အချစ်နဲ့ ကွန်ပျူတာ

 

ချစ်သူ မင်းလေး ဟာ User တစ်ယောက်ဆိုရင်

ကိုယ့်ရဲ့ System လေးက Power ကိုသာ တစ်ချက်နှိပ်လိုက်ပါ

ချက်ချင်း မင်းကိုချစ်တဲ့ နှလုံးသားက ထုတ်ပြမဲ့ BIOS Display လေး ပေါ်လာမှာပါ

မင်းမယုံရင် Delete နှိပ်ပြီး စစ်ကြည့်ပါကွာ ကိုယ်ဟာ အချိန်မှန်လုပ်ဆောင်ပေးနေမှာပါ

မင်းကိုချစ်တတ်တဲ့ Memory ကလဲ အပြည့်ပါပဲ

မင်းကိုစောင့်ရှောက်ပေးမဲ့ CPU လေးကလဲ Update လုပ်ထားတယ်လေ

မင်းရဲ့အချစ်တွေကို သိမ်းဆည်းပေးမယ့် Hard Disk ကလဲ အလုံအလောက် ရှိပါတယ်

ကိုယ့်ရဲ့အချစ်တွေကို ဖော်ပြပေးမယ့် Graphic Card လေးလဲ ရှိတယ်လေ။

မင်းဆီက အချစ်တွေရဖို့ Power Supply လေးက မျှော်နေတယ်။

Power ခလုပ်လေးကို တစ်ချက်ပဲ နှိပ်လိုက်ပါချစ်သူ။

ချစ်သူစေခိုင်းတာတွေ လုပ်ဖို့ ကိုယ်တာဝန်ကျေပါရစေ ခဏအတွင်းမှာပဲ

ကိုယ့်ရဲ့ အသဲနှလုံး Window လေးဟာ လှုပ်ရှားသွားခဲ့ပါပြီကွာ

ကိုယ်ရင်ခုန်စွာနဲ့ ဖြတ်ကျော်လာခဲ့မယ် Wait a minute

Desk Top ပေါ်ကို ကိုယ်ရောက်ပြီလေ အချစ်လေးစိတ်တိုင်းကျသာ အသုံးပြုပါတော့ချစ်သူ။

 

ကိုလင်း(စစ်ကိုင်း)

About Aung Myat Lin

Aung Myat Lin has written 11 post in this Website..