောင်းတွေ များလာတာလို့ ခန့်မှန်းမိပါတယ်။ အတိအကျမသိပေမဲ့ အဆိုပါကျောင်းအများစု ဘာသာရေးဖက်ကို စောင်းပေးမယ်လို့ထင်ပါတယ်။ အဲ့အခါမှာ လူငယ်လူရွယ်တွေဟာ ခေတ်ပညာရပ်များကို သင်ကြားရမဲ့ အစား လွန့်ခဲ့ နှစ်တစ်ထောင်လောက်က အတွေးအခေါ်တွေရဲ့  နောက်ကိုမသိမသာပါသွားကြမယ်ထင်ပါတယ်။ ပိုဆိုးတာကတော့ မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ နိုင်ငံတကာနဲ့ မျက်ခြေဖျက်အထီးကျန်နေခဲ့သလို၊ ဆင်းရဲတဲ့ နိုင်ငံတစ်ခု ဖြစ်နေတာပါဘဲ။ ဒီတော့ ဗုဒ္ဒဘာသာရော၊ ဘာသာခြားတွေရော ခေတ်မှီအတွေးအခေါ်အယူအဆ တွေကို လက်မခံနိုင်ကြပါဘူး။

 

မြန်မာပြည်တွင်းရှိ မွတ်စလင်အများစုကို ကြည့်ရင် အစိုးရကျောင်းထွက်မဟုတ်တာများပါတယ်။ အထက်ပါပြောခဲ့ သလိုဘဲ မွတ်စလင် လူ့အဖွဲ့အစည်းဟာ သီးသန့်ဆန်နေသလိုမျိုး ဖြစ်နေပါတယ်။ ဒါကြောင်မို့ အစွန်းရောက်မှူ့ တွေများလာသလို့၊ လူအဖွဲ့ အစည်းတစ်ခုနဲ့ တစ်ခုအကြားနားလည်မှူ့ တည်ဆောက်ဖို့ ခဲယဉ်းပါလိမ့်မယ်။ ပြဿနာတွေ တဖြည်းဖြည်းပြေလည်သွားစေဖို့ မွတ်စလင်များ မြန်မာ့လူအဖွဲ့အစည်းအတွင်း ပျော်ဝင်သွားဖို့ အရေးကြီးပါတယ်။ မွတ်စလင်လူငယ်တွေ အစိုးရကျောင်းတွေမှာ တက်ပြီး ခေတ်ပညာများကို သင်ကြားစေလိုပါတယ်။

 

ဒီတော့ မြန်မာကျောင်းတွေအနေနဲ့ ဗုဒ္ဒဘာသာအခြေခံပြီးသွားတဲ့ စနစ်ကို ဖျက်ရမယ်ထင်ပါတယ်။ သင်ရိုး တွေ ပြန်ပြင်ဆွဲရမယ်ထင်ပါတယ်။  ဘာသာရေးအကြောင်းပါမယ်ဆိုရင်လည်း မျှမျှတတ ဘာသာအားလုံးနဲ့ ပက်သက်ပြီး ပါစေချင်ပါတယ်။ ကျောင်းအုပ်ချုပ်သူတွေ အနေနဲ့ လည်း ဘာသာရေးခွဲခြားမှူ့ တွေ မဖြစ် ဂရုစိုက်ရမယ်ထင်ပါတယ်။ မြန်မာလူငယ်တွေ အနေနဲ့လည်း ဘာသာရေးခွဲခြားမှူ့ မလုပ်ဖို့လိုပါမယ်။

 

မြန်မာမျိုးချစ်တွေကတော့ ကျနော့် အမြင်ကို သဘောတူကြမယ်မထင်ပါဘူး။ သိုသော်လည်း ရေရှည်ပြဿနာကို ဖြေရှင်းဖို့ဆိုရင် ငြိမ်းချမ်းသိမ့်မွေ့ စွာနဲ့ ရှင်းမှရပါမယ်။

 

မြန်မာပြည်ထဲမှာ ရှိတဲ့ ဘာသာရေးအစွန်းရောက်မှူ့တွေ အဆုံးသတ်သွားစေဖို့ စာသင်ခန်းများမှ အစပြု၍ လုပ်ဆောင်ကြပါစို့ လို့တိုက်တွန်းအပ်ပါတယ်။

About pazflor

has written 8 post in this Website..