ဒဏ်ရာ....

ဒဏ်ရာ….

ဘယ်သူ ကိုယ်ချင်းစာခဲ့သလဲ…?

ပြင်းပြတဲ့ သက်ပြင်းတွေကို

ရေမရောပဲ ချ လို့

ငါ ပြိုလဲ စိုရွှဲခဲ့တဲ့ နေ့ က

ဘယ်သူ ကိုယ်ချင်း စာခဲ့သလဲ

ဆိုးဆိုးဝါးဝါး နာကျင်မှုတွေနဲ့ 

ငါ့ နှလုံးသား

တဖျတ်ဖျတ် ကွဲအက် ကြေမွသွားတဲ့ နေ့က

ဘယ်သူ ကိုယ်ချင်းစာခဲ့သလဲ

အနုပညာနဲ့ မင်း မတန်သေးဘူး လို့

ငါ မင်းကို ပြောခဲ့တုန်းက

မင်းကို ငါ ကိုယ်ချင်းစာခဲ့ပါတယ်

အခုလို ပင်လယ်ကြီးတစ်ခုလုံး

ငါ့အပေါ် ပိ ကျ တဲ့နေ့မှာတော့

ဘယ်သူ ကိုယ်ချင်းစာခဲ့သလဲ

ပလေတိုရဲ့ ကြေးမုံကြီး

ငါ့ကို ကြိုးတွေလို တုတ်ထားခဲ့လို့

သွေးစိမ်းရှင်ရှင် ကျပြီး ငါရုန်းထွက်ရတဲ့နေ့က

ဘယ်သူ ကိုယ်ချင်း စာခဲ့သလဲ

ဘယ်သူကိုယ်ချင်းစာသလဲ လို့

အာခေါင်ကွဲမတတ် ငါ အော်မေးနေတဲ့နေ့က

ဘယ်သူ ကိုယ်ချင်းစာခဲ့သလဲ

မုန်းလည်း မုန်းတယ် ။

မုန်းလည်း မုန်းတယ် ။

လူတွေကို ငါ ကိုယ်ချင်းစာတဲ့နေ့ကတောင်

လူတွေက ငါ့ကို ကိုယ်ချင်းမစာကြဘူး ။

ပစ်ပစ်နှစ်နှစ် ဆဲရေးပစ်ချင်နေတဲ့ ငါ့လျှာကို

ငါကိုယ်တိုင် ဖိကိုက်ပြီး

သွေးစက်တွေ မြေကျခဲ့တဲ့နေ့က

ဘယ်သူမှ ကိုယ်ချင်းမစာနဲ့ ။

ရတယ်။

ချောင်ပိတ်ပြီး ထိုးကြတဲ့လက်သီးတွေ….

အာပုပ်စော်နံနေတဲ့ လက်ညိုးတွေ……

မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့မျက်လုံးတွေ….

စာကို မခုတ် လူကို လာခုတ်တဲ့ကလောင်ဓါးတွေ….

ငါမှားရင် ငါ့ကို မုန်းတဲ့ဘက်က လိုက်မှားတဲ့ လူယဉ်ကျေးတွေ…

ငါ့ကို ပိုးစိုးပက်စက် ဝိုင်းတိုက်ခိုက်တဲ့နေ့က

ဘယ်သူ ကိုယ်ချင်းစာခဲ့သလဲ

လူတွေကို ငါကိုယ်ချင်းစာတဲ့နေ့မှာတောင်

လူတွေက ငါ့ကို ကိုယ်ချင်းမစာကြဘူး ။

ရင်နာတယ် ။

ထပ်ပြောမယ်ကွာ ။

ရင်

နာ

တယ်

 ရင်နာတယ်ကွာ....


ရင်နာတယ်ကွာ….

======================================================================

အလင်းဆက်

5 . 5 .2013 . 10း 40 AM

alinsett.art@gmail.com

alinsett

About alinsett

alinsett has written 615 post in this Website..

. . .